"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Saturday, December 31, 2011
စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် စာပေစိစစ်ရေး
ဒီကနေ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖြစ်ပေါ်လာခဲ့တဲ့အပြောင်းအလဲကောင်းများအနက် စာနယ်ဇင်း နဲ့အနုပညာရပ်ဆိုင်ရာလွတ်လပ်ခွင့်များ အတော်အတန်လေးရလာတာဟာဖြင့် စာရေးဆရာများ၊ သတင်း စာဆရာများ၊ အယ်ဒီတာများနဲ့ အနုပညာရှင်များအဖို့ အပြည့်အ၀ကြီးမဟုတ်သေးပေမယ့် အတိုင်းအတာ တစ်ခုအထိတော့ဖြင့် အသက်ရှုပေါက်ချောင်လာတယ် လှည့်သာလှုပ်သာရှိလာတယ်လို့ ပြောရပါမယ်။ ဒါ နဲ့ပတ်သက်ပြီးပြောနေကြ ဆိုနေကြ ရေးနေကြတာတွေက အများကြီး အများကြီးပါ။ ယခုပြောနေကြသ လို နောင်ကိုလည်းဆက်ပြီးပြောနေကြရဦးမှာပါပဲ။
စာနယ်ဇင်းနဲ့အနုပညာရပ်ဆိုင်ရာလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီနိုင်ငံတွေမှာက မရှိမဖြစ်တဲ့လိုအပ်ချက် ကြီးဖြစ်နေတာမို့ စတုတ္တမဏ္ဏိုင်ကြီးဆိုပြီး တသီးတသန့်ဂုဏ်သိက္ခာရှိစွာရပ်တည်နေတာ။ ဒါ့ ကြောင့်ပဲ ထင်ပါတယ်။ “ဒီမိုကရေစီစနစ်သို့ကူးပြောင်းရာ၌ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီမှာ အရေးပါ သော အချက်တစ်ချက်ဖြစ်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်မရှိပါက ဒီမိုကရေစီမရှိဟုဆိုနိုင်ကြောင်း” ပြည် သူ့လွှတ် တော် အားကစား၊ ယဉ်ကျေးမှုနှင့်ပြည်သူ့ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ သူရ ဦးအေးမြင့်က ဒီဇင်ဘာလ၂၃ရက်နေ့က ကော်မတီမိတ်ဆက်တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒါ့ အပြင် နိုင်ငံတော်သမ္မတကြီးမှစပြီး အမျိုးသားနဲ့ ပြည်သူ့လွတ်တော်ဥက္ကဌများကပါ သတင်းမီဒီယာ များဖြင့် လိုလိုလားလားရင်းရင်းနှီးနှီး တိုက်ရိုက်ထိတွေ့ဆက်ဆံလာကြတာဟာဖြင့် မြန်မာ့သတင်းရှုခင်း မှာ အလှသစ်ဖူးပွင့်ဝေဆာလာတာပဲဖြစ်တယ်။ မကြာသေးခင်ကာလအထိ ယခင်အစိုးရအဖွဲ့မှာကော ယခုအစိုးရအဖွဲ့မှာပါ သဘောထားတင်းမာသူလို့ ယူဆခံထားခဲ့ရတဲ့ ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းဟာ တလောက ရုပ်ရှင်လောကသားများနှင့် တွေ့ဆုံရာတွင် ရုပ်ရှင်နဲ့ဗီဒီယိုကန့်သတ်ချက် ဆင်ဆာတချို့ကို လျှော့ပေးလိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာ ကြားလိုက်ရပါတယ်။ မင်္ဂလာသတင်းပါ။
နောက်စိတ်ဝင်စားစရာကောင်းတဲ့ပြောဆိုချက်တစ်ခုကတော့ အခုခေတ်မှာ စာမူများကို ကြိုတင်စိစစ်တဲ့ ဌာနမျိုး မရှိသင့်တော့ဘူး၊ ရှေ့အနာဂတ်မှာလည်းပဲ အစိုးရသစ်ရဲ့ စနစ်အရ မလိုအပ်တော့ပါဘူးလို့ စာ ပေစိစစ်နှင့်မှတ်ပုံတင်ဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ နောက်ထပ် မင်္ဂလာသတင်းတစ်ရပ်ပေပဲ။
စာရေးသူဟာ တချိန်တခါက အစိုးရထုတ်သတင်းစာများနဲ့ မဂ္ဂဇင်းများစွာမှာ ဆေးပညာပေးဆောင်းပါး တွေ ရေးခဲ့တာဖြစ်လို့ စာပေစိစစ်ရေးနဲ့ မတော်တဆ’ငြိ’မိတာလေးတွေ ကြုံခဲ့ရဖူးပါတယ်။ နောက်ဆုံး အ ဖြစ်အပျက်တစ်ခုကတော့ လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်ကလို့ ထင်ပါတယ်။ စာရေးသူက ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းသို့ “ဆေးပညာရပ်ဝေါဟာရများ ဘာသာပြန်ရာတွင်..” ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးတစ်ပုဒ်ကို ထုံး စံအတိုင်း စင်ကာပူမှပေးပို့လိုက်ပါတယ်။ တစ်လ နှစ်လစောင့်ကြည့်လို့ မတွေ့တာနဲ့ မဂ္ဂဇင်းတိုက်ကိုဖုန်း ဆက်တော့ အုပ်ချုပ်ရေးမှူးဒေါ်တင်တင်ဦးနဲ့ စကားပြောဖြစ်တယ်။ သူက မိမိရဲ့ စာမူနဲ့ပတ်သက်ပြီး “ဆ ရာ ရေ ဆရာ့စာမူကို အား လုံးရိုက်ပြီးကာမှ စာပေစိစစ်ရေးကဆုတ်ပါဆိုလို့ ဆုတ်လိုက်ရတယ်” လို့ပြော ပါတယ်။ အကြောင်းပြချက်ကတော့ “သူတို့ အစိုးရကထုတ်ဝေတဲ့ သတင်းစာက အမှားကိုထောက်ပြလို့ တဲ့”။ ဒါဖြင့် စာရေးသူက ဘာများထောက်ပြမိခဲ့ပါလိမ့်။ ကျေးဇူးပြုပြီး မူရင်းစာကို ဖတ်ကြည့်ကြပါ။ မပြုမပြင်ပဲ မူရင်းအတိုင်းဖော်ပြထားပါတယ်။
///// ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ထုတ်ကြေးမုံသတင်းစာ (စာမျက်နှာ ၅)တွင် “စင်ကာပူ၌ မသန် စွမ်းသည့်ကလေးများရှိသော မိသားစုများကို အစိုးရကကူညီထောက်ပံ့ရေးအစီအစဉ် စတင်ဆောင်ရွက်” ဆိုသည့်ခေါင်းစဉ်ဖြင့် အောက်ဖော်ပြပါနိုင်ငံခြားသတင်းရေးသားချက်တစ်ခုအား သတိထားဖတ်မိလိုက် သည်။ သတင်းတစ်နေရာတွင် “ထိုအစီအစဉ်များ ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာအဖွဲ့အစည်းသုံးဖွဲ့ ပါ ၀င်သည်။ ရိမ်းဘိုးအဖွဲ့၊ အာရှအမျိုးသမီးများစောင့်ရှောက်ရေးအဖွဲ့နှင့်မသန်စွမ်းသူများကျဆင်းရေးအဖွဲ့ တို့ဖြစ်သည်။” ဟူ၍ ရေးထား၏။
အထက်ဖော်ပြပါသတင်းရေးသားမှုတွင် ပထမအဖွဲ့ ၂ ဖွဲ့မှာမည်သည့်အဖွဲ့အစည်းများဖြစ်ကြောင်း စာရေး သူသိသော်လည်း တတိယအဖွဲ့မှာမည်သည့်အဖွဲ့အစည်းအားဆိုလိုကြောင်းကို မသိသဖြင့် မြန်မာ့အလင်း သတင်းစာ(အင်္ဂလိပ်)ကို ရှာဖတ်ကြည့်သည်။ ထိုအခါတွင်မှ ဘာသာပြန်မှားယွင်းနေမှုအား သိရတော့၏။ Down Syndrome Association ကို မသန်စွမ်းသူများကျဆင်းရေးအဖွဲ့ဟု မူလအင်္ဂလိပ်ဝေါဟာရ နှင့် အဓိပ္ပါယ်လုံးဝမသက်ဆိုင်ပဲ ပြန်ဆိုထားခြင်းဖြစ်သည်။ ဤအဖွဲ့အစည်း၏အမည်မှ Down စကားလုံး သည် climb down, run down, turn down  အသုံးအနှုန်းများမှာလို အမြင့်မှအနိမ့်သို့ ဆင်း/ကျ ခြင်းနှင့် အများမှအနည်းသို့ လျော့နည်းခြင်းတို့ကို ဆိုလိုသည်မဟုတ်ပေ။ ခရိုမိုဆုမ်းအမှတ် (၂၁) ချွတ် ယွင်းမှုကြောင့် ကလေးများတွင်တွေ့ရှိရသည့် လက္ခဏာများကို ဦးစွာစနစ်တကျမှတ်တမ်းတင်ခဲ့သော ဗြိ တိန်နိုင်ငံမှဆရာဝန် ဒေါက်တာJohn Langdon Down ၏အမည်မှဖြစ်သည်။
သို့ဖြစ်ပေရာ Down Syndrome Association ကို “ဒေါင်းဆင်ဒရုမ်းအသင်း(အဖွဲ့အစည်း)”ဟုသာ ရိုးရိုးရှင်းရှင်းခေါ်ရပါမည်။ နေ့စဉ်ထုတ်သတင်းစာဖြစ်သဖြင့် အလျင်စလို အချိန်မီ ပြန်ဆိုလိုက်ရ၍ စစ် ဆေးမှုမပြုနိုင်ပဲ အခန့်မသင့်စွာမှားယွင်းသွားခြင်းဖြစ်တန်ရာသည်။ အမှန်ကိုသိစေလို၍ ထောက်ပြရခြင်း သာဖြစ်သည်။ //////
မိမိရေးလိုက်တာကတော့ အဲဒါပါပဲ။
ဒီဆောင်းပါးရဲ့ အရင်က “မြန်မာလိုတွေးပြီး မှားရေးတတ်သော အင်္ဂလိပ်စာအသုံးအနှူန်းများ” ဆိုပြီး ရုပ် ရှင်တေးကဗျာမဂ္ဂဇင်းမှာပဲ ရေးခဲ့ဖူးပါသေးတယ်။ အဲဒီတုန်က ကံကောင်းထောက်မစွာ အစိုးရစာစောင်နဲ့ မဂ္ဂဇင်းတွေကိုမထောက်ပြခဲ့မိလို့ မဂ္ဂဇင်းတိုက်က ကွင်းလုံးကျွတ်ဖော်ပြပေးနိုင်ခဲ့ကြောင်းပါ။  
အညာစာ
‘အညာစာ’ ဆိုလို့ တကတဲ တလွဲမထင်လိုက်ကြပါနဲ့ဦး။
လိမ်ညာပြီးစားတဲ့အစားအစာကို ပြောတာမဟုတ်ရပါဘူး။ အညာအရပ်ဒေသတွေမှာ စားလေ့သောက် လေ့ရှိကြတဲ့ အစားအစာတွေကို ပြောတာရယ်ပါ။ 
ကိုသောင်းကြည်၏အိမ်မှာ စားရင်းသောက်ရင်း အမှတ်တရပါ။
စားပြီးတော့ အစာကျေရအောင် ဒန်းပါစီးခဲ့သေးတယ်။
ကိုသောင်းကြည် စင်ကာပူကိုလာစဉ်က စာရေးသူတို့အိမ်တွင် အမှတ်တရ (ဧပြီလ၊ ၂၀၁၁)။
မြန်မာလူမျိုးဆိုတာက ကိုယ်မွေးဖွားရာဇာတိကအစားအစာတွေကို (အညာကအစားအစာပဲဖြစ်ဖြစ် အောက်ပြည်အောက်ရွာကအစားအစာပဲဖြစ်ဖြစ် မြေလတ်ကအစားအစာပဲဖြစ်ဖြစ်) မြန်မာပြည်ထဲမှာပဲ နေနေ၊ မြန်မာနိုင်ငံရဲ့  ပြင်ပကိုပဲရောက်နေရောက်နေ သတိတရစားချင်တတ်ကြတာ ချင်ခြင်းဖြစ်လေ့ရှိ ကြတာ ဓမ္မတာပါ။ အဲဒီလို မိမိအရပ် ဒေသကအစားအစာတွေကို ပြင်းပြင်းပြပြတောင့်တနေသ၍ မိမိ ဟာ အဲဒီအရပ်သူအရပ်သား ဒါမှမဟုတ် အဲဒီနိုင်ငံသူနိုင်ငံသားဆိုတဲ့စိတ် မပျောက်ဖူးဆိုတာပြတာပါပဲ။ ဒီလိုပြောနိုင်မယ် ထင်ပါတယ်။
စာရေးသူကတော့ နိုင်ငံရပ်ခြားမှာရောက်ရှိနေတာ နှစ်အတန်ကြာငြောင်းခဲ့လှပြီဖြစ်ပေမယ့် မြန်မာပြည် ကအစားအစာမှမြန်မာပြည်ကအစားအစာဖြစ်နေရဆဲပါ။ ရောက်နေတဲ့နိုင်ငံက အစားအစာများနဲ့‘ဗိုလ်စာ’ တွေကို မက်မက်စက်စက် မရှိလှပါဘူး။ မြန်မာအစားအစာဆို ‘အညာစာ’သော ‘အောက် စာ’သောဆိုတဲ့ ခွဲခြားမှုမျိုးလည်း မရှိပါဘူး။
သို့ပေမယ့် ကိုယ့်ဇာတိဖြစ်တဲ့အညာဒေသကို ပြန်ရောက်ပြီဆိုရင်ဖြင့် အညာစာတွေကို စုံစေ့ နိုင်သ၍ စုံစေ့အောင်စားပါတော့တယ်။ ဒါကလည်း ကိုယ်တိုင်တကူးတကရှာဖို့မလိုပါဘူး။ သိတယ်မဟုတ်လား။ ဆွေမျိုးတွေ အပေါင်းအသင်းတွေက အလိုက်သိတတ်စွာနဲ့ “ဟိုဟာ စားချင်လား။ ဒီဟာ စားမလား။ ဘာ များကော စားချင်သေးလဲ“ဆိုပြီး စေတနာဗရပွနဲ့ကို ကျွေးတတ်ကြတာ။ ပါးစပ်တောင် ယောင်ပြီးဟ,ဖို့ မလိုဘူးလေ။
မှတ်ထား၊ ဒါမျိုး မြန်မာမှာပဲရှိမယ်လို့။
အခုတစ်ခေါက်က ဇနီးရဲ့ ”အကြီး”(ကြီးတော်)ဖြစ်သူ နေထိုင်မကောင်းလို့ပြန်လာရတာဆိုတော့ မိမိဇာ တိမြို့ ကို မသွားရောက်နိုင်ခဲ့ဘူး။ အညာစာကိုစားချင်ရင် ရန်ကုန်ကစားသောက် ဆိုင်တွေမှာပဲ စားရ တော့မယ်။
တော်ပါသေးတယ်။ တကယ်က အဲဒီလိုစားသောက်ဆိုင်တွေမှာသွားပြီးစားဖို့ မလိုခဲ့ပြန်ဘူး။ မိတ်ဆွေကို သောင်းကြည်ရဲ့ ထက်သန်တဲ့စေတနာကြောင့် သူ့လက်ရာကန့်ဘလူအစာအစားတွေကို သူ့အိမ်မှာ တစ် နေရာထဲ တစ်ထိုင်ထဲ စားခဲ့ရတာ။ ကျေးဇူးကမ္ဘာပါ နောင်တော်ကြီး ကိုသောင်းကြည်ရေ။ မမေ့ဘူးဗျာ။
နေပါဦး၊ ဘာတွေစားခဲ့ရတယ်ဆိုတာ မပြောရသေးဘူး။ ပြောမယ်ဗျ။
ခေါဆီကြော်၊ 
မန္တလေးပဲကြော်နဲ့ ကြက်သွန်ကြော်။ 
နောက်ပြီးတော့ ကောက်ညှင်းပေါင်းနဲ့ စားတော်ပဲပြုတ်။ 
အားလုံး သူကိုယ်တိုင်လုပ်တာ။ သူ့ဇနီးက သားရှိတဲ့စင်ကာပူကိုသွားနေတာမို့ အိမ်မှာမရှိဘူး။
နေပါဦး။ အရေးကြီးဆုံးဟာပြောဖို့ ကျန်နေသေးတယ်။
ဒီလိုပါ …
အားလုံးစားလို့ သိပ်ကောင်းတယ်ဆိုတာပေါ့။
Thursday, December 29, 2011
ပညာလို အိုသည်မရှိ
မနေ့ကနဲ့ ဒီကနေ့ သင်တန်း ၂ ရက်တက်ရတယ်။
မိမိတို့အလုပ်မှ မကြာသေးခင်က၀ယ်ထားတဲ့ iPad၊ SMART Board နဲ့ SMART Table တွေကို အ သုံးပြုပုံပြုနည်းသင်တန်းပေးတာဖြစ်တယ်။ ကိုယ့်မှာက ဇနီးနဲ့သားသမီးတွေ အတင်းတိုက်တွန်းလို့ iPhone လေးဝယ်ပြီးသုံးနေတာ ကိုးလလောက်ရှိပေမယ့် ဖုန်းပြောတာ၊ အီးမေးပို့တာ,ဖတ်တာ၊ အင် တာနက်အနည်းအပါးသုံးတာ၊ ဓါတ်ပုံရိုက်တာ စတဲ့အခြေခံလို အပ်ချက်ပဲသုံးဖြစ်တာပါ။ သူများတွေလို များများစားစား သုံးတတ်တာ၊ သုံးနေတာမဟုတ်ဘူး။ အခုဒီသင်တန်းတက်တော့မှ (အလိုလေးဗျာ..) မိမိဖာသာ လုပ်ချင်ချင်မလုပ်ချင်ချင် တတ်အောင်လည်းသင် လုပ်ဖို့လိုတာတွေလည်း လုပ်ကိုလုပ်တတ် ရတော့မှာ။ သင်တန်းဆရာတွေက သုံးနိုင်တဲ့နည်းအမျိုးမျိုးကို လက်ချောင်းလေးနဲ့တစ်သွယ်၊ လက်ဖ၀ါး နဲ့တစ်မျိုး၊ စာရေးကရိယာနဲ့တတန် ရွေ့ တာ၊ ကြီးအောင်သေးအောင်လုပ်တာ၊ ကူးယူတာ၊ပြောင်းလဲတာ၊ တွက်ချက်တာ၊ ကစားတာ၊ ရှာဖွေတာ စတဲ့သုံးစွဲမှုအဖုံဖုံကို မျက်လှည့်လက်လှည့်ပြသလို သရုပ်ပြသင် ကြားပေးတာ အံ့စရာကြီးပါ။ တကယ်ကို မယုံကြည်နိုင်လောက်အောင်ရယ်ပါ။
လုပ်ပြတာတွေကိုကြည့်ပြီး မိမိက ရင်သပ်ရှုမောသာဖြစ်ရတာ၊ ကိုယ့်အသက်ကကြီးနေပြီဆိုတော့ ကိုယ့် အသက်ရဲ့ ထက်ဝက်လောက်ပဲရှိကြတဲ့လုပ်ဖော်ကိုင်ဖက်လူငယ်တွေလိုတော့ ဘယ်နှယ့်မြန်မြန်ဆန်ဆန် တတ်ပါ့မလဲလေ။ ဒီမှာက သင်တန်းတွေ ဘာတက်ရသလဲမမေးနဲ့။ တစ်နှစ်ကို နာရီပေါင်းဘယ်လောက်ရှိ ရမယ်ဆိုပြီး မပြည့်,ပြည့်အောင်ကို တက်နေရတာ။ 
ပြီးခဲ့တဲ့နိုဝင်ဘာလကုန်နဲ့ဒီဇင်ဘာလဆန်းကလည်း မြန်မာပြည်ကိုမပြန်ခင်လေးမှာ ကျန်းမာရေးဝန်ကြီး ဋ္ဌာနက အမေရိကန်မှစိတ်ရောဂါအထူးကုပါရဂူတစ်ဦးအား ဖိတ်ကြားပြီး စိတ်ရောဂါ အထူးကုဆေးရုံကြီး မှာ ပြုလုပ်တဲ့သင်တန်းတွေကို သုံးလေးရက်အပြေးအလွားတက်လိုက်ရသေးတယ်။        
“ပညာလို အိုသည်မရှိ”ဆိုတဲ့စကားလေးကို ငယ်ငယ်တုန်းက အတော်လေးနှစ်ခြိုက်ခဲ့တာမှန်ပေမယ့် အ ခုအသက်ကလေးရလာတော့ တွေ့ကရာပညာတိုင်းကို မိမိစိတ်မပါလှပဲ လိုက်ပြီးသင်မနေချင်တော့ဘူး လေ။
ကဗျာဆရာကြီး ညွန့်ဝေ(ကသာ) ကွယ်လွန်
ကဗျာဆရာကြီး ညွန့်ဝေ (ကသာ)။ ဓါတ်ပုံ - Eleven Media Group/
အမျိုးသားစာပေဆုနဲ့ပခုက္ကူဦးအုန်းဖေတစ်သက်တာစာပေဆုများရရှိခဲ့တဲ့ကဗျာဆရာညွန့်ဝေ(ကသာ) 
သည် ယခုလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကင်ဆာရောဂါဖြင့် ရန်ကုန် ဗဟိုစည် အထူးကု
မဂ္ဂဇင်းများမှာဖတ်ခဲ့ရပါတယ်။ သူနဲ့ မနှစ်ကဆုံးသွားခဲ့တဲ့ ဆရာဝန်စာရေးဆရာကြီး ကမ္ဘောဇခင်လှိုင်
တို့ဟာ ရင်နှီးတဲ့မိတ်ဆွေများဖြစ်ကြသလို မလေးရှားမှာရောက်နေတဲ့ဆရာဝန်စာရေးဆရာကြီးဒေါက်
တာမောင်မောင်ညိုနဲ့လည်း ရင်းနှီးကြတာဖြစ်တယ်။ ဆရာကြီးကမ္ဘောဇခင်လှိုင် ကျန်းမာရေးစစ်ဆေး
ဖို့ စင်ကာပူကိုရောက်နေစဉ်က သူတည်းခိုတဲ့ဟိုတယ်မှာ စာရေးသူနဲ့ စာရေးဆရာများအကြောင်းပြော
ဖြစ်ကြတော့ သူရန်ကုန်ကထွက်မလာခင် ဆရာကြီးညွန့်ဝေ(ကသာ)က သူ့အားလာတွေ့သေးကြောင်း
ပြောပါတယ်။ ဒီကပြန်သွားပြီး ၂ ပတ်ကျော်လောက်အကြာမှာ ဆရာကြီးကမ္ဘောဇခင်လှိုင်ဆုံးသွားခဲ့
ပါတယ်။ 
ယခုတော့ ဆရာကြီးညွန့်ဝေ(ကသာ)သည် ဆရာကြီးကမ္ဘောဇခင်လှိုင်ဆုံးပြီး တစ်နှစ်ကျော်ခန့်အကြာ
မှာ ဆုံးပါးခဲ့ပါတယ်။ နာမည်ရင်းမှာဒေါက်တာဦးသိန်းညွန့်ဖြစ်ပြီး ဖခင်တောအုပ်ကြီးဦးလေးမောင်၊အ
မိဒေါ်အိမ်တို့မှတောင်တွင်းကြီးမြို့ မှာမွေးဖွာခဲ့ပေမယ့် ကလောင်အမည်တွင် သူပညာသင်ကြားခဲ့တဲ့
‘ကသာ‘မြို့ ကိုထည့်ထားခဲ့ပါတယ်။ “စိတ်ပြတင်းကဗျာများ” စာအုပ်ဖြင့် အမျိုးသားစာပေဆု(ကဗျာ)
ကို ၁၉၉၂ ခုနှစ်အတွက်ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆု ချီးမြှင့်
ခြင်းခံခဲ့ရပါတယ်။ 
စာရေးဆရာကြီးဒေါက်တာမောင်မောင်ညိုက ဆရာကြီးညွန့်ဝေ(ကသာ)ကို အောက်ပါအတိုင်းရေး
သားခဲ့ဖူးပါတယ်။
Dr. Thein Nyunt wrote poetry since 1949 following the examples of
Saya Minthuwun and Saya Zawgyi.Hence his poems are well rhymed. His choice of 
words is also good, using clear and powerful Burmese words for the meaning he im-
plies.He states that the following criteria are to be met in a good poem: inborn desire 
to compose, industry and perseverance in learning and composing poetics,following 
the poetic rules, rhythms and rhymes, well intentions and strong feelings.
၁၉၅၈ ခုနှစ်မှာ ရန်ကုန်ဆေးတက္ကသိုလ်မှ M.B.,B.S ဘွဲ့ရရှိပြီး ဆိုဗီယက်ရုရှားနိုင်ငံမော်စကိုဆေးပ
ညာတက္ကသိုလ်မှ Plastic Surgery ပါရဂူဘွဲ့ကိုလည်း ရရှိခဲ့ပါသေးတယ်။
ကဗျာဆရာကြီးညွန့်ဝေ(ကသာ) ကွယ်လွန်ချိန်တွင် အသက် ၈၀ နှစ်ရှိပြီဖြစ်ပြီး လုံးချင်းစာအုပ် ငါး
အုပ်နဲ့ကဗျာပုဒ်ရေ ၁၀၀ ကျော်ရေးသားခဲ့ပြီးဖြစ်ကာ သားနှစ်ဦးနဲ့ မြေးတစ်ဦးတို့ ကျန်ရစ်ခဲ့ကြောင်း 
သိရပါတယ်။   
Monday, December 26, 2011
မြန်မာပြည်က ပြန်ခဲ့တယ် (၃)
မော်လမြိုင်က မိတ်ဆွေများ (၂)
မော်လမြိုင်ကမိတ်ဆွေများအကြောင်းပြောရင် ဆရာဦးခင်ထွန်းနဲ့မမခင်ကိုမိသားစုကို မပြောလို့ပြည့်စုံမယ်မ ဟုတ်ပါဘူး။
ဆရာဦးခင်ထွန်း၏အိမ်မှာ အမှတ်တရ။
မော်လမြိုင်ကမိတ်ဆွေများအကြောင်းပြောရင် ဆရာဦးခင်ထွန်းနဲ့မမခင်တို့မိသားစုကို မပြောလို့ ပြည့်စုံ မယ်မဟုတ်ပါဘူး။ ဦးခင်ထွန်းကို စာရေးသူသိခဲ့တာ ကြာခဲ့ပါပြီ။ စာရေးသူ ရန်ကုန် မှာဆေးဘက်ပညာ တက်နေစဉ်က သူ ကန့်ဘလူအထကမှာ ကျောင်းဆရာအဖြစ်ရောက်လာ ခဲ့တာဖြစ်တယ်။ ၁၉၆၇-၆၈ ၀န်းကျင်လောက်ကလို့ ထင်ပါတယ်။ နောက်တစ်ခါမှာ ရန်ကုန်မသန်မစွမ်းဆေးရုံ(သမိုင်း)ကနေ မော် လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ စာရေးသူပြောင်းတဲ့အခါ ဆရာဦးခင်ထွန်းနဲ့မမခင်တို့မိသားစုက မော်လ မြိုင်ဆရာအတတ်သင်မှာ ရောက်နေကြပြီဖြစ် တယ်။ သူတို့နေတဲ့ ဒိုင်းဝန်ကွင်းက ဆရာအတတ်သင်ကို စာရေးသူမကြာခဏအလည်သွားလေ့ရှိပါတယ်။ အဲဒီမှာ မမခင်ရဲ့ လက်ရာ လက်ဖက်ရည်သောက်တယ်။ လက်ဖက်သုတ်စားတယ်။ ကြုံတဲ့အခါ ထမင်းပါဝင်စားခဲ့တာ။  
နောက်ခင်မင်ရင်နှီးသူတစ်ဦးကတော့ မော်လမြိုင်ဆေးရုံခွဲ(မိခင်နှင့်ကလေးဆေးရုံ)မှာ ဆေးရုံအုပ်လုပ် သွားခဲ့တဲ့ ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာဦးတင်စိုးဖြစ်ပါတယ်။ ဆရာက ကျန်းမာရေး ဆိုင်ရာဆောင်းပါး အတော်များများရေးခဲ့တဲ့ နာမည်ကျော်ဆရာဝန်စာရေးဆရာတစ်ဦးပါ။ စာရေးလည်း ကောင်းပါတယ်။ ဆရာဝန်ဘွဲ့နဲ့ခွဲစိတ်အထူးကုဘွဲ့တွေကို ချက်ကိုစလိုဗားကီးယားနိုင်ငံ ပရတ်(ဂ)မြို့ မှ ရရှိခဲ့တာဖြစ်တယ်။
နောက်ပိုင်းမှာ အမေရိကန်နိုင်ငံသို့နှစ် အတန်ကြာ သွားရောက်အလုပ်လုပ်ခဲ့ပြီး အမေရိကန်မှပြန်ရောက် တော့ မော်လမြိုင်မှာပဲ အေးအေးလူလူအခြေချနေထိုင်ခဲ့တာဖြစ်တယ်။ တစ်ခါမှာ ဆရာဒေါက်တာဦးတင် စိုးက တာဝန်ပေးလို့ စာရေးသူဟာ မွန်ပြည်နယ်တစ်ခုလုံးရှိကျောင်းများမှကျောင်းသူကျောင်းသားများရဲ့  ပြိုင်ပွဲဝင်စာစီစာကုံးများကိုဖတ်ပြီး ပ-ဒု-တ ရွေးချယ်ပေးခဲ့ရဖူးပါတယ်။ မိမိရေးထားတဲ့လုံးချင်းဝတ္တုစာမူ ထုတ်ဝေဖို့ စာရေးသူက ဆရာ့အားအကူအညီတောင်းရာ နွယ်နီမဂ္ဂဇင်းအယ်ဒီတာချုပ်/စာရေးဆရာ နတ် နွယ်ထံ ဆရာဦးတင်စိုးက မိတ်ဆက်စာရေးပေးခဲ့ပါတယ်။
ယာမှ - ဆရာဦးခင်ထွန်း၊ ဒေါက်တာဦးတင်စိုး၊ စာရေးသူတို့ ဆရာဦးတင်စိုးအိမ်တွင် အမှတ်တရ။
ယခင်တစ်ခေါက်က ဆရာဒေါက်တာဦးတင်စိုးအား ဆရာဦးခင်ထွန်းနဲ့အတူ သွားတွေ့နိုင်ခဲ့ ပေမယ့် ယခုတစ်ခေါက်မှာ မတွေ့ဖြစ်ခဲ့ပါ။ စာပေဟောပြောပွဲနေ့က ဆရာဦးခင်ထွန်းက “ဒေါက်တာဦးတင်စိုး ဒီကိုရောက်ချင်ရောက်လာမှာ“လို့ပြောတာနဲ့ မျှော်လင့်မိသေးတယ်။ ဒါပေမယ့် စာရေးသူက စာပေ ဟောပြောပွဲမှာ မိနစ် ၂၀ လောက်ပဲနေပြီးပြန်လာခဲ့တာမို့ သူ လာမလာမသိရပါ။ 
မိမိရဲ့ စာရေးဆရာမိတ်ဆွေများအကြောင်းပြောရရင် ဆရာဒေါက်တာဦးတင်စိုးနဲ့ ဆရာဦးခင် ထွန်းတို့က လွဲပြီး မရှိတော့သလောက်ဖြစ်သွားပါပြီ။ တစ်ချို့ က ကွယ်လွန်သွားကြပြီး တစ်ချို့ က မော်လမြိုင်မှာ မရှိ ကြတော့ဘူး။ မိမိနဲ့အရင်းနှီးဆုံးစာရေးဆရာတစ်ဦးဖြစ်ခဲ့တဲ့ စာရေးဆရာကြည်မြလွင်ဆိုရင် NLDမှာ နိုင်ငံ ရေးဝင်လုပ်ရာက ထောင်ကျ၊ နောက်တော့ ကျန်းမာရေးချွတ်ယွင်းပြီး ဆုံးပါးသွားခဲ့ရတယ်။ ထောင်ထဲမှာ လား ထောင်ကလွတ်မှလားဆိုတာ သေချာမသိရဘူး။ တံခွန်လှမော်၊ ခင်မောင်လွင်(ရွှေမြိုင်ကောလိပ်)နဲ့ လှတင်ဝင်းတို့လည်း အရွယ်ကောင်းတုန်းကွယ်လွန်သွားခဲ့ကြတယ်။ မိမိနဲ့အတော်လေးရင်းနှီးတဲ့ ဒိုင်းဝန် ကွင်းမှ ကဗျာဆရာ မြိုင်နန်းငြိမ်းငြိမ်းချမ်းချမ်းကတော့ ကဗျာစာအုပ်လေးတစ်အုပ်ကို သူ့မိဘပိုက်ဆံနဲ့ ထုတ်ပြီး စာပေအသိုင်းအ၀န်းမှစုံးစုံးမြုပ်ပျောက်သွားခဲ့တယ်။ လူကိုလည်းမတွေ့ရဘူး။ ကြားမိတဲ့သတင်း ကလည်း စိတ်မကောင်းစရာပါ။ မော်လမြိုင်စာပေလုပ်သားအဖွဲ့မှာဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်လည်း မရှိတော့ဘူး။ တစ်ချိန်က မော်လမြိုင်စာပေအသိုင်းအ၀န်းမှာရှိခဲ့တဲ့ စာရေးဆ ရာကြီးဦးချမ်းအေး(မောင်စူးစမ်း)ကတော့ အသက်ရှည်ရှည်ကျန်းကျန်းမာမာနဲ့စာပေတာဝန်များကို ထမ်း ဆောင်လျက်ရှိဆဲပါ။ မင်းချမ်းမွန်(ဘီလူးကျွန်း)နဲ့ ရွှေမြိုင်မောင်ဖူးဝါတို့တော့ ရန်ကုန်မှာရှိကြတယ် ကြား တာပဲ။    
မော်လမြိုင်က  အစား
ပြောလေ့ပြောထ ရှိခဲ့ဖူးတယ်။
ရန်ကုန်က အကြွား၊
မန္တလေးက စကား၊
မော်လမြိုင်က အစား လို့။
ဒီနေရာမှာ “မော်လမြိုင်က အစား”ဆိုတာကို ဋီကာချဲ့ ပြီး အကျယ်အကျယ်မပြောလိုပါဘူး။ အခုတစ် ခေါက်မော်လမြိုင်ကိုရောက်ရင်း ကြုံကြိုက်လို့ မှတ်မှတ်ရရရှိခဲ့တာလေးကိုပဲ ပြောပါ့မယ်။ မော်လမြိုင်က မိတ်ဆွေများအကြောင်းပြောခဲ့တုန်းက ဒေါက်တာမျိုးဆွေကြည်နဲ့မိမိတို့ ညပိုင်းမှာ ဆေးရုံကနေ ကျား တံတားရပ်ကိုသွားပြီး လက်ဖက်ရည်သောက်လေ့ရှိကြောင်း ရေးခဲ့ပါတယ်။ ဆိုင်က သိပ်မဝေးပါဘူး။ ဥ ဇိနဘုရားလမ်း(ဆေးရုံကြီးလမ်း)နဲ့အောက်လမ်းမကြီးဆုံတဲ့ထောင့်မှာပါ။ ဆေးရုံကနေ ၇ မိနစ်လေက်ပဲ လျောက်ရတာ။ ပိုင်ရှင်ရဲ့ နာမည်က ‘ဦးအစိတ်’ဖြစ်ပြီး မြန်မာတရုတ်ပေါ့။   
လက်ဖက်ရည်ဆိုင်နဲ့မျက်နှာချင်းဆိုင်က ဓါတ်မီးတိုင်အောက်မှာတော့ နာမည်ကြီး”ကျားတံတားဘိန်း မုန့်”ဆိုင်ရှိပါတယ်။ ညနေကနေ ည ၈နာရီခွဲလောက်အထိရောင်းတဲ့ လမ်းဘေးဆိုင်လေးပါ။ ဘိန်းမုန့် ဆိုတာ ဆန်မှုန့်နဲ့ထန်းလျက်ရည်ရောပြီး အထက်မီးအောက်မီးပေးကာ အပေါ်က ဘိန်းစေ့ဖွေးဖွေးလေး တွေဖြူးထားတဲ့မုန့်ပါ။ တစ်ခါတစ်ရံ ညပိုင်းဗိုက်ဆာလို့ရှိရင် အဲဒီဘိန်းမုန့်နဲ့လက်ဖက်ရည်သောက်လေ့ရှိ တယ်။ ကျားတံတားဘိန်းမုန့်က ပူပူနွေးနွေးနဲ့နုအိပြီး မွှေးပါ တယ်။ အရသာလည်း သိပ်ကောင်းပါတယ်။ 
ဒါ့ကြောင့် ‘ကျားတံတားဘိန်းမုန့်’ဆိုပြီး နာမည်တစ်လုံးရထားတာဖြစ်ပါလိမ့်မယ်။ ဘိန်းမုန့်ဆိုင်ရဲ့ အနား မှာ သူ့လိုပဲညပိုင်းမှာဖွင့်တဲ့ လက်ဖက်သုတ်ဆိုင်ရှိပါတယ်။ ဒီဆိုင်က လက်ဖက်သုတ်ရဲ့ ထူးခြားချက်က တော့ လက်ဖက်ကိုနုဖတ်အောင်ထောင်းထားပြီး ကြွပ်ရွအောင်ကျော်ထားတဲ့ကြက်သွန်ဖြူတွေပဲဖြစ်ကြ တယ်။ သူကလည်း လက်ဖက်ရည်နဲ့ဆို လိုက်ဖက်ပြန်ကော။
ဒါကြောင့် ခဏတစ်ဖြုတ်ပဲထိုင်ခဲ့တဲ့စာပေဟောပြောပွဲကနေ ဟိုတယ်အပြန်မှာ ကျားတံတားကိုသွားပြီး ဘိန်းမုန့်နဲ့လက်ဖက်သုတ်ဝင်ပြီးဝယ်ခဲ့တယ်။ ဟိုတယ်မှာနေခဲ့တဲ့ဇနီးကို မျက်နှာလုပ်ဖို့။ ပြီး မိမိလည်း စားချင်လို့။ ကားဆရာကတော့ ကွမ်းသမားမို့ မစားဘူးတဲ့။ ကြုံကြိုက်တာနဲ့ ယခင်ကဘိန်းမုန့်လုပ်တဲ့ အဒေါ်ကြီးနဲ့ လက်ဖက်သုတ်ရောင်းတဲ့အဒေါ်ကြီးတွေအကြောင်း မေးမြန်းကြည့်တော့ မရှိရှာကြတော့ ဘူးလို့သိရတယ်။ ဘိန်းမုန့်ကို သမီးနဲ့သားမက်ကဆက်လုပ်နေပြီး လက်ဖက်သုတ်ဆိုင်ကိုတော့ သားက ပဲ ဆက်ရောင်းနေတာ။ 
Saturday, December 24, 2011
မြန်မာပြည်က ပြန်ခဲ့တယ် (၂)
မြန်မာပြည်ကပြန်လာခဲ့တော့ သွားခဲ့လာခဲ့ ကြည့်ခဲ့ရှုခဲ့ မြင်ခဲ့တွေ့ခဲ့ စားခဲ့သောက်ခဲ့ ပျော်ခဲ့ပါးခဲ့တာလေး တွေက မျှဝေခံစားလို့ကို မ၀နိုင်အောင်ပါပဲ။
ကိုယ့်လိုပဲ မြန်မာပြည်ကိုလွမ်းတတ်၊သတိတရရှိနေတတ်တဲ့သူတွေကို စာနဲ့ပေနဲ့ ဓါတ်ပုံလေးတွေနဲ့ "အခု မြန်မာပြည်ကလေ ဒီလို .. ဒီလို .."လို့ ဖေါက်သည်ချချင်မိတာ။
ဒါကြောင့် အမှတ် (၂)ကို ဆက်ရေးဖြစ်ပြန်ကော။
သင်တန်းပို့ချမှု
စာရေးသူက မြန်မာပြည်သို့ပြန်တဲ့အခေါက်တိုင်း အဲဒီမှာရှိနေကြတဲ့ အကြောအဆစ်ကုပညာရှင်များကို သင်တန်းပို့ချပေးတတ်ပါတယ်။ များသောအားဖြင့် ဒီကမသွားခင်ကတည်းက သူတို့စိတ်ဝင်စားတဲ့ လေ့ လာသိရှိချင်တဲ့ ဘာသာရပ်နဲ့အကြောင်းအရာတွေကို မေးမြန်းပြီးပြင်ဆင်သွားလေ့ရှိပါတယ်။ ပါမောက္ခ /ဌာနမှူးကဖိတ်လို့  ကျောင်းတွေကိုလည်း သွားပြီးသင်တန်းပို့ချပေးဖူးတယ်။ အကြောအဆစ်အထူးကု ဆရာဝန်ကြီး(physical medicine specialist)ကဖိတ်လို့ မန္တလေးဆေးရုံကြီးမှာလည်း သင်တန်းပို့ချပေး ခဲ့ဖူးတယ်။ မသန်စွမ်းသင်တန်းကျောင်းမှာလည်း သင်တန်းပို့ချပေးဖူးတယ်။ လူမှုဝန်ထမ်းဌာနမှာလည်း  ဥာဏ်ရည်နိမ့်မသန်စွမ်းကလေးများရဲ့ မိဖများကိုလည်း သင်တန်းပို့ချပေးဖူးတယ်။    
လူနာအား ရောဂါဝေဒနာအကြောင်းမေးမြန်းနေစဉ်။
Mechanical traction အသုံးပြုရာတွင် ထိရောက်မှုရှိစေရန် သတိပြုသင့်တာများကို လက်တွေ့ရှင်းပြရ။
Manual traction လုပ်မယ်ဆိုရင် လူနာရဲ့ ဦးခေါင်းနဲ့မေးကို အခုလို ....။
ဒူးနာတဲ့လူနာကို Quadriceps setting exercise သင်ပေးတဲ့အခါ ...။
သင်တန်းပြီးတော့ ဆေးခန်းရှေ့ မှာ အမှတ်တရ ဓါတ်ပုံရိုက်ကြတယ်။
သင်တန်းတက်ရောက်သူများကိုယ်စား ဆရာကြီးဦးထွန်းအောင်ဇံမှ အမှတ်တရလက်ဆောင်ပစ္စည်းပေးပါတယ်။
အခုတစ်ခေါက်မယ်တော့ ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံကြီးရှေ့ က "တော်ဝင်အိုအေးစစ် အရိုး၊ အ ကြော၊ အဆစ်နှင့် အထွေထွေရောဂါအထူးကုဆေးခန်း"မှာ မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင်များ (physiotherapists)ကို လည်ပင်းရိုးဆစ်အတွင်းအာရုံကြောဖိညပ်တာ(Cervical Spondylosis) နဲ့ပတ် သက်ပြီး Mechanical နဲ့ Manual traction ဆွဲနည်း၊ ဒူးဆစ်တွင်းအရွတ်(articular cartilage) ပျက်စီး လို့ဖြစ်လာရတဲ့ ဒူးနာဝေဒနာရှင်ကို လေ့ကျင့်ကုသပေးနည်းများ(therapeutic exercises)ကို လူနာများ နဲ့ လက်တွေ့သင်ကြားပြသပေးခဲ့ပါတယ်။ နောက်ပြီး အော့တစ်ဇင်ကလေးများ(children with autism) အကြောင်း၊ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ နဲ့ နယ်သာလန်နိုင်ငံ အမ်စတာဒန်မြို့ တွေမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ အကြောအဆစ်ကုညီလာခံများအကြောင်းများလည်း ပြောခဲ့ပါသေးတယ်။    
မမတို့ မော်ရွှေမြိုင်
စာရေးသူက မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ၁၉၇၅ ခုမှ ၁၉၈၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပါ တယ်။ ဆေးဝန်ထမ်းဘ၀မှာ ရန်ကုန်မြို့ မှလွဲပြီး ပထမဆုံးနဲ့နောက်ဆုံး နယ်ကို ရောက်ဖူးတာရယ်ပါ။ 
စာရေးသူတို့ ယခုတစ်ခေါက်တည်းခဲ့သည့် မော်လမြိုင်ကန္နားလမ်းက ငွေမိုးဟိုတယ်။
ကမ်းနားလမ်းတွင် ဒီဇင်ဘာအားကစားလ "စောစောထလို့ လမ်းလျောက်ကြသူများ"အားတွေ့ခဲ့ရတယ်။
ဆေးရုံကြီးဘေးရှိ ဒီဘုရားဆောင်းတန်းလေးမှတက်ပြီး ဟိုတုန်းက စာရေးသူတို့ဇနီးမောင်နှံ  တောင်ပေါ်တန်းကို  လမ်းလျောက်လေ့ရှိခဲ့ကြတယ်။
တောင်ပေါ်တန်းမှမြင်တွေ့ရသည့် ဘီလူးကျွန်းနောက်ခံနဲ့ မော်လမြိုင်မြို့ မြင်ကွင်းအလှ။
မော်လမြိုင်မှာအလုပ်လုပ်ရင်း မိတ်ဆွေအပေါင်းအသင်းကောင်းတွေ အများကြီးရှိခဲ့သလို ပျော်လည်းအ လွန်ပျော်ခဲ့ပါတယ်။ ပျော်တာမှ အိမ်ထောင်ပါကျသွားတဲ့အထိပဲ။ ဘ၀အဖော်မွန်ကောင်းတစ်ဦးကို တွေ့ခဲ့ ရတာပါ။ ဒါကြောင့် မော်လမြိုင်ကို ချစ်ပါတယ်။ သံယောဇဉ်လည်း ရှိခဲ့ရတယ်။ ဇနီးက မုဒုံသူဖြစ်နေလေ တော့ မော်လမြိုင်ကို အရောက်အပေါက်ရှိလျက်ပါပဲ။ ဇနီးနဲ့မုဒုံကိုပြန်တဲ့အခါတိုင်း မော်လမြိုင်ကို သတ် သတ်သွားလည်လေ့ရှိပါတယ်။ မိမိအလုပ်လုပ်ခဲ့တဲ့ဆေးရုံကိုလည်းရောက်တယ်။ ဆေးရုံဝန်ထမ်းမဟုတ် တဲ့တခြားမိတ်ဆွေများကိုလည်း သွားတွေ့တယ်။ ဇနီးရဲ့ ဆွေမျိုးတွေထံကိုလည်း ရောက်အောင်သွားရ သေးတာ။   
ဥဇိနဘုရားစေတီကြီး။
နောက်တစ်ခုကတော့ မော်လမြိုင်တောင်ပေါ်တန်းမှာရှိတဲ့ဘုရားတွေကို ရောက်တုန်းရောက်ခိုက် ဖူးဖြစ်အောင်ဖူးရတယ်။ 
တောင်ပေါ်တန်းက ရှုခင်းသာမှာ ညီအစ်မများ အမှတ်တရ။
တောင်ပေါ်တန်းမှာဘုရားဖူးရင်း ဥဇိနဘုရားကိုရောက်တော့ ကိုရင်လေး ၇ ပါးကို သစ်ခေါက်ဆိုးသင်္ကန်း ရောင်ဖြင့် ကြည်ညိုဖွယ်တွေ့ခဲ့ရပါတယ်။ သူတို့အချင်းချင်း မွန်ဘာသာစကားဖြင့်ပြောနေကြတာ သတိပြု မိပါတယ်။
ကိုရင်လေးတွေကို ဓါတ်ပုံရိုက်လိုကြောင်းခွင့်ပန်လျှောက်ထားတဲ့အခါ သူတို့က လိုလိုချင်ချင်ပဲ ခွင့်ပြုပါ တယ်။ ပြီး “တကာမကြီးတို့က မွန်လား ဗမာလား။”လို့ မေးပါတယ်။ ဇနီးဖြစ်သူက “တပည့်တော်တို့က ဗမာတွေပါဘုရား။”လို့ ပြန်လျှောက်တော့ ကိုရင်လေးတစ်ပါးက “ကျုပ်တို့ကမွန်။”လို့ မွန်သံဝဲ၀ဲနဲ့ ပြန်ပြီး မိန့်တော်မူပါတယ်။   
ဇနီးက ကိုရင်လေးတစ်ပါးလျှင် ၀တ္တု ၁၀၀၀ိ/-စီလှူတော့ အနားမှာရပ်ကြည့်နေတဲ့ ဘုရားစောင့်လူကြီး က “ဒီကိုရင်လေးတွေက ဆွမ်းခံသာကြွတာ ဆွမ်းကရကြရှာတာမဟုတ်ဘူး။ အပြန်မှာ သူတို့ဘုန်းဖို့အ တွက် သူတို့ဖာသာဝယ်ပြီးပြန်ကြရတာ။ ကိုရင်လေးတွေက ဒီနားက စာသင်တိုက်ကပါ။”လို့ ၀င်ပြောပါ တယ်။  
ဆွမ်းခံရခက်ခဲမှု ဘယ်လောက်အတိုင်းအတာအထိဖြစ်နေတယ်ဆိုတာ တပ်အပ်သေချာမသိခဲ့ရပေမယ့် ကြားသိရတာကတော့ တကယ်ကိုစိတ်မကောင်းစရာကြီးပါ။ ဗုဒ္ဓသာသနာထွန်းကားတဲ့ ဗုဒ္ဓဘာသာဝင်အ များစုရှိနေတဲ့ မြန်မာနိုင်ငံမှာ ရဟန်းသံဃာများ ဆွမ်းပန်းမချို့ တဲ့သင့်ပါဘူး။    
ဇနီးဒေါ်စိုးစိုးအေးနှင့် ညီအစ်မနှစ်ဦး ဥဇီနဘုရားကို ၀တ်ပြုကြစဉ်။
ဥဇိနဘုရားမြောက်ဘက်လှေကားရှိ နဂါးရုပ်အား ဆေးပြန်သုတ်အလှဆင်နေစဉ်။
သာသနာ ၂၅၀၀ စေတီ၊ မော်လမြိုင် တောင်ပေါ်တန်း။
"ဘုရားအရိပ် တရားအရိပ်မှာ အေးအေးချမ်းချမ်းရှိတယ်"ဆိုတာများလေလား ..။
တောင်ပေါ်တန်းမှ မော်လမြိုင်ရဲ့  သာမောဖွယ်အလှကို အေးငြိမ်းစွာခံစားရင်း စကားစမြည်ကောင်းနေကြသူနှစ်ဦး။ 
မော်လမြိုင်က မိတ်ဆွေများ
မော်လမြိုင်ကစာရေးသူရဲ့ မိတ်ဆွေအသိုင်းအ၀န်းကို ယေဘုယျအားဖြင့် အုပ်စုလေးခုခွဲပြီး ပြောလို့ရနိုင် မယ်ထင်ပါတယ်။ ပထမအုပ်စုက မိမိအလုပ်လုပ်ခဲ့တဲ့ဆေးရုံမှဖြစ်ပြီး ဒုတိယအုပ်စုက မိမိရဲ့ စာပေအသိုင်း အ၀န်းမှစာရေးဆရာများဖြစ်ကြကာ တတိယအုပ်စုကတော့ မိမိတပ်တွင်းပညာပေးသင်တန်းတက်စဉ်က ခင်မင်ရင်းနှီးခဲ့ကြတဲ့ အရပ်ဖက်/စစ်ဖက်မှဝန်ထမ်းတွေပါ။ နောက်မိတ်ဆွေများကတော့ မိမိနဲ့ရင်းနှီးတဲ့ လူနာအချို့ ရယ် သူတို့နဲ့ဆက်နွယ်ပြီးသိကျွမ်းခဲ့ရတဲ့ သူတို့ရဲ့ ဆွေမျိုးများနဲ့မိတ်ဆွေများဖြစ်ကြပါတယ်။    
မော်လမြိုင်ကိုရောက်လို့ သွားတွေ့ရမယ့်မိတ်ဆွေအထဲမှာ ဒေါက်တာဦးမျိုးဆွေကြည် (ခွဲစိတ်အထူးကုဆ ရာဝန်ကြီး)နဲ့ ဒေါက်တာဒေါ်တင်တင်လှိုင်(ဓါတ်မှန်ဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီး)တို့က ထိပ်ဆုံးမှ ရှိနေပါတယ်။ စာရေးသူ မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးမှာ အကြောအဆစ်ကုပညာရှင် (physiothe- rapist) အဖြစ် တာဝန်ထမ်းဆောင် နေစဉ်က သူတို့နှစ်ဦးလုံး အလုပ်သင်ဆရာဝန်လေး တွေဖြစ်ခဲ့ကြ တယ်။ ဒေါက်တာဦးမျိုးဆွေ ကြည်က ပြည်မြို့ ဇာတိဖြစ်ပြီး ဒေါက်တာဒေါ်တင်တင်လှိုင်က မော်လမြိုင် ဇာတိပါ။
သူတို့ဇနီးမောင်နှံနဲ့ စာရေးသူတို့ဇနီးမောင်နှံက အဲဒီအချိန်ကတည်းက ရင်းနှီးခဲ့ကြတာ။ မိမိနဲ့ဒေါက်တာ မျိုးဆွေကြည်တို့က ညပိုင်းဆိုရင် ဆေးရုံကနေ ကျားတံတားရပ်သွားပြီး လက်ဖက်ရည်သောက်တတ် ကြတယ်။ အဲဒီတုန်းက မိမိက ဆေးရုံဝင်းထဲမှာ အိမ်ခန်းရထားပြီး ဒေါက်တာမျိုးဆွေကြည်နဲ့အလုပ်သင် ဆရာဝန်များကိုတော့ ဆေးရုံဝင်းထဲမှာပဲ အခန်းပေးထားတာဖြစ်တယ်။ နှစ်ဦးလုံး လူလွတ်တွေပါ။ မိမိက ယခုဇနီးဖြစ်သူကို မော်လမြိုင်ကနေ မုဒုံအထိ လိုင်းကားစီးပြီးသွားပိုးတော့ ဒေါက်တာမျိုးဆွေကြည်က အဖော်လိုက်ပေးခဲ့တာပါ။ 
စာရေးသူအိမ်ထောင်ကျပြီး ပထမဦးဆုံးသမီးလေးရတဲ့အထိ သူတို့နှစ်ဦး အိမ်ထောင်မပြုကြသေးဘူး။ သမီးလေးကို မော်လမြိုင်မိခင်နှင့်ကလေးဆေးရုံမှာမွေးတော့ ဒေါက်တာတင်တင်လှိုင်က အဲဒီဆေးရုံ မှာတာဝန်ကျနေတာဖြစ်လို့ ဆေးရုံမှာကြာကြာနေရင် ကလေးရောဂါရမှာစိုးရတယ်ဆိုပြီး ဇနီးနဲ့သမီးကို သူ့ဘောက်(စ)၀က်ဂွန်ကားလေး ကိုယ်တိုင်မောင်းလို့ အိမ်အရောက်ပို့ပေးခဲ့တာ ယနေ့အထိအမှတ်ရ ကျေးဇူးတင်လျက်ရှိဆဲပါ။   
ဝဲမှ - ဒေါ်ခင်ခင်၊ ဒေါက်တာဒေါ်တင်တင်လှိုင်၊ ဒေါက်တာဦးမျိုးဆွေကြည်၊ ဆရာဦးခင်ထွန်း၊ ဒေါ်စိုးစိုးအေး၊ စာရေးသူ၊ ဆေးရုံအုပ်ကြီး။
ပြီခဲ့တဲ့တစ်ခေါက် မော်လမြိုင်ကိုရောက်တုန်းက ဆေးရုံကြီးဆေးပဒေသာပင်မှာ စာရေးသူတို့ ငွေလှူဖို့ သူတို့ဇနီးမောင်နှံကပဲ ကြိုတင်စီစဉ်ပေးထားကြတာ။ အလှူငွေပေးအပ်တဲ့ဆေးရုံအုပ်ကြီးရုံးခန်းကို ဆေး ရုံတာဝန်တွေမအားမလပ်တဲ့ကြားက သူတို့နှစ်ဦးလုံး မရောက်,ရောက်အောင် လာပေးခဲ့ကြသေးတယ်။   
Friday, December 23, 2011
Tax Exemption given to Myanmar citizens living abroad
Notification No.57/2011 issued
NAY PYI DAW, 22 Dec - The Union Government of the Republic of the Union of Myanmar issued Notification No.57/2011 dated 21 December.
The translation of notification is as follows: 
The Republic of the Union of Myanmar 
Union Government
Notification No.57/2011
Nay Pyi Taw, 11th Waning of Nadaw 1373 ME
(21 December 2011)
1. The Union Government has exempted Myanmar citizens living abroad from paying their tax in foreign currency out of their total income earned under the title of the salary of foreign currency according to Income Tax Law Section 5 Sub-section (b).
2. The notification is effective as of 1 January 2012.
By order,
(Tin Myo Kyi)
Secretary
Union Government
REF: The New Light of Myanmar, 23 December, 2011 (page 1)
Saturday, December 17, 2011
မြန်မာပြည်က ပြန်ခဲ့တယ်
မန်မာပြည်အသွား ချန်ဂီလေဆိပ်မှာ။ 
ယခုလ ၄ ရက်နေ့က မြန်မာပြည်ကို မရည်ရွယ်ပဲ ပြန်ဖြစ်ခဲ့တယ်။
"ဒီနှစ်တော့ မပြန်ဖြစ်ဖူး"လို့ "ပြန်ဦးမှာလား"လို့မေးတဲ့သူတိုင်းကို ပြောခဲ့ဖြစ်သေးတာ။ ရက်ရှည် အလုပ် ပိတ်ရက်မှာ ၀န်ထမ်းအနေဖြင့် နိုင်ငံရပ်ခြားကို ခရီးသွား/မသွား ကြိုတင်ရေးဖြည့်သတင်းပေးရတဲ့ ပညာ ရေးဝန်ကြီးဋ္ဌာနက form မှာ ဘယ်မှခရီးမသွားဘူးလို့ ရေးထည့်လိုက်တယ်။ 
ကိုယ့်အထက်လူကြီးကိုလည်း ဒီ ဒီဇင်ဘာလမှာ ခွင့်ရက်ရှည်မယူတော့ဘူး၊ တစ်ပတ်မှာ ၂ ရက်လောက် စီပဲ ခွင့်ယူမယ်လို့ ပြောထားပြီးပြီ။
သို့ပေမယ့် အိမ်ရှင်မရဲ့ "ကြီးမေကြီး" နေထိုင်မကောင်းဘူးဆိုတော့ မပြန်လို့မဖြစ်ပြန်ဘူး။ မထိုင်နိုင်တော့ ဘူး၊ အိပ်ယာပေါ်လဲနေတယ်၊ အစားအစာလဲ မ၀င်တော့ဘူးတဲ့။  
ဒါနဲ့ မိမိတို့ဇနီးမောင်နှံ လေယာဉ်လက်မှတ်ဝယ်ပြီး ကတိုက်ကရိုက်ပဲ သွားခဲ့ကြရတယ်။ ကိုယ်ကြိုက်တဲ့ ရက် ကိုယ်ကြိုက်တဲ့အချိန်တွေ မရွေးနိုင်ဘူး။ ရရာရက် ရရာအချိန်ပဲ သွားနိုင်အောင်စီစဉ်လိုက်ရတယ်။ ဆွေမျိုးတွေ မိတ်ဆွေအပေါင်းအသင်းတွေအတွက် အခါတိုင်းလို လက်ဆောင်ပစ္စည်းတွေလည်း ၀ယ်ချိန် မရခဲ့ဘူး။
မြန်မာပြည်အသွား ချန်ဂီလေဆိပ်မှာ။
ချန်ဂီလေဆိပ်အတွင်းမှ ခရစ္စမတ်အကြိုပြင်ဆင်ထားရှိမှု အလှပြကွက်တစ်ခု။
စင်ကာပူကနေ မြန်မာပြည်ကို တစ်ခါမှမစီးဘူးတဲ့ ညအချိန်ကြီး လေယာဉ်စီးပြီးသွားဖူးတာ ဒါပထမ ဆုံးပဲ။  ည ၇ နာရီ ၄၀ မိနစ်မှာ စင်ကာပူကထွက်ပြီး ည ၉ နာရီ ၁၅ မိနစ်မှာ ရန်ကုန်ရောက်တယ်။
လေယာဉ်က စင်ကာပူကထွက်တာနဲနဲနောက်ကျလို့ ရန်ကုန်ရောက်တာ နဲနဲလေးနောက်ကျသွားခဲ့တယ်။ ၁၅ မိနစ်လောက်ပါပဲ။ ဟိုကိုရောက်တော့ လာကြိုတဲ့သူတွေပြောပြလို့ ရယ်ရသေးတယ်။ စာရေးသူတို့စီး လာတဲ့လေယာဉ်မဆိုက်ခင်လေးမှာ လေဆိပ်ကကျေညာပါသတဲ့။ ည ၁၁နာရီမှာမှ လေယာဉ်ရောက်မယ် လို့။ ဒါနဲ့ လာကြိုကြတဲ့သူတွေအကြား အတော်လေးလှုပ်လှုပ်ရှားရှားဖြစ်သွားပါလေကော။ ခဏနေမှ “ဘွာခတ်” ပြီး မကြာခင်ဆိုက်ရောက်မယ့်အကြောင်း ပြန်ပြီးကျေညာခဲ့ပါသတဲ့။
ဇနီးရဲ့အစ်ကိုနဲ့ ယခင်လေဆိပ်စားသောက်ဆိုင်မန်နေဂျာဒေါ်ဒါးဒါးတို့ ခရီးသည်ဆိုက်ရောက်ခန်းထဲမှာ လာကြိုကြတယ်။ အစ်ကိုက ညမှာကားမောင်းမရတာနဲ့ ဦးသောင်းက မောင်းပေးရတယ်။ ဟိုတယ်ကို မသွားသေးပဲ အစ်ကိုတို့အိမ်မှာ အစ်မရဲ့အထူးလက်ရာညစာ ကြက်သားနဲ့အာလူး၊ သရက်သီးသုတ်၊ ပုစွန် တုပ်ကျော်၊ မယ်ဇလီဟင်းချိုနဲ့ အစိမ်းကျော်တို့ကို စကားတပြောပြောနဲ့ မြိန်ရေရှက်ရေစားကြတယ်။ 
မြန်မာပြည်က ပထမဆုံးမြန်မာထမင်းဟင်းလေ။
စားသောက်ပြီးတဲ့အခါ ဇနီးရဲ့ တူမလေးမစန္ဒာ စီစဉ်ပေးထားတဲ့မြို့ ထဲကဟိုတယ်ကိုသွားခဲ့ကြတယ်။ ဟို တယ် ကလည်း မိမိတို့သွားတိုင်းတည်းခိုနေကြဖြစ်လို့ ၀န်ထမ်းအမျိုးသားအမျိုးသမီးလေးတွေနဲ့ ခင်မင် သိကျွမ်းကြပြီးသား။ လိုလေးသေးမရှိအောင် ၀န်ဆောင်မှုပေးတတ်ကြမြဲ။
ရန်ကုန်ရောက်ပြီးနောက်တစ်နေ့မှာ ကိုကြည်ဇော်ရဲ့ ဇနီးဝေေ၀က ရွှေတိဂုံဘုရားကို သူတို့ကားနဲ့လိုက် ပို့ပေးတယ်။ ဘုရားဖူးပြီးတော့ သံလွင်လမ်းမှာရှိတဲ့ ဝေေ၀တို့အိမ်ကို သွားလည်ကြတယ်။ ကိုကြည်ဇော် က ME ဖြေဖို့စာဖတ်နေတာဖြစ်လို့ ခဏတဖြုတ်ပဲစကားပြောပြီး လှည်းတန်းဈေးဘက်ကို ထွက်ခဲ့ကြပြန် တယ်။ အဲဒီဈေးထဲမှာ အထည်ရောင်းတဲ့ မိမိတို့ဇာတိကန့်ဘလူက အေးအေးဝင်းနဲ့ညိုညိုဝင်းညီအစ်မ တွေရှိကြတယ်။ အေးအေးဝင်းက အညာကိုပြန်နေလို့ မတွေ့ခဲ့ရဘူး။ သူ့ညီမညိုညိုဝင်းကိုပဲတွေ့ခဲ့ရတာ။ သူ့အမပြန်လာတဲ့အခါ မိမိတို့စင်ကာပူကိုမပြန်ခင် နောက်တစ်ခါလာခဲ့ပါဦးတဲ့။ ကန့်ဘလူမုန့်တီ(သုတ်) လုပ်ကျွေးချင်လို့ပါတဲ့။ ဒါပေမယ့် အချိန်မရတာနဲ့ နောက်တစ်ခါမသွားဖြစ်ခဲ့တော့ဘူး။      
လှည်းတန်းကနေမှ The Voice Weekly ဂျာနယ်တိုက်ရှိတဲ့ သမ္မတဟိုတယ်ကိုသွားပြီး အယ်ဒီတာချုပ် ကိုကျော်မင်းဆွေနဲ့တွေ့ပြီး Mr Lee Kuan Yewရဲ့  နောက်ဆုံးလက်ရာစာအုပ်My Lifelong Challenge: Singapore's Bilingual Journey ကို လက်ဆောင်းပေးရင်း စကားစမြည်ပြောဖြစ်တယ်။ သူက သူတို့ ထုတ်ဝေတဲ့ ဒီဇင်ဘာလထုတ် Living Color မဂ္ဂဇင်းနဲ့ ၂၀၁၀ ခုနှစ် ဧပြီလက ကန့်ဘလူမြို့ မှာပြုလုပ်ခဲ့တဲ့ အသက် ၆၀ ပြည့်ပင်စင်ယူသွားကြသော ဆရာဆရာမကြီးများပူဇော်ကန်တော့ပွဲ စီဒီခွေတစ်ခွေတို့ကို မိမိအား လက်ဆောင်ပေးပါတယ်။ 
မြတ်ရွှေတိဂုံ ဘုရားဖူး
ရွှေတိဂုံရင်ပြင်ရှိ ဘုရားဖူးများ။ (ဓါတ်ပုံ - ဖိုးတာ)
စာရေးသူ၏မွေးနေ့ စနေထောင့်မှာ ရေချမ်းကပ်လှူနေကြသူများ။ (ဓါတ်ပုံ - ဖိုးတာ)
ရွှေတိဂုံစေတီမှ "သိမ်ကြီးဈေးနှစ်ပြားတန်ဆောင်း"။
မြန်မာပြည်ကို ပြန်ရောက်တဲ့အခါတိုင်း ပထမဆုံးလုပ်ဖြစ်တာက သိင်္ဂုတ္တရကုန်းတော်ပေါ်တက်ပြီး ရွှေတိ ဂုံဘုရားဖူးရတာပဲ ဖြစ်တယ်။   
ရန်ကုန်ရောက်တော့ မိတ်ဆွေကိုတင်မြင့်က Traders Hotel မှာ Zimmer ကုမ္ပဏီက Sport Rehabili-tation နဲ့ပတ်သက်ပြီး workshop တစ်ခုလုပ်မယ်၊ အကြောအဆစ်ကုပညာရှင်တွေ (Physiotherapists) လာကြမယ်။ Physical medicine specialist တစ်ချို့ လည်းလာကြလိမ့်မယ်။ လာခဲ့ပါလားလို့ စာရေးသူ အားဖိတ်ပါတယ်။ စာရေးသူက ရောက်စဆိုတော့ အလုပ်များမှာဖြစ်လို့ မလာနိုင်တဲ့အကြောင်းပြောရ တယ်။ ဒါပေမယ့် နောက်တစ်နေ့မှာ အကြောအဆစ်ကုပညာရှင်ဆရာကြီးဦးထွန်းအောင်ဇံ(MCSP UK)နဲ့ တယ်လီဖုန်းပြောဖြစ်တော့ သူက "ဆရာဦးတင်မောင်အေး လာဖြစ်အောင်လာစေချင်တယ်။ ဆရာ့ကို ကလေးတွေကလည်းတွေ့ချင်နေကြတယ်"လို့ပြောတာနဲ့ ဇနီးနဲ့တိုင်ပင်ပြီး ရောက်သွားဖြစ်ခဲ့တယ်။ 
ဇင်းမားကုမ္ပဏီမှ ကိုယ်စားလှယ်က ရှင်းလင်းပြောပြနေစဉ်။
ဝဲမှ - ဆရာကြီးဦးထွန်းအောင်ဇံ၊ ဗိုလ်မှူးဒေါ်မိမိရီ၊ စာရေးသူ၊ မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင်တစ်ဦးတို့ Workshop မစ,မီအမှတ်တရ။
ဆူးလေဘုရားလမ်းနဲ့ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်က Traders Hotelနား ခဏခဏဖြတ်သွားခဲ့ဖူး ပေမယ့် ဟိုတယ်ထဲကို တစ်ခါမှမရောက်ဖူးဘူး။ ဒါ့ကြောင့် အရိုးဆေးရုံမှာလုပ်နေတဲ့ အကြောအဆစ် ကုပညာရှင်သက်ဇာခြည်က “ဆရာ့ကို ကျမကားနဲ့လာကြိုပေးမယ်” လို့ပြောတုန်းက “ဆရာ ကားပါလာ မယ်။ လာကြိုဖို့မလိုဘူး။ ဟိုတယ်ဧည့်ကြိုခန်းမ (lobby)မှာပဲ ဆရာ့ကိုစောင့်ပေးပါ“လို့ ပြောရတယ်။ နေ့ ၁ နာရီထိုးခါနီးမှာ workshop လုပ်မယ့်ဟိုတယ်ကိုရောက်သွားတော့ သက်ဇာခြည်ကိုမတွေ့တာနဲ့ ဖုန်း ဆက်တဲ့အခါ ဆရာကြီးဦးထွန်းအောင်ဇံကိုကားနဲ့ကြိုပြီး ဟိုတယ်ကိုလာနေပြီဖြစ်ကြောင်း သူကပြောပါ တယ်။ စကားပြောမဆုံးခင်မှာ ဟိုတယ်လှေကားဆီလာနေတဲ့ ဆရာဦးကြီးမောင်ကိုတွေ့တာနဲ့ သူနဲ့ပဲ workshop ရှိရာ ပထမထပ်ကိုတက်ခဲ့ကြတယ်။ 
အကြောအဆစ်ကုပညာရှင်အတော်များများရောက်နေကြတာ တွေ့ရတယ်။ ဧည့်သည်ဖြစ်တဲ့စာရေးသူကို တစ်ဦးပြီးတစ်ဦးလာနှုတ်ဆက်ကြ စကားပြောကြ အမှတ်တရဓါတ်ပုံရိုက်ကြနဲ့ ပျော်စ ရာကောင်းလှပါ တယ်။ ၁၀ ဦးမှာ ၈ ဦးလောက်က ကိုယ့်ထက်ငယ်ရွယ်သူများဖြစ်ကြတယ်။    
Cryotherapy ဖြင့် အကြောအဆစ်ထိခိုက်မှုဝေဒနာကုသနည်းအား လက်တွေ့ပြနေစဉ်။
တွေ့ခဲ့သည့် မိတ်ဆွေများနဲ့ ရောက်ခဲ့သည့်နေရာများ
မိမိတို့တည်းခိုတဲ့ဟိုတယ်မှ မနက်စောစောလမ်းလျောက်ပြီး ဆူးလေဘုရားကို သွားဖူးခဲ့ကြတယ်။
ဆူးလေဘုရားအနီး မဟာဗန္ဓုလလမ်းထောင့်က သုံးပန်လှလဖက်ရည်ဆိုင်မှာ မိမိကမုန့်တီသုတ်စားပြီး ဇနီးက မုန့်ဟင်းခါးစားတယ်။ ပြီး လဘက်ရည်သောက်ကြတယ်။ စားသောက်ပြီးတော့ ဆူးလေဘုရား ဖက်ကို လမ်းကူးသွားခဲ့ကြတယ်။ ကုန်းကျော်တံတားပေါ်တက်ရမှာပျင်းလို့ အောက်ကပဲ သွားလိုက်ကြ တာ။ စောသေးတော့ ကားတွေရှင်းပါတယ်။ 
သနခါးပါးကွက်လူးထားတဲ့ လဖက်ရည်ဆိုင်က လူငယ်လေးနှစ်ဦးကို အမှတ်တရ ဓါတ်ပုံရိုက်ခဲ့သေး တယ်။
သုံးပန်လှမှာ မုံ့တီသုပ်စားကောင်းတဲ့အကြောင်းကို ရွှေဘိုမြို့ မှရန်ကုန်ကို ခေတ္တရောက်နေတဲ့ သူငယ် ချင်းကိုကျော်ဝင်းအားပြောပြတော့ သူလည်းအဲဒီဆိုင်မှာသွားပြီးစားဦးမယ်ဆိုလို့ လိပ်စာပေးခဲ့ရသေး တယ်။ ရွှေဘိုသူရွှေဘိုသားနဲ့ ကန့်ဘလူသူကန့်ဘလူသားတွေက များသောအားဖြင့် ကျွန်တော်တို့အ ခေါ်"မုန့်တီ" (အောက်ပြည်အောက်ရွာကအခေါ် မုန့်တီသုတ်)ကို သိပ်ကြိုက်ကြတာ။ 
ဟိုလွန်ခဲ့တဲ့အနှစ် ၂၀ ကျော်လောက်ကတော့ နန်းကြီး(မုန့်တီ)သုတ်စားချင်ရင် မြေနီကုန်းကဗိုလ်မှူးချုပ် အောင်ကြီးဆိုင်ကို သွားစားလေ့ရှိတယ်။ နန်းကြီးအမျှင်တုတ်တုတ်ကို ငြုတ်ဆီရွဲရွဲ(ရဲရဲ)နဲ့ အပေါ်ဖက်မှာ ကြက်သားမွှာထည့်ထားကာ ပဲမှုန့်မွှေးမွှေးလေးပုံပေးပြီးစားခဲ့ရတာကို သတိရတိုင်း ယနေ့တိုင်သရေကျ မိဆဲပါ။  
ဆူးလေဘုရား စနေထောင့်မှာ အိမ်ရှင်မ ကန်တော့နေစဉ်။
ဆူးလေဘုရားမှာ အိမ်ရှင်မက၀တ်ပြုကန်တော့နေတုန်း စာရေးသူကဘုရားကိုလှည့်ပတ်ပြီး ဓါတ်ပုံရိုက်ပါတယ်။ 
မြို့ တော်ခန်မရှေ့ တွင်...။
ဆူးလေဘုရားအား မဟာဗန္ဓုလပန်းခြံဖက်မှ ဖူးတွေ့ရပုံ။
ရန်ကုန်က ရွှေမြို့ တော် ချစ်တီးစားတော်ဆက်မှာ....။
မြန်မာပြည်ကို ရောက်တုန်းရောက်ခိုက်မှာ မြန်မာအိန္ဒိယချစ်တီးအစားအစာကိုလည်း မလွတ်တမ်းစားခဲ့ တယ်။ ကုလားပဲဟင်း(ဒါးလ်)က ပူနွေးပြီးမွှေးနေတာပဲ။ ထမင်းပူပူမှာ ကုလားပဲဟင်းပူပူ ဆမ်းပြီးစားရ တာ မြိန်ရေရှက်ရေပါ။ 
ရန်ကုန်၊ နေပြည်တော်၊ မုဒုံနဲ့ မော်လမြိုင်ခရီးစဉ်မှာ နေပြည်တော်က ဥပ္ပါတသန္တိ စေတီတော်နှင့် သထုံ က ရွှေစာရံဘုရားကို ၀င်ရောက်ဖူးမျှော်ခွင့်ရခဲ့ပါတယ်။ 
နေပြည်တော်ကိုရောက်ပြီး နောက်တစ်နေ့ညနေပိုင်းမှာ ဇနီးရဲ့ တူမ မစန္ဒာနဲ့တူမောင်ကိုထွေးတို့ မောင်နှ မက ဥပ္ပါတသန္တိဘုရားကိုလိုက်ပို့ပေးကြတယ်။ စာရေးသူက အဖျားလေးရှိနေတာနဲ့ လိုက်မသွားဖြစ်ဘူး။ ဇနီးရဲ့  အကို(ဗိုလ်မှူးကြီးကြည်ထွန်း - ငြိမ်း)ရယ်၊ စာရေးသူရဲ့ ညီ တင်မောင်ထွေးရယ် မိမိတို့ ၃ယောက် ဟိုတယ်မှာ စကားပြောကျန်ခဲ့ကြတယ်။ ညီလေးတင်မောင်ထွေးက သာစည်မှာအစိုးရအလုပ်နဲ့ရှိနေတာ မို့ စာရေးသူခေတ္တရောက်နေတဲ့နေပြည်တော်ကို ကားစီးလုံးငှားခဲ့ပြီး သူ့မိသားတစ်စုလုံးလာတွေ့ကြတာ။ 
ဥပ္ပါတသန္တိ စေတီတော်။
ဥပ္ပါတသန္တိဘုရားရင်ပြင်တော်မှာ အမှတ်တရ။
ဘုရားဖူးရင်း ဆင်ဖြူတော်ကိုလည်း ၀င်ကြည့်ခဲ့ကြသေးတယ်။
ဟိုတယ်အခန်းထဲမှာ ညီအကိုမောင်နှမများ စကားလက်ဆုံကျနေကြစဉ်။
နေပြည်တော်ရှိ တုံဂပူရီဟိုတယ်အတွင်းက ပန်းချီကားချပ်ကြီးရှေ့ မှာ အမှတ်တရ။
ပေါင်မြို့ နယ်နဲ့ သထုံမြို့ နယ်ကြားက ကားလမ်းတွေပါ။ ချောလို့ ... မွေ့လို့ ..။
သထုံရွှေစာရံဘုရား။
သထုံရွှေစာရံဘုရားမှာ ပန်းကပ်လှူပူဇော်ခဲ့။
ဇနီးဖြစ်သူရဲ့ ဇာတိဖြစ်တဲ့မုဒုံနဲ့ မော်လမြိုင်မြို့ ကအပြန်ခရီးမှာတော့ ပဲခူးအထွက်ကရွှေအုန်းပင်ဆိုင်မှာ မြန်မာထမင်းဟင်းနဲ့အစားအစာကောင်းတွေ (ငါးရံ့ အူဟင်း၊ ဆိတ်သားဟင်း၊ ကြက်သားဟင်း၊ ငါးရံ့  ခြောက်ဖုတ်၊ မုံလာဥချဉ်ရည်ဟင်း)ကို စိတ်တိုင်းကျစားခဲ့ကြတယ်။ ရွှေအုန်းပင်ဆိုင်မှာ လွန်ခဲ့တဲ့ ၃ နှစ် က တစ်ခါစားဖူးခဲ့သေးတယ်။   
နောက်တစ်နေ့မှာတော့ ကားဆရာကိုရဲထွန်းနောင်ကို အာဇာနည်ဗိမာန်နားက ရွှေဘဆိုင်အပို့ခိုင်းပြီး ကြက်သားကြော်ချက်၊ ငါးရံ့ အူဟင်း၊ ငါးရှဥ့်ဟင်း၊ ပုဇွန်သုတ်နဲ့ မြင်းခွာရွက်သုတ်တွေ စားကြတယ်။    
မုဒုံကန်ကြီးဘုရား။
ကန်ကြီးဘုရားတွင် ငယ်သူငယ်ချင်းများနှင့်အတူ အိမ်ရှင်မမှ ရေချမ်းကပ်လှူခဲ့။
ကန်ကြီးဘုရားတန်ဆောင်း။
မုဒုံကိုရောက်တဲ့အခါတိုင်း မိမိနဲ့ဇနီးဖြစ်သူတို့ လူပျိုအပျိုဘ၀မှာ နဖူးစာရွာလည်ပြီးတွေ့ဆုံခဲ့ကြတဲ့ ကန် ကြီးဘုရားကို အမှတ်တရ ရောက်အောင်သွားလေ့ရှိကြတယ်။ မိမိတို့နှစ်ဦးက ကန်ကြီးဘုရားရဲ့ အရှေ့  ဖက်တန်ဆောင်းနားက ငုပင်အောက်မှာ ပထမဦးဆုံးစပြီးတွေ့ခဲ့ကြတာ။ အခု အဲဒီငုပင်က မရှိရှာတော့ ဘူး။ ပုံမှာမြင်ရတဲ့အတိုင်း အနားကညောင်ပင်ကြီးပဲရှိတော့တာ။ မိမိတို့နဲ့အတူပါလာတဲ့ ဇနီးရဲ့ သူငယ် ချင်း အပျိုကြီးမသုံးဦးအဖို့ ရယ်စရာစကား ပြောစမှတ်ဖြစ်သွားရတယ်။ ငုပင်ကြီးမရှိတော့ သူတို့အားလုံး ယောကျာင်္း မရနိုင်တော့ဘူးတဲ့လေ။         
မုဒုံမှာ ဆွမ်းကပ်လှူ
စင်ကာပူကနေမသွားခင်ကတည်းက မုဒုံမှာရှိနေတဲ့ညီမများထံ ဖုန်းဆက်ပြီး ဘုန်းကြီးငါးပါးကို အာရုံဆွမ်းကပ်မယ့်အကြောင်းနဲ့ ဘိုးဘွားရိပ်သာမှအဖိုးအဘွားတွေအတွက်ပါ ပို့ပေးမယ့်အကြောင်း အိမ်ရှင်မက ကြိုတင်ပြောပြထားခဲ့တယ်။ လိုအပ်တာ တွေ ၀ယ်ခြမ်းပြင်ဆင်ထားဖို့လည်း စီစဉ်ပေးရတယ်။  
ရဟန်းသံဃာများ အာရုံဆွမ်းဘုန်းပေးကြစဉ်။
ရဟန်းသံဃာများ အချိုပွဲဘုန်းပေးကြစဉ်။
'ကြီးမေကြီ'းအနားမှာ ဇနီးနဲ့သူ့ညီမနှစ်ဦး ၀န်းရံထားကြလျက်...။ 
ရပ်ရွာထဲက ဆွမ်းကျွေးအကူမိတ်ဆွေများ။
ဝေလီဝေလင်းမှာ အိုးသူကြီးရဲ့  မုန့်ဟင်းခါးအိုး။
မုဒုံဘိုးဘွားရိပ်သာမှာ မုန့်ဟင်းခါးအလှူ။
မော်လမြိုင် စာပေဟောပြောပွဲ
မော်လမြိုင်မြို့ တစ်နေရာက စာပေဟောပြောပွဲဆိုင်းဘုတ်။
မော်လမြိုင်ကိုရောက်ပြီးနောက်တစ်နေ့မှာ မိတ်ဆွေဆရာဦးခင်ထွန်းထံ ဖုန်းဆက်တော့ သတင်းကောင်း တစ်ခုကြားရတယ်။
မောင်ငံရပ်မှာရှိတဲ့ မဟာမြိုင်ပရိယတ္တိစာသင်တိုက်အတွင်းက ဟောပြောပွဲအပြင်အဆင်။
"ခင်ဗျားရောက်နေတုန်း ဒီမှာစာပေဟောပြောပွဲရှိတယ်ဗျ။ မနက်ဖန်မှာ ဆရာလယ်တွင်းသားစောချစ်နဲ့ ဆရာမကြီးဒေ၀ီသန့်စင်တို့ စပြီးဟောပြောကြမယ်"လို့ ဦးခင်ထွန်းက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဒီစာပေဟောပြောပွဲကြီးကို ဦးခင်ထွန်းကပဲ ဦးဆောင်ဦးရွက်ပြုပြီးလုပ်ခဲ့တာ။ ဒီနှစ်ဆန်းက သူနဲ့ မလေး ရှားနိုင်ငံ ကွာလာလန်ပူမြို့ မှာတွေ့ကြတုန်းကလည်း သူက အဲဒီစာပေဟောပြောပွဲအကြောင်း မိမိအား ပြောပြခဲ့သေးတယ်။  
ဆရာလယ်တွင်းသားစောချစ်(အလယ်)အား ဆရာဦးခင်ထွန်း(ယာ)မှ ကြိုဆိုလာစဉ်။
ဆရာလယ်တွင်းသားစောချစ် ဟောပြောနေစဉ်။
ဦးခင်ထွန်းအိမ်ကို အလည်ရောက်ရင်း စာပေဟောပြောပွဲအကြောင်းပြောကြတော့ ဦးခင်ထွန်းရဲ့ ဇနီး မမခင်က "ဒီကို ဦးတင်မောင်အေးလာမယ်မှန်းကြိုသိရင် ဦးတင်မောင်အေးကိုပါ ထည့်ပြီးဟောပြော ခိုင်းရရင်ကောင်းမှာ" လို့ပြောပါတယ်။
ဖွားအုန်းရွှေ
အသက် ၉၉ နှစ်ရှိပြီး ကျန်းကျန်းမာမာ သွားသွားလာလာရှိဆဲ ဖွားအုန်းရွှေနဲ့အမှတ်တရ။
မိမိတို့ဇာတိမြို့ က မိတ်ဆွေကိုသောင်းကြည် စင်ကာပူကိုလာသွားတုန်းက အသက်တစ်ရာပြည့်ခါ နီးပေ မယ့် ကျန်းမာရေးကောင်းနေဆဲဖြစ်တဲ့ ဖွားဖွားဒေါ်အုန်းရွှေအကြောင်းကိုပြောပြသွားလို့ နောက်တစ်ခါ မြန်မာပြည် ကိုပြန်လာတဲ့အခါ ဖွားအုန်းရွှေအား သွားရောက်ကန်တော့လိုကြောင်း ပြောခဲ့ဖြစ်တယ်။ 
ဒါကြောင့်အခုတစ်ခေါက်ရန်ကုန်ရောက်တော့ ကိုသောင်းကြည်အားဖုန်းဆက်ပြီး ဖွားအုန်းရွှေထံပို့ပေးဖို့ အကူအညီ တောင်းရတယ်။ သူကလည်းကတိပေးထားတဲ့အတိုင်းလိုလိုချင်ချင်ပို့ပေးရှာပါတယ်။ သူက ကားတစ်စီး၊ စာရေးသူတို့က ကားတစ်စီးဖြစ်နေလို့ သူ့ကားကို ဆောက်လုပ်ရေးရုံးချုပ်မှာထားခဲ့ပြီး ကား တစ်စီးနဲ့ ဖွားအုန်းရွှေရှိရာ အင်းစိန်ကိုသွားခဲ့  ကြတယ်။ ဟိုရောက်တော့ ဖွားအုန်းရွှေနဲ့သမီးမမသောင်း (ဒေါက်တာဒေါ်သောင်းခင်)တို့ကိုတွေ့ရတယ်။ ဖွားအုန်းရွှေရဲ့  ခင်ပွန်းဖြစ်သူ ဆရာကြီးဦးဘနွယ်ရဲ့ ဖခင် က စာရေးသူရဲ့ အမေဖက်ကအဖွားနဲ့ မောင်နှမအရင်းတော်တာလို့ အဖွားက ဆွေမျိုးစပ်ပြသေးတယ်။ ကန့်ဘလူကဆွေမျိုးတွေအကြောင်းပြောကြပြီး အမှတ်တရဓါတ်ပုံလည်းရိုက်ခဲ့တယ်။
1 comments:
Robert said...
Thanks so much for this posting of Myanmar trip, Saya Aye! It's great and interesting just like the writing of former Saya "Theik-Pan Maung Wa". It flows smoothly and nicely! (Robert Tin)