ဆက်ပြီးရေးပါဦးမည်။
ရန်ကုန်ခေတ်သစ်၏ This Week ရုပ်သံအစီအစဉ်မှာ
အပြောအဆို ပြောင်မြောက်လှသော သတင်းတင်ဆက်သူ 'န'ငယ်၏
'ဓား'ထက်ထက်သော အမှန်တရားဖော်ထုတ်ဝေဖန်ချက်များ
တနိုင်ငံလုံးအတိုင်းအတာနဲ့ အရှုံးပင်လယ်ကြီးထဲမှာ တ၀ဲလည်လည်ဖြစ်နေတဲ့ စစ်ရှုံးသမားမင်းအောင်
လှိုင်နဲ့စစ်ခွေးအုပ်စုတသိုက်ဟာ အကုသိုလ်သင်္ဘောကြီးကို တ၀ုန်းဝုန်းစီးလာပြီး ဘုရားမှန်မသိ တရား
မှန်းမသိတဲ့အခြေအနေတွေနဲ့ ဘုန်ကြီးကျောင်းတွေမီးရှို့  ဟိုဘုရားတွေဖြုတ်ချ ဒီဘုရားတွေခေါင်းဖြတ်နဲ့
မကပဲ သက်ရှိထင်ရှားရှိနေတဲ့ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ပဲခူးဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာ
တော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသလို ဆရာတော်ကြီးကိုပါ သေနတ်နဲ့ပစ်သတ်လိုက်ပြန်ပြီပေါ့ဗျာ။
ဒါကိုလဲ ပြည်သူတွေအားလုံးသိကြပြီးဖြစ်ပါတယ်။
ဆရာတော်ကြီးက တံတားဦးလေဆိပ်ကနေ ကားနဲ့ထွက်လာတဲ့အချိန်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လုံ
ခြုံရေးတပ်က ဆရာတော်ရဲ့ ကားကို မရပ်ပေးလို့ဆိုပြီး သေနတ်တွေနဲ့ဝိုင်းဝန်းပစ်ခတ်တဲ့အချိန်မှာပဲ ကား
ပေါ်မှာပါလာတဲ့ဆရာတော်ဟာ ကျည်ဆံဒဏ်ရာတွေနဲ့ ကားပေါ်ကနေရာမှာပဲ ပျံလွန်တော်မူသွားရှာခဲ့ရ
ပါတော့တယ်။
ကဲ အဲဒါသာကြည့်ပါတော့။
ဒီလိုစစ်ကောင်စီတပ်သားတွေက နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်ဆရာတော်ကို ပစ်သတ်လိုက်တဲ့ကိစ္စ
ဟာ လေလိုင်းပေါ်တွေမှာအုံးအုံးကျွက်ကျွက်နဲ့ဖြစ်လာရော ထုံးစံအတိုင်းပေါ့ဗျာ အမြဲတမ်းမျက်နှာပြောင်
တိုက်ပြီး ပြည်သုတွေကို ကလိန်ကကျစ်ထွက်ထွက်လိမ်နေတဲ့ အငုံ့စိတ်နဲ့စစ်ကောင်စီတသိုက်ကတော့
သူတို့ရဲ့ အမှားကို ဘယ်တော့မှဝန်ခံရိုးမရှိဘဲ PDF တပ်ဖွဲ့တွေကပစ်တယ်ဆိုပြီးတော့တောင် လုပ်ဇာတ်
တွေအကြီးအကျယ်ခင်းနေတာပေါ့ဗျာ။
ကဲ အဲဒီလိုလုပ်ဇာတ်ခင်းမှုကိုလဲ ကလိန်ကကျစ်မင်းအောင်လှိုင်ကစပြီး စစ်ဗိုလ်ချုပ်တွေက အဖြစ်မှန်
ကို အစကထဲကသိသိကြီးနဲ့ညွှန်ကြားကာ လိမ်လည်လှည့်စားပြီးသတင်းထုတ်ခဲ့တယ်လို့ နေပြည်တော်
က ကျနော်တို့ရဲ့ သတင်းရင်းမြစ်အရသိခဲ့ရပါတယ်။
မနေ့က မိမိ၏ကျွန်းသာယာဘလော့က ရေးလက်စဖြစ်သည့်'ရွှေဧည့်သည်တချို့  အပြီးပြန်သွားကြပြီ-၃'
မှာ ဆေးတက္ကသိုလ်(၁) လိပ်ခုံး၊ ပြည်လမ်းတွင် တချိန်တုန်းက မိမိတို့၏ခန္ဓာဗေဒ(လက်တွေ့ခွဲစိတ်လေ့
လာ anatomical dissection)ဆရာဖြစ်ခဲ့ဖူးသည့် ဒေါက်တာဦးမျိုးမြင့်(နောင်တွင် ပါမောက္ခ Ortho)အ
ကြောင်းတွင် အထက်ပါဓာတ်ပုံလေးကို ထပ်ပြီးတင်လိုက်ပါတယ် (၂၁၊၆၊၂၄)။
အဲဒီဓာတ်ပုံကို Myanmar Orthopaedic ၀က်ဆိုက်ကနေ မိမိရရှိထားခဲ့တာ။ ဓာတ်ပုံနဲ့အတူ ဒေါက်တာ
ဦးမျိုးမြင့်အကြောင်း ဆရာကြီးဦးဘညွန့်၏မှတ်ချက်(အောက်ပုံ)ကို နှစ်သက်တာကြောင့်တွဲတင်လိုက်ခဲ့
ခြင်းဖြစ်ပါတယ်။
/ကျနော်ရဲ့ မိတ်ဆွေများနဲ့လုပ်ဖော်ကိုင်ဖက်တဦးဖြစ်တဲ့ပါမောက္ခမျိုးမြင့်လို့သူ့စာကိုအစချီထားပါတယ်။
ဒီဓာတ်ပုံကို ၁၉၈၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီးမှာရိုက်ခဲ့တာ။
(၀ဲဖက်မှ - ဒေါက်တာမင်းလွင်၊ ဆရာမျိုး<ပါမောက္ခမျိုးမြင့်>၊ ဘညွန့်<အလယ်တွင်ထိုင်နေသူ>၊ ဆရာ
ကျော်<ပါမောက္ခကျော်မြင့်နိုင်>၊ ဒေါက်တာဖါ့ ksy)
အရိုးရောဂါဆိုင်ရာကာကွယ်ကုသရေးနဲ့ သင်ကြားရေးလုပ်ငန်းများကို ကျနော်တို့အားလုံးအတူတကွ
လက်တွဲဆောင်ရွက်ခဲ့ကြပါတယ်။
ကျနော်က ရှစ်လေးလုံး(၈၈၈၈)အရေးတော်ပုံအပြီးမှာ မြန်မာနိုင်ငံကနေ အပြီးထွက်ခဲ့ပါတယ်။
ဆရာမျိုး(ပါမောက္ခမျိုးမြင့်)ကတော့ နောက်ဆုံး သူကွယ်လွန်သွားချိန်အထိ အဲဒီတာဝန်များကိုတစိုက်
မတ်မတ် ဆက်လက်ထမ်းရွက်သွားခဲ့သူဖြစ်ပါတယ်။
ဆရာမျိုးသည် ကြီးမြတ်သည့်တကယ့်မျိုးချစ်ပုဂ္ဂိုလ်တဦးဖြစ်သလို ထူးချွန်တဲ့အရိုးရောဂါခွဲစိတ်ဆရာ
ဝန်ကြီးနဲ့ ပညာသင်ကြားဖြန့်ဝေသူဆရာကြီးတဦးလည်းဖြစ်ခဲ့ပါတယ် - ဒေါက်တာဘညွန့် /
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။
ဒီကနေ့ နေ့ခင်း(၂၂၊၆၊၂၄)မှာ ဆရာကြီးဒေါက်တာဦးဘညွန့်က အမှတ်တရပုံလေးနဲ့ မိမိကိုနှုတ်ဆက်
လာပါတယ်။
ဆရာကြီးမိသားစုသည် မြန်မာနိုင်ငံကစပြီးထွက်သွားကတည်းက သြစတေးလျနိုင်ငံ ဒါဝင်မြို့ မှာနေတယ်
လို့ ရန်ကုန်ကိုအလည်ပြန်ရောက်စဉ်က ဒေါက်တာဇော်သန်းပြောပြလို့သိခဲ့ရပါတယ်။
အဖွားဇနီး၏ ကိုဗစ်-၁၉ Antigen Rapid Test (ART)result မှာ C နဲ့ T နှစ်နေရာလုံးတွင် လိုင်း ၂ လိုင်း
သိသိသာသာပ်ါနေဖြင့် "ရောဂါဖြစ်နေပါသည်" အဖြေထွက်ခဲ့သည်။
ပြီးခဲ့သည့်အပတ် အင်္ဂါနေ့တမနက်ခင်းလုံးလူနာကြည့်ပြီးသည်အထိ မိမိနေထိုင်ကောင်းခဲ့ပါသည်။
မနက် ၁၁ နာရီခွဲကျော်ကျော်လောက်မှာ လူနာဆောင်များကနေထွက်လာပြီး Physiotherapy ဌာန
သို့လမ်းလျှောက်ပြန်လာစဉ်ခန္ဓာကိုယ်တွင် ချမ်းစိမ့်ချင်သလိုလို ရုတ်တရက်ခံစားမိသည်။
ဖျားများ ဖျားချင်တာလားဟု တွေးမိသေး၏။
သို့နှင့် ဌာနကိုရောက်သောအခါ ဌာနမှူးအား "ငါတော့ ဖျားချင်ပီထင်တယ်"ဟုပြောပြရာ သူက မိမိ
ကို အဖျားတိုင်းပေးသည်။
အပူချိန်က ၃၇.၃ ဒီဂရီစင်တီဂရိတ်။
"နဲနဲတော့ အမြင့်ဖက်ရောက်တယ်" ဟု သူကမှတ်ချက်ပြုပါသည်။
သို့သော်ငြားလည်း သူရော မိမိရော စိုးရိမ်မှုမရှိခဲ့ကြ။
ဒီလိုနှင့် အိမ်အပြန်ဘတ်စ်ကားပေါ်ကနေ အိမ်ရှင်မအားဖုန်းခေါ်ပြီး ဆန်ပြုတ်ပြုတ်ထားပေးရန်ပြော
ရ၏။
အိမ်ရောက်တော့ လူက အခါတိုင်းလိုမဟုတ်။ ပင်ပန်းသည်။ နူံးသည်။ မျကိစိမှိတ်ပြီး အိပ်ရာပေါ်မှာ
သာလှဲနေချင်သည်။
ဆန်ပြုတ်က စားကောင်း၏။ အနံ့မပျက် ပါးစပ်မပျက်သဖြင့်ကျေးဇူးတင်ရသည်။
ပြီးတော့ အိပ်ချင်တာ တ၀အိပ်ပစ်လိုက်သည်။
သို့သော် ထိုညက ပြန်မထချင်တော့။ ပြန်ထနိုင်စွမ်း မရှိလေတော့။
ဆက်ပြီး အိပ်နေခဲ့သည်။
ည ၁၀ နာရီခွဲကျော်ခန့်မှာ တရေးနိုးလာသဖြင့် မနက်ဖန်မှာ ဆရာဝန်နှင့်ပြရန် ဂျူရောင်းပိုလီကလင်း
နစ်တွင် Appointment ယူသည့်အခါ မနက် ၁၀ နာရီ ၁၀ မိနစ်တွင်အချိန်ရသည်။
မနေ့က တညနေလုံးနှင့်တညလုံးအိပ်နေခဲ့သည့်ကြားက ဗုဒ္ဓဟူးနေ့ မနက်ရောက်သောအခါ ထဖို့မဆို
နဲ့၊ ခေါင်းထူဖို့ နေနေသာသာ၊ မှက်စိများပင် လုံးဝမဖွင့်ချင်ပါလေကုန်။
ရောဂါဝေဒနာကလည်း ဒီတခါအတော်လေးစုံသည်။
အဖျားကြီး၏။
ချောင်း ဆက်တိုက်ဆိုး၏။
နှာ ခဏခဏချေပြီး နှာရည် မပြတ်ယို၏။
ကံကောင်းထောက်မစွာ လည်ချောင်းတော့ မနာပါ။
၁ ရက်ခွဲ ၂ ရက် ကောင်းကောင်းခံလိုက်ရသည်။
သို့သော် ဆေးခွင့် (၃)ရက်နှင့် အလုပ်ပိတ်ရက် (၃) ရက်၊ စုစုပေါင်း(၆)ရက် အိမ်မှာ အနားယူလိုက်ရ
သည်။
အထက်ကအတိုင်း မိမိ၏တယ်လီဖုန်းသို့ ဓာတ်ခွဲခန်းမှ သတင်းပေးပို့ခဲ့ပါသည်။
ယခုတကြိမ်မှာ ကိုကိုဗစ်၏အချစ်ကို အီဖေကို ဒုတိယအကြိမ်ရရှိခြင်းဖြစ်ပြီး ကိုကိုဗစ်၏ပထမဆုံးအချစ်
ကိုမူ ၂၀၂၂ မတ်လက ခံစားခဲ့ရပြီးဖြစ်သည်။ ထိုစဉ်က ကိုကိုဗစ်၏အချစ်က အခုလောက်ကြီးမသောင်း
ကြမ်းခဲ့။ တကယ်ကို ထိကပါး ယိကပါးလေးရယ်။
ဒါကြောင့် ဝေဒနာအနည်းအပါးလေးနှင့်ဆေးခွင့်တပတ်ကိုအငြိမ့်လေးခံစားခဲ့ရသည်ကို အခုနေများ မိမိ
လွမ်းမိနေချေသေးတော့။
အဖွားဇနီးအတွက် ကိုဗစ်-၁၉ Antigen Rapid Test (ART)ကို ပြုလုပ်ပေးခဲ့။
ဆက်ပြီးရေးပါဦးမည်။