"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Showing posts with label စာပေခရီးရုပ်ပုံလွှာများ. Show all posts
Showing posts with label စာပေခရီးရုပ်ပုံလွှာများ. Show all posts

Friday, February 15, 2013

ရေချိုးခန်းထဲက ဗုဒ္ဓဆင်းတုတော်

၁၃၇၄ ခုနှစ် တပို့တွဲလဆန်း ၅ ရက်




The Straits Times - 7 July 1995.


ပေးစာများရေးခဲ့တဲ့ စာရေးသူ၏ အတွေ့အကြုံအရ သတင်းစာရဲ့  စာမျက်နှာများပေါ်က မိမိ၏ ရေးသား တင် ပြမှုများနဲ့ပတ်သက်လို့ တုန့်ပြန်ချက်အချို့ ကို တွေ့ရတတ်ပါတယ်။

မိမိရေးလိုက်တဲ့ ပေးစာလေးကြောင့်ပဲဖြစ်ဖြစ် တိုက်ဆိုင်သွားလို့ပဲဖြစ်ဖြစ် ဖြစ်သင့်ဖြစ်ထိုက်တာ တစ်ခုခု ဖြစ် သွားတယ်ဆိုရင် ရေးသူအနေနဲ့ ၀မ်းသာပီတိဖြစ်ရပါတယ်။ အချိန်ကုန်ရကျိုး အားထုတ်ရကျိုး နပ်ပါတယ်။ 

ဥပမာတစ်ခု ပေးရရင် …

ပုံမှန်အားဖြင့် အချုပ်သား ၁၀ ဦးလောက်ပဲ ထည့်ထားလေ့ရှိတဲ့ ရဲအချုပ်ခန်းမှာ အချုပ်သား ၁၅ ဦးကျော် ၂၀ ဦးခန့်ကို ပြွတ်သိပ်ကျပ်ညပ်အောင်ထည့်ထားတဲ့ ခင်ဦးရဲစခန်းမှာ အချုပ်သားတွေက ထိုင်အိပ်ရသူအိပ်၊ စောင် ကို ပုခက်လို တစ်ဖက်တစ်ချက်ကြိုးချီပြီး ဆင်းဆင်းရဲရဲ အိပ်ကြရပါတယ်။ 

ဒီသတင်းကို မြန် မာသတင်းစာမှာ ဖတ်ရတော့ စာရေးသူ အတော်လေး စိတ်မကောင်းဖြစ်မိတာနဲ့ မူလမြန်မာ သတင်းကို အင်္ဂလိပ်လိုပြန်ပြီး ဥပဒေအရ အချုပ်ကျခံနေရပေမယ့် အချုပ်သားတွေကို ကျန်းမာရေး နဲ့ညီညွတ် တဲ့ အလင်းရောင်၊ လေကောင်းလေသန့်၊ နေထိုင်မှု၊ အကျယ်အ၀န်းစတဲ့ အခြေခံလူ့အခွင်းအရေးတွေပေးသင့် ကြောင်း ဖြည့်စွက်ဝေဖန်ရေးသားပြီး အင်္ဂလိပ်သတင်းစာကို ပို့လိုက်ပါတယ်။

ပေးစာပါလာပြီး နောက်တစ်ပတ် ၁၀ ရက်လောက်ကြာတဲ့အခါ ခင်ဦးရဲစခန်းမှ အချုပ်သားတွေကို ရွှေဘို ထောင်ကြီးသို့ ပို့ဆောင်လိုက်တဲ့အကြောင်း မြန်မာသတင်းစာထဲမှာ ဖတ်လိုက်ရပါတော့တယ်။  

ဒီလိုမျိုး တစ်ကြိမ်မက ကြုံဖူးခဲ့ပါတယ်။

ဖြစ်လေ့ဖြစ်ထရှိတာက သတင်းစာထဲမှာ ပေးစာဖော်ပြပါရှိတာကြောင့် သက်ဆိုင်သူ ဒါမှမဟုတ် သက်ဆိုင်ရာ မှ တုန့်ပြန်အရေးယူတာ။

ဒါပေမယ့် ထူးထူးခြားခြားတစ်ခုတော့ ကြုံဖူးခဲ့ပါတယ်။ အဲဒါကတော့ မိမိရေးတဲ့စာကို သတင်းစာမှာ မဖော်ပြ ခဲ့ပေမယ့် မိမိဖြစ်စေချင်တာ (တောင်းဆိုတာ) ဖြစ်လာခဲ့တာ။

အဖြစ်က ဒီလိုပါ။

၁၉၉၅ ခု ဂျူလိုင် ၇ ရက်နေ့ထုတ် The Straits Times သတင်းစာမှာ ကြော်ငြာတစ်ခု တွေ့လိုက်မိတယ်။ 

အမျိုးသား အမျိုးသမီးအ၀တ်အထည်တွေရောင်းတဲ့ InWear Matinique ကုမ္ပဏီကြီး၏ ကြော်ငြာမှာ ဘုရား ဆင်းတုတော်က ရေချိုးခန်းထဲမှာ။ ဒါ့အပြင် အဲဒီဆင်းတုတော်အနီးမှာက အမျိုးသားနဲ့အမျိုးသမီးနှစ်ဦး ဖက် လှဲတကင်းလုပ်နေကြသေးတယ်။ စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များအဖို့ ကြော်ငြာကို မြင်တွေ့ရတာ အတော် လေး စိတ်မချမ်းသာစရာကြီးပါ။

ဒါကြောင့် The Straits Times သတင်းစာက Forum Page အယ်ဒီတာထံ အောက်ပါအကြောင်း ပြချက်များ ရှင်းပြပြီး ပေးစာကို ရေးပို့လိုက်ပါတယ်။

၁) ကြော်ငြာထဲမှာ ဘုရားဆင်းတုတော်ပုံတော်ကို မြင်တွေ့ရလို့ စိတ်မသက်မသာဖြစ်ရကြောင်း၊

၂)  ဗုဒ္ဓဘာသာဝင်များသည် မည်သည့်အခါမှ ဘုရားဆင်းတုတော်အား ရေချိုးခန်းထဲမှာ ထားလေ့ မရှိကြကြောင်း၊

၃) ဘုရားစင် သို့မဟုတ် မြင့်သောနေရာများမှာသာ တလေးတစား ထားရှိကြလေ့ရှိကြောင်း၊

၎) ဗုဒ္ဓဆင်းတုတော်ရှေ့ တွင် ယောကျာင်္းနှင့်မိန်းမ ဖက်လှဲတကင်းပြုနေခြင်းမှာ ဘာသာရေးအရ လုံးဝ မသင့်တော် မလျော်ကန်ကြောင်း၊

၅) ဗုဒ္ဓဘာသာဝင်များအဖို့ ဗုဒ္ဓဆင်းတုတော်သည် ကြီးမားသောဥာဏ်ပညာနဲ့ မေတ္တာ ဂရုဏာတို့ရဲ့  သင်္ကေတဖြစ်ကြောင်း၊

၆) သို့ပါဗုဒ္ဓဘာသာနှင့်ပတ်သက်သော စေတီ၊ ဘုရား၊ ဆင်းတုတော် အစရှိသည်များကို ကြော်ငြာများတွင် ထည့်သွင်းဖော်ပြလိုပါက လေးလေးစားစားဖြင့် မှန်မှန်ကန်ကန်ရှိကြရန် အထူးပင် သတိပြုကြရမှာဖြစ် ကြောင်း၊

အဲဒီပေးစာလေးပို့ပြီး တစ်ပတ်ကျော်ကျော် ၁၀ ရက်လောက် စောင့်ကြည့်ပေမယ့် သတင်းစာမှာ စာရေးသူ ၏စာကို ပုံနှိပ်ဖော်ပြခြင်း မရှိခဲ့ပါဘူး။

သို့ပေမယ့် တစ်ချိန်ထဲမှာပဲ အခုပြောခဲ့တဲ့ကြော်ငြာလည်း နောက်ထပ်မပါလာတော့ပဲ နောက်ထပ်ပုံစံ တစ်မျိုး ပြောင်းပြီး ကြော်ငြာတာကို တွေ့ရပါတယ်။ ဒီအခါမှာတော့ ရေထဲက လှေကလေးပေါ်မှာ ပထမကြော်ငြာထဲက မော်ဒယ်အမျိုးသားနဲ့အမျိုးသမီးတို့ အတူတွဲထိုင်နေကြတဲ့ပုံပါ။

ဘာသာရေးနဲ့ ပတ်သက်နေတာမို့ သတင်းစာတိုက်က မိမိရဲ့ ပေးစာကို မဖော်ပြခဲ့ပေမယ့် ကြော်ငြာ ထည့်တဲ့ ကုမ္ပဏီကိုတော့ အသိပေးလိုက်တယ်လို့ ထင်မြင်ယူဆရပါတယ်။ 




Sunday, October 21, 2012

စာရေးဆရာကြီး မှူးသမိန် ကွယ်လွန်

မနေ့ကထုတ်သည့် မြန်မာသတင်းစာများတွင် စာရေးဆရာကြီး မှူးသမိန်၏ နာရေးကြော်ငြာများကို ဖတ် လိုက်ရသည်။


ကြေးမုံသတင်းစာ (၁၉ ရက် အောက်တိုဘာ)။


ဆရာကြီး မှူးသမိန်သည် အသက် ၉၁ နှစ်တွင် ကွယ်လွန်သွားခဲ့ပြီး အခြားအခြားသော စာရေးဆရာကြီးများ စွာတို့ထက် အသက်လည်းပိုရှည်ကာ စာရေးသက်လည်း ပိုများခဲ့သည်မှန်သော်လည်း စာရေးသားမှုကောင်း သည့်အပြင် အောင်မြင်သောမဂ္ဂဇင်းတစ်စောင်ကို ဖန်းတီးခဲ့လျက် ယနေ့တိုင်ဦးစီးဦးဆောင်ပြုနေသူတစ်ဦး အဖြစ် နှမြောတသ၀မ်းနည်းခြင်း ဖြစ်မိရပါသည်။





စာရေးသူသည် ဆရာကြီးမှူးသမိန်ကို ၁၉၈၂-၈၃ ခုနှစ်များက ၃၃ လမ်းလား ၃၄ လမ်းလား(ကောင်းကောင်း မမှတ်မိတော့) တွင်ရှိသော ပေဖူးလွှာမဂ္ဂဇင်းတိုက်မှာ စတင်တွေ့ဖူးခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က စာရေးသူသည် ကြည့်မြင်တိုင် အရိုးရောဂါအထူးကုဆေးရုံကြီး၌ တာဝန်ထမ်းဆောင်လျက်ရှိပြီး အ လုပ်ပြီးချိန်ညနေပိုင်းတွင် ဘားလမ်းရှိ ကျောက်တံတားသမဆေးခန်းမှာ ဆေးခန်းသွားထိုင်ရင်း တစ်ခါတစ် ခါ ပေဖူးလွှာမဂ္ဂဇင်းတိုက်သို့ လမ်းကြုံ ၀င်လည်တတ်ပါသည်။ တာဝန်ခံအယ်ဒီတာ ဦးခင်မောင်မြင့်၊ အယ်ဒီ တာ ဖျာပုံနီလုံဦးနှင့် အုပ်ချုပ်ရေး မှူးဦးဝင်းနိုင်တို့နှင့် စကားစမြည်ပြောဖြစ်ကြသည်။ အနီးရှိလက်ဘက်ရည် ဆိုင်မှ လက်ဘက်ရည် မှာသောက်သည့်အခါ မှာသောက်ကြလျက် သူတို့အချိန်ရက သွားသောက်တတ်ကြ ပါသည်။

ပေဖူးလွှာမဂ္ဂဇင်းကို ပြန်လည်ဦးစီးထုတ်ခဲ့သူ ဦးမြလှိုင်(ဗိုလ်မှူး-ငြိမ်း)နှင့် စာရေးဆရာမာင်သော်က (ဗိုလ်မှူး ဘသာ်-ငြိမ်း) တို့ကိုမူ တစ်ခါတစ်ခါ တိုက်မှာ တွေ့ရတတ်သည်။ ဆရာကြီးမှူးသမိန်က တာဝန်ခံအယ်ဒီတာ ဦးခင်မောင်မင့်၏ အကူအညီဖြင့် မဟေသီမဂ္ဂဇင်းကို စတင်ထူထောင်ထုတ်ဝေတော့လည်း ဦးခင်မောင်မြင့် ထံ အလည်အပတ်ရောက်ရင်း ဆရာကြီးမှူးသမိန်ကို တွေ့ရတတ်၏။   

မိမိဖတ်ခဲ့ဖူးသော ဆရာကြီး၏စာများတွင် ဆရာကြီး၏ကလောင်ခွဲတစ်ခုဖြစ်သည့် ‘ယိမ်းနွဲ့ပါး’ ကလောင်အ မည်ဖင့်ရေးခဲ့သော “ခါကာဘို ခရီးသည်” စာအုပ်ကို မှတ်မှတ်ရရ အဖြစ်ဆုံးပါ။ ဤစာအုပ်တွင် ဆရာကြီး သည် နိုင်ငံတ်ာအစိုးရ၏ တာဝန်ပေးမှုအရ တပ်မတော်အရာရှိတစ်ဦးအဖြစ် ၁၉၅၄-၁၉၅၆ ခုနှစ်များက သူ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံနယ်စပ်တစ်လျှောက်ရှိ ‘ယိမ်းနွဲ့ပါး စစ်တံခွန်’ ခရီးစဉ်တစ်ခွင်မှ စိတ်ဝင်စားဖွယ်အ တွေ့အကြုံများကို ပြန်ပြောင်းရေးသားဖော်ပြထားခြင်းဖြစ်၏။ 

တစ်နှစ်ပတ်လုံး တောင်ထိပ်တွင် ရေခဲများဖုံးလွှမ်းလျက်ရှိနေပြီး သာယာလှပသော ခါကာဘိုရာ ဇီတောင် ကီးနှင့် ဧရာဝတီမစ်ဖျားဒေသအကြောင်းတို့ကို မိမိကိုယ်တိုင် ရောက်ရှိမြင်တွ့နေရသည့်အလား တအံ့ တသြဖတ်ရှုသိရှိခဲ့ရသည်။


တစ်နိုင်ငံတည်းနေ တစ်ရေထဲသောက် မိမိတို့၏ တောင်ပေါ်ဒေသတိုင်းရင်းသားသွေးချင်းများဖြစ်ကြသည့် ခန္တီးရှမ်း၊ ရ၀မ်၊ မြန်မာပြည်၏ ဂျစ်ပစီဟုခေါ်ဆိုနိုင်သော လီဆူးတိုင်းရင်းသားများ၊ မြန်မာပြည်၏ ပစ်ဂမ ဟု ခေါ်ဆိုနိုင်သာ ထရုံလူပုကလေးများ၊ တောလိုက်မုဆိုးကျော်ဖြစ်သော ထလုတိုင်းရင်းသားများ၊ မြန်မာ တို့ ကိုးကွယ်သော ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ခြားနားမှုရှိသော မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ သည့် မြန်မာပြည်မြောက်ဖက်စွန်းရှိ တိဗက်တိုင်းရင်းသားများအကြောင်းတို့ကို ဆရာကြီးမှူးသမိန်သည် လှလှပပခြယ်မှုန်းရေးသားခဲ့ပါသည်။

 

၁၃၇၄ ခုနှစ် သီတင်းကျွတ်လဆန်း ၁၂ ရက် စနေနေ့(27 October 2012)

ရာကြီးမှူးသမိန်ကို စာရေးသူ နောက်ဆုံးတွေ့ခဲ့ရသည်မှာ စင်ကာပူနိုင်ငံ တိုပါးယိုးအရပ်တွင်ရှိသည့် မြန် မာဘုန်းတော်ကြီးကျောင်း ဖစ်လေသည်။ ကျာင်းတော်ကြီး တည်ဆာက်ပြီးစီးစအချိန်ကလောက်ဟု ထင်ပါသည်။ ကျောင်းတော်ကြီး၏ အစည်းအဝေးတစ်ခုမှာ ဖြစ်သည်။ ထိုစဉ်က ဆရာကြီးဇနီးလည်း ဆ ရာကြီးနှင့်အတူ လိုက်ပါခဲ့ပါသည်။ အစည်အဝေးပြီးသောအခါ ဆရာကြီး၏မိသားစုနှင့် စကားပြောခွင့် အ နည်းငယ် ရခဲ့ပါသည်။ မိမိနှင့်ရင်းနှီးသာ ပေဖူးလွှာဝိုင်းတော်သားများဖြစ်ကြသည့် ဦးခင်မောင်မြင့်၊ ဖျာပုံ နီလုံဦးနှင့် ဦးဝင်းနိုင်။ နောက်ပြီး မိမိနှင့် တရင်းတနှီးမဟုတ်သော်လည်း မဂ္ဂဇင်းတိုက်တွင် မျက်မှန်းတန်း ခဲ့သာ အယ်ဒီတာကိုဝင်းငြိမ်းနှင့်ကိုမျိုးမြင့်ငြိမ်းတို့ ညီအစ်ကိုများ။ 

အာက်တွင် ဆရာကြီးနှင့် အမှတ်တရဓာတ်ပုံလေးကို တွေ့နိုင်ပါ၏။

ယင်းဓာတ်ပုံနှင့် အောက်ပါစာပုဒ်လေးမှာ ၂၀၁၁ ခုနှစ် ဧပြီလ ၆ ရက် ရက်စွဲဖြင့် ကျွန်းသာယာတွင် စာရေး သူ ရေးသားခဲ့သော  မိမိသိသောဆရာကြီး၏ အမှတ်တရရုပပုံလွှာတစ်ချပ် ဖြစ်ပါသည်။

 

စာရေးဆရာကြီးမှူးသမိန်

စာရေးဆရာကြီးမှူးသမိန်(စားပွဲထိပ်တွင်ထိုင်နေသူ)အား တိုပါးယိုးရှိ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အစည်းအဝေးတစ်ခုတွင် စာရေးသူ (ယာဖက်ထိပ်)နှင့်အတူ။ (26 July 1992)


စာရေးဆရာကြီးမှူးသမိန်(ဗိုလ်မှုးကြီးစောမြင့်- ငြိမ်း)ကို စာရေးသူက ပေဖူးလွှာမဂ္ဂဇင်းတိုက်
မှာ ပထမဆုံး စပြီးတွေ့ခဲ့ဖူးတာဖြစ်တယ်။ အဲဒီတုန်းက စာရေးသူက ပေဖူးလွှာမဂ္ဂဇင်းထုတ်ဝေ
သူ ဦးမြလှိုင်နဲ့ တာဝန်ခံအယ်ဒီတာ ဦးခင်မောင်မြင့်တို့ဆီ အရောက်အပေါက်များခဲ့ပြီး ဦးမြလှိုင်
နဲ့ရင်းနှီးကျွမ်းဝင်တဲ့ ဆရာကြီးကိုပါတွေ့ပြီး သိရှိခဲ့ရတယ်။ ဟိုတုန်းက မဂ္ဂဇင်းများမှာပါရှိခဲ့တဲ့ 
ဆရာကြီး၏ ဒေသန္တရ ခရီးသွားဆောင်းပါးများကို စာရေးသူ များစွာနှစ်ခြိုက်မိခဲ့ပါတယ်။ အဲဒီ
ဆောင်းပါးတွေထဲက ဆရာကြီး တာဝန်ဖြင့်ခရီးသွားရင်းကြုံတွေ့ခဲ့ရတဲ့တိုင်းရင်းသားလူမျိုးများ အကြောင်းနဲ့  သူတို့ရဲ့ဓလေ့ထုံးစံများအကြောင်းဟာဖြင့် နယ်ခြားဒေသတွေကိုအရောက်အပေါက် မရှိဖူးသူများအတွက် အလွန်ပင် စိတ်ဝင်စားစရာ ကောင်းပါတယ်။  

ဆရာကြီးက "ယိမ်းနွဲ့ပါး"ဆိုတဲ့ တစ်ခြားကလောင်အမည်နဲ့ပါ ဆောင်းပါးများနဲ့ လုံးချင်းဝတ္တု များကို ရေးသား ခဲ့ပါသေးတယ်။ ၁၉၆၂ ခုနှစ်က တော်လှန်ရေးကောင်စီအစိုးရလက်ထက် တွင် ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့ပြီး လုပ်သားပြည်သူ့နေစဉ်သတင်းစာကို မြန်မာနှင့်အင်္ဂ လိပ်နှစ်စောင် ထုပ်ဝေနိုင်ခဲ့တာဖြစ်တယ်။

ငယ်စဉ်ကျောင်းသားဘ၀ကတည်းက မျိုးချစ်စိတ် နိုင်ငံချစ်စိတ်များရင့်သန်ခဲ့ပြီး ကျောင်းသား အရေးတော်ပုံများ၌ တက်တက်ကြွကြွပါဝင်ခဲ့ကာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ နဲ့ ကျောင်းသား သံမဏိတပ်ဗိုလ်များအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း မှတ်သားရဖူးပါ တယ်။ 

ယခုအခါတွင် မဟာသန္တိသုခ ဗုဓ္ဒသာသနာပြုကျောင်းတော်ကြီးရဲ့ ဂေါပကအဖွဲ့ဥက္ကဋ္ဌအဖြစ်
 ဆောင်ရွက်နေကြောင်း ကြားသိရပါတယ်။


ဆရာကြီး မှူးသမိန်ကွယ်လွန်သွားသည့်အတွက် ဆရာကြီး၏မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်နည်းကျ ကွဲခင်း ဖြစ်ရကြောင်းပါ။ 



Thursday, October 11, 2012

စာအကြွေး



ပြီးခဲ့တဲ့တနင်္လာနေ့က မြန်မာပြည်မှ မိတ်ဆွေထံက အီးမေးရလို့ မှာထားတဲ့စာအုပ်တွေ ပို့ပေးလိုက်ပြီလို့ သိ ရတယ်။ အဲ မနေ့ကတော့ ပင်နင်စူးလားဆိုင်က စာအုပ်တွေရောက်လာပြီမို့ လာယူဖို့အကြောင်းကြားတာနဲ့ ဒီနေ့သွားယူဖြစ်တယ်။ မိမိတို့က နေလစာပေဖြန့်ချိရေးမှာ မှာထားတဲ့စာအုပ်တွေအပြင် မင်္ဂလာဒုံမှာရှိတဲ့ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် (Military Institute of Nursing and Paramedical Sciences) က ပါမောက္ခချုပ်နှင့်သင်ကြားရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးခင်ဇော်မှ စာရေးသူအား အမှတ်တရပေးလိုက်တဲ့ အင်္ဂလိပ်ဘာသာထုတ် ဆေးပညာစာစောင် (Bulletin of Continuous Personal and Professional Development) ပါ ပါရှိခဲ့ပါတယ်။ 

 

 

ပါမောက္ခဗိုလ်မှူးကြီးခင်ဇော်သည် မန္တလေးဆေးတက္ကသိုလ် ဆေးကျောင်းသားဘ၀ကတည်းက ‘နိုင်ဇော်’ ဆိုတဲ့ ကလောင်အမည်နဲ့ ရှုမ၀မဂ္ဂဇင်းမှာ ၀တ္တုတိုလေးများ ရေးခဲ့ပါတယ်။ ဗိုလ်မှူးကြီးခင်ဇော်နဲ့ စာရေးသူ တို့သည် လူချင်းတွေ့ဆုံသိကျွမ်းခြင်း မရှိကြခင်ကတည်းကပင် ကလောင်ချင်းသိနေခဲ့ကြတာဖြစ်ပါတယ်။ 

ဒါကြောင့် စာရေးသူ မြန်မာပြည်ကို အလည်ပြန်ခဲ့တဲ့တစ်နှစ်မှာ တပ်မတော်သူနာပြုနှင့် ဆးဘက်ပညာ တက္ကသိုလ်က အကြောအဆစ်ကုပညာရပ်(Physiotherapy)ဆိုင်ရာကျောင်းသားများနဲ့တွေ့ရင်း နေ့ လည်စာစားဖို့ ဗိုလ်မှူးဒ်ါမိမိရီမှ စီစဉ်ခဲ့တာကို ဗိုလ်မှူးကြီးခင်ဇော်က သိတဲ့အခါ စာရေးသူကို တကူးတက လာတွေ့ပြီး နေ့လည်စာ အတူစားရင်း စကားတွေပြောဖစ်ခဲ့ကြပါတယ်။  

အဲဒီတုန်းက ဗိုလ်မှူးကြီးခင်ဇော်က စားပွဲ ၂ ၀ိုင်းစာနေ့လည်စာအတွက် ကျခံပေးခဲ့တဲ့အပြင် သူရေးထားတဲ့ စာအုပ်အချို့ နဲ့ တက္ကသိုလ်ကထုတ်တဲ့ ဆေးပညာစာစောင်တစ်အုပ်ပါ လက်ဆောင်ပးခဲ့ပါသးတယ်။ ဆး ပညာစာစာင်ပေးရင်း ဗိုလ်မှူးကြီးက စာရေးသူအား စာမူရေးပြီး ပို့ပေးဖို့ မှာလိုက်ပါတယ်။ 

စာရေးသူကလည်း စာစောင်လေးကို ဟိုလှန်ကြည်ဒီလှန်ကြည့်ပြီး စိတ်ဝင်စားတာနဲ့ ရေးပေးဖြစ်လိမ့်မယ်လို့ မိမိကိုယ်ကိုယုံကြည်မိတာဖြစ်တာကြာင့် ရေးပို့ပေးမယ့်အကြောင်း ပြောခဲ့ပါတယ်။

သို့ပေမယ့် ယနေ့တိုင် မရေးပေးဖြစ်သေးတာမို့ စာအကြွေးတင်နေဆဲ အားနာမိရဆဲ ဖြစ်ကြာင်းပါ။ 

 


 

Wednesday, April 6, 2011

စာပေနယ်မှ ရောင်းရင်းများ





စာရေးသူဟာ မဂ္ဂဇင်းများ၊ သုတစာအုပ်များနှင့် ပြည်သူပိုင်သတင်းစာများမှာပါ နှစ်အတန်ကြာတဲ့အထိ
စာများရေးခဲ့တာဖြစ်လို့ ပေါင်းသင်းဆက်ဆံခဲ့ရတဲ့ စာရေးဆရာတွေ သတင်းစာဆရာတွေ အယ်ဒီတာ
တွေ အတော်များများရှိခဲ့တာဖြစ်တယ်။

တစ်ချို့ကတော့ တွေ့တဲ့အခါ ခေါ်ပြောနူတ်ဆက်ရုံလေးလောက်ပါ။
တစ်ချို့ကတော့ နူတ်ဆက်ရုံအပြင် အလာပ သလာပလေးပြောလို့ရတယ်။
တစ်ချို့ကြတော့ တကယ်ကို ခင်ခင်မင်မင် ရင်းရင်းနှီးနှီးကြီး။ ပြောမနာ ဆိုမနာတွေ။





   


စာရေးဆရာမကြီးဒေါ်ကလျာ(၀ဲ)၏အိမ်တွင် စာရေးဆရာကြီးမောင်လင်းယုန်-ရှမ်းပြည်
(ကျောပေးထား)တို့နှင့် စကားစမြည်လက်ဆုံကျလျက်..။


ကလျာမဂ္ဂဇင်းမှာ ဆောင်းပါးများရေးပြီး စာမူသွားပေး စာမူခသွားယူရင်း ဆရာမကြီးကလျာ(၀ိဇ္ဇာ-သိပ္ပံ) 
နဲ့ ခင်မင်ရင်းနှီးခဲ့တာဖြစ်တယ်။ အဲဒီအချိန်က စာရေးဆရာမောင်သက်ကြူက တာဝန်ခံစာတည်း ဖြစ်
တယ်။ ကိုသက်ကြူက ဆရာမကြီးနဲ့ စာရေးသူတို့ကို မိတ်ဆက်ပေးခဲ့တာပါ။ မြန်မာပြည်ကို အလည်ပြန်
တိုင်း ဆရာမကြီးတို့အိမ်ကို သွားလည်တတ်တယ်။ ဆရာမကြီးနဲ့အတူ တစ်ခါတစ်ခါမှာ ဆရာမကြီး၏ခင်
ပွန်းဖြစ်သူ  ဆရာဦးစိန်ကြီး (ကာတွန်းစိန်ကြီး)ကိုပါတွေ့ရတတ်တယ်။ ဆရာမကြီး စင်ကာပူကိုလာလည်
စဉ်ကလည်း စာရေးသူတို့အိမ် ရောက်ခဲ့ပါသေးတယ်။

လုံးချင်းဝတ္တုလောကမှာ ဆရာမကြီးဟာ စာရေးအားကောင်းသူအဖြစ်ထင်ရှားသူဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်
က စာရေးသူတို့မိသားစု မြန်မာပြည်သို့ နောက်ဆုံးအခေါက်ရောက်ခဲ့စဉ်က ဆရာမကြီးမှ မေတ္တာလက်
ဆောင် ပေးလိုက်တဲ့ "ဆည်းဆာမလှတဲ့ ညနေ"၀တ္တုဟာ ၁၀၃ အုပ်မြောက်စာအုပ်ပါ။ စာရေးသက် ၃၃
 နှစ်ပြည့်တဲ့ ၂၀၀၂ ခုနှစ်တွင် ဆရာမကြီးရဲ့ အုပ် ၁၀၀ မြောက်ဝတ္တုဖြစ်တဲ့ "ငပလီနှင့် လန်ကာဝီ" ထွက်ခဲ့
တာဖြစ်တယ်။ လုံးချင်းဝတ္တုများအပြင် မဂ္ဂဇင်းဝတ္တုရှည်နဲ့ ၀တ္တုတိုများလည်း ရေးသားခဲ့ပါသေးတယ်။ 



စာရေးဆရာကြီး မောင်လင်းယုန်(ရှမ်းပြည်)

ဆရာကြီးမောင်လင်းယုန်(ရှမ်းပြည်)အား စာရေးသူက ရုရှား(ထိုစဉ်က ဆိုဗီယက်)သံရုံးမှကျင်းပခဲ့တဲ့ ဧည့်
ခံပွဲတွေမှာ ၁၉၇၂ လောက်က စပြီးတွေ့ခဲ့ရတာဖြစ်တယ်။ အထူးသဖြင့်တော့ ဆိုဗီယက်ယဉ်ကျေးမှုစင် တာ(Cultural Centre)မှာ ပြုလုပ်တဲ့ အခန်းအနားတွေပါ။ အဲဒီတုန်းက ဆိုဗီယက်ယဉ်ကျေးမှုစင်တာက 
ဟံသာဝတီအ၀ိုင်းကြီးကနေ တောင်ဖက်(ပြည်လမ်းမပေါ်)မှာ ခြံလေးခြံလောက်ပဲ ဝေးတာ။ တစ်ခါတစ်
လေမှာတော့  အခန်းအနားရယ်လို့ မဟုတ်ပါဘူး။ ဆိုဗီယက်ရုပ်ရှင်ကားတွေ ဖိတ်ပြီးပြတာလောက်ပါ။ ဒီ
အခါ ရုရှားသံဝန်ထမ်းတစ်ဦးဦးက မိတ်ဆက်စကား အနည်းအပါးပြောလေ့ရှိတတ်တယ်။

ဆရာမောင်လင်းယုန်က ရုရှားသံဝန်ထမ်းတွေနဲ့ မြန်မာတွေကို အင်္ဂလိပ်စကားမှမြန်မာစကား မြန်မာစ
ကားမှ အင်္ဂလိပ်စကားသို့ ပြန်ပေးတာဖြစ်တယ်။ ခုခေတ်ကာလမှာဆို Live interpretation( တိုက်ရိုက်စ
ကားပြန်ခြင်း) လို့ ဆိုနိုင်မလားပဲ။ စာရေးဆရာတင်သန်းဦးရဲ့ဖခင် ဦးတင်သန်း(စာရေးဆရာငွေမောင်း)
က အဲဒီစင်တာမှာ အလုပ်လုပ်တာဖြစ်လို့ သိကျွမ်းခဲ့ရပြန်တယ်။ တင်သန်ဦးကိုတော့ နောင်ကြာလှမှ
(၁၉၈၈ ၀န်းကျင်လောက်) သိကျွမ်းခဲ့တာ။   








စာရေးဆရာမောင်အောင်မွန်(နာမည်ရင်း - ဦးဝင်းအောင်) စင်ကာပူကို 
ရောက်လာစဉ်က စာရေးသူ၏အိမ်မှာ စားကြသောက်ကြရင်း...။




ဦးဝင်းအောင်ကို ရန်ကုန်မှာတွေ့ပြီး ရင်းနှီးခဲ့ပါတယ်။ သူ့မိသားစု ကိုယ့်မိသားစုချင်းပါ မိတ်ဆွေဖြစ်ကြတာ။ 
ယခင်က ဆိုဗီယက်ရုရှားရှိ မော်စကိုအသံလွှင့်ဋ္ဌာနမှာ အလုပ်လုပ်ခဲ့ပြီး ယခုအခါမယ်တော့ အမေရိကန် 
အသံလွှင့်ဋ္ဌာန (VOA)မှာလုပ်ကိုင်နေတာဖြစ်တယ်။  စာရေးသူရှိရာစင်ကာပူကို သူကိုယ်တိုင်လာရောက် တွေ့ဆုံမေးမြန်းပြီး VOAမှ အသံလွှင့်ပေးခဲ့ဖူးသလို အမေရိကန်ကနေ စာရေးသူကို တယ်လီဖုန်းနဲ့မေး
မြန်းပြီးအသံလွှင့်ပေးခဲ့တာမျိုးလဲ ရှိပါတယ်။

သူက မောင်အောင်မွန်ဆိုတဲ့ ကလောင်အမည်နဲ့ ၀တ္တုတိုတွေ ရေးခဲ့တာ။ 
နောက်ပြီး '၀င်းအောင်ကြီး'ဆိုတဲ့ကလောင်အမည်နဲ့ 'မြစ်မခ'သတင်းစာ။ဂျာနယ်တွင် ဆောင်းပါးများရေး
ခဲ့သည်။










စာရေးဆရာ ချစ်စံဝင်း စင်ကာပူကို ပထမဆုံးအခေါက်ရောက်စဉ်က 
တိုပါးယိုးရှိ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းမှာ စာရေးသူနဲ့ မှတ်မှတ်ရရ...။
(၀ဲဖက်မှ- သမီး၊ မိမိနှင့်သား၊ ဒေါ်စိုးစိုးအေး၊ ဆရာချစ်စံဝင်း)


အဲဒီနေ့က ဘုန်းကြီးကျောင်းမှာ ကထိန်ရှိလို့ စာရေးသူတို့မိသားစုက ကျောက်ကျောသွားကျွေးကြတာ။ 
ဆရာချစ်စံဝင်းနဲ့ စာရေးသူတို့ရဲ့ နောက်နားဖက်မှာ ရပ်နေတာက စာရေးသူ၏ဇနီး ဒေါ်စိုးစိုးအေးပါ။  

ဆရာချစ်စံဝင်းနဲ့စာရေးသူတို့ ၁၉၈၆ခုနှစ်က အမျိုးသားစာပေဆု အတူတူရရှိခဲ့ကြတာဖြစ်တယ်။
အမျိုးသားစာပေဆုရရှိခဲ့တဲ့ သူ့စာအုပ်က "ဤခရီး နီးသလား" ဖြစ်ပါတယ်။ 

တစ်ခါ ၁၉၈၉ ခုနှစ်တွင်"ဆန်ဖွတ်သည့်အဖိုးအို"စာအုပ်ဖြင့် အမျိုးသားစာပေဆုကို ဆရာချစ်စံဝင်းက ဒု
တိယအကြိမ် ထပ်မံရရှိခဲ့ပြန်ပါတယ်။

ဆရာချစ်စံဝင်းဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ပါတီကထုတ်ဝေတဲ့စာစောင်များတွင် အယ်
ဒီတာ အယ်ဒီတာချုပ်စတဲ့ စာပေတာဝန်တွေယူခဲ့တာဖြစ်တယ်။ ခရီသွားအတွေ့အကြုံ၊ ကြီးပွားတိုးတက် 
ရေးတက်ကျမ်းများနဲ့ ဆရာတော်ဘုရားများ၏ထေရုပ္ပတ္တိစာတမ်းစာအုပ်များလည်း ရေးသားပြုစုခဲ့ပါတယ်။

"ရန်ကုန်ကမိတ်ဆွေတချို့ ကမှာလိုက်တယ်ဗျ။ ဆရာဦးတင်မောင်အေးကိုတွေ့ချင်လို့ရှိရင် တိုပါးယိုးဘုန်း
ကြီးကျောင်းကိုသာသွား။ သေချာပေါက်တွေ့တယ်ဆိုလို့လာခဲ့တာ ဆရာ့ကို ဒီမှာတွေ့ရတာအတော်ပဲ"ဟု
ဆရာချစ်စံဝင်းကပြောခဲ့ပါတယ်။ 

ဟုတ်ပါတယ်။
အဲဒီအခါတုန်းက Burmese Buddhist Temple (BBT) ကျောင်းကြီးဖြစ်မြောက်ရေးအတွက် မြန်မာများ၊ 
စင်ကာပူနိုင်ငံသားမိတ်ဆွေများနဲ့အတူ ကြိုးပမ်းနေကြတာဖြစ်လို့ မိမိလည်း တနိုင်တပိုင်ပါဝင်ဆောင်
ရွက်နေခဲ့တာပါ။ 





















စာရေးဆရာကြီးမှုးသမိန်(စားပွဲထိပ်တွင်ထိုင်နေသူ)အား တိုပါးယိုးရှိ မြန်မာဗုဒ္ဓဘာသာ 
ဘုန်းတော်ကြီးကျောင်း အစည်းအဝေးတစ်ခုတွင် စာရေးသူနှင့်အတူ ....။




စာရေးဆရာကြီးမှုးသမိန်(ဗိုလ်မှုးကြီးစောမြင့်- ငြိမ်း)ကို စာရေးသူက ပေဖူးလွှာမဂ္ဂဇင်းတိုက်မှာ ပထမဆုံး 
စပြီးတွေ့ခဲ့ဖူးတာဖြစ်တယ်။ အဲဒီတုန်းက စာရေးသူက ပေဖူးလွှာမဂ္ဂဇင်းထုတ်ဝေသူ ဦးမြလှိုင်နဲ့ တာဝန်ခံ 
အယ်ဒီတာ ဦးခင်မောင်မြင့်တို့ဆီ အရောက်အပေါက်များခဲ့ပြီး ဦးမြလှိုင်နဲ့ရင်းနှီးကျွမ်းဝင်တဲ့ဆရာကြီးကို
ပါ တွေ့ပြီး သိရှိခဲ့ရတယ်။ ဟိုတုန်းက မဂ္ဂဇင်းများမှာပါရှိခဲ့တဲ့ ဆရာကြီး၏ ဒေသန္တရ ခရီးသွားဆောင်းပါး
များကို စာရေးသူများစွာနှစ်ခြိုက်မိခဲ့ပါတယ်။ အဲဒီဆောင်းပါးတွေထဲက ဆရာကြီးတာဝန်ဖြင့်ခရီးသွားရင်း 
ကြုံတွေ့ခဲ့ရတဲ့ တိုင်ရင်းသားလူမျိုးများအကြောင်းနဲ့ သူတို့ရဲ့ ဓလေ့ထုံးစံများအကြောင်းဟာဖြင့် နယ်ခြား
aဒသတွေကို အရောက်အပေါက်မရှိဖူးသူများအတွက် အလွန်ပင် စိတ်ဝင်စားစရာaကာင်းပါတယ်။  

ဆရာကြီးက "ယိမ်းနွဲ့ပါး" ဆိုတဲ့ တစ်ခြားကလောင်အမည်နဲ့ပါ ဆောင်းပါးများ လုံးချင်းဝတ္တုများရေးသား
ခဲ့ ပါသေးတယ်။ ၁၉၆၂ ခုနှစ်က တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဖြစ်
ခဲ့ပြီး လုပ်သားပြည်သူ့နေစဉ်သတင်းစာကို မြန်မာနှင့် အင်္ဂလိပ်နှစ်စောင် ထုပ်ဝေနိုင်ခဲ့တာဖြစ်တယ်။

ငယ်စဉ်ကျောင်းသားဘ၀ကတည်းကပင်  မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များရင့်သန်ခဲ့ပြီး ကျောင်းသားအရေး
တော်ပုံများ၌ တက်တက်ကြွကြွပါဝင်ခဲ့ကာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌနဲ့ ကျောင်းသားသံမဏိတပ်ဗိုလ်များ
အဖြစ်တာဝန်ယူခဲ့သူဖြစ်ကြောင်း မှတ်သားရဖူးပါတယ်။ 
ယခုအခါတွင် မဟာသန္တိသုခ ဗုဓ္ဒသာသနာပြုကျောင်းတော်ကြီးရဲ့ ဂေါပကအဖွဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်
နေကြောင်း ကြားသိရပါတယ်။ 
 








 
စာရေးဆရာရွှေဘိုဘာမထီခင်အောင်၏အိမ်မှာ 
ဆရာတပည့်နှစ်ဦး  အမှတ်တရ..။


ဆရာဘာမထီဟာ စာရေးသူငယ်စဉ်က ရွှေဘိုမြို့မှာ လူငယ်တွေကိုလက်ဝှေ့ (Boxing)ပညာသင်ပေးခဲ့တဲ့  
လက်ဝှေ့သင်တန်းနည်းပြဆရာဖြစ်ပါတယ်။ ဆရာရဲ့ဖခင်က ရဲဝန်ထောက်တစ်ဦးဖြစ်တယ်။ အဲဒီအချိန်က
တည်းက ဆရာဘာမထီ စာတွေရေးနေပြီဖြစ်တယ်။ 
စာလဲရေးတယ်၊ လက်ဝှေ့လဲသင်ပေးနေခဲ့တယ်။

ဆရာ့ထံမှာ လက်ဝှေ့ပညာသင်ယူကြသူတွေထဲမှာ စာရေးသူလဲ အပါအ၀င်ဖြစ်ပါတယ်။  
ရွှေဘိုမြို့ရှိ အစိုးရတန်းလတ်ကျောင်း သတ္တမတန်းမှာပညာသင်နေချိန်ဖြစ်တယ်။ စာရေးသူ တက္ကသိုလ်
ကိုသွားတဲ့ ၁၉၆၅-၆၆ ခုနှစ်ကတည်းက ဆရာနဲ့ မတွေ့ ဖြစ်ကြတာ ၁၉၈၁-၈၂ခုနှစ်များတွင်မှ ရန်ကုန်မှာ 
ပြန်တွေ့ဖြစ်ကြတော့တာ။ 

အဲဒီအချိန်က စာရေးသူ စာတွေအတော်လေးရေးဖြစ်တာမို့ စန္ဒာမဂ္ဂဇင်းတိုက်မှာဆရာနဲ့တွေ့တော့ ဆရာ
က "ညီလေး စာတွေအတော်လေးရေးနိုင်နေပါလားကွ။ လူငယ်ခြေသွက်ကလေးပဲ"လို့ ပြောခဲ့တယ်။
 
နောက်ပြီး "ဆရာ့တပည့်တွေထဲမှာ ညီလေးတစ်ယောက်ပဲ စာရေးဆရာဖြစ်တာမို့ ဆရာဂုဏ်ယူတယ်ကွာ"
လို့လဲ ပြောခဲ့သေးတာ။

ဆရာဘာမထီဆီမှ လက်ဝှေ့ပညာအပြင် တစ်ခြားအလွန်အဖိုးတန်တဲ့ သင်ခန်းစာတွေကို စာရေးသူ ရရှိခဲ့ 
ပါသေးတယ်။ 
အဲဒါတွေကတော့ စည်းကမ်းနဲ့ စိတ်ဓါတ်ဖြစ်တယ်။ 
စည်းကမ်းနဲ့ပတ်သက်လို့ ဥပမာပေးရရင် လက်ဝှေ့လေ့ကျင့်တဲ့အခန်းထဲမ၀င်ခင် ဖိနပ်ကို အခန်းဝမှာ ဖြစ်
သလိုမချွတ်ရပဲ သေသေသပ်သပ်လေးထားရတယ်။ အပြင်က၀တ်လာတဲ့အင်္ကျီလုံချည်များကိုလဲ တွေ့က
ရာချွတ်ထား ပုံထားခြင်းမရှိစေရပဲ အင်္ကျီကိုနံရံကချိပ်မှာ ချိပ်၊ လုံချည်ကို သေချာခေါက်ပြီးထားရခြင်း၊ အ
ခန်းထဲမှာ လက်ဝှေ့သမားနှစ်ဦးလေ့ကျင့်ထိုးသတ်နေပြီး ဆရာက ကြည့်ရှုသင်ကြားပြသပေးနေတဲ့အခါ
မှာ ကျန်သူများက ဘာစကားမှမပြောပဲ ထိုးကွက် ရှောင်ကွက် ဆရာရဲ့ပြုပြင်ညွှန်ကြားမှုတွေကို ကြည်ရှု
နားထောင်မှတ်သားနေရမယ်။ 

စိတ်ဓါတ်နဲ့ပတ်သက်ပြီး 'အနိုင်မခံ အရှုံးမပေးတဲ့စိတ်'ကိုထာဝရမွေးမြူရေး၊ ရွှေဘိုသားအလောင်းဘုရား
ကြီး ဦးအောင်ဇေယျ၏သတ္တိဗျတ္တိအား စံပြုလျက် "ရွှေဘိုသားစိတ်ဓါတ်"ကို မမှိတ်မသုန်ခံယူထားရေး၊ 
လက်ဝှေ့စင်ပေါ်တွင် မိမိက လက်ရည်နိမ့်သဖြင့် တစ်ဖက်သတ်ခံနေရစေကာမူ ဘယ်တော့အခါမှ လက်
မြှေက်အရှုံး မပေးရ၊ ဒိုင်က ပွဲရပ်ပေးမှသာ ရှုံးစေရမယ်၊ တစ်ဖက်လက်ဝှေ့သမားအား ညစ်ပြီးထိုးသတ်ခြင်း လုံးဝမပြုလုပ်ရ(ဥပမ- ခေါင်းဖြင့် မတော်တစ်ဆဟန်ဆောင်တိုက်ခြင်း၊ တံတောင်ဖြင့် ၀ိုက်/ပင့်ရိုက်ခြင်း)၊ 
စည်းကမ်းများကိုမလိုက်နာက ရွှေဘိုကျားနက်လက်ဝှေ့အသင်းမှ ထုတ်ပစ်မယ်။ တစ်ချက်လွှတ် အမိန့်။



























In the early 1960s, Saya Bamahti Khin Aung was unfairly punished for training women boxers and allowing them to fight in the ring. Now women boxing is globally recognised. Saya could be viewed as a far-sighted and visionary boxing trainer who dared to confront sport authorities.