"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, July 23, 2023

ကျွန်းသာယာသတင်းစဉ် (၇၆)

 
















SOURCE: The Straits Times







၂၀၂၃ ထိ ဒီအတိုင်းသွားနေမှာလား
နေ့တိုင်း သတ်နေတော့မှာလား
နေ့တိုင်းကိုဖြစ်တာလေ အခုက။

မြန်မာနိုင်ငံမှာ ဆရာတော်တွေ
နှုတ်ဆိတ်နေ နှုတ်ပိတ်နေရင်
လူတွေ ဒုက္ခရောက်လိမ့်မယ်
အခုဟာက ဘုန်းကြီးတွေက အော်တိုမစ်တစ် ၂ ခုကွဲနေတာ
ရဟန်းပျိုအုပ်စုနဲ့ ထေရ်ကြီးဝါကြီးအုပ်စု။



တိုင်းသူပြည်သားတွေကို မသနားတော့ဘဲနဲ့
မရမက ဖြုတ်-ထုတ်-သတ် 
နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့သမတတို့ကို
မရမက နှစ်ပေါင်းများစွာထောင်တွေချပြီးတော့မှ
ရွေးကောက်ပွဲ လုပ်မှာလား။

အဲဒီတော့  တိုင်းပြည်က ၂ ခြမ်းကွဲရုံမကဘူး
အစိတ်စိတ်အမွှာမွှာကွဲ အမှုန့်ဖြစ်ပြီး 
ရာဇ၀တ်မှုတွေ တိုးပွားလာကုန်ကြပြီ



ဒကာကြီးတို့ ညမှာ အိပ်လို့ကောပျော်ကြသေးရဲ့ လား?
မနက်မှာ အိပ်ရာကထလိုက်တာနဲ့ ဘယ်လိုနေသလဲ?
ဘုရားရှေ့ မှာ ရဲရဲမျက်နှာမော်လို့ ကြည့်ရဲသလား?


ဘုရားတွေတည်တယ်
ကျောင်းတွေဆာက်တယ်
ဟိုကျောင်းသွား ဒီကျောင်းသွား သွားတယ်။
ဗန်းမော်ဆရာတော်ကြီးကအစ
ဒကာကြီးကို ဆရာတော်တွေပြော(ဆုံးမ)ကြတယ်
ဘယ်ဆရာတော်ကြီးတွေရဲ့ စကားမှ နားမထောင်ဘူး
ဒကာကြီး အသက် ၆၀ ကျော်နေပီ
၇၀ ထဲလဲရောက်နေပီ
အဲဒီ ၂၀၂၃ ထဲမှာ လူဘယ်နှစ်ယောက်သေပေးရဦးမလဲ?


ရဟန်းသံဃာတွေ ဘယ်လောက်အဖမ်းခံပြီး 
သင်္ကန်းချွတ် လူဝတ်လဲခံကြရဦးမလဲ?
အိမ်တွေ ဘယ်လောက်မီးရှို့ ဦးမလဲ?
ကလေးတွေ ဘယ်လောက်သေကြရဦးမလဲ?
ကျောင်းသားတွေ ဘယ်လောက်သေကြရဦးမလဲ?



ရေဗူးပေါက်တာ မလိုချင်ဘူး
ရေပါတာပဲလိုချင်တယ်ဆိုတာမျိုး ဘာလုပ်မှာတုန်း
အဲဒီခေတ်လဲ မဟုတ်တော့ဘူးလေ။


စဉ်းစားကြည်အုံးလေ ..
ဒကာကြီးကို
အကုန်လုံးက
လူတိုင်းက
ပက်ပက်စက်စက် ၂ ပြားမတန်အောင်ပြောနေကြတာ။

ကာချုပ် စစ်ဦးစီးချုပ်ဆိုတဲ့
ယောင်္ကျားဘုန်းကံကြီးက မရှိတော့ဘူးဖြစ်နေတယ်။
 



                    


       





ဒီနေ့ဟာဆိုရင်
ကိုဂျင်မီ
ကိုဖြိုးဇေယျာသော်
ကိုလှမျိုးအောင်နဲ့
ကိုအောင်သူရဇော်တို့ကို
အကြမ်းဖက်စစ်အုပ်စုကနေ
မတရားသတ်ဖြတ်ခဲ့တဲ့ တနှစ်ပြည့်နေ့ဖြစ်ပါတယ်။

သူတို့တွေဟာ ရာဇ၀တ်သားတွေမဟုတ်ပါဘူး။

သူတို့တွေဟာ ဒီမိုကရေစီတော်လှန်ရေးမှာ
တက်တက်ကြွကြွပါဝင်ပြီးတော့ 
အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးမှု
နှိပ်စက်မှု 
အခုလိုမျိုး မတရားသတ်ဖြတ်မှုမျိုး ခံခဲ့ရတဲ့သူတွေဖစ်ပါတယ်။

ဒီသူရဲကောင်းတွေကိုသတ်ဖြတ်ခြင်းကြောင့်
ကျန်တဲ့သူတွေကို တွေဝေသွားဖို့အတွက်
ဒီမိုကရေစီသူရဲကောင်းတွေကို
တကယ့်အကြမ်းဖက်ပြီးတော့ နှိပ်စက်လို့
သူတို့အနေနဲ့ကြွေလွင့်ခဲ့ရပေမယ့်
သူတို့ပေးဆပ်ခဲ့တဲ့ 
တိုက်ပွဲဝင်ခဲ့တဲ့ အကြောင်းအရာတွေကို
ကျနော်တို့ မေ့လို့မရပါဘူး။
အမြဲတမ်းဂုဏ်ပြုဖို့လိုအပ်ပါတယ်။
သူတို့ကို လွမ်းဆွတ်တမ်းတနေရုံမကပဲနဲ့
သူတို့ဖောက်ခဲ့တဲ့လမ်းကို
တဆုံးအထိဆက်လျှောက်ဖို့ ..
သူတို့ယုံကြည်တဲ့တိုက်ပွဲကို 
ဆက်လက်ပါဝင်တိုက်ခိုက်ကြပြီး
ဆက်လက်ပြီးပါဝင်ကြဖို့အရေးကြီးပါတယ်။

သူတို့အတွက် 
လေးစားဂုဏ်ယူသလို 
ဒီလိုမျိုးတော်လှန်ရေးမှာ ပေးဆပ်ခဲ့တဲ့သူတွေကို
လေးစားသောအားဖြင့်
ဆက်လက်ပြီး တိုက်ပွဲဝင်ကြပါလို့
အလေးအနက်တိုက်တွန်းလိုပါတယ်။
ပန်ကြားလိုပါတယ်ခင်ဗျ။




















*****



ထိုင်းနိုင်ငံအစိုးရရဲ့ ချဉ်းကပ်ပုံပြသနာက ဘာလဲဆိုရင် 

စစ်ကောင်စီကို သူတို့ပြောမှ ရလိမ့်မယ်လို့ ထင်နေတာ အထင်ရောက်နေတဲ့ပြသနာ

ဖြစ်တယ်။

အဲဒါက တော်တော်ပြသနာရှိတယ်။

အခုဆိုရင် ထိုင်းအစိုးရက စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကိုဖိတ်ပြီးတော့တွေ့ဆုံမှုလုပ်တယ်

ဒါက အာဆီယံအတွင်းမှာ အငြင်းပွားစရာတွေဖြစ်ပေါ်စေတယ်။











ဘာဖြစ်လို့လဲဆိုတော့ အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်မှာကော နောက်ပြီးတော့ 

အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်(ASEAN's 5-Point Consensus)မှာကော စစ်ကောင်စီကို 

Political Representative ဆိုတဲ့ 'နိုင်ငံရေးအရကိုယ်စားပြုခွင့်' မပေးဘူးလို့အတိအလင်းပြောထား

တဲ့ကြားထဲက ဘာဖြစ်လို့ စစ်ကောင်စီကို သူတို့က ဒီလိုမျိုးပလက်ဖောင်းပေးရတာလဲ။











ထိုင်းအစိုးရရဲ့ ဒီလုပ်ရပ်ဟာ အိမ်နီးချင်းနိုင်ငံတနိုင်ငံအနေနဲ့ တော်တော်လေးစိတ်မကောင်းစရာ

ကိစ္စပဲ။

ဒါဟာ မြန်မာပြည်သူလူထုရဲ့ အသံကို ထိုင်းအစိုးရက လျစ်လျူရှုရာရောက်တယ်လို့ပြော

ချင်ပါတယ်


အထူးသတိချပ်ရန်။     ။ အဲဒီထိုင်းအစိုးရဆိုတာကလဲပဲ တကယ်က ပြည်သူတွေကရွေးခြယ်

တင်မြှောက်ထားတဲ့အစိုးရမဟုတ်ဘဲ အိမ်စောင့်အစိုးရ (Caretaker Government) ဆိုတာ

ပါ။

မကြာမတင်လေးမှာ ထွက်ပေး ဆင်းပေးရမယ့် ခြံစောင့်အစိုးရမျိုးရယ်ပါ။