"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, May 11, 2024

ပြန်မနိုင်အလွမ်း - ၁



(ကိုယ်ရေးအတ္တုပ္ပတ္တိဝတ္တု - TMA's Autobiographical novel) 

မျက်နှာဖုံးအနုပညာလက်ရာ - ဒေါ်သိင်္ဂီစန်း (ဆေးဘက် - မန္တလေး) ၁၄ ဒီဇင်ဘာ ၂၀၁၅။




မိမိတွေးမိသည်မှာ ကိုယ်ရေးအတ္တုပ္ပတ္တိဆိုက မွေးသည်မှ သေသည်(သို့မဟုတ်) မသေဆုံးမီ အထိ 

ဘ၀ဖြစ်စဉ်များကို ကလေးဘ၀၊ လူငယ်ဘ၀၊ လူလတ်ဘ၀၊ လူကြီးဘ၀ စသဖြင့်စီကာစဉ်ကာအဆင့်

ဆင့်ရေးသော် ပျင်းစရာကြီးဖြစ်နေလေမလား။ ဖတ်ရတာခြောက်သွေ့နေလေမလား၊ စိတ်မ၀င်စားစ

ရာဖြစ်လေမလားဟုဆင်ခြင်မိသည်။


သို့ဖြင့် မိမိ၏ဘ၀အတွေ့အကြုံလေးများကို ၀တ္တုသဖွယ်ဇာတ်ကောင်များဖန်တီးပြီးရေးပါက ဖတ်

ကောင်းမည်။ ပေါ့ပေါ့ပါးပါးရှိမည်၊ စိတ်ဝင်စားမှုပိုပြီးရှိနိုင်သည်ဟုတွေးမိပါသည်။ 

ထိုကြောင့် ကိုယ်ရေးအတ္တုပ္ပတ္တိ(autobiography)ဆိုသည်ထက် ကိုယ်ရေးအတ္တုပ္ပတ္တိဝတ္တု(autobiogra-

phical novel) အဖြစ်ရေးရန် စိတ်ထက်သန်ခြင်းဖြစ်မိပါသည်။


တကယ်တော့ "ပြန်မနိုင်အလွမ်း'သည် မိမိ၏မွေးဇာတိဖြစ်သောမြန်မာပြည်ကိုလွမ်းခြင်းပင်ဖြစ်သည်။


မိမိ မပြန်နိုင်တော့မည့် အမိမြေကို သတိတရရှိကာ ဆွေမျိုးများ၊ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ လုပ်

ဖော်ကိုင်ဖက်များ၊ ရိုးရာအစားအစာများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရာသီပွဲတော်များ၊ တောတောင်

ရေမြေသဘာဝများ အပါအ၀င် 'အရာရာတိုင်းမြန်မာ'ဆိုသည့်အငွေ့ အသက်အားလုံးကို လွှမ်းခြုံတမ်း

တလွမ်းဆွတ်ခြင်းပင်ဖြစ်ပါလေသည်။

အားရအောင်လွမ်းလိုက်ချင်ပါသည်။

 ဖြစ်နိုင်က အမိမြန်မာပြည်ကြီးကို  လုံးဝလုံးဝမေ့လို့သွားသည်အထိ မိမိလွမ်းပစ်လိုက်ချင်ပါသည်။

















အခန်း (၁)


ညက ကျွန်တော်တို့ အိပ်ရာဝင်တာ အတော်လေးနောက်ကျခဲ့သည်။

တခုက လေယာဉ်နောက်ကျတာ။

နောက်တခုက လေဆိပ်ကနေဟိုတယ်ကိုမသွားမီ ဇနီး၏အမအိမ်တွင် ညစာသွားစားကြရတာ။


စင်ကာပူကလေယာဉ်ထွက်တာနောက်ကျသဖြင့် ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ပုံမှန်အချိန်ထက်

များစွာနာက်ကျလျက် မှောင်ရည်ပျိုးမှရောက်လာခဲ့သည်။ 

နိုဝင်ဘာလကုန်ရက်ဖြစ်သောကြောင့် မြန်မာပြည်မှာ နေ၀င်စောတာလည်းပါပါသည်။


အမတို့အိမ်မှာညစာစားနေစဉ် ဟိုတယ်က ဖုန်းဝင်လာသည်။ 

ယခု ည ၈ နာရီကျော်အထိ စင်ကာပူကလာမည့်ဧည့်သည်များမရောက်လာသေးသဖြင့် တည်းဖြစ်

မတည်းဖြစ်ကို ဟိုတယ်ဝန်ထမ်းအမျိုးသမီးက ဇနီး၏တူမလေးမစန္ဒာအား လှမ်းမေးခြင်းဖြစ်သည်။ 


"ရောက်နေကြပြီ ညီမရေ။ စန္ဒာတို့အိမ်မှာ ထမင်းစားနေကြတာ။ ပြီးတာနဲ့ စန္ဒာလိုက်ပို့ပေးမှာပါ။ နဲနဲ

တော့နောက်ကျမှာနော် ညီမ" 

"ဦးတို့ အခုချိန်အထိမရောက်လာလို့ လိုင်းလိုင်ကမေးတာပါ အန်တီ" လို့ မစန္ဒာကပြောသဖြင့် အား

လုံး တိုင်ပင်မထားပဲ ၀ါးလုံးထိုးရယ်လိုက်ကြတော့၏။ 

'လိုင်းလိုင်'ဆိုသည်က မဟာဗန္ဓုလလမ်း၌ရှိပြီး မိမိတို့ရန်ကုန်ရောက်သည့်အခါတိုင်း တည်းခိုလေ့ရှိ

သောဟိုတယ်ဖြစ်သည်။















 စစ်တီးမတ်ကုန်တိုက်(City Mart - Chinatown Point) နှင့်မျက်စောင်းထိုးမှာရှိနေသည်။ 


ကျွန်တော်တို့ လိုင်းလိုင်ကိုရောက်တော့ ည ၁၀ နာရီခန့်ရှိနေပြီ။ 

တူမလေးစန္ဒာနှင့် ကားဆရာဦးသောင်းတို့က ကားမောင်းပို့ပေးခဲ့ကြတာ။ 

ခရီးရောက်မဆိုက် ဟိုတယ်ဝန်ထမ်းအမျိုးသမီးက၊

"အန်ကယ့်ဆီကို အန်ကယ်ရဲ့ မိတ်ဆွေဆိုလားပဲ စောစောလေးက ဖုန်းဆက်သေးတယ်။ ဒီမှာ သူ 

ဖုန်းနံပတ် ပြန်ခေါ်ဖို့ပေးခဲ့ပါတယ်"ဟုဆိုကာ မိမိအား စာရွက်လေးကမ်းပေးပါသည်။

ကြည့်လိုက်တော့ မိတ်ဆွေကိုတင်မြင့်၏ဖုန်းနံပတ်မှန်းသိလိုက်သည်။

အတော်လေး အားနာမိသွားသည်။

အခုက ည ၁၀ နာရီကျော်နေပြီဖြစ်သဖြင့် သူ့ကိုဖုံးပြန်ခေါ်ရန်သင့်မသင့်စဉ်းစားနေတုန်း ၀န်ထမ်းအ

မျိုးသမီးက၊ "ဟုတ်ကဲ့ ရောက်ပါပြီရှင့်။ ခဏလေး ဖုံးကိုင်ထားပေးပါနော်"ဟုပြောရင်း မိမိထံ ဖုံးလှမ်း

ပေးသည်။

"အားနာလိုက်တာ ကိုတင်မြင့်ရာ။ အခုပဲရောက်လို့ ခင်များဆီဖုံးပြန်ခေါ်ရကောင်းမလားလို့စဉ်းစား

နေတာနဲ့အတော်ပဲဗျ"

"ရပါတယ်ဗျာ။ မနက်ဖန်မနက် ၇ နာရီခွဲလောက် ဟိုတယ်မှာ ကျနော်လာခေါ်မယ်။ ကျနော့်အိမ်နား

အရင်တခါကဆိုင်မှာ လက်ဘက်ရည်သောက်ရင်း စကားပြောကြရအောင်။ ကဲ မိုးချုပ်နေပြီ ဆရာ

အေး နားလိုက်ပါအုံး။ မနက်ကျတွေ့ကြမယ်ဗျာ။" 

ကိုတင်မြင့် ဖုံးချသွား၏။ 

















အခန်း (၂) 


ဟိုတယ်မှ အမျိုးသားဝန်ထမ်း ၂ ဦးက မိမိတို့၏ခရီးဆောင်သေတ္တာနှင့်ပစ္စည်းများကို ဒုတိယအထပ်  

 သို့ပို့ပေးကြသည်။  

လိုင်းလိုင်ဟိုတယ်တွင် ထိုစဉ်အခါက ဓာတ်လှေကားမရှိသေးသဖြင့် သူ့အန်တီ လှေကားအတက်အ

ဆင်းအဆင်ပြေစေရန် စန္ဒာက ယခုအထပ်က လှေကားနှင့်အနီးဆုံးအခန်းကို အမြဲကြိုတင်ဘွတ်

ကင်လုပ်ထားပေးလေ့ရှိပါသည်။


မိမိ၏ဇနီးနှင့်တူမလေးစန္ဒာတို့ ဟိုတယ်တည်းခိုခြင်းနှင့်သက်ဆိုင်သည့်စာရွက်စာတမ်းများပြုလုပ်

နေကြစဉ် ကားဆရာဦးသောင်းနှင့်ကျွန်တော်တို့သည် ဧည့်ကြိုခန်းကဆိုဖာများတွင်ထိုင်စောင့်ရင်း 

စကားပြောဖြစ်ကြသည်။ ဦးသောင်းသည် စန္ဒာ၏မောင်အငယ်ဖြစ်သူကိုထွေး၏ဇနီးဖက်က ဆွေမျိုး

တော်စပ်သူဖြစ်သည်။ လွန်ခဲ့သော ၃-၄ နှစ် ကိုဗစ်ကာလတုန်းက သူကွယ်လွန်သွားခဲ့ရှာသည်။


မိမိတို့အပေါ်ထပ်ကိုတက်သွားပြီးနောက် စန္ဒာတို့ ပြန်သွားကြသည်။ အိမ်က တောင်ဥက္ကလာပရှိ

ငွေကြာယံမှာဆိုတော့ ခရီးဝေးလှသည်။ သူတို့နှစ်ဦးနှင့်အိမ်ကစောင့်ပေးနေကြမည့်သူများအတွက်

အားနာစိတ်မကောင်းဖြစ်မိပါသည်။



 













အခန်းထဲရောက်တော့ အနားမယူနိုင်သေးဘဲ သေတ္တာဖွင့်ကာ ညအိပ်ဝတ်မည့်အ၀တ်အစားများ

ထုတ်ရသည်။ အထုတ်တွေဖြေပြီး လောလောဆယ်အသုံးလိုသည့်ပစ္စည်းတချို့ ကို ရှာယူရသည်။


မိုးချုပ်နေပြီလည်းဖြစ် လူကပင်ပန်းနေကြသော်လည်း ခရီးသွားထားသဖြင့် ရေနွေးနှင့်ရေမိုးချိုးပြီး

သောအခါ အတန်ငယ်လန်းဆန်းလာ တော်ပေသေး၏။ 


မနက်ဖန်မနက် ကိုတင်မြင့်လာသည့်အခါပေးရမည့်လက်ဆောင်ပစ္စည်းလေးများကို စားပွဲပေါ်မှာ

အသင့်တင်ထားရသည်။ 

မနက်အိပ်ရာထနောက်ကျပါက ကတိုက်ကရိုက်ဖြင့် အချိန်မရဖြစ်ဖို့ရှိသည်မဟုတ်ပါလား။

 












မိုးကြီးချုပ်မှအိပ်လိုက်ရသော ထိုတညသည် မိမိတို့အဖို့ တိုတောင်းလှ၏။

ခေါင်အုံးပေါ်ခေါင်းချပြီး တမှေးတရေးလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်ရကာရှိသေး လိုင်းလိုင်ရှေ့ ပလက်

ဖောင်းက လူသွားသံများ၊ ကျယ်လောင်ကျယ်လောင် စကားပြောသံများနှင့် ကားဟွန်းသံတချို့ ကို 

အတိုင်းသားကြားနေရသည်။


မိမိတို့အခန်းသည် ပုံမှာမြင်နေရသည့်ဆိုင်းဘုတ်မှ တရုတ်စာလုံးနေရာတည့်တည့်ဖြစ်သောကြောင့် 

လမ်းပလက်ဖောင်းနှင့်အလွန်နီးသည်။ အခန်းထဲကနေ လမ်းကိုကျော်ပြီလက်ဝဲဖက်ကိုကြည့်က စစ်

တီးမတ်ကုန်တိုက်နှင့် ဘုန်းကြီးလမ်းရဲစခန်းတို့ကိုမြင်နေရသည်။ အဝေးဆုံးနေရာအဖြစ် မဟာဗန္ဓုလ

လမ်းနှင့်ဘုန်းကြီးလမ်းဆုံမီးပွိုင့်ကိုတွေ့မြင်နိုင်ပါသည်။ 


အခန်းနံရံက တိုင်ကပ်နာရီကိုကြည့်တော့ နံနက် ၆ နာရီကျော်ပြီ။ 

မနက် ၇ နာရီခွဲလောက်မှာ ကိုတင်မြင့်လာကြိုမည်ဖြစ်ရာ အိပ်ရာမှ ကမန်းကတန်းထပြီးရေချိုးကာ

သူရောက်တာနဲ့ လိုက်သွားနိုင်ရန်အသင့်ပြင်ထားရသည်။  


အားလုံးအဆင်သင့်ရှိသောအခါ ဆက်တီခုံမှာထိုင်ရင်း ဧည့်ခန်းပြူတင်းခန်းဆီးကို တချက်တချက်ဖွင့်

ကြည့်ရသည်။ ကိုတင်မြင့်ထိုင်စောင့်နေကျ လမ်းတဖက်ပလက်ဖောင်း ဗန်ဒါပင်အောက်ကအုတ်ခုံ

လေးကိုဖြစ်သည်။


သူ့ကားကို မရောင်းပစ်ခင်က သူ့ကားကို ပလက်ဖောင်းဘေးချပြီးရပ်ထားတတ်သည်။ 

ကားမရှိတော့သောအခါ ကိုတင်မြင့်က ထိုစဉ်ကခေတ်စားနေသည့် ပရိုဘောက်စ်တက္ကစီကားလေးငှားစီးပြီး 

မိမိကိုလာကြိုတတ်ပါသည်။

















"ပြန်မနိုင်အလွမ်း - ၂" ကို ဆက်ဖတ်ကြပါရန် .....





Friday, May 10, 2024

ကျနော် လမ်းပျောက်သူ

 



အခါတိုင်းတော့ အလုပ်ပြီးလို့အိမ်ကိုပြန်ရင် စိန်ကန်မြို့ (Sengkang Town)ကိုဖြတ်ပြီး အမြန်လမ်းအ

တိုင်းသွားတဲ့ဘတ်စ်ကား ၁၆၁ စီးတယ်။

ဝုဒ်လဲန်ဘတ်စ်အင်တာချိန်း(Woodlands Bus Interchange)ကိုရောက်တဲ့အခါ တောင်-မြောက်လိုင်း

(North-South Line)ပေါ်မှာရှိတဲ့ ၀ုဒ်လဲန်းဘူတာကနေရထားစီးပြီး ဂျူရောင်းအိစ်ရောက်တယ်။

အဲဒီကမှ အဝေးပြေးလိုင်းမဟုတ်တဲ့ ဒေသတွင်းဆွဲသည့်ဘတ်စ်ကား(feeder bus) ၃၃၄ စီးသွားရင် 

အိမ်ကိုတန်းရောက်တော့တာပါ။

ဒီကနေ့ အူထရန်ပတ်ဘူတာ(Outram Park station)မှာကြုံခဲ့ရတဲ့အဖြစ်အပျက်က စိတ်ညစ်စရာမို့ 

ပြောတောင်ပြောမပြချင်တော့ပါဘူး။

အဲ ဒါပေမယ့် ပြောကလဲပြောချင်မိပြန်တယ်ဗျာ။ 

ကိုယ်အသုံးမကျတာကိုလေ။

ဖြစ်ပုံကဒီလိုပါ။

အိမ်ရှင်မကြိုက်သည့် ဘူအန်ကော့(က)ဘူတာ(Buangkok station)နားကမီးပေါ့ဝယ်ဖို့ ဘတ်စ်ကား

အမှတ်(၄၃) စီးရတယ်။ အဲဒီကမှ ခရမ်းရောင်လိုင်းအတိုင်းရထားစီးပြီး အူထရန်ပတ်ဘူတာရောက်

တာပါ။ 















အရင်ကလဲ အဲဒီဘူတာကနေ အရှေ့ အနောက်လိုင်း(East-West Line)ကို မကြာမကြာပြောင်းစီးနေ

ကျပါ။ အဆင်ပြေလို့ပါပဲ။

ဘယ့်နှယ်ဗျာ၊ ဒီကနေ့ကျမှ မျက်စိလည်ပြီး အပေါ်တက် အောက်ဆင်းတွေ အမှားမှားအယွင်းယွင်း

ဖြစ်ရတယ်လို့။ ဟိုမေး ဒီမေးတွေလုပ်ပြီးမှ စီးချင်တဲ့ရထားကိုရောက်ရတယ်လို့လေ။ 


ဒါနဲ့ စိတ်ပျက်တာပြေရအောင် တယ်လီဖုန်း Messenger ကနေ SOS(အခက်အခဲတွေ့နေရပါတယ်။ 

ကျဉ်းအကျပ်ထဲကျရောက်နေပါတယ်။ ကယ်ကြပါဦး)လို့ အရေးပေါ်တင်လိုက်မိတယ်(အပေါ်ပုံ)။


မေခလာများသိရင် လာကယ်လေမလားလို့ မျှော်လင့်တကြီးဆိုပါတော့။

တကယ်တော့ ဘယ်သူကမှလဲ လာမကယ်ဘဲ ကိုယ့်ကိုယ်ကိုကယ်ပြီးသကာလ အိမ်ကိုချောချောမော

မောပြန်ရောက်ခဲ့နိုင်ကြောင်းပါ။






















Thursday, May 9, 2024

ဝရန်တာက ပန်းခြံလေး

 


- စာစီစာကုံး/ရသစာတမ်း



မိမိတို့အိမ် ပန်းခြံလေးတခုရှိပါသည်။ 

ဧည့်ခန်း၏အရှေ့ ဖက်ရှိ အရှည် ၁၅ ပေ၊ အနံ ၅ ပေကျော်ခန့်ရှိသောဝရန်တာအတွင်းမှာပြုလုပ်

ထားခြင်းဖြစ်သည်။ 

နေရာက ကျယ်ကျယ်ဝန်းဝန်းတော့ မရှိလှပါ။ 

သို့သော် ပန်းပင်အချို့ နှင့်လိပ်ကန်ငယ်လေးတခုထားရှိရန်အတွက် နေရာလုံလောက်ပါသည်။ 

ဝါးပင်၊ မန်ကျည်းပင်၊ သနပ်ခါးပင်၊ ရွက်လှပင်၊ သစ်ခွပန်းပင်၊ ခေါင်ရန်းပန်း၊ စကားစိမ်းပန်း၊ ကုမု
ဒြာကြာနှင့်အသဲပန်းပင်၊ ထန်းပင် စသဖြင့်အပင်များကို စိုက်ပျိုးထားသည်။


မိမိတို့အိမ်သို့ အလည်ရောက်ဖူးသူတိုင်းက ဤပန်းခြံလေးအား နှစ်သက်ကြပါသည်။


ခြံနှင့်ဝန်းနှင့်မဟုတ်သည့် စင်ကာပူကတိုက်ခန်းမှာ သစ်ပင်ပန်းပင်များစိမ်းစိမ်းစိုစိုဖြင့်ပန်းခြံ

လေးကိုတွေ့မြင်ရသည်မှာ မျက်စိအေးစရာ စိတ်ကြည်နူးစရာဖြစ်သည်ဟုပြောစမှတ်ပြုကြ

ပါသည်။






















ဤပန်းခြံလေးအားဖန်တီးထားသည့် ဥယျာဉ်မှူးကား မိမိ၏ဇနီးဖြစ်သည်။

အမျိုးသမီးဖြစ်သဖြင့် ပန်းကိုချစ်သည်။ ပန်းများကိုပွင့်စေသည့် ပန်းပင်များကိုလည်းချစ်သည်။


ထို့အတူ ပန်းမပွင့်သောအပင်များကိုလည်း ချစ်ရှာပါသေးသည်။

ပန်းမပွင့်သော်လည်း အရွက်လေးတွေလှကြသည်။ အရိပ်ရသည်။ 




အကိုင်းအခက် အဖူးအငုံ စိမ်းစိမ်းစိုစို ဖားဖားယားယားနှင့်လန်းလန်းဆန်းဆန်းရှိနေကြပါ

သည်။ 

လသာသည့်ညများဆိုက သစ်ရွက်ကြိုသစ်ရွက်ကြားမှာ လရောင်ပြိုးပြိုးပြက်ပြက်ကလေး
များဖြင့် လှနေချေသေးတော့၏။   

ထို့ပြင် လက်သည်းခွံလောက်အရွယ်ကတည်းက အရှည်တစ်ထွာခန့်နှင့်အမြင့် ၆ လက်မ
ရှိသော ပလတ်စတစ်ဗူးငယ်လေးဖြင့်မွေးလာခဲ့ရသည့် ယခုအခါအရွယ်ရောက်လိပ် ၄ ကောင်
လည်း ကန်အတွင်းရှိနေသည်။
















မှန်ရာကို ၀န်ခံပါမည်။

မိမိသည် နုသော ကြွရွသော လှပသောစာလုံးလေးများရွေးသီပြီးရေးရသည့် စာစီစာကုံးကို 

ကောင်းစွာမရေးတတ်တော့ပါ။

ရုန်းရင်းကန်ရင်းဖြင့်သာ ယခုကြိုးစားရေးနေရခြင်းဖြစ်သည်။

စိတ်တိုင်းမကျလှပါ။





ဆက်ပြီးရေးပါဦးမည်။







Wednesday, May 8, 2024

စပ်မိစပ်ရာများ(၁၈) - Forum မှာရေးခဲ့တဲ့စာတစောင်- ၎

 



ဒီကနေ့ ခွင့်ယူထားတယ်။

ရာသီဥတုကပူလို့ နားတာ။

အလုပ်လုပ်တယ်ဆိုတာကလဲ မနက်ပိုင်းနေ့တ၀က်ပဲလုပ်တာဖြစ်လို့ နေ့တိုင်းတော့ အနားရနေပါ

တယ်။ နားလဲနား အိပ်လဲအိပ်ပေးရသေးတာ။ 

တသက်လုံး အအိပ်အနေနည်းခဲ့လေသမျှ အခုအသက် ၇၀ ကျော်မှ အနားရအောင် အိပ်ရကောင်း

မှန်းသိလာရတော့တာ။ ဒါပေမယ့် နောက်တော့လဲ မကျလှပါဘူးလေ။


အိမ်မှာရှိနေတော့ ကိုယ်ရေးကိုယ်တာစာရွက်လေးတွေလှန်လှောကြည့်ရင်း အထက်ကပေးစာလေး

ကိုတွေ့လို့ မျှဝေပေးလိုက်ပါတယ်။ 


အဲ တချိန်တုန်းကကိုယ့်စာလေးကို ပြန်ဖတ်ကြည့်ပြီး ပြုံးမိသေးတော့။

ဆရာကြီးလုပ်ခဲ့တာရယ်လေ။ ဟုတ်ဖူးလားလို့။


ပြောချင်တာက တို့မြန်မာတွေမှာ အမည်ပေးတာ အမည်ခေါ်တာတွေနဲ့ပတ်သက်ပြီး ကိုယ်ပိုင်နည်းစနစ်

တွေ တိတိကျကျရှိတယ်ဆိုတာပါပဲ။

ပြီးတော့ လိုက်နာရမယ်။ လက်တွေ့ကျင့်သုံးကြရမယ်။

မြန်မာဖြစ်ပြီး ကိုယ့်မြန်မာနာမည်နဲ့ကိုယ် ဂုဏ်ယူတတ်ကြရမယ်။

မိဖက ဗိုလ်နာမယ်လေးမပေးခဲ့လို့ တဘူ(ဖူ)နာတယ်ဆိုရင် သွားပြီးသေလိုက်ကြ။

ဒါကို ပြောပြချင်တာ။






Sunday, May 5, 2024

စိတ်ကျရောဂါနှင့်စိုးရိမ်လွန်မှုကို ကျော်လွှားလိုသော် - ၂

 


















အထက်ကစာအုပ်ကိုမိတ်ဆက်ရေးသားတဲ့အခါမှာ အများနားလည်လွယ်စေရန် 'စိတ်ကျရောဂါနှင့်စိုး

ရိမ်လွန်မှုကို ကျော်လွှားလိုသော်' ဟု ယေဘုယျခြုံငုံမိသည့်အမည်ကိုပေးခဲ့ပါတယ်။ 


အကြောင်းမှာ စာအုပ်ထဲတွင်ပါရှိသည့်အကြောင်းအချက်အားလုံးပါဝင်နိုင်သည့်ခေါင်းစဉ်မျိုးကို စာရေး

သူမပေးနိုင်လို့ပါ။ ဒါကလဲ သဘာဝကျနေပါတယ်။ အကြောင်းအရာကများပြားတယ် ကျယ်ပြန့်ပြီးလေး

နက်တယ်ဆိုရင် စာတကြောင်း စာတပိုဒ်ထဲနဲ့ ပြည့်စုံအာင်ဖော်ပြဖို့ အနက်ဖွင့်ရေးသားဖို့ဆိုတာခက်ခဲ

ပါတယ်။ 

ဒီနေရာမှာ ယေဘုယျဆိုတဲ့စကားလုံး၏အဓိပ္ပာယ်ကိုငှားသုံးပြီး နောက်ပိုင်းစာကိုယ်(body paragraph)

တွင်မှ ပြောလိုသည့်အနက်ကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းရေးသားနိုင်တာဖြစ်တယ်။


ဒါကြောင့် ဒြပ်နှင့်ရောင်စဉ်တို့၏စွမ်းအင်နှင့်အဟုန်၊အာကာသ၊အချိန်အစရှိသဖြင့်ခက်ခဲနက်နဲလှသည့်

အိုင်းစတိုင်း၏သီအိုရီ(Einstein's Theory of Gravity)မျိုးကို'ယေဘုယျ နှိုင်းရသီအိုရီ'လို့ အမည်းပေး

ထားခြင်းဖြစ်တန်ရာပါတယ်။

ဒေါက်တာဖေမြင့်(NLD အစိုးရ ပြန်ကြားရေးဝန်ကြီး)က  'မူမှန်စိတ်၊ မူမှန်အတွေး၊ မူမှန်အကျင့်အကြံ'

ဆိုတဲ့သူ၏စာအုပ်မှာ 'ယေဘုယျကို လွယ်ကူအောင်ပြောရလျှင် ပြသနာကို ထောင့်ပေါင်းစုံမှမျှတစွာ

ခြုံငုံဆင်ခြင်တတ်ခြင်း'လို့ ဆိုထားတာ ဖတ်ဖူးပါတယ်။


တကယ်တော့ ဒီစာအုပ်သည် ခေါင်းစဉ်မှာပါရှိတဲ့'စိတ်ကျရောဂါ' 'စိုးရိမ်လွန်မှု'အကြောင်းအရာလောက်

သာမဟုတ်ဘဲ တခြားတခြားသော အောက်ပါအကြောင်းအရာများလဲပါရှိကြပါသေးတယ်။

















စာအုပ်ရဲ့ ကျောဖုံးကိုပဲဖတ်ကြည့်ပါ။

- ကြောက်လန့်ခြင်း (fears)

- အကြောက်လွန်ခြင်း (phobias)

- တုန်လှုပ်ခြောက်ခြားခြင်း (panic attacks)

- ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းခြင်း (self-defeating attitudes)

- ရင်းရင်းနှီးနှီးဆက်ဆံခြင်း (intimate communication)

- အိမ်ထောင်ရေးအဆင်မပြေမှု (marital conflict)

- အလုပ်နှောင့်နှေးရွေ့ ဆိုင်းခြင်း (procrastination) 

- အောင်မြင်ရေးအတွက် ကိုယ်စွမ်းကိုယ်စကိုမြှင့်တင်အသုံးပြုခြင်း(unleash potential for success) 


စာမျက်နှာ (၇၂၃) မျက်နှာရှိသည့် ယခုစာအုပ်တွင် အထက်ပါအကြောင်းအရာများစွာကို လက်တွေ့

လမ်းညွှန်ချက်များ၊ လေ့ကျင့်ခန်များဖြင့် စာဖတ်ူများအလွယ်တကူနားလည်သဘောပေါက်စေရန် ဥပ

မာပေးကာ ရိုးရိုးရှင်းရှင်းရေးသားထားတာဖြစ်ပါတယ်။














ဆက်ပြီးရေးသားမျှဝေပါဦးမည်။ 







Friday, May 3, 2024

တင်ပါးဆစ်အစားထိုး ခွဲစိတ်နည်းသစ် - ၂


 

     

တင်ပါးဆစ်အစားထိုး ခွဲစိတ်နည်းသစ်(New Hip Replacement Technique) သည် လူနာများအတွက်
နာကျင်မှုသက်သာပြီး အနာကျက်မြန်စေသည့်အပြင် ခွဲစိတ်ခြင်းကြောင့်ဖြစ်လာတတ်သည့်ရောဂါထွေ
မှုနှင့်ထိခိုက်ပျက်စီးမှုများကိုလည်း လျှော့ပါးစေလေသည်။

အဘယ်ကြောင့်ပါနည်း။
ယခုခွဲစိတ်နည်းအသစ်သည် ယခင်အခါကခွဲစိတ်နည်းများကဲ့သို့ အဆစ်၏အနီးအပါးရှိ ကြွက်သားများ
အားလှီးဖြတ်ခြင်းပြုလုပ်ရန် မလိုအပ်သောကြောင့်ဟုဆိုပါသည်။ 

ယင်းသို့  ကြွက်သားများအားလှီးဖြတ်ခြင်းဖြင့် ပြန်လည်နလန်ထကောင်းမွန်ပျောက်ကင်းချိန်ကြာရှည်
တတ်သည်။
သို့သော် Anterior-based muscle-sparing (ABMS)ခေါ် တင်ပါးဆစ်အစားထိုးခွဲစိတ်နည်းသစ်ကို အ
သုံးပြုသောအခါတွင်မူ  ကြွက်သားများအားလှီးဖြတ်ခြင်းပြုရန် လုံးဝမလိုအပ်ပါချေ။ 




တင်ပါးဆစ်အရှေ့ ဖက်တွင်ရှိသော ကြွက်သားအုပ်စု(muscle group) ၂ ခု၏အကြားနေရာကနေ ခွဲစိတ်
သည့်အတွက် သွေးထွက်ဆုံးရှုံးမှုနည်းပါးကာ နာကျင်မှုမှလည်းသက်သာစေသည်။ ထိုအခါ ကြွက်သား
တမျှင်တချောင်းမှ ခွဲစိတ်ဖြတ်တောက်ရခြင်းလည်းမရှိပါချေ။ 

ABMS ခွဲစိတ်နည်းသစ်အကြောင်းကို ၂၀၀၄ ခုနှစ်ကတည်းကသိခဲ့ကြပြီး လွန်ခဲ့သည့် ၁၀ နှစ်ကာလအ
တွင်း လူကြိုက်များလာခဲ့သည်။ အမေရိကန်၊ ဂျာမဏီအစရှိသောနိုင်ငံများတွင် ယင်းခွဲစိတ်နည်းအား အ
တော်လေးကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ကြသော်လည်း စင်ကာပူနိုင်ငံတွင်မူ ခွဲစိတ်နည်းအသစ်ဖြစ်နေပါ
သေးသည်။

ဤခွဲစိတ်နည်းသည် ကိုယ်အလေးချိန်များစွာမ၀လွန်းသူများ၊ ပေါင်ရိုးပုံစံချွတ်ယွင်းမှု(femur deformity)
မရှိသူများနှင့်တင်ရိုးခွင်(pelvis anatomy)အနေအထားမှန်သူများအတွက်သင့်တော်သည်ဟုဆိုပါသည်။ 





အသက်အရွယ်ကြီးပြီး အိုမင်းသူများပြားလှသည့် 
စင်ကာပူနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း
တင်ပါးဆစ်အစားထိုးခွဲစိတ်ခံကြရသူပေါင်း 
ပျမ်းမျှအားဖြင့် ၁၉၀၀ ဦးရှိနေပြီး 
နောင်တွင် ယခုထက်ပိုမိုများပြားလာလိမ့်မည်ဟု 
ခန့်မှန်ထားသည်။ 
















Wednesday, May 1, 2024

အသက်ကြီးတတ်အောင် လေ့ကျင့်ခဲ့ပါတယ်

 



လောက၌ သက်ရှိသတ္တ၀ါတိုင်း အချိန်နှင်အမျှ တဖြည်းဖြည်းကြီးထွားလာရာက ကာလအပိုင်းအခြား

တခုသို့ရောက်သောအခါ တစတစ အိုမင်းရင့်ရော်လျက် ပျက်စီးကြရသည်။ 


အသက်အရွယ်ကြီးလာတယ်ဆိုတာ သက်ရှိခန္ဓာကိုယ်၏ဇီဝက္မဗေဒဆိုင်ရာလုပ်ငန်းများ အချိန်နှင့်အ

မျှ ပျက်စီးယိုယွင်းလာနေတာကိုပြောတာပါ။ 

အဲဒီ ဇီဝက္မဗေဒဆိုင်ရာလုပ်ငန်းတွေက သတ္တ၀ါများ သက်ရှင်ရပ်တည်မှုနဲ့မျိုးဆက်ပွားရေးတို့အ

တွက် မရှိမဖြစ်လိုအပ်ကြတာလဲဖြစ်တယ်။


Aging is the time-related deterioration of the physiological functions 

necessary for survival and reproduction.


ဒါကြောင့် မိမိသည် ကိုယ်တိုင်မလွှဲမသွေကြုံတွေ့ရင်ဆိုင်ရမည့်အသက်ကြီးခြင်းကို သဟဇာတဖြစ်စွာ

လက်ခံနေတတ်လာစေရန်လိုအပ်သည့်လေ့ကျင့်ပြင်ဆင်မှုများကို တတ်စွမ်းသ မမေ့မလျှော့ဘဲ ဂ

ရုတစိုက်ပြုလုပ်ခဲ့ ပြုလုပ်နေဆဲလည်းဖြစ်ပါတယ်။












  








ဆက်ပြီးဆွေးနွေးရေးတင်သွားပါဦးမည်။