"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, November 2, 2014

၂၀၁၃ ခုနှစ်အတွက် အမျိုးသားစာပေဆုများနှင့် စာပေဗိမာန်စာမူဆုများ



၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်၊


၂၀၁၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုများ၊ စာပေဆုများနှင့် စာပေဗိမာန်စာမူဆုများ ကို အောက်တိုဘာလ ၃၀ ရက်နေ့ က အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသွားခဲ့ပြီဖြစ်ပါတယ်။









အမျိုးသားစာပေတစ်သက်တာဆုကို ယခင်အခါများက တစ်နှစ်မှာ တစ်ဦးကျသာချီးမြှင့်ခဲ့ရာက ၂၀၁၂ ခုနှစ်ကစလို့ တစ်နှစ်မှာ စာရေးဆရာ ၃ ဦးကျစီ ပြောင်းလဲချီးမြှင့်ခဲ့ပါတယ်။ အတော်လေး ၀မ်းသာအားရ စရာကောင်းပါတယ်။

ယခုနှစ် ဆုရရှိသူများအထဲမှာ ဆရာကြီး စည်သူဦးတင်လှိုင် (လယ်တွင်းသားစောချစ်) ကလွဲလို့ ကျန်တဲ့ ဆရာကြီးနှစ်ဦးကို ကလောင်အမည်နှင့်သူတို့၏စာများကို သိဖူး ဖတ်ဖူးသည်ကလွဲပြီး လူချင်းမတွေ့ဘူးပါ။

ဆရာကြီး ဒေါက်တာဦးခင်အေး (မောင်ခင်မင် - ဓနုဖြူ) ၏ မြန်မာစာရေးဖွဲ့သုံးနှုန်းပုံနဲ့သက်ဆိုင်သော သတင်းစာပါဆောင်းပါးများကိုမူ ကျွန်းသာယာဘလော့မှာ မကြာမကြာ တစ်ဆင့်ပြန်လည်ဖော်ပြပေးနေခဲ့ ပါတယ်။

ဆရာလယ်တွင်းသားစောချစ်ကို စင်ကာပူက စာပေဟောပြောပွဲမှာ လွန်ခဲ့တဲ့ ၄ နှစ်ခန့်ကမှ ပထမဆုံး စပြီး တွေ့ဖူးခဲ့တာပါ။ အဲဒီတုန်းက ဆရာက "ကျနော် ရထားနဲ့ခရီးသွားလို့ ဆရာတို့ကန့်ဘလူဘူတာကို ဖြတ်သွား တိုင်း ခင်ဗျားကို သတိရမိတယ်" ဟု မိမိအားပြောခဲ့ပါတယ်။































Saturday, November 1, 2014

မြန်မာပြည်မှ သတင်းများ (နိုဝင်ဘာ)




၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက်၊



  • နိုင်ငံ့ရေးရာဆွေးနွေးပွဲကြီး



နိုင်ငံ့ရေးရာဆွေးနွေးပွဲကြီးကို တက်ရောက်လာကြသူများ။ (The Global New Light of Myanmar, 1 Nov. 2014)



နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်။





အောက်တိုဘာလ ၃၁ ရက်နေ့က မြန်မာနိုင်ငံရှိ အမျိုးသားနိုင်ငံရေးအင်အားစု ၅ ဖွဲ့တို့မှ ခေါင်းဆောင်များ၏ ပထမဦးဆုံးအကြိမ် နိုင်ငံ့ရေးရာဆွေးနွေးပွဲကြီးကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပခဲ့ သည်။ 

ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် အောက်ပါကဏ္ဍကြီး(၃) ခုအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပါရန် နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။


(၁) ပထမကဏ္ဍ

လက်ရှိဖြစ်ထွန်းနေသည့်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ခန်းစဉ်များနှင့်နိုင်ငံရေးဖြစ်စဉ်ကိုအဆင့်ဆင့်ဆက်လက်ရှင်သန်ဖြစ်ထွးနေစေရန်နှင့်ယင်းဖြစ်ထွန်းမှုများမှဒီမိုကရေစီစနစ်အမြစ်တွယ်ခိုင်မာရေးနှင့်ပွင့်လင်းလွတ်လပ်သည့်မြန်မာ့လူ့အဖွဲ့အစည်းပေါ်ပေါက်ရေး။

(၂) ဒုတိယကဏ္ဍ

နိုင်ငံအတွက် အထူးလိုအပ်နေသော အမျိုးသားစည်းလုံးညီညွတ်ရေးကြီး ပြန်လည်ရရှိရေးအတွက် လက်ရှိ ရရှိထားသည့် ငြိမ်းချမ်းရေးဖြစ်စဉ်အဆင့်ဆင့်များကိုအခြေခံပြီး ခိုင်မာသောတည်ဆောက်မှုများပြုလုပ်သွား ရေး။

(၃) တတိယကဏ္ဍ

ဒီမိုကရေစီအသွင်ကူးပြောင်းရေး၏ အဓိကအဆင့်တစ်ဆင့်အနေဖြင့်ဖြတ်သန်းရမည့် ၂၀၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲများကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး။






  • ရန်ကုန်က ဆူးလေကျွန်း



ဖေ့စ်ဘွတ်က Thanshwe Naing's Photo ပါ။




ယခင့်ယခင်တုန်းကတော့ ရန်ကုန်မြို့ လယ်ခေါင်မှာရှိကြတဲ့ ဆူးလေဘုရားတို့ မြို့ တော်ခန်းမတို့ကို သွားချင်ရင် လမ်းလျောက်ပြီးသွားချင်သွား ဒါမှမဟုတ် ဝေးတဲ့သူတွေက ဘတ်စ်ကား ကိုယ်ပိုင်ကားတွေနဲ့ လာကြရတာ။ 


အခုတော့ မြင်ကြရတဲ့အတိုင်း ရေပတ်လည်ဝိုင်းရံထားနေလို့ လှေနဲ့သွားမှပဲ ရောက်နိုင်တော့ပေအံ့။







  • တောင်သမန်အင်းနှင့်ဦးပိန်တံတားထိန်းသိမ်းရန် ဖွဲ့စည်းဆောင်ရွက်မည်

တောင်သမန်အင်းနှင့် နှစ်ပေါင်း(၁၆၅)နှစ်ကျော်ပြီဖြစ်သည့် ဦးပိန်တံတားတို့အား ရေရှည်တည်တံ့စေရေး အတွက် မြို့မိမြို့ဖများ၊ မြို့တော်စည်ပင်၊ ရှေးဟောင်းသုတေသနဌာနနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းကာ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု သိရှိရသည်။


ယခုအခါ တောင်သမန်အင်းနှင့် ဦးပိန်တံတားကို မန္တလေးမြို့ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနခွဲမှ အဓိကတာဝန်ယူထိန်းသိမ်းပေးနေပြီး ဒေသခံများပါဝင်သည့် ကိုယ်ထူကိုယ်ထ တံတားအကျိုးတော်ဆောင်အဖွဲ့တစ်ဖွဲ့လည်းရှိနေကြောင်းကြားသိရသည်။ 




  •  လှိုင်မြစ်ကူး ဘုရင့်နောင်တံတားအမှတ် (၂) မော်တော်ယာဉ်စမ်းမောင်း


ကြေးမုံသတင်းစာ (၄ ရက် နိုဝင်ဘာ၊ ၂၀၁၄)



မရမ်းကုန်းမြို့ နယ်နှင့်လှိုင်ယာယာမြို့ နယ်သို့ ဆက်သွယ်တည်ဆောက်ထားသော လှိုင်မြစ်ကူး ဘုရင့်နောင် တံတားအမှတ် (၂) သည် ယခုအခါ ရာနှုန်းပြည့်ပြီးစီးခဲ့သည့်အတွက် မော်တော်ယာဉ်များ စတင်စမ်းသပ် ဖြတ်သန်းနေကြသည်ကို နိုဝင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်။





  •  ရန်ကုန်လမ်းများပေါ်မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်နေကြပုံ


ကြေးမုံသတင်းစာ (၄ ရက် နိုဝင်ဘာ၊ ၂၀၁၄)






  •  နိုဝင်ဘာလ ကုန်ဈေးနှုန်းများ






















ယခင်ကလို ပုံမှန်ကလေးပြန်ရေးဖို့


၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက်



ဘာလိုလိုနဲ့ မိမိ၏ကျွန်းသာယာဘလော့မှာ စာရေးကြဲသွားလိုက်တာများ သြဂုတ်လတစ်လလုံး ၁ ပုဒ်ထဲပဲ ရေးဖြစ်ခဲ့ပြီး၊ စက်တင်ဘာလ တစ်လလုံးမှာဆိုရင် တစ်ပုဒ်မှ မရေးဖြစ်တဲ့အထိတောင် ဖြစ်သွားခဲ့ရတယ်။ 



အခုအောက်တိုဘာလကုန်မှာ ၂ ပုဒ် တင်ဖြစ်လို့ တော်ပါသေးရဲ့ ။
ဒါတောင် ကိုယ်ရေးတာ မဟုတ်သေးဘူး။
တစ်ဆင့်ကူးပြီး တင်ပေးခဲ့တာ။

အိမ်ကဇနီးက “အဖေကြီး ဘလော့မှာ မရေးတော့ဘူးလားလို့ အဖေ့သမီးကမေးနေတယ်” လို့ မေးလာရ တဲ့အထိပဲလေ။


ဖြစ်ရပုံကများ ဒီလို။

ဘလော့ရေးနေရာကနေ လက်ကျွံပြီး မယောင်မလည်ကြီးနဲ့ ဖေ့စ်ဘွတ်ဖက်ကို ရောက်သွားခဲ့တာ။ 

ဟိုကိုရောက်တော့လည်း မိတ်ဟောင်းဆွေဟောင်းအချို့ ရယ် မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင် လေးတွေ(Physiotherapists)ရယ်နဲ့တွေ့ပြီး တောရောက်တောင်ရောက် ရေးမိပြောမိပြန်ပါကော။ 

ပျော်ရွင်စရာအတွေ့အကြုံလေးတစ်မျိုးပါပဲ။

ဖေ့စ်ဘွတ်ရေးတာ တင်တာမှာက ဘလော့ရေးတာနဲ့ မတူတာလေးတွေရှိတယ်။ မိမိအဖို့တော့ ဖေ့စ်ဘွတ် ရေးတာ တင်တာနဲ့ အဲဒါတွေကို တုန့်ပြန်တာ ဆင့်ပွားတာ စ,တာတွေက မြန်လွန်းတယ်။ အမြဲနိုးကြားနေဖို့လိုတယ်။ 

နောက်ပြီး သတိထားရတာတစ်ခုက ကိုယ်ရေးတာ တင်တာအပေါ်မှာ ဖတ်သူအချို့ က အဓိပ္ပာယ်ကောက် ယူတာ ခံစားတာလွဲနိုင်တယ်။ တစ်မျိုးတစ်မည် အထင်ခံရနိုင်တတ်တယ်။ 

သိသင့်သိထိုက်တာတွေ မှတ်သားလိုက်နာစရာတွေ ကောင်းတာတွေအများကြီးအထဲက ဆိုးတာလေးတစ် ခုတစ်လေးကတော့ ရေးရာ ပြောရာ တင်ရာမှာ တစ်ခါတစ်ခါ စည်းလွတ်ဝါးလွတ်နိုင်လွန်းသူ အနည်းအပါးကို ကြားညပ်ပြီး တွေ့ရတတ်တာပဲဖြစ်တယ်။ 


ဘာပဲပြောပြော ရေးနေကျ မိမိ၏ဘလော့လေးကို ပြန်လာချင်မိတာအမှန်။   


ဒါ့ကြောင့် ယခုနိုဝင်ဘာလကစပြီး ယခင်ကလို ပုံမှန်ကလေးပြန်ရေးဖို့ အားထုတ်ပါ့မယ်။ 

အတိုးချပြီး ကြိုးစားရေးပါ့မယ်လို့ အရပ်ကတို့ရေ ....















Sunday, October 26, 2014

မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား (၈)


၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ ရက်


















စာရေးဆရာကြီး အောင်သင်း ကွယ်လွန်


၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ ရက်


မနေ့က ဈေးမှပြန်လာပြီး အိမ်ရောက်သောအခါ ဖေ့စ်ဘွတ်ကိုဖွင့်လိုက်ရာတွင် စိတ်မကောင်းစရာသတင်း ကို တွေ့ရသည်။

နာရေးကူညီမှုအသင်း-ရန်ကုန်၏သတင်းဖြစ်သည်။









ဒီကနေ့မနက် မြန်မာသတင်းစာများတွင် ဆရာကြီး၏ကျန်ရစ်သူမိသားစုမှထည့်သော နာရေးကြော်ငြာနှင့် ဆရာကြီးကွယ်လွန်သည့်သတင်းအား မြန်မာလိုရော အင်္ဂလိပ်လိုပါ ဓာတ်ပုံနှင့်တကွ တစ်လေးတစ်စား ဖော်ပြထားသည်တို့ကိုတွေ့ရ၏။














ဒါ့အပြင် ၀န်ကြီး ၃ ဦး၏ ၀မ်းနည်းကြေကွဲခြင်းကြော်ငြာများကိုပါ ဖတ်ရှုခဲ့ရပြန်ပါသည်။








မြန်မာစာပေတိုးတက်ရေး၊ စာပေဝေဖန်ရေးနှင့် မြန်မာလူငယ်များကြီးပွားထူးချွန်ရေးများအတွက် တစ်စိုက် မတ်မတ် ရေးသားခြင်းနှင့်ပြောဟောခြင်းများကို တစ်သက်တာလုံးလုပ်ဆောင်ခဲ့သော စာရေးဆရာကြီး ဦးအောင်သင်း ကောင်းရာသုဂတိသို့ရောက်ရှိစေရန် လေးစားစွာ ဆုမွန်ကောင်းတောင်းရပါသည်။






























Monday, August 11, 2014

စင်ကာပူက မြန်မာရွာကြီး




၁၃၇၆ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၁ ရက်။










မနေ့က တနင်္ဂနွေနေ့မှာ စင်ကာပူက မြန်မာရွာကြီးရှိရာ ပဲန်နင်းစူးလားပလာဇာကို မိမိတို့လင်ကိုယ် မယားနှစ်ယောက် ရောက်သွားခဲ့ကြပြန်ပါတယ်။

မြန်မာပြည်က တူမလေးတစ်ယောက် စင်ကာပူကိုအလည်လာဖို့ကိစ္စအတွက် တလောက မြန်မာ ရွာကြီးကိုသွားလုပ်တာ မပြီးပြတ်သေးလို့ နောက်တစ်ခေါက်ထပ်သွားရတာဖြစ်တယ်။ ဟိုတစ် ခေါက်က ညနေပိုင်းသွားတော့ ရထားမှာ ခရီးသည်တွေ ဒင်းကြမ်းကိုများနေတာကြောင့် ဘတ်စ် ကားကို ပြောင်းပြီးစီးခဲ့ရလို့ အခုတစ်ခေါက်မှာ နေ့လည်ခင်းသွားပြီး ဘတ်စ်ကားစီးသွားခဲ့လို့ အ ဆင်ပြေခဲ့ပါတယ်။ 

ဒါပေမယ် မြန်မာရွာကြီးရှိရာ ပဲန်နင်းစူးလားပလာဇာကိုရောက်တဲ့အခါ အထပ်တိုင်း ဆိုင်တိုင်းနဲ့ ဓာတ်လှေကားတွေမှာ မြန်မာတွေနဲ့ ကြိတ်ကြိတ်တိုးမျှ စည်ကားနေတာ တွေ့ရပါတယ်။ အုပ်စု လိုက် ပြုံးပျော်ရယ်မောသွားလာနေကြတဲ့ အရောင်အသွေးမျိုးစုံနဲ့ မိမိတို့ကိုရွှေမြန်မာများကို တွေ့ရတာမို့ မြန်မာပြည်က အခါကြီးနေ့ကြီးရက်များလေလားလို့တောင် ထင်ရမိပါရဲ့ ။ သူတို့ဆီက အပျော်ဓာတ်တွေပါ ကူးစက်လာခဲ့ပါတယ်။ 

မြနန်းနွယ်ဆိုင်မှာ တူမလေးအတွက် စာပေးပြီး ရောက်တုန်းရောက်ခိုက်မှာ အိမ်အတွက်လိုအပ်တဲ့ ပစ္စည်းလေးတွေကို အိမ်ရှင်မက ၀ယ်ပါတယ်။ မိမိအတွက် ကလျာမဂ္ဂဇင်း၊ အိမ်အတွက် ပဲပြုတ်နဲ့ မုန့်ဖက်ထုတ်၊ သမီးတို့အိမ်အတွက် မြသပိတ်နဲ့သပြေပန်း၊ မိမိ၏လုပ်ဖော်ကိုင်ဖက် စင်ကာပူနိုင်ငံ သူများက အထူးတလည်မှာထားတဲ့ မြန်မာ့သနပ်ခါးဘူး ၃ ဘူး။ 

ပြီးတဲ့အခါ အောက်ထပ်ကိုဆင်းပြီး နေ့လည်စာစားဖို့သွားတော့ ဆိုင်တွေအားလုံးမှာ လူတွေနဲ့အ ပြည့်ပဲ။ အလှူပေးနေတဲ့အတိုင်းပဲလေ။ အခုတလောစားဖြစ်နေတဲ့ ရနံ့သစ်စားသောက်ဆိုင်မှာ မိမိ တို့ ၂ ယောက်အတွက် ထိုင်စရာနေရာမရတော့တာနဲ့ မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ အင်းလေးစား  သောက်ဆိုင်မှာ သွားစားခဲ့ရတယ်။ အဲဒီမှာ မြင်းခွာရွက်သုတ်၊ ငါးပိချက်၊ ၀က်သားဟင်း၊ ၀က်ခေါင်း သုတ်၊ ရုံးပတီသီးကြော်၊ ဘူးသီးဟင်းချိုစသဖြင့် ဖွယ်ဖွယ်ရာရာ မြိန်မြိန်ရှက်ရှက်စားခဲ့ရလို့ ကျန်းမာ ရေးအတွက် ဗိုက်အရမ်းတင်းအောင်မစားဘူးဟဲ့ဆိုတဲ့ ကိုယ့်ဥပုသ်တောင် ကျိုးသွားခဲ့ရပါပေါ့။

ဒါတွင်ဘယ်ဟုတ်သေးလဲ။ အိမ်အပြန် ဘတ်စ်ကားပေါ်မှာ ဗိုက်က ကယ်ပြီးတင်းနေလို့ နေရထိုင်ရ တာ မကောင်းဘူးဖြစ်ရတယ်။ စားချင်အုန်းဟဲ့ ဗိုက်ကြီးတင်းအောင်။

အခုတစ်ခေါက် မြန်မာရွှာကြီးမှာ စိတ်ဝင်စားစရာ ကြော်ငြာ ၂ ခုကိုလည်း တွေ့ခဲ့ရသေးတယ်။

တစ်ခုက စင်ကာပူမှာလာနွှဲမယ့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ။ ဆိုင်က မှန်ချပ်ပေါ်မှာ လက်ဝှေ့ကြော်ငြာ အချပ်ကြီး ၃ ချပ်ကို နံရံပြည့်ကပ်ထားပြီး မြန်မာ့လက်ဝှေ့ဗွီဒီယိုပါ ပြထားတာကြောင့် လူတွေမတ်တတ် ရပ်ပြီး ကြည့်နေကြတယ်။ အချို့ ကလည်း ပြိုင်ပွဲလက်မှတ်များ ၀ယ်နေကြတာကို တွေ့ရပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့က မိမိ၏သည်း ခြေကြိုက်။ ကိုယ်တိုင်က ဆရာရွှေဘိုဘာမထီခင်အောင်ကိုယ်တိုင် ဦးစီးသင်ကြားပေးတဲ့ ရွှေဘို‘ကျားနက်လက်ဝှေ့ (အင်္ဂလိပ်လက်ဝှေ့)အသင်း’ မှာ ကစားခဲ့တာ။ အားကစား မျိုးစုံအားလုံးအထဲမှာ လက်ဝှေ့ထိုးတာကို မိမိ အကြိုက်ဆုံး။ ၀ါသနာ အပါဆုံး။


နောက်တစ်ခုက စင်ကာပူမှာလာရောက်ဖျော်ဖြေမယ့် ဆန်းဝင်း ချမ်းသာ ညီအစ်ကိုနှစ်ဦး၏ ရွှေမန်းသဘင်။ သပြေနုဆိုင်ရှေ့ မှာ စားပွဲလေးတစ်လုံးနဲ့ လူငယ်လေး ၂ ဦးက ပွဲလက်မှတ်ရောင်းနေပါတယ်။ 




မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းအတွက် ရံပုံငွေရှာသည့်ဇာတ်သဘင်ဖြေဖျော်ပွဲ။
(၀ဲမှ - စာရေးသူ၊ ဒေါက်တာမောင်မောင်ကြီး ၊ ဒေါက်တာသန့်စင် ၊ ဦးထွန်းရီ၊ မင်းသမီးများ၊ မင်းသားချမ်းသာ၊ မင်းသမီးဒေါင်းမလေး၊ မင်းသမီးများ၊ မိခင်နှစ်ဦး)
 




မင်းသားဆန်းဝင်းကို မသိပေမယ့် မင်းသားချမ်းသာကို သိခဲ့တာတော့ ကြာပါပြီ။ စင်ကာပူက မြန်မာဗုဒ္ဓဘာ သာဘုန်းတော်ကြီးကျောင်း (Burmese Buddhist Temple) ဖွင့်ပွဲအတွက် မင်းသားချမ်းသာနဲ့ မင်းသမီး ဒေါင်းမလေးတို့ကိုဖိတ်တုန်းက သိကျွမ်းခင်မင်ရင်းနှီးခဲ့တာဖြစ်တယ်။



ဆက်ပြီးရေးပါဦးမယ်။





Sunday, July 27, 2014

ထီးထမ်းလမ်းလျှောက် စင်ကာပူ (၃)



၁၃၇၆ ခုနှစ်၊ ၀ါခေါင်လဆန်း ၁ ရက်။



"ထီးထမ်းလမ်းလျှောက် စင်ကာပူ"တွင် မိမိသည် အလုပ်တစ်ခု မည်မည်ရရမရှိပါပဲ စင်ကာပူမှာ ဟိုသွားဒီသွားလုပ်ရင်း ဟိုနေရာရောက် ဒီနေရာရောက်ကာ ဟိုတွေ့ဒီတွေ့အကြောင်းအရာက လေးများအပေါ် မိမိ တွေးမိ ရင်တွင်းခံစားမိသည်တို့ကို ပြောပါမည်။




ည ၇ နာရီခွဲမှာ တွေ့ရတဲ့ စင်ကာပူကမြန်မာရွာကြီးအနီးဝန်းကျင်၏ မှောင်ရီပျိုးစမြင်ကွင်း။
(ဓာတ်ပုံ - ဖိုးတာ၊ ၂၆ ဇူလိုင်၊ ၂၀၁၄)



မြန်မာပြည်မှ တူမလေးတစ်ယောက် စင်ကာပူကိုအလည်လာဖို့ရှိလို့ မနေ့ညနေပိုင်းက လင်ကိုယ်မယားနှစ် ယောက် မြို့ ထဲကိုသွားကြရတယ်။ ဒီလိုရက်မျိုး ဒီအချိန်မျိုးမှာ ရထားစီးပြီး မြို့ ထဲကို သွားလေ့မရှိလို့ နဲနဲ လေး အဆင်မပြေဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် အေးအေးဆေးဆေးသွားတာမို့ အချိန်အနည်းငယ်ပိုပြီး ကြာသွားတာကလွဲလို့ ဘာမှတော့အကြောင်းမထူးပါဘူး။ 

ပုံမှန်အားဖြင့် မိမိတို့ မြို့ ထဲကိုသွားရင် ရထားစီးခဲပါတယ်။ ၂ ထပ် ဘတ်စ်ကားကြီးကို ဇိမ်ကျကျနဲ့စီးကြတာ များပါတယ်။ ဂိတ်ကနေစီးတာဖြစ်လို့ ကိုယ်ကြိုက်တဲ့နေရာကို ရွေးထိုင်ပြီး စကားလေးတပြောပြောနဲ့ သွား ကြတာ။ တစ်ခါတစ်လေ ကားပေါ်မှာ တစ်ရေးတစ်မောအိပ်ရင်း သွားကြတာ။ 




ဂျူရောင်းအိစ်ဘူတာ၏ဆည်းဆာအလှ .. ညနေ ၆ နာရီ ၅၈ မိနစ်။
(ဓာတ်ပုံ - ဖိုးတာ၊ ဇူလိုင်လ ၂၀၁၄)




မနေ့ကတော့ အချိန်ကုန်သက်သာအောင်လို့ အသွားကိုရထားစီးပြီး အပြန်မှဘတ်စ်ကားစီးမယ်လို့ စီစဉ်ခဲ့ တယ်။ ဒါနဲ့ အိမ်ကနေ တက္ကစီစီးပြီး ဂျူရောင်းအိစ်ဘူတာကိုသွားပြီး ဘူတာပလက်ဖောင်းပေါ်ကိုလည်း ရောက်ရော ခရီးသည်တွေက တင်းကျမ်း (ဒင်းဂျန်း)ကြီးပါပဲလား။ ဒါနဲ့မူလအစီအစဉ်အတိုင်း အဲဒီကနေ မြို့  ထဲကိုသွားမယ့်အစား ခရီးသည်နည်းတဲ့'ဘူးကစ်ဘာတော့'ဘူတာဖက်ကိုပဲ လမ်းကြောင်းပြောင်းပြီး တစ်ဘူ တာ စီးလိုက်တယ်။ ဘူကစ်ဘာတော့ဘူတာမှာဆင်းပြီး ဘတ်စ်ကားအမှတ်(၆၁) ကို ပြောင်းစီးကြတယ်။

ရထားကို ကျပ်ကျပ်ညပ်ညပ် မစီးချင်တာနဲ့ ရထားစီးသွားရင် မိနစ် ၄၀ လောက်ပဲကြာမယ့်ခရီးကို ဘတ်စ် ကားနဲ့ ၁ နာရီ ၁၀ မိနစ်ကြာ စီးခဲ့ရတယ်။’  

ခရီးသွားချိန်ကြာပေမယ့် ကိုယ်မရောက်တာကြာပြီဖြစ်တဲ့နေရာအချို့ ကို ပြန်ပြီးရောက်ရလို့ အပြောင်းအ လဲတွေ တွေ့ခဲ့ရပါတယ်။ တစ်ချို့ နေရာတွေက မိမိ တစ်ချိန်က နေ့စဉ်အလုပ်သွားခဲ့တာဖြစ်လို့ အမှတ်တရ လေးတွေဖြစ်ရပါတယ်။ 


စီးတီးဟောအနားက မြန်မာရွာကြီးကိုရောက်တော့ ည ၇ နာရီထိုးပြီးစအချိန်ဖြစ်ပေမယ့် နေအလင်းရောင် ရှိနေပါသေးတယ်။ ဒါကြောင့် ဆင်းတဲ့မှတ်တိုင်ဖက်ကနေ ပဲနင်းစူးလားပလာဇာဖက်ကို ကားလမ်းမကူးခင်  ဓာတ်ပုံတစ်ပုံရိုက်ပါတယ်။ မြန်မာရွာကြီးက မိတ္တုကူးတဲ့ဆိုင်ပိတ်သွားလို့ Funan Centre ဖက်ကိုသွားပြီး မိမိ၏မှတ်ပုံတင်ကာဒ်ပြားကို မိတ္တုကူးရပါတယ်။ 





မြန်မာရွာကြီး၏နောက်ကျောဖက်တစ်နေရာ။ (ဓာတ်ပုံ - ဖိုးတာ၊ ၂၆ ဇူလိုင်၊ ၂၀၁၄)



ဝက်သုံးထပ်သားဟင်း၊ ဒညင်းသီးပြုတ်၊ ငါးခူကြော်၊ ချည်ပေါင်ဟင်းချိုတို့နဲ့ ...(ဓာတ်ပုံ - ဖိုးတာ၊ ၂၆ ဇူလိုင်၊ ၂၀၁၄)



မြနန်းနွယ်ဆိုင်မှာ တူမအတွက် စာပို့ရန်ပေးထားပြီးတဲ့ အခါ ရနံ့သစ်စားသောက်ဆိုင်မှာ ကုလားပဲခြမ်းနဲ့ ဆိတ်သားဟင်း၊ ၀က်သုံးထပ်သားနဲ့ခရမ်းချည်သီးချက်၊ ဒညင်းသီးပြုတ်၊ ငါးခူကြော်၊ ချည်ပေါင်ဟင်းချိုတို့နဲ့ ညစာစားကြတယ်။ ည ၈ နာရီခွဲမှာ အမှတ် ၁၉၇ ဘတ်စ်ကားကြီးစီးပြီး ပြန်လာခဲ့တာ ည ၁၀ နာရီမှာမှ အိမ် ကိုပြန်ရောက်ခဲ့ပါတော့တယ်။

















Sunday, July 20, 2014

အာဇာနည်နေ့ ဒို့မမေ့ (၂)




ဝါဆိုလပြည့်ကျော် ၆ ရက်၊ ၁၃၇၆ ခုနှစ်။



ကြေးမုံသတင်းစာ (ဇူလိုင်လ ၁၉  ရက်၊ ၂၀၁၄)



စာရေးသူသည်  ကျွန်းသာယာဘလော့တွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က  'အာဇာနည်နေ့ ဒို့မမေ့' ခေါင်းစဉ်ဖြင့် အောက်မေ့ဖွယ်ရာ အလွမ်းစာလေးကို ရေးခဲ့ပါသည်။ 

ထိုစဉ်က မြန်မာပြည်တွင် အာဇာနည်နေ့အခမ်းအနားကျင်းပခြင်းကို ယခင်အစိုးရများလက်ထက်ကထက် အနည်းငယ် မိုပိုခွင့်ပြုလာခဲ့ပါသည်။ သို့မို့ကြောင့် လူငယ်များအနေဖြင့် အာဇာနည်နေ့အကြောင်း သိရှိနိုင် ကြစေရန် ကိုယ်တွေ့အတွေ့အကြုံများအား အခြေခံပြီးရေးခဲ့ခြင်းဖြစ်ပါ၏။ 

ယခုနှစ်တွင်မူ ပြည်သူလူထု၏တောင်းဆိုလှုပ်ရှားမှုများကြောင့် အာဇာနည်နေ့ကျင်းပခြင်းအလေ့အထများ ယခင်ထက် အထိုက်အလျှောက်ပိုမိုပီပြင်လာသည်ကို သတိပြုမိပါသည်။ အရေးကြီးဆုံးအချက်မှာ လူငယ် များအနေဖြင့် အာဇာနည်နေ့အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ပုဂ္ဂိုလ်ကြီးများအကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ရဲရဲတောက်မိန့်ခွန်းများအကြောင်းတို့ကို အလွန်တရာမှ စိတ်ဝင်စားကြလေရာ အထူး ၀မ်းမြောက်စရာကောင်းလှပါလေ၏။ 





ကြေးမုံသတင်းစာခေါင်းကြီး (ဇူလိုင်လ ၁၉  ရက်၊ ၂၀၁၄)





ကြေးမုံသတင်းစာ (ဇူလိုင်လ ၁၉  ရက်၊ ၂၀၁၄)





မြန်မာ့အလင်းသတင်းစာ (ဇူလိုင်လ ၁၉  ရက်၊ ၂၀၁၄)




မြန်မာ့အလင်းသတင်းစာခေါင်းကြီး (ဇူလိုင်လ ၁၉  ရက်၊ ၂၀၁၄)


ဖေ့စ်ဘွတ်တွင် ဖတ်ရှုရသည့် အာဇာနည်နေ့နှင့်သက်ဆိုင်သောလူငယ်များ၏ဆန္ဒ၊ အမြင်နှင့် မျှော်မှန်းချက်များ .....

ငယ်ငယ်ထဲက ခုချိန်ထိ တစ်ခါမှဗိုလ်ချုပ်ပြောတဲ့စကားတွေကိုမကြားဖူးဘူး။ အခုစာဖတ်လိုက်ရတော့မှ ရင်ထဲမှာတော်တော်ခံစားလိုက်ရတယ်။ ဗိုလ်ချုပ်ပြောတဲ့စကားတွေကို အခုလိုကြားရလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးမိခဲ့ဘူး။ အခုလိုတင်ပေးတဲ့အတွက်  ကျေးဇူးအများကြီးတင်ပါ တယ်။
နဲနဲပြောလိုက်ပါရစေ။ 
ဗိုလ်ချုပ်မိန့်ခွန်းက အခုသူခိုးတွေကို ကြိုပြီး ဖြစ်လာနှိုင်တွေကို မြင်လို့ သေချာမှာခဲ့ပါရဲ့နဲ့ လုပ်ဖြစ်အောင်လုပ်ကြတယ်။ 
ကွက်တိ ပြောင်းပြန်ချည်းဘဲ။ မှာခဲ့တာတွေ ဘာတခုမှမလိုက်နာကြဘူး။ 
ခုနေဗိုလ်ချုပ်များ ဘွားကနဲပြန်ရောက်လာခဲ့ရင်လား၊ ချုပ်ကြီးကစပြီးအကုန်လုံးတန်စီပြီ ပါးချည်းလှိမ့်ရိုက်ပစ်မှာ မြင်ယောင်ပါ့ဗျာ။

ဗိုလ်ချုပ်က စာအရမ်းဖတ်တာပါလား။ မအားတဲ့ကြားက ဘယ်အချိန်တွေများ စာဖတ်ပါလိမ့် ။ 
ခုဖြစ်နေတာတွေနဲ့ ဗိုလ်ချုပ်မိန့်ခွန်းက တထပ်တည်းပါလား။ အမျော်မြင်ကြီးပါပေ့ ။
ဒီမိန့်ခွန်းသာ စစ်တပ်ကသင်တန်းကျောင်းတွေမှာ ဝင်ဝင်ချင်း သစ္စာဆ်ုကြရင် လူတော်တွေ တန်ဘိုးရှိသူတွေ အများကြီးပေါ်ထွက်လာမှာ။ ဒီမိန့်ခွန်းကို လက်တွေ့အသုံးမပြုတော့ အကျိုးဆက်က မြင်တဲ့အတိုင်းပါပဲခင်ဗျာ။
  

များများတင်ပေးပါ အကို။ ဒါမှလူငယ်တွေ ဗိုလ်ချုပ်စိတ်ဓါတ်နဲ့ ခံယူချက်တွေ ဗိုလ်ချုပ်ရဲ့သမိုင်းတွေကို ပိုသိပိုအတုယူတက်မှာပါ။ အဖေရဲ့  သမိုင်ကို ဖျောက်ချင်နေတဲ့လူတစ်စုကြောင့် အဖေရဲအကြောင်းတွေကို သိခွင့်သိပ်မရခဲ့ပါဘူး။ 
အခုလို တင်ပေးတာကျေးဇူးပါပဲ။ နောက်လဲထပ်တင်ပေးဖို့မျော်လင့်ပါတယ်။
အဖေဟာ သားတို့ရင်ထဲမှာ ဘယ်သောအခါမှ မသေသေးဘူး။ 
အဖေနောင်လဲသေမှာမဟုတ်ဘူး။ အဖေ အာဇာနည်မျိုးသေရိုးမရှိတဲ့။

အော် .. ဘယ်ဘုံဘဝမှာများရောက်နေလဲးကျေးဇူးရှင်ဖခင်ကြီးရယ်။
ရောက်ရာအရပ်ကနေ ကျွန်တော်တို့တိုင်းပြည်ဖြစ်ပျက်နေတာတွေကြည့်ပီ မျက်ရည်ကျနေမှာအမှန်ဘဲ့ ။
ဖခင်ရဲ့သားတပည့်တွေ နိပ်စက်ထားလို့ တိုင်းပြည်လည်း ထောင်းထောင်းကြေနေပါပီ။ 
ရောက်ရာအရပ်ကနေ ပြန်လှည့်ကြည့်လှည့်ပါအုံးဒို့ဖခင်....

ဗိုလ်ချုပ်ပြောခဲ့တဲ့စကားတွေ ပျောက်နေ ခဲ့တာဝမ်းနည်းစရာပဲဗျာ။







Sunday, July 6, 2014

အမျိုးသမီးဟူသည် မြန်မာ့ဂုဏ်ရည်


ဝါဆိုလဆန်း ၁၀ ရက်၊ ၁၃၇၆ ခုနှစ်။






ကြေးမုံသတင်းစာ (ဇူလိုင် ၈ ရက်၊ ၂၀၁၄)





 






















မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား (၇)



ဝါဆိုလဆန်း ၁၀ ရက်၊ ၁၃၇၆ ခုနှစ်။




မြန်မာ့အလင်း (၆ ရက် ဇူလိုင်၊ ၂၀၁၄)