"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, December 26, 2014

ကန့်ဘလူမြို့ မှာ ပရဟိတအခမဲ့အကြောအဆစ်ဆေးကုပေးခြင်း



၁၃၇၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ 




ဒီဇင်ဘာ ၃ ရက် ဗုဒ္ဓဟူးနေ့။





နံနက်ဝေလီဝေလင်းအချိန်မှာတွေ့ရသော မိဘမေတ္တာဧည့်ရိပ်သာ။



ရွှဘိုမှကန့်ဘလူသို့ စမ်းတ၀ါးဝါးဖြင့် ကားမောင်းလာရင်း နံနက် ၄ နာရီတွင် မိမိတို့တည်းခိုကြမည့် "မိဘ မေတ္တာဧည့်ရိပ်သာ"သို့ရောက်ပြီး ပစ္စည်းများနေရာချရသည်။ 

တစ်ညလုံးတစ်ရေးမှမအိပ်ပဲ ကားဆရာနှင့်အတူ စကားပြောရင်း လမ်းကြည့်ရင်းဖြင့်လာခဲ့သော်လည်း ဒီက နေ့မနက်ကစပြီး လူနာများကြည့်ရမည်ဖြစ်ရာ အိပ်ယာမှာမလှဲနိုင်တော့ပဲ မျက်နှာသစ်ကြပါသည်။ ခဏကြာ သောအခါ ကြေးမုံသတင်းစာတိုက်မှဓာတ်ပုံသတင်းထောက်ဦးနေမျိုးက မိမိထံဖုံးခေါ်ပြီး သူ ယခုကန့်ဘလူ ဘူတာတွင်ရောက်နေကြောင်းပြောသဖြင့် ဧည့်ရိပ်သာအောက်ထပ်သို့ ကတိုက်ကရိုက်ဆင်းသွားရာ မော် တော်ဆိုင်ကယ်ဖြင့် အစောကြီးရောက်ချလာသော မြို့ မိမြို့ ဖ ဒု-ဥက္ကဌ ဦးဌေးအားတွေ့ရသည်။ သို့ဖြစ်ရာ သူ၏မော်တော်ဆိုင်ကယ်ဖြင့် ဘူတာသို့သွားပြီး ဦးနေမျိုးအားသွားတွေ့ကာ ဘူတာဆိုင်မှာပင် နံနက်စာကို အတူစားကြသည်။

ဦးဌေးက မန္တလေးမှလာကြမည့်မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင်များနှင့်အဆက်အသွယ်ရကြောင်း၊ ယနေ့မနက်စောစောတွင် မန္တလေးမှထွက်လာကြမည့်အကြောင်းပြောပါသည်။




မန္တလေးမှလာသော အကြောအဆစ်ကုပညာရှင်များ ဧည့်ရိပ်သာကောင်တာမှာ အလုပ်များနေစဉ်။ (ဒီဇင်ဘာ ၃ ရက်နေ့ည) 


နံနက်စာစားပြီးနောက် လူမှုကူညီရေးအသင်း၏ဗင်ကားအဖြူလေးဖြင့် ပရဟိတဆေးကုခန်းရှိရာ ရွှေသိမ် တော်ကျောင်းတိုက်သို့ သွားကြပါသည်။ 

ဓာတ်ပုံသတင်းထောက်ဦးနေမျိုးက ပရဟိတအခမဲ့အကြောအဆစ်ဆေးကုခြင်းအကြောင်းကို မိမိအား မေးမြန်းသတင်းယူနေသဖြင့် လူနာများကြည့်နေရင်း ရှင်းပြနေရသည်။ မိမိတွင်ရှိသော မနှစ်ကနှင့်ယခု နှစ်အသိပညာပေးလက်ကမ်းစာစောင်များပေးပါသည်။ သူက လူနာများအား မိမိမေးမြန်းစမ်းသပ်နေ သည်တို့ကို အနီးကပ်ကြည့်ရှုနားထောင်ခြင်း၊ သိလိုသည်များကို မိမိအားမေးခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်နေလေသည်။  


ရွှေသိမ်တော်ကျောင်းတိုက်အထဲမှာ ပရဟိတအခမဲ့အကြောအဆစ်ဆေးကုခြင်းနှင့်ပတ်သက်ပြီး ဦးနေမျိုးကို မိမိပေးလိုက်သော သတင်းအချက်အလက်အချို့ မှာ အောက်ပါအတိုင်းဖြစ်သည်။



  • ကုသိုလ်ဖြစ်ဆေးကုခန်းတွင် လာရောက်ပြသတိုင်ပင်နိုင်သော အကြောအဆစ်ဝေဒနာများ

၁။ ခါးနာခြင်း
၂။ ခါးနာပေါင်တန်းခြင်း
၃။ ဒူးနာခြင်း၊ ဒူးဆစ်ရောင်ခြင်း
၎။ လက်မောင်း(ပခုံး)ကပ်ခြင်း၊ လက်မြှောက်မရခြင်း
၅။ ဇက်ခိုင်ခြင်း၊ အုန်းလွဲခြင်း
၆။ ဇက်ကြောတက်ခြင်း၊ လက်ပြင်အောင့်ခြင်း၊ လက်မောင်းကိုက်ခြင်း
၇။ တံတောင်ဆစ်နာခြင်း
၈။ မတော်တဆ ထိခိုက်အနာတဖြစ်ခြင်းများ (ဥပမာ - ခြေခေါက်လဲကျခြင်း)
၉။ အားကစား ထိခိုက်ဒဏ်ရာရခြင်း
၁၀။ ကိုယ်တစ်ခြမ်းသေခြင်း (လေဖြတ်ခြင်း)
၁၁။ မျက်နှာတစ်ခြမ်းသေခြင်း
၁၂။ အကြောဆွဲခြင်း (သွက်ချာပါဒရောဂါ)
၁၃။ ဥာဏ်ရည်နိမ့်မသန်စွမ်းခြင်း



  • အကြောအဆစ်ကုပညာရှင်များက အောက်ပါတို့ကို စမ်းသပ်စစ်ဆေးခြင်းများပြုလုပ်ကြမည်။

၁။ ကြွက်သားအားစမ်းခြင်း၊ 
၂။ ကြွက်သားသိမ်ခြင်းကို စစ်ဆေးကြည့်ရှုခြင်း
၃။ အကြောဆွဲပုံအမျိုးအစားခွဲခြင်း
၎။ အာရုံကြောဖိညပ်ပြီး ခြေလက်ကိုက်ခြင်း၊ အောင့်ခြင်း၊ ထုံကျင်ခြင်း
၅။ အဆစ်ကပ်ခြင်း၊ ခိုင်ခြင်းကို ဒီဂရီတိုင်းတာခြင်း
၆။ ခြေလက်လှုပ်ရှားသွားလာမှုများ ကောင်းစွာမပြုလုပ်နိုင်ခြင်း 
     (ဥပမာ - ခြေကား၊ ဒူးကွေး၊ ခြေရမ်းလျှောက်ခြင်း)
၇။ ကလေးများ ဥာဏ်ရည်နိမ့်သဖြင့် ပြောဆိုဆက်ဆံသင်ကြားရခက်ခဲခြင်း
၈။ ကလေးများ ခြေဖ၀ါးကျ/ပြားချပ်ခြင်း
၉ ။ ကလေးများ ခြေဖျားထောက်လျှောက်ခြင်း (ကြွက်သားတင်းခြင်းလား၊ အကြောရုံးဆွဲခြင်းလား၊ အဆစ်ခိုင်ခြင်းလား) 
၁၀။ သက်ကြီးရွယ်အိုများ မကြာခဏ လဲကျတတ်ခြင်း (မျက်စေ့ကြောင့်လား၊ နားအတွင်းရှိ ချိန်ဆ စနစ်ကြောင့်လား၊ ကြွက်သားကြောင့်လား)



  • အကြောအဆစ်ကုပညာရှင်များက အောက်ပါအတိုင်း ကုသပေးကြမည်။

၁။ အားနည်းနေသောကြွက်သားများကို သန်စွမ်းစေမည့် လေ့ကျင့်လှုပ်ရှားနည်းများ 
၂။ တင်းတောင့်နေသည့်ကြွက်သားများကို ပျော့ပြောင်းစေမည့် လေ့ကျင့်လှုပ်ရှားနည်းများ
၃။ အကြောဆွဲခြင်းကို သက်သာစေမည့် လေ့ကျင့်လှုပ်ရှားနည်းများ
၎။ အာရုံကြောဖိညပ်ခြင်းမှ လွတ်သွား(သို့မဟုတ်)သက်သာစေမည့် နေထိုင်နည်းများနှင့် အဆစ်ဆွဲဆန့်ပေးခြင်း
၅။ ကပ်နေသည့်အဆစ်အား ချောင်ချိလာစေမည့် လေ့ကျင့်လှုပ်ရှားနည်များ၊ ဂရုစိုက်ရမည့်နေထိုင်လုပ်ကိုင်နည်းများ
၆။ ကောင်းစွာအသုံးမပြုနိုင်သော ခြေလက်လှုပ်ရှားသွားလာမှုများကို မိမိကိုယ်တိုင်ပြန်လည်အသုံးပြုနိုင်စေရန် လက်တွေ့လေ့ကျင့်သင်ကြားပေးခြင်း
၇။ ဥာဏ်ရည်နိမ့်ကလေးများ၏အခြေအနေမှန်ကို ကောင်းစွာနားလည်လျက် မည်သို့ပြောဆို ဆက်ဆံသင်ကြားပေးနည်းများ
၈။ ခြေဖ၀ါးကျ/ပြားနေသော ကလေးများအတွက် ဖ၀ါးထောက်ကူပစ္စည်း အသုံးပြုနည်း
၉ ။ ခြေဖျားထောက်လျှောက်သောကလေးများကို ခြေဖ၀ါးချလမ်းလျှောက်စေနည်းများ။




၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များက ပရဟိအခမဲ့ဆေးကုမှတ်တမ်းဓာတ်ပုံအချို့ အား ဆေးကုခန်းအတွင်း ယခုကဲ့သို့ ပြသထားခဲ့သည်။



နေ့ခင်းလောက်မှာ  ဦးဌေးက မန္တလေးမှလာသော အကြောအဆစ်ပညာရှင် ၁၀ ဦးရောက်လာကြပြီဖြစ် ကြောင်း၊ သူတို့အား ဧည့်ရိပ်သာတွင်နေရာချပေးပြီး နေ့လည်စာကျွေးမည့်အကြောင်းနှင့်ဆေးကုခန်းသို့    ခေါ်လာပေးမည့်အကြောင်း ဖုန်းဆက်ပါသည်။ 



ပရဟိတဆေးကုခန်းတွင် လူနာများအား စမ်းသပ်ကုသပေးရင်း၊ အချင်းချင်းဆွေးနွေးရင်း၊ လက်တွေ့လုပ်ကြရင်း ....



တမနက်ခင်းလုံး မိမိ၏ဇနီး အကူအညီဖြင့် လူနာများကြည့်ရှုခြင်းနှင့်ကုသပေးခြင်းများကို ပြုလုပ်လာရာခဲ့မှ နေ့ခင်းပိုင်းတွင် မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင်များ ရောက်ရှိလာကြသဖြင့် ဆေးကုခန်းမှာ မြိုင် မြိုင်ဆိုင်ဆိုင်ဖြင့် သွက်လက်လာပါတော့သည်။

သို့တစေ လူနာအရေအတွက်များပြားလှသဖြင့် နေ့လည်စာနှင့်ညစာများကို ပုံမှန်စားသောက်ချိန်ထက် နောက်ကျပြီး စားကြရပါသည်။



ရွှေသိမ်တော်ကျောင်းမှဧည့်ခံကျွေးမွေးသည့်ညစာကို တစ်စုတစ်ဝေး မြိန်ရှက်စွာစားကြစဉ် ...။



Leonine Cml 



ဆရာ သင်ပေးတာနားထောင်လိုက် လူနာတွေ ကြည့်လိုက်နဲ့

တနေ့ကုန်မှန်းမသိကုန်ခဲ့ 







ယခင်နှစ်များက လေ့ကျင့်လှုပ်ရှားကုသနည်းများ (Therapeutic Exercises) ကို အဓိကအသုံးပြုကုသပေးခဲ့ ရာမှ ယခုနှစ်တွင် TENS ခေါ် Transcutaneous Electrical Nerve Stimulationနှင့် Infrared အစရှိသော 
ကုသမှုစက်များပါ ပူးတွဲအသုံးပြုကာ အကြောအဆစ်ဝေဒနာများအား ထိထိရောက်ရောက် ကုသပေးနိုင်ခဲ့ပါ သည်။

မိမိသည် လူငယ်အကြောအဆစ်ကုပညာရှင်များနှင်အတူ လူနာများ ကြည့်ရှုစမ်းသပ်ခြင်းနှင့်ကုသပေးခြင်း များပြုလုပ်သည့်အပြင် သူတို့သိရှိရန်လိုအပ်သည်များနှင့်မိမိအားမေးမြန်းကြသည်များကို ရှင်းလင်းပြောပြ ခြင်းနှင့်လက်တွေ့သင်ကြားပြသခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ မိမိ၏ဆေးကုသမှုအတွေ့အကြုံများကို ထပ် ဆင့်မျှဝေနိုင်ခဲ့ပါသည်။



Manual cervical traction ကို လက်တွေ့သင်ပြပေးစဉ်။





ကိုချမ်းမင်းလွင်၏ပျော်ရွှင်ဖွယ်လျှပ်တစ်ပြက်အင်တာဗျူးဗွီဒီယိုလေးပါ။ (ဒီဇင်ဘာ ၄ ရက် နံနက်၊ ၂၀၁၄)

ဒုတိယမြောက်နေ့က ကန့်ဘလူဈေးနားမှ မုန့်တီဆိုင်မှာ .....


ကန့်ဘလူကိုရောက်လာကြသော မိတ်ဆွေများနှင့်ဧည့်သည်များကို ကန့်ဘလူဒေသခံများက သူတို့အ ကြိုက်ဖြစ်သော ကန့်ဘလူအခေါ် 'မုန့်တီ'(အောက်ပြည်အောက်ရွာအခေါ် မုန့်တီလက်သုတ်၊ မုန့်တီနန်း ကြီးသုတ်)ဖြင့် ဧည့်ခံလေ့ရှိကြသည့်အတိုင်း သူတို့ကိုလည်း ပျူငှာစွာဧည့်ခံကျွေးမွေးခဲ့ပါသည်။




ဒီဇင်ဘာ ၄ ရက် ညပိုင်း

နေ့စဉ်နေ့တိုင်း မနက်မှ ည ၇ နာရီကျော် ၈ နာရီးအထိ လူနာများဖြင့် မအားအလပ်အလုပ်များနေကြသည့် အကြောအဆစ်ကုပညာရှင်များကို ဆေးကုခန်းဖြစ်မြောက်ရေးအဖွဲ့မှ ကန့်ဘလူမြို့ ၏ကျက်သရေဆောင် မဟာရွှေစည်ကြီးဘုရားသို့ လိုက်ပြပို့ဆောင်ပေးခဲ့ပါသည်။




ကန့်ဘလူမြို့  မဟာရွှေစည်ကြီးဘုရားတွင် အမှတ်တရနှင့်ပျော်ပျော်ပါးပါးလေးရယ် .....


တစ်နေ့လုံး ပင်ပင်ပန်းပန်းဖြင့် အကြောအဆစ်ဝေဒနာရှင်များအား ပညာဒါန လုပ်အားဒါနများလှူဒါန်းခဲ့ကြ ပြီး မဟာရွှေစည်ကြီးဘုရားမှာ ကုသိုလ်ယူရင်း စိတ်လက်အပန်းဖြေနိုင်ကြပါသည်။



ဒါ့အပြင် ခရီးဝေးအဖြစ်လည်း မြန်မာပြည်၏အကြီးဆုံးဆည်ကြီးဖြစ်သော 'သဖန်းဆိပ်ရေလှောင်တမံ'သို့ သွားရောက်လည်ပတ်အနားယူလျက်  ဒေသန္တရဗဟုသုတများ လေ့လာခဲ့ကြသေး၏။


အပေါ်ဆုံးပုံနှင့်အောက်ဆုံးပုံ ၂ ပုံသည်   မLao Kham (၀ဲမှ ၆ ယောက်မြောက်)၏ ဖေ့စ်ဘွတ်မှ ဖြစ်သည်။




မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင်များကိုယ်စား အဖွဲ့ခေါင်းဆောင်နှစ်ဦးဖြစ်သော ကိုချမ်းမင်းလွင်နှင့်မသက်မြတ်နိုးတို့က ရွှေသိမ်တော်ကျောင်းတိုက်ဆရာတော်ကြီးထံ အလှူငွေများကပ်လှူပူဇော်ခဲ့ကြသည်။ (ဒီဇင်ဘာ ၅ ရက်နေ့ည)





လုပ်အားဒါနပြု့ ခဲ့ကြသော အကြောအဆစ်ကုပညာရှင်များ မပြန်မီနောက်ဆုံးညတွင် ရွှေသိမ်တော်ကျောင်းတိုက်မှ လူမှုကူညီရေးအဖွဲ့ဝင်လူကြီးများနှင့်အမှတ်တရ။ (ဒီဇင်ဘာ ၅ ရက်နေ့ည)




ဓာတ်ပုံ - ကိုချမ်းမင်းလွင်၏ ဖေ့စ်ဘွတ်မှ။ 


ယခုကဲ့သို့ အမှတ်တရစုပေါင်းပြီးဓာတ်ပုံမရိုက်ခင်လေးမှာ လူငယ်အကြောအဆစ်ကုပညာရှင်များက မိမိနှင့် ဇနီးတို့အား လက်အုပ်ချီကန်တော့သွားကြရာ မိမိတို့ကလည်းဝမ်းသာကြည်နူးစွာ ဆုမွန်ကောင်းများတောင်း ပေးခဲ့ကြပါသည်။




ကြေးမုံသတင်းစာတွင်ပါရှိသော ပရဟိတအခမဲ့အကြောအဆစ်ဆေးကုခြင်းသတင်း။ 





ဒီဇင်ဘာ ၆ ရက် ၈ နာရီ

သူတို့တတွေ ပြန်ကြလေပြီ









မိမိနှင့်အတူ ဒီဇင်ဘာ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အကြောအဆစ်ဝေဒနာရှင်ပေါင်း ၃၀၀ နီးပါးတို့အား ပရ ဟိတအခမဲ့ ၃ ရက်တိတိ စေတနာထက်သန်စွာကုသပေးကြပြီးနောက် ဒီဇင်ဘာ ၆ ရက် နံနက် ၈ နာရီကျော် တွင် ကန့်ဘလူ-မန္တလေး အဝေးပြေးဘတ်စ်ကားကြီးဖြင့် မန္တလေးသို့ပြန်လည်ထွက်ခွာသွာကြပါသည်။ 

တကယ်က သူတို့အားလုံး မန္တလေးမှာနေကြသည် မဟုတ်ပါချေ။ မန္တလေးမှအများစုဖြစ်သော်လည်း ပခုက္ကူမြို့ နှင့်ရှမ်းပြည် အစရှိသည့်မြို့ များမှလည်း လာရောက်ကူညီလုပ်အားပေးခဲ့ကြခြင်းဖြစ်ပါသည်။ 




သူတို့အားလုံးပြန်သွားကြသော်လည်း မိမိတို့၏ပရဟိတအခမဲ့ဆေးကုပေးခြင်းလုပ်ငန်း မပြီးဆုံးသေးချေ။ မိမိတို့နှင့်ပြသရန်စောင့်ဆိုင်းနေသည့်လူနာ အယောက် ၃၀ ကျော် ၄၀ နီးပါးခန့်ကျန်ရှိနေပေးသေး၏။ ဆေး ကုသပေးမည့်ရက်ကို ဒီဇင်ဘာလ ၃ ရက်မှ ၆ ရက်နေ့အထိဟုကြေညာထားရာ "ဒီနေ့တော့ ဆရာတစ်ဦး တည်း အတော်လေးကိုရုန်းရမှာ”ဟု ဦဌေးက ပြောပါသည်။ 

သို့သော် ကန့်ဘလူဆေးရုံမှ အကြောအဆစ်ကုပညာရှင် ဒေါ်တင်ဇာလွင်က လာရောက်အ ကူအညီပေးသ ဖြင့်လည်းကောင်း၊ မိမိ၏ဇနီးက သူတတ်နိုင်သည့်အပိုင်းမှဝိုင်းဝန်းလုပ်ဆောင်ပေးသဖြင့်လည်းကောင်း နိုင် နိုင်နင်းနင်းဖြင့် အားလုံးအဆင်ပြေသွားခဲ့ပါသည်။ 





















Sunday, December 21, 2014

မြန်မာပြည်ခရီးသွား ဓာတ်ပုံမှတ်တမ်း



၁၃၇၆ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်၊ 



ယခုနောက်ပိုင်းနှစ်များတွင် မြန်မာပြည်သို့ နှစ်တိုင်းပြန်ဖြစ်နေသည်။

ယင်းသို့ပြန်ဖြစ်ရသည့် အဓိကအကြောင်းမှာ မိမိ၏မွေးဇာတိ ကန့်ဘလူမြို့ နှင့် အနီးပတ်ဝန်းကျင်ရှိရွာများမှ အကြောအဆစ်ဝေဒနာရှင် လူနာများအား မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင်များနှင့်အတူ မိမိ သွား ရောက်ကုသပေးသဖြင့် ဖြစ်လေသည်။

မိမိ၏ယခုအစီအစဉ်အား ကန့်ဘလူမြို့  ရွှေသိမ်တော်ကျောင်းတိုက်ဆရာတော်ဦးဆောင်သော လူမှုကူညီ ရေးအသင်း၏အားပေးပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။



ချန်ဂီလေဆိပ်သို့


ဒီဇင်ဘာ ၁ ရက် တနင်္ဂလာနေ့


(၁)


မိမိတို့စီးမည့် Silkair လေယာဉ်ထွက်ချိန်သည် နံနက် ၁၁ နာရီ ၅၅ မိနစ်ဖြစ်သော်လည်း မိမိတို့က နံနက် ၉  နာရီမထိုးခင်ကတည်းက အဆင်သင့်ဖြစ်နေခဲ့ပြီး တက္ကစီနှင့်ဝင်ကြိုမည့် သမီးကို မိမိတို့တိုက်အောက် က စောင့်နေခဲ့သည်။







ခဏကြာသောအခါ သမီးသန္တာတင်နှင့်မြေးကလေးဆောင်းမြတ်နိုးတို့ က္ကစီနှင့်ရောက်လာသဖြင့် မိမိတို့၏ပစ္စည်းများတင်လျက် လေဆိပ်သို့ ထွက်ခဲ့ကြပါသည်။















ထိုနေ့ က မိုးကလေး တစိမ့်စိမ့်ရွာလျက်ရှိရာ မြေးကလေးက စောစောပိုင်းက တယ်လီဖုန်းနှင့်ကစားနေရာ က လေဆိပ်မရောက်ခင် လမ်းခရီးမှာပင် အိပ်ပျော်သွားခဲ့၏။ မိုးရွာနေသဖြင့် ကားများကျပ်ညပ်ပြီး ခရီးသွား နှောင့်နှေးမည်ကို စိုးရိမ်မိသော်လည်း တကယ်က အဆင်ပြေခဲ့ပါသည်။ 




ချန်ဂီလေဆိပ်ကို ရောက်ပြီ








လေဆိပ်သို့ရောက်သောအခါ မြေးကလေးအားနှိုးပြီး ပစ္စည်းများချကာ လေဆိပ်အထဲဝင်ခဲ့ကြ၏။  မြေးကလေးမေ့ကျန်ခဲ့သော အရုပ်ကို ကားဒရိုင်ဘာက ကားထဲမှာတွေ့ရှိကာပြန်ပေးသဖြင့် ကျေးဇူး တင်ရသည်။








မနက်စောစောထပြီး ခရီးသွားရန်ပြင်ဆင်ရ လေဆိပ်သွားရန် ပစ္စည်းများချရဖြင့် အိမ်တွင်နံနက်စာ မစားခဲ့ရ ပေ။ လေဆိပ်ကစားသောက်ဆိုင်မှာသာ စားကြရသည်။











လေဆိပ်သို့ အစောကြီးရောက်နေသဖြင့် လေယာဉ်သို့ ပစ္စည်းများအပ်သည့်ကောင်တာပင် မဖွင့်သေးရာ နံနက်စာကို အေးအေးဆေးဆေးစားကြပါသည်။

ကျယ်ကျယ်လွင့်လွင့်ရှိလှသော လေယာဉ်ကွင်းအဆောက်အအုံကြီးမှာ မြေးကလေးအဖို့ ကစားကွင်းကျယ် ကြီးလိုဖြစ်နေသဖြင့် ဟိုသွားဒီသွားလုပ်လေရာ လူကြီးများက နောက်မှအတော်လေးလိုက်ကြရ၏။ ၁ နှစ်နှင့် ၇ လသာရှိသေးသော မြေးလေး၏ခြေလှမ်းများကို မီအောင်လိုက်ရသည်မှာ မသက်သာလှ။



 လေယာဉ်ထဲမှာ







နံနက် ၁၀ နာရီ ၉  မိနစ်တွင် လေယာဉ်ထဲသို့ဝင်ကြရသည်။ချန်ဂီလေဆိပ်တွင် လေယာဉ်အတက်အဆင်း များပြားလွန်းသဖြင့် (traffic congestion) လေယာဉ်ထွက်ချိန် ၁၀ မိနစ် ၁၅ မိနစ်ခန့် နောက်ကျမည်ဟု လေယာဉ်မှူးက ကျေညာပါသည်။  လေယာဉ်ထဲရောက်သောအခါ မြေးကလေးက မောမောဖြင့်အိပ်သွား လေရာ မိမိတို့အားလုံး အနားယူနိုင်ကြတော့၏။







လေယာဉ်ထွက်ပြီး တစ်နာရီခန့်ကြာသောအခါ နေ့လည်စာကျွေးပါသည်။ နာစီလာမတ်(မလေးအုန်းထ မင်း)နှင့်ခေါက်ဆွဲ ၂ မျိုး ရနိုင်ရာ မိမိက ခေါက်ဆွဲနှင့်ငါးကျော်စားပါသည်။ စားလို့ကောင်းပါ၏။  လေယာဉ် ပေါ်တွင် မိမိက စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာကို ဖတ်ခဲ့သည်။ အိမ်မှာလည်း ဒီသတင်း စာပင် ဖတ်ပါသည်။




ရန်ကုန်ရောက်ပြီ


လေယာဉ်ထွက်ချိန် ၁၀ မိနစ် ၁၅ မိနစ်ခန့် နောက်ကျမည်ဟု ဆိုသော်လည်း ရန်ကုန်သို့ သိပ်နောက်မကျ ပဲ လေယာဉ်ဆိုက်လေသည်။ မိမိ၏ဇနီးဖက်မှ ဆွေမျိုးများလာကြိုသဖြင့် ဇနီး၏အစ်မနေထိုင်ရာ ငွေကြာရံအိမ် သို့ သွားကြပါသည်။







အမတို့အိမ်ကိုရောက်သောအခါ မိမိတို့အတွက် ချက်ထားသောအမ၏လက်ရာ မြန်မာအစားအစာမျိုးစုံကို ပွဲဦးထွက် စားရပါသည်။ ကြက်သားကြော်၊ ပုဇွန်ဟင်း၊ ငါးဆုတ်ဟင်း၊ ငါးပိကြော်၊ ပဲကြီးနှပ်၊ ငါးခြောက်ကြော်၊  ဟင်းရွက်တို့စရာ၊ ဇီးဖြူသီးထောင်း၊ မကျည်းရွက်သုတ် စသဖြင့် စုံလို့ စုံလို့ပင်။ မကျည်းရွက်နုမှာ ပဲခူးရှိအမ တို့၏ခြံက ခူးခဲ့ခြင်းဖြစ်သည်ဆို၏။







စားသောက်ပြီးသောအခါ အမျိုးတွေ ၀ိုင်းဖွဲ့စုထိုင်ပြီး စကားစမြည်ပြောကြရင်း ကလေး ၂ ယောက်ဆော့ သည်ကိုကြည့်ကာ ၀ိုင်းကူကစားပေးရင်း တ၀ါးဝါး ရယ်မောကြရသည်။ ဇနီး၏တူမဖြစ်သူက သူ့သားနှင့် မြေးလေးတို့ကစားကြသည်ကို ဗွီဒီယိုရိုက်၏။








ဒီနောက်မှာ မိမိတို့ တည်းခိုနေကြ မဟာဗန္ဓုလလမ်းရှိ လိုင်လိုင်းဟိုတယ်သို့သွားကြပါသည်။




ရွှေတိဂုံဘုရားကို ဖူးခြင်း


ဒီဇင်ဘာ ၂ ရက် အင်္ဂါနေ့

နောက်တစ်နေ့ နံနက်စောစောတွင် မိမိတို့မိသားစု ၄ ဦး ရွှေတိဂုံဘုရားသို့ သွားကြသည်။







ထိုနေ့က အင်္ဂါနေ့ ကြားရက်ဖြစ်သော်လည်း ဘုရားရင်ပြင်တော်ပေါ်တွင် ဘုရားဖူးများ မနည်းလှပါ။ 

ရွှေတိဂုံဘုရားသို့ ဘုရားဖူးရောက်သည့်အခါတိုင်း မိမိတို့ မပျက်မကွက်ကန်တော့လေ့ရှိသော စေတီ ကျောင်းဆောင်နှင့်ဘုရားမှာ ရင်ပြင်တော်၏မြောက်ဖက်တွင်ရှိပြီး မိမိ၏ဇနီးဖြစ်သူ၏အဖိုးနှင့်အဖွား များဖြစ်ကြသော အတွင်းဝန် ဦးထွန်းမင်းနှင့်ဒေါ်ငွေရင်(ငွေစန္ဒာပိုးထည်တိုက်၊ ကုန်ဈေးတန်းလမ်း)တို့က လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ယင်းစေတီ ကျောင်းဆောင်၏၀ဲဖက်အပေါ်နားတွင် သူတို့၏အမည်နှင့်သား ၂ ဦး၏အမည်များအား ယနေ့တိုင်တွေ့နိုင်ပါသေးသည်။



ဇနီး၏အဖိုးနှင့်အဖွားလှူဒါန်းခဲ့သောဘုရားကို ရွှေတိဂုံဘုရားရောက်တိုင်း ကန်တော့ပါသည်။ 


စနေထောင့်နှင့်မျက်နှာချင်းဆိုင်ရှိ ဇရပ်၏ဘေးနာတွင်ရပ်နေစဉ် သြစတေးလျှနိုင်ငံသားဇနီးမောင်နှံ ၂ ဦးနှင့်တွေ့သဖြင့် စကားစမြည်ပြောရင်း မိမိတို့က သူတို့ ၂ ဦး၏ပုံကို ဓာတ်ပုံရိုက်ပေးပြီး မြန်မာလုံချည်ဝတ် ထားသောခင်ပွန်းဖြစ်သူကလည်း မိမိတို့မိသားစုအား အမှတ်တရ ဓာတ်ပုံပြန်ရိုက်ပေးပါသည်။










မြေးကလေးက ကျယ်ဝန်းသော ဘုရားရင်ပြင်တော်ပေါ်တွင် လမ်းလျှောက်လို့ကောင်း ပြေးလို့ကောင်းနေသဖြင့် လူတွေနှင့်တိုက်မိမည်စိုးသောကြောင့် အတော်လေးလိုက်ပြီး ထိန်းနေရသည်။ 


သူ၏အဖွားမှာ ဘုရားကိုပင် အခါတိုင်းကဲ့သို့ အာရုံကောင်းစွာမပြုနိုင်ရှာပါချေ။ သို့တစေ မြေးကလေးက ဘုန်းတော်ကြီးအချို့ ကို ၀တ္တု (န၀ကမ္မလှူဒါန်းသောငွေ)ကပ်နိုင်ခဲ့ပြီး ဓာတ်လှေကားဆောင်းတန်းတွင်ထိုင် လျက် အလှူခံနေသည့်အဖွားအိုတစ်ဦးအား ငွေကန်တော့နိုင်ခဲ့ပါသည်။ 






မနက် ၉  နာရီခွဲတွင် ရွှေတိဂုံဘုရားမှ ဟိုတယ်သို့ပြန်ရောက်ပြီး ဆရာဦးတင်မြင့်(PT)က မိမိအား MPA အစည်းဝေးကို တက်ဖြစ်အောင်တက်ရန်နှင့် MPAမဂ္ဂဇင်း၏ပုံနှိပ်စာကြမ်းကိုဖတ်ပေးရန် တယ်လီဖုံးပြော ဖြစ်ကြ၏။     



ရွှေတိဂုံဘုရားမှ ကန့်ဘလူသို့


စင်ကာပူမှ မထွက်လာမီကတည်းက မုဒုံမြို့ မှရန်ကုန်သို့ အမြန်ကားစီးလာသော ဇနီး၏ညီမ ၂ ဦးက အဝေးပြေးကားကြီးဂိတ်တွင် မိမိတို့အတွက် ရန်ကုန်-ကန့်ဘလူအမြန်ကားလက်မှတ် ၆ စောင်ကို ကြို တင်ဝယ်ထားပေးခဲ့ပါသည်။ မိမိတို့က ၄ ဦးနှင့် ဇနီး၏ညီမ ၂ ဦးတို့အတွက်ဖြစ်သည်။ 

ဒီကနေ့ညနေ ၆ နာရီတွင် ရန်ကုန်မှ သွားကြမည်ဖြစ်သည်။

သို့သော် ရွှေတိဂုံဘုရားဖူးနေစဉ် မမျှော်လင့်ပဲ ခရီးသွားအစီအစဉ်ပြောင်းသွားတော့၏။

မိမိတို့၏တူသားကဲ့သို့ဖြစ်နေသော ကိုကြည်ဇော်တို့ဇနီးမောင်နှံက မိမိတို့နှင့်အတူ စင်ကာပူမှ မြေးငယ် လေးပါလာမှန်းသိသဖြင့် လိုင်းကားဖြင့်မသွားပဲ သူတို့ကားနှင့်သွားကြရန်ပြောသောကြောင့်ဖြစ်၏။ 






သို့ဖြစ်ရာ ဘတ်စ်ကားလက်မှတ်ဖိုးအဆုံးခံပြီး ကိုကြည်ဇော်တို့၏ကားဒရိုင်ဘာကိုဝင်းနိုင်စီုးမောင်းပို့ပေး သည့်ကားလေးဖြင့် ရန်ကုန်-ကန့်ဘလူ၊ ကန့်ဘလူ-မုံရွာ၊ မုံရွာ- မန္တလေး၊ မန္တလေး-ကျိုက်ထီးရိုး၊ ကျိုက်ထီး ရိုး-ရန်ကုန် ခရီးစဉ်များကို သွားဖြစ်ခဲ့တော့၏။  


နေ့ခင်း ၁၂ နာရီလောက်တွင် ဟိုတယ်မှထွက်ပြီး ငွေကြာရံအိမ်သို့သွားကြသည်။ မူလက ဇနီး၏ညီမ ၂ ဦး စလုံး မိမိတို့နှင့်အတူလိုက်ရန် စီစဉ်ထားသော်လည်း အဝေးပြေးဘတ်စ်ကားကြီးဖြင့် မသွားဖြစ်ပဲ ကားငယ် ဖြင့်သွားသောကြောင့် လူမဆံ့၍ တစ်ဦးကို စိတ်မကောင်းစွာထားခဲ့ရသည်။ အမတို့အိမ် အကိုနှင့်အမတို့ ကို ကန်တော့ပြီး နေ့ခင်း ၁ နာရီမှာ ကန့်ဘလူသို့ ခရီးစ,ထွက်ခဲ့ကြ၏။ 

ပုလဲမြို့ သစ်ကို ရောက်သောအခါ ကားဓာတ်ဆီ ၀င်ထည့်၏။ 





ညနေ ၁ နာရီ ၄၄ မိနစ်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးပေါ်သို့ စ,ရောက်၏။ 






ညနေ ၅ နာရီ ၂၇ မိနစ်တွင် ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းသို့ရောက်ပြီး Pioneer Food Centre မှာ ညနေစာ စားကြသည်။

ညနေ ၆ နာရီခန့်မှာ ကြေးမုံသတင်းစာတိုက်မှ ဓာတ်ပုံသတင်းထောက်ဦးနေမျိုးက မိမိထံဖုံးခေါ်ပြီး သူ ယခု ရွှေဘိုမြို့ ကို ရောက်နေပြီဖြစ်ကြောင်းနှင့် ရွှေဘိုမှာညအိပ်ပြီး မနက်ဖန်မနက်စောစော ကန့်ဘလူသို့ ထွက် လာခဲ့မည့်အကြောင်း သတင်းပေးပါသည်။

စင်ကာပူမှာကတည်းက မိမိ စီစဉ်ခဲ့သည့်အတိုင်း ဦးနေမျိုးသည် ကြေးမုံသတင်းစာမှ စာတည်းမှူးချုပ်၏ တာဝန်ပေးချက်အရ မိမိတို့၏ပရဟိတအခမဲ့အကြောအဆစ်ဆေးကုမည့်သတင်းအား လာယူခြင်းဖြစ်၏။

ညနေ ၆ နာရီ ၁၉  မိနစ်တွင် နေပြည်တော်သို့ရောက်ပြီး ယာဉ်ထိန်းရဲများက မိမိတို့ကားဒရိုင်ဘာ၏လိုင် စင်ကို စစ်ဆေးပါသည်။





၁၁၅ မိုင်မှထွက်လာပြီး ခဏကြာသောအခါ အမြန်လမ်းမကြီးမှ အနောက်ဖက်သို့ကြည့်ပါက ညနေ ၆ နာရီ ၅၂ မိနစ်တွင် သက်တန့်ရောင်ပြေး ပန်းချီရေးထားသည့်အလား ထင်မှတ်မှားလောက်ရှိသော ဆည်းဆာ၏ အလှအား မိမိတို့အားလုံး ကြည့်မ၀ ရှုမ၀ မြင်တွေ့ကြရပါသည်။





ညနေ ၇ နာရီ ၁၆ မိနစ်တွင်မူ အမှောင်ထုကြီးက အတင်းတိုးဝင်နေရာယူလာသော်ငြားလည်း ဆည်းဆာ၏ အလှသည် အမှောင်ကို ရဲရဲဝံ့ဝံ့အံတုလျက် လင်းလင်းလက်လက်ဖြင့် လောကအား နောက်ဆုံးနှုတ်ဆက် သွားချေသေး၏။

မြန်မာပြည်သို့ ပြန်ရောက်ပြီး ဒုတိယနေ့တွင် ပထမဆုံးခံစားမိခဲ့သော မြန်မာ့သဘာဝအလှတစ်ပါးပင်။

ည ၈ နာရီ ၂၃ မိနစ်တွင် ဓာတ်ဆီဆိုင်(မိတ္ထီလာ-သဲကုန်း)မှာ ဓာတ်ဆီဝင်ဖြည့်ကြသေး၏။ 

ည ၉ နာရီခွဲတွင် မန္တလေးအနီးရှိ Toll Gate တစ်ခုသို့ရောက်ရှိပြီး မိမိတို့ကားဒရိုင်ဘာက စစ်ကိုင်းလမ်းခွဲကို မသေချာသဖြင့် စုံစမ်းမေးမြန်ပါသည်။

ထို့နောက် ကားကိုဆက်မောင်းလာရာ ည ၁၀ နာရီခန့်တွင် စစ်ကိုင်းတံတားအသစ်သို့ရောက်၏။   







စစ်ကိုင်းမှထွက်လာပြီးနောက် နံနက် ၁၁ နာရီ ၁၉  မိနစ်တွင် ကားရှေ့ ရှိ နွားအုပ်ကြီးကို တွေ့ရသည်။နွား အုပ်ကြီးအားရှင်းပြီး လမ်းပေးရန် နွားကျောင်းသူများ အတော်လုပ်ယူကြရပါသည်။

"ဒီနွားတွေကို တစ်ဖက်နိုင်ငံကိုရောင်းဖို့ ခိုးထုတ်ကြတာ"ဟု ကားဒရိုင်ဘာကပြောပါသည်။


ည ၁၀ နာရီ ၁၂ မိနစ်တွင် ကန့်ဘလူသို့ဖုန်းခေါ်ပြီး မြို့ မိမြို့ ဖ ဒု-ဥက္ကဌ ဦးဌေးနှင့်စကားပြောပါသည်။ မိမိတို့ စစ်ကိုင်းမြို့ ကထွက်လာခဲ့ပြီဖြစ်ကြောင်းနှင့်မိုးလင်းခါနီးတွင် ကန့်ဘလူကိုရောက်မည့်အကြောင်းပြောလိုက် ပါသည်။

ဦးဌေးသည် မိမိတို့က အကြောအဆစ်လူနာများအား ပရဟိတအခမဲ့ဆေးကုသည့်အစီအစဉ်ကို မြို့ နယ်အ တွင်းရှိကျေးရွာများမှ လူနာများကို အသိပေးကျေညာခြင်း၊ လူနာစာရင်းများ ကြိုတင်ကောက်ယူပြီး နေ့ရက် အလိုက် ချိန်းဆိုထားခြင်းတို့အပြင် မိမိတို့အတွက် နေရာထိုင်ခင်း၊ အစားအသောက်နှင့်သွားရေးလာရေး အစရှိသည်များအား လိုလေသေးမရှိရလေအောင် လူမှုစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့်အတူ ကူညီဆောင် ရွက်ပေးသူဖြစ်ပါသည်။ 

ည ၁၁ နာရီခွဲတွင်ရွှေဘိုမြို့ သို့ရောက်ပြီး မြို့ မဈေးအနီးရှိစားသောက်ဆိုင်မှာ ပဲထပ်တစ်ရာ(ပလာတာ) စား ကြပါသည်။ ထို့နောက် လမ်းလေးဂွအရပ်ရှိ ညီမ၀မ်းကွဲ၏အိမ်သိုသွားရာ မန္တလေးသွားပြီး ဆေးကုသမှုယူ နေသဖြင့် မတွေ့ခဲ့ရပေ။ 

ည ၁၂ နာရီတွင် ရွှေဘိုမှကန့်ဘလူသို့အသွား လမ်းမှားပြီး ကျောက်မြောင်းကျေးရွာသို့ ရောက်သွားသဖြင့် နောက်ကြောင်းပြန်လှည့်ပြီး ရွှေဘို-မြစ်ကြီးနားလမ်းသို့ သွားပါသည်။ယင်းလမ်းထဲသို့ရောက်ပြီးမကြာခင်မှာ တံတားပျက်နေသဖြင့် တံတား၏တစ်ဖက်တစ်ချက်တွင် ကားကြီးများပိတ်နေသဖြင့် ကန်ဘောင်လမ်းမှသွား ရန် ရွှေဘိုသို့ပြန်လာရပြန်ပါသည်။



ရွှေဘို-ကန့်ဘလူ ကန်ဘောင်လမ်း။


ကန်ဘောင်လမ်းသည် ကားအသွားအလာအလွန်နည်းပြီး လမ်းမကောင်းလှပါချေ။ ကားဒရိုင်ဘာမှာ ယခု လမ်းကိုမမောင်းဖူးသောကြောင့် လမ်းစုံလမ်းဂွသို့ရောက်တိုင်း ဘယ်လမ်းကိုရွေးရမည်မသိပဲ လမ်းမှတွေ့က ရာလူတွေကိုမေးပြီး စမ်းတစ်ဝါးဝါးဖြင့် မောင်းနေရသဖြင့် ခရီးမတွင်လှပါ။ 


ဤသို့ဖြင့် ၀က်တိုးကျေးရွာသို့ရောက်သောအခါ ကားဆရာက ကန့်ဘလူရှိသူ၏ဖခင်ထံ ဖုန်းဆက်ပြီးမေး ကာ ဆက်မောင်းလာရာ နံနက် ၄ နာရီတွင် ကန့်ဘလူမြို့ သို့ ဆိုက်ဆို်က်မြိုက်မြိုက်ကြီး ရောက်ခဲ့ပါတော့ ၏။



ကန်ဘောင်လမ်းတွင် တစ်လမ်းလုံး ဖုန်တထောင်းထောင်းဖြင့်မောင်းလာခဲ့ရာ ကန့်ဘလူသို့ရောက်သော အခါ မိမိတို့စီးလာသည့်ကားခမျာ အထက်ပါပုံအတိုင်း ဖုန်များဖြင့်ညစ်နေလေသည်။ 




ကား၏အနောက်ခန်းတွင်ထည့်လာခဲ့သော အိတ်များမှာပင် ဖုန်များနှင့်ပေရေနေပါသည်။





























ဆက်ရေးပါဦးမည်။

























  





















Tuesday, November 25, 2014

မြန်မာပြည်မှ သတင်းများ (နိုဝင်ဘာ - ၂)




၁၃၇၆ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက်၊ 




  •  သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲ








ဓာတ်ပုံများ (ကြေးမုံသတင်းစာ၊ ၂၄ ရက် နိုဝင်ဘာ၊ ၂၀၁၄)



သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲကို ၁၉၈၀ ခုနှစ်ကတည်းက ပြုလုပ်လာခဲ့သည်။ 

ယခုနှစ်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့က ၄၄ ကြိမ်ပြည့်မြောက်ခဲ့ပေပြီ။




  • ဘန်ကီမွန်းကို ရခိုင်ပြည်နယ် မြို့ ၅ မြို့မှာ တစ်ပြိုင်တည်းဆန္ဒပြကြပြီ




မစ္စတာဘန်ကီမွန်း (ဓာတ်ပုံ - အင်တာနက်)



ယခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို ‘ရိုဟင်ဂျာ’ ဟု ပြောဆို သုံးစွဲခဲ့ခြင်း အပေါ် မကျေနပ်သဖြင့် စစ်တွေ၊ ကျောက်တော်၊ ပေါက်တော၊ မင်းပြားနှင့်မောင်းတောမြို့များတွင် ယခုကဲ့သို့ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချ ဆန္ဒပြရခြင်းဖြစ်ကြောင်း၊ ရိုဟင်ဂျာအမည်လိမ်ကို ကုလသမဂ္ဂ ၏ တရားဝင် ရုံးသုံးအဖြစ်မှ ပယ်ဖျက်ပေးရန်၊ ARU နှင့် ARNO စသော မျက်နှာဖုံးစွပ်ထားသည့် RSO အကြမ်းဖက်သမား များကို ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံများ သို့တက်ရောက်ခွင့်မပြုရန်၊ တစ်ဖက်နိုင်ငံတွင် လူဦးရေသန်း ၁၆ဝ ခန့်ရှိနေသဖြင့် ကျူးကျော်ဘင်္ဂါလီများကို လူနည်းစုဟူ၍ သတ်မှတ်ခြင်းမပြုရန်နှင့် ကျူးကျော်ဘင်္ဂါလီများ ကို ဒုက္ခသည်အဖြစ် တစ်ဖက်သတ် သတ်မှတ်ကူညီထောက်ပံ့နေသကဲ့ သို့ ဆင်းရဲသောဒေသခံ ရခိုင်တိုင်းရင်း သားများကိုလည်း လုံးဝခွဲခြားမှုမပြုဘဲ မျှတစွာ ကူညီထောက်ပံ့ပေး ရန် စသည့်အချက်များကိုတောင်းဆိုထား သည့် အိတ်ဖွင့်ပေးစာတစ်စောင်ကိုလည်း စစ်တွေလူထုက မစ္စတာဘန်ကီမွန်းထံ ယနေ့ပေးပို့လိုက်ကြောင်း လည်း သိရသည်။






  •  အလှူရေစက် လက်နှင့်မကွာ ဒို့တိုင်းမြန်မာ



 (ကြေးမုံသတင်းစာ၊ ၂၃ ရက် နိုဝင်ဘာ၊ ၂၀၁၄)






  •  ယနေ့ ကုန်ဈေးနှုန်းများ 


 (ကြေးမုံသတင်းစာ၊ ၂၂ ရက် နိုဝင်ဘာ၊ ၂၀၁၄)












Sunday, November 23, 2014

စာဆိုတော်နေ့



၁၃၇၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ 



ဒီကနေ့ထုတ် မြန်မာသတင်းစာ ၂ စောင်မှ စာဆိုတော်နေ့နှင့်သက်ဆိုင်သော ဖတ်စရာ မှတ်စရာဆောင်းပါး ၂ ပုဒ်ကို ကူးယူဖော်ပြပေးလိုက်ပါသည်။




ကြေးမုံသတင်းစာ (၂၂ ရက် နိုဝင်ဘာလ၊ ၂၀၁၄)










မြန်မာ့အလင်းသတင်းစာ (၂၂ ရက် နိုဝင်ဘာလ၊ ၂၀၁၄)