"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, November 26, 2011

ပြည်မြန်မာ သတင်းတိုထွာ


၂ ရက် ဒီဇင်ဘာ ၂၀၁၁။                                               နတ်တော်လဆန်း ၇ ရက် ၁၃၇၃ ခုနှစ်။

ကျွန်တော် ပြန်ကချင်ပါတယ်လို့ပြောတဲ့ ဇာဂနာ

လာမည့်လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်၊ဇာဂနာနဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီးတို့ အကဲ ဖြတ်ဒိုင်လုပ်ကြမယ့်လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်မှာ သီးလေးသီးတို့နဲ့အတူ စွယ်စုံရအနုပညာ ရှင်လို့နာမည်ရနေတဲ့ဇာဂနာက ပါဝင်ကပြမယ်လို့ ကြားသိရပါတယ်။   


၁ ရက် ဒီဇင်ဘာ ၂၀၁၁။                                               

သောက်တော်ရေခွက်တွင် ဗုဒ္ဓမြတ်စွယ်တော်ပုံရိပ်ပေါ်

ရန်ကုန်တိုင်း မင်္ဂလာဒုံမြိုနယ် မဉ္ဇူသကလမ်းနေ ဦးထွန်းလှ၏နေအိမ်ကဘုရားစင်မှာရှိတဲ့သောက်တော် ရေခွက်တွင် နိုဝင်ဘာလ ၂၂ ရက် ည ၈ နာရီခန့်က တရုတ်ပြည်ကပင့်ဆောင်လာတဲ့ ဗုဒ္ဓမြတ်စွယ်တော် ပုံရိပ်ပေါ်နေသဖြင့် လာရောက်ဖူးမျှော်သူများ စည်ကားလျက်ရှိတယ်ဆိုပါတယ်။   

အဲဒီဗုဒ္ဓမြတ်စွယ်တော်ပုံရိပ်ပေါ်ရာသို့ ဒေသအာဏာပိုင်များ၊ ရုပ်မြင်သံကြားနှင့် ဂျာနယ်သတင်းထောက် များ သွားရောက်ကြပြီး သောက်တော်ရေခွက်ကိုသွန်မှေက်စစ်ဆေးကြည့်ရာ ဘာမှမတွေ့ရဟုဆိုပါတယ်။ သောက်တော်ရေပြန်ကပ်တဲ့အခါ မြတ်စွယ်တော်ပုံရိပ်ပေါ်မြဲပေါ်နေကြောင်း သိရှိရပါတယ်။    


မြန်မာ့အလင်းသတင်းစာ။ ၂၆ ရက် နိုဝင်ဘာ ၂၀၁၁။

.............


၃၀ ရက် နိုဝင်ဘာ ၂၀၁၁။

မဲဆောက်မှာ စာပေဟောပြောပွဲ ကျင်းပမယ် 

 
ဓါတ်ပုံ - မိုးမခ။

မြန်မာပြည်က စာရေးဆရာများဖြစ်ကြတဲ့ ဆရာချစ်ဦးညို၊ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နဲ့ ဆရာမ နုနုရည်(အင်းဝ)တို့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ပထမဆုံး လာရောက်ဟောပြောမယ့် စာပေဟော ပြောပွဲကို ဒီဇင်ဘာလ ၄ ရက်(တနင်္ဂနွေ)နေ့ ညနေ ၄ နာရီတွင် တောရကျောင်းထဲမှာကျင်းပမယ်လို့ ကြားသိရပါတယ်။

.............


၂၆ ရက် နိုဝင်ဘာ ၂၀၁၁။

ပြည်သူနှင့်တပ်မတော် လက်တွဲကြည်ဖြူ  

ပြည်သူပြည်သားအားလုံးက ပြည်သူတွေဖြစ်ကြသလို တပ်မတော်ကလည်း ပြည်သူထဲကပြည်သူပဲဖြစ် တယ်ဆိုတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်က ယခုလိုပြောကြားသွားကြောင်း ဖတ်ရှုသိရှိရပါတယ်။

“တပ်မတော်ဆိုတာလည်း ပြည်သူတွေပါပဲ။ ကျွန်မတို့အားလုံးကလည်း ပြည်သူတွေပဲ။ အားလုံးက ပြည် သူအချင်းချင်း ဒီနိုင်ငံရဲ့ ကောင်းကျိုးအတွက် ဘာလို့လက်တွဲမလုပ်နိုင်ရမှာလဲ။ လုပ်နိုင်ရမယ်။”

 
ရန်ကုန်မြို့ တော် ဖွံ့ဖြိုးရေးစီမံကိန်း

အစိုးရရုံးစိုက်ရာနိုင်ငံတော်ရဲ့ မြို့ တော်မဟုတ်တော့တဲ့ စီးပွားရေးမြို့ တော်ရန်ကုန်ကို များပြားလာတဲ့လူ ဦးရေနဲ့လျော်ညီစေပြီး မြို့ အင်္ဂါရပ်များဖြင့် ပြည့်စုံစေဖို့အတွက် အစိုးရ၀န်ကြီးဋ္ဌာနများ၊ NGO များနဲ့လက် တွဲကာ ရန်ကုန်မြို့ တော်ဖွံ့ဖြိုးရေးစီမံကိန်း (Yangon City Development Plan)ကို နှစ်(၃၀)ပြင်ဆင်လုပ် ကိုင်သွားမယ်လို့ သိရပါတယ်။


ရထားလက်မှတ်ခများ  ၃ ဆမှ ၁၀ ဆအထိ တက်ပြီ

ရန်ကုန်မြို့ ပတ်ရထားလက်မှတ်ခနဲ့ ခရီးဝေးသွားရထားလက်မှတ်ခများကို ယခုနှစ်နိုဝင်ဘာလ ၁၅ ရက် နေ့ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃ ဆမှ ၁၀ ဆအထိ တက်သွားပြီဖြစ်ကြောင်းကို မီးရထားပို့ ဆောင်ရေးဝန်ကြီးဋ္ဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 



ကြော်ငြာမှာ ဘွဲ့ဖော်ပြချင်သူများ သတိပြုရန်

မင်္ဂလာဆောင်တို့ မွေးနေ့တို့ ဆုမွန်ကောင်းတောင်းပေးတာတို့မှာ မိမိတို့ရဲ့ အမည်နောက်က ဘွဲ့ ထည့် ပြီး ဖော်ပြလေ့ရှိသူများ သတိပြုကြရဖို့ လိုအပ်လာပါတယ်။ အထူးသဖြင့်တော့ နိုင်ငံခြားကို အလည်အ ပတ်ပဲဖြစ်ဖြစ် အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် သွားရန်အစီအစဉ်ရှိသူများဖြစ်ကြပါတယ်။ ဘာ့ကြောင့်လဲဆိုရင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ က အဲဒီကြော်ငြာတွေမှာပါတဲ့ဘွဲ့ စာရင်းတွေကို နာမည်တို့ လိပ်စာတို့နဲ့တကွ စာရင်းပြုစုမှတ်တမ်းတင်ထားတာကြောင့်လို့ဆိုပါတယ်။ 

နိုင်ငံကူးလက်မှတ်လျောက်တဲ့အခါမှာ ယခင်လို ၉ တန်းအောင် ၁၀ တန်းအောင်ဆိုပြီး လိမ်လို့မရနိုင် တော့လို့ပါ။

ဗုဒ္ဓမြတ်စွယ်တော် ဖူးမျှော်မ၀ လှူဒါန်းမဆုံး

ဓါတ်ပုံ - The New Light of Myanmar။

ဒီကနေ့မြန်မာနိုင်ငံမှာ ရဟန်းရှင်လူပြည်သူအများအပြားတို့သည် တရုတ်ပြည်ကနေ မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ်မြောက်ပင့်ဆောင်လာတဲ့ ဗုဒ္ဓမြတ်စွယ်တော်ကို နေ့စဉ်မပြတ်လာရောက်ဖူးမျှော်လျက်ရှိ နေကြပါတယ်။ မိမိတို့တတ်အားသ၍ လှူဒါန်းခြင်းများလည်း ပြုလုပ်လျက်ရှိနေကြပါတယ်။

ဓါတ်ပုံ -The New Light of Myanmar။

ဗုဒ္ဓမြတ်စွယ်တော်သည် ပထမက နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်လိုဏ်အတွင်း အရှေ့ အရပ်ရှိ မဟာမဏိမယ ဂေါတမဗုဒ္ဓပ#dမာရတနာ ကျောက်စိမ်းရုပ်ပွားတော်မြတ်ရှေ့ ü နိုဝင်ဘာ ၂၁ ရက်နေ့ထိ သီတင်းသုံးခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်နေ့တွင် နေပြည်တော်မှ ရန်ကုန်မြို့ သို့ ပင့်ဆောင်ပူဇော်ခဲ့ရာ ယခုအ ခါ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်းü သီတင်းသုံးမူနေပါတယ်။
 

ဓါတ်ပုံ - The New Light of Myanmar ။

ဗုဒ္ဓမြတ်စွယ်တော်ကို နံနက်မိုးလင်းမှ ညပိုင်းအထိ နေ့စဉ်မပြတ် စည်ကားသိုက်မြိုက်စွာလာရောက်ဖူး မျှော်ပူဇော်ကြသည့် ဘာသာတရားရိုသေကိုင်းရှိုင်းမှုရှိလှသော မြန်မာလူမျိုးများအားတွေ့မြင်ရသည့် တရုတ်ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌလည်းဖြစ်ပြီး ဗုဒ္ဓမြတ်စွယ်တော်ပင့်ဆောင်ရေးဥက္ကဋ္ဌလည်းဖြစ်သည့် Ven. Chuan Yinနဲ့ သာသနာရေးဗြူရိုညွှန်ကြားရေးမှူးချုပ် Mr Cong Guo Qing တို့က အတော်လေးကို အံ့ သြ၀မ်းသာပီတိဖြစ်ကြရတယ်လို့ သိရှိရပါတယ်။   


Sunday, November 13, 2011

၂၆ ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲနှင့် မြန်မာ


ကျွန်းသာယာဘလော့ စာဖတ်ပရိသတ်များခင်ဗျား





ဒီ ၂၆ ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲအကြောင်းကို ယခုလ ၁၃ ရက်နေ့မှစပြီး  မြန် မာအသင်းရရှိတဲ့ ဆုတံဆိပ်အရေအတွက်များ၊ ပါဝင်ယှဉ်ပြိုင်ကြတဲ့နိုင်ငံများရဲ့  ရွှေ ငွေ ကြေး ရရှိမှု ဇ ယားများ၊ သတင်းသုံးသပ်ဝေဖန်ချက်များ၊ ဓါတ်ပုံများဖြင့် နေ့စဉ်နေ့တိုင်းသတင်းပေးသုံးသပ် ရေးလာခဲ့ တာ ယနေ့(၁၉ ရက် နိုဝင်ဘာ) ည ၁၀ နာရီကျော်အထိဖြစ်ပါတယ်။

သို့ပေမယ့် ဒီကနေ့ည ၁၀ နာရီခွဲခန့်မှာ ဘလော့ရေးနေဆဲမှာပဲ လွန်ခဲ့တဲ့ (၇) ရက်က ရေးထားတာတွေ အားလုံး ဘလော့စာမျက်နှာပေါ်က ယုတ်ချည်းပျောက်သွားခဲ့ပါတယ်။ ပြန်ပြီးရယူလို့လည်း မရတော့ပါ။ ဘာ့ကြောင့်ဖြစ်ရမှန်းလည်း မသိရပါ။

ဒီအတွက် ဘလော့ဖတ်သူများအားလုံးကို တောင်းပန်လိုပါတယ်။ 

မိမိ အားထုတ်ရေးသားထားတာတွေအတွက် များစွာနှမြောစိတ်မကောင်းဖြစ်ရပါတယ်။ ဘာမှတော့ မတတ်နိုင်ပါ။ နောက်နောင်အချိန်ရမှပဲ ပြန်ပြီးရေးသားနိုင်မှာဖြစ်ပါတယ်။



နိုဝင်ဘာ ၂၀ ရက် တနင်္ဂနွေ နေ့ ၁၂ နာရီ ၃၀ မိနစ်။


Medal Tally
nocountrygoldsilverbronzesum
1INA142 113 106 361
2THA86 77 94 257
3VIE80 79 83 242
4MAS49 44 66 159
5SIN39 41 71 151
6PHI24 43 61 128
7MYA9 20 27 56
8LAO8 6 33 47
9CAM3 11 20 34
10TLS1 1 4 6
11BRU0 2 7 9
TOTAL4414375721450
                                                  (SEA Games ရဲ့  Website မှ ကူးယူဖေါ်ပြထားတာပါ။)

ရွှေမြန်မာတို့ရေ ..

ဒီကနေ့နံနက် စောစောစီးစီး မင်္ဂလာသတင်းလေး ပေးပါရစေ။

နံနက် ၁၀ နာရီခွဲနဲ့ ၁၁ နာရီတို့မှာ ကျင်းပခဲ့တဲ့ ရိုးရာလှေလှော်ပြိုင်ပွဲတွေမှာ မြန်မာအမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်းတို့က ရွှေတံဆိပ်တစ်ခုစီ ဆွတ်ခူးသွားကြတာမို့ ဆုတံဆိပ်ဇယားမှာ မြန်မာက ရွှေ (၉)၊ ငွေ (၂၀) ကြေး (၂၇) နဲ့ နံပတ် (၇)သို့ ပြန်တက်ရောက်သွားပါပြီ။

ပြိုင်ပွဲစောစောပိုင်းရက်တွေတုန်းက မြန်မာက ဆုတံဆိပ်ဇယားနံပတ် (၇) မှာ ရှိနေခဲ့ပါတယ်။ နောက်ပိုင်း မှာ လာအိုနဲ့ကမ္ဗောဒီယားက ရွှေတံဆိပ်အရေအတွက်များလာလို့ မြန်မာအသင်းဟာ ဇယားနံပတ် (၉) အ ထိ လျောကျသွားခဲ့ရပါတယ်။

ဆက်ပြီးသတင်းပေးပို့ရေးသားပါဦးမယ်။ 


...........

နေ့လည် ၂ နာရီခွဲမှာ ဆက်ရေးပါတယ်။

Medal Tally
nocountrygoldsilverbronzesum
1INA142 114 106 362
2THA87 77 97 261
3VIE80 79 83 242
4MAS49 44 66 159
5SIN39 41 71 151
6PHI24 44 62 130
7MYA10 21 27 58
8LAO8 6 33 47
9CAM3 11 20 34
10TLS1 1 4 6
11BRU0 2 7 9
TOTAL4434405761459
                                                   (SEA Games ရဲ့  Website မှ ကူးယူဖေါ်ပြထားတာပါ။)


မနက်ပိုင်းဘလော့တစ်ဖြတ်ရေးပြီးလို့ နေ့လည်စာစားဖို့ စာရေးခဏရပ်ရန်ပြင်ဆင်တုန်း မြန်မာက ရွှေ တစ်ခုနဲ့ငွေတစ်ခုထပ်ပြီးရကြောင်း သိလိုက်ရပါတယ်။ ၁၀ ခုမြောက်ရွှေတံဆိပ်ကို ရိုးရာလှေလှော် ပြိုင်ပွဲ မှာပဲ မြန်မာအမျိုးသားအသင်းက ဆွတ်ခူးသွားခဲ့တာဖြစ်တယ်။ ယခုဆိုရင် ကျင်းပသွားပြီးဖြစ်တဲ့ ရိုးရာ လှေလှော်ပြိုင်ပွဲ (Traditional Boat Race) ပေါင်း (၇)ပွဲမှာ မြန်မာလှေလှော်အားကစားမောင်မယ်များက ရွှေတံဆိပ် (၆) ခုရရှိထားပြီးဖြစ်ပါတယ်။

SEA Gamesက ရိုးရာလှေလှော်ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲနေသော မြန်မာအသင်း။ ဓါတ်ပုံ - SEA Games website.
ရွှေတံဆိပ် (၃)ခု ဆွတ်ခူးသွားတဲ့ မြားပစ်အားကစားမယ် အောင်ငှိမ်း။ ဓါတ်ပုံ - မြန်မာသတင်းစာ။





 
၂၀၁၃ ခုနှစ်မှာ SEA Games ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် "မြန်မာနိုင်ငံက ကြိုဆိုလျက်ပါ"လို့။




မြန်မာ ရွှေမရလိုက်တဲ့တစ်ခုတည်းသောပြိုင်ပွဲ (20+1+1 500M Male)မှာ ဖိလစ်ပိုင်ကရွှေရပြီး မြန်မာက ငွေရရှိခဲ့တာဖြစ်တယ်။ လူလုပ်ထားတဲ့ ရေကူးကန်ကွင်းကျဉ်းကျဉ်းလေးမှာ မြန်မာကမလွှမ်းမိုးနိုင်ပေမယ့် သဘာဝမြစ်ပြင်ကျယ်မှာကျင်းပတဲ့  ရိုးရာလှေလှော်ပြိုင်ပွဲတွေမယ်တော့ မြန်မာကို ဘယ်နိုင်ငံမှမယှဉ်နိုင် ဘူး လိုက်လို့မမီဘူးဆိုတာ ထင်ရှားလို့နေပါတယ်။ နောက်ထပ် ရိုးရာလှေလှော်ပြိုင်ပွဲ (၃)ပွဲကျန်ပါသေး တယ်။ အဲဒီပြိုင်ပွဲ (၃)ပွဲမှာ မြန်မာလှေလှော်အားကစားမောင်မယ်များ ပါဝင်ယှဉ်ပြိုင်ကြဦးမှာဖြစ်လို့ နောက် ထပ်ရွှေတံဆိပ်တွေရဖို့ မျှော်လင့်ရကြောင်းပါ။  

ဆက်ပြီးသတင်းပေးပို့ရေးသားပါဦးမယ်။


ညနေ ၆ နာရီ ၂၀ မိနစ်မှာ ဆက်ရေးပါတယ်။ 

ဒီကနေ့မနက်က အမေရိကန်နိုင်ငံမှာရောက်နေတဲ့ စာရေးဆရာလူမျိုးနော် (ဒေါက်တာသောင်းတင်) က စာရေးသူထံဖုန်းဆက်လို့ ထုံးစံအတိုင်း စကားစမြည်ပြောဖြစ်ကြတယ်။ သူက ဘလော့မှာ စာရေးသူရေး ထားတဲ့ ၂၆ ကြိမ်မြောက်အရှေ့ တောင်အာရှပြိုင်ပွဲဆိုင်ရာ သတင်းပေးပို့ ဝေဖန်သုံးသပ်ချက်တွေကို ဖတ် ရကြောင်းနဲ့ စာရေသူအနေနဲ့ အားကစားကို ယခုလောက်ဝါသနာပါတာ ယခင်က မသိမိခဲ့ကြောင်းလည်း ပြောပါတယ်။   

စာရေးသူရဲ့ စာတွေကိုဖတ်ရတော့မှ SEA Games ကျင်းပနေတာသိရကြောင်းနဲ့ သူလည်းမြန်မာအား က စားသမားများရဲ့ အောင်ပွဲတွေကို နားစွင့်နေမိကြောင်း ပြောပါတယ်။ နောက်ပြီး သူက မြန်မာအသင်းအ နေဖြင့် လာအိုကိုကျော်တက်စေချင်ကြောင်းပြောတာနဲ့ စာရေးသူက မကြာခင်မှာကျော်တက်နိုင်မယ့် အ ကြောင်း မိမိလေ့လာသိရှိထားတဲ့ ပြိုင်ပွဲပွဲစဉ်တွေကိုကိုးကားပြီး ပြောပြလိုက်ပါသေးတယ်။

တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ စာရေးသူက ဒီကနေ့သူပို့ပေးလိုက်တဲ့အီးမေးမှ စာရေးသူ စိတ်ဝင်စား မယ့် ဖတ်ချင်မယ့် နိုင်ငံရေးဆောင်းပါးသုံးပုဒ်ကို ဖတ်နေစဉ် သူ့ထံမှ ဒုတိယအီးမေးတစ်စောင် ထပ်ပြီး ရောက်လာပြန်ပါတယ်။ သူရေးထားတာက “ခင်ဗျားဟောကိန်းထုတ်တာ မှန်တယ်ဗျ။ မြန်မာက အခုဆို လာအိုအသင်းကို ကျော်တက်သွားပြီ။ ၀မ်းသာလိုက်ရတာဗျာ၊ ရွှေမြန်မာတွေရေ …. ဂုဏ်ယူပါတယ် ... Congratulations! “ တဲ့။       


...........


ည ၁၂ နာရီ ၅ မိနစ်မှာ ဆက်ရေးပါတယ်။ 


Medal Tally
nocountrygoldsilverbronzesum
1INA154 130 116 400
2THA95 83 105 283
3VIE87 85 90 262
4MAS52 45 70 167
5SIN41 43 71 155
6PHI27 47 69 143
7MYA11 23 28 62
8LAO9 7 35 51
9CAM4 11 20 35
10TLS1 1 5 7
11BRU0 3 7 10
TOTAL4814786161575
                                                   (SEA Games ရဲ့  Website မှ ကူးယူဖေါ်ပြထားတာပါ။)

ဒီကနေ့ နောက်ဆုံးရရှိတဲ့သတင်းအရ မြန်မာက ရွှေ (၁)၊ ငွေ (၂)နဲ့ ကြေး (၁)တို့ ထပ်ပြီးရရှိကြောင်း သိရှိ ရပါတယ်။






နိုဝင်ဘာ ၂၁ ရက် တနင်္လာ ညနေ ၆ နာရီ ၂၀ မိနစ်။

Medal Tally
nocountrygoldsilverbronzesum
1INA158 138 125 421
2THA101 87 110 298
3VIE89 86 95 270
4MAS54 45 72 171
5SIN42 44 72 158
6PHI28 52 73 153
7MYA16 23 30 69
8LAO9 8 35 52
9CAM4 11 20 35
10TLS1 1 5 7
11BRU0 4 7 11
TOTAL5024996441645
                                                  (SEA Games ရဲ့  Website မှ ကူးယူဖေါ်ပြထားတာပါ။)

ဒီကနေ့ နနက် ၁၀ နာရီကျော်က အိမ်ရှင်မနဲ့ Suntec City ကို သွားဖြစ်ကြတယ်။ ဘာမှဝယ်စရာရှိလို့ မ ဟုတ်ပါ ဘူး။ အပြင်ကိုမထွက်တာ မရောက်တာကြာလို့ အပြင်ထွက်တဲ့အနေနဲ့ ဘတ်(စ)ကားအပျော်စီး ရင်းသွားကြ တာရယ်ပါ။ ဟိုကိုရောက်တော့ နေ့ခင်းထမင်းစားချိန်မို့ လူတွေကများလိုက်တာမှ သောက် သောက် လဲပဲ။ ကိုယ်စားနေကြ ကြက်ဆီထမင်းဆိုင်မှာ ထိုင်စရာမရတာနဲ့ မြေအောက်ထပ်မှာရှိတဲ့ စား သောက်ဆိုင်တွေမှာပဲ ကုလားစာစားလိုက်ကြတယ်။

အဲဒီကနေ သုံးထပ်မှာရှိတဲ့ Carrefour ကို သွားဖြစ်ကြတယ်။ Suntec City ကပြန်ဖို့ မှတ်တိုင်မှာဘတ် (စ) ကားစောင့်နေရင်း SEA Games မှာ မြန်မာအသင်းတွေ ဘယ်အခြေအနေရောက်နေလဲသိချင်တာ နဲ့ iPhone မှာကြည့်တော့ မြန်မာက ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ် ၂၃ ခုနဲ့ ကြေးတံဆိပ် ၃၀ ခုရှိနေတာ ကို ၀မ်းသာစရာသိလိုက်ရတယ်။

အိမ်ကိုပြန်ရောက်တော့လည်း စာရေးဆရာလူမျိုးနော်ကမိမိထံအီးမေးပို့ပြီး မြန်မာအသင်းတွေရဲ့  အောင် ပွဲ ခံသတင်းကို မိုင်ပေါင်း ၉၀၀၀နီးပါး အကွာအဝေးကနေ လှမ်းပြီးဝမ်းသာအားရ မျှဝေခံစားထားတာ ဖတ်ရပြန်ပါတယ်။



ပိုလို့ဝမ်းသာမိတာကတော့ မိမိမျှော်လင့်ထား ရေးထားခဲ့တဲ့အတိုင်း မြန်မာလှေလှော်အားကစားမောင် မယ်များက ရိုးရာလှေလှော်ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ် (၃)ခုစလုံးမှာ ရွှေတံဆိပ် (၃)ခုရယူနိုင်ခဲ့ကြတာဖြစ် တယ်။







ဗီယက်နမ်အသင်းကို ဂိုးပြတ်နိုင်ပြီး ၀မ်းမြောက်စွာအောင်ပွဲခံနေသော မြန်မာဘောလုံးသမားများ။

...........

ည ၁၁ နာရီ ၃၀ မိနစ်မှာ ဆက်ရေးပါတယ်။

Medal Tally
nocountrygoldsilverbronzesum
1INA170 146 136 452
2THA105 94 118 317
3VIE96 90 100 286
4MAS58 48 77 183
5SIN42 45 73 160
6PHI36 56 77 169
7MYA16 27 34 77
8LAO9 12 36 57
9CAM4 11 24 39
10TLS1 1 6 8
11BRU0 4 7 11
TOTAL5375346881759
                                                  (SEA Games ရဲ့  Website မှ ကူးယူဖေါ်ပြထားတာပါ။)

နောက်ဆုံးရရှိတဲ့သတင်းအရ မြန်မာအားကစားမောင်မယ်များက ဒီကနေ့အဖို့ နောက်ထပ် ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခုနဲ့ ကြေးတံဆိပ် ၆ ခု ရရှိခဲ့ပါတယ်။




နိုဝင်ဘာ ၂၂ ရက် အင်္ဂါနေ့  ညနေ နာရီ ၄၀ မိနစ်။

Medal Tally
nocountrygoldsilverbronzesum
1INA182 151 143 476
2THA108 100 120 328
3VIE96 91 100 287
4MAS59 50 81 190
5SIN42 45 73 160
6PHI36 56 77 169
7MYA16 27 37 80
8LAO9 12 36 57
9CAM4 11 24 39
10TLS1 1 6 8
11BRU0 4 7 11
TOTAL5535487041805
                                                  (SEA Games ရဲ့  Website မှ ကူးယူဖေါ်ပြထားတာပါ။)



၂၆ ကြိမ်မြောက် အရှေ့ တောင်အာရှအားကစား ကွင်းပိတ်ပွဲအခန်းအနားမှ ဓါတ်ပုံများ





မြန်မာအလံတင် အခန်းအနား။ (ဓါတ်ပုံ - TVRI National)


အားကစားဝန်ကြီး ဦးတင့်ဆန်းမှ SEA Games အလံကိုလွှဲပြောင်းရယူအပြီး။ (ဓါတ်ပုံ - TVRI National)


လေလွင့်ဝင့်ကြွား မြန်မာနိုင်ငံတော်အလံများ။ (ဓါတ်ပုံ - TVRI National)




မြန်မာလှပျိုဖြူလေးများ၏ အပျိုတော်ယိမ်း ကကွက်တစ်ကွက်။ (ဓါတ်ပုံ - TVRI National)


မြန်မာတိုင်းရင်းသူလေးများ၏ 'စည်းလုံးညီညာ အောင်ကြောင်းဖြာ' ကဟန်။ (ဓါတ်ပုံ - TVRI National)













မြန်မာယဉ်ကျေးမှုအဖွဲ့မှ သမီးပျိုတစ်ဦး၏ ယဉ်ပေ့ကဟန်။ (ဓါတ်ပုံ - TVRI National)









အထက်ကဓါတ်ပုံများကို အင်ဒိုနီးရှား TVRI National မှ SEA Games ပိတ်ပွဲအခန်းအနားအစီအစဉ်ကို ယနေ့ တိုက်ရိုက်ထုတ်လွှင့်နေစဉ် ကင်မရာဖြင့်ရိုက်ပြီးတစ်ဆင့်ဖေါ်ပြထားခြင်းဖြစ်ရာ ရှင်းလင်းပြတ်သား မှုမရှိတာကို တောင်းပန်ရပါတယ်။


...................................


နိုဝင်ဘာ ၂၃ ရက် ဗုဒ္ဓဟူး ညနေ ၉ နာရီ။



အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ ၂၆ ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲကြီးကတော့ မနေ့ ကပိတ်ပွဲအခန်းအနားနဲ့အတူ ပြီးသွားခဲ့ပါပြီ။

လာမယ့် ၂၇ ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲကြီးကိုတော့ နောက် (၂)နှစ်အကြာ မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပါတယ်။ ကြားသိရတဲ့သတင်းအရ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ပထမပတ်နဲ့ဒုတိယပတ်လောက်မှာ ဖြစ်မှာပါ။ အဝေးမှာရောက်နေကြတဲ့မြန်မာများ ကိုယ့်နိုင် ငံ ကိုပြန်ပြီး ကြုံတောင့်ကြုံခဲဒီပွဲကြီးကို ကြည့်ချင်တယ် အားလည်းပေးချင်သပဆိုရင် ယခုက တည်းက ပြက္ခဒိန်မှာရက်စွဲတေးမှတ်ထားကြပါလို့။    

"အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ"SEA Gamesကို စာရေးသူတို့ငယ်ငယ်က "အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ" (SOUTH EAST ASIAN PENISULAR GAMES - SEAP GAMES) လို့ခေါ်ခဲ့ကြ တာ။ အဲဒီအရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကြီးကို ၁၉၅၉ ခုနှစ်ကတည်းက စပြီးကျင်း ပလာခဲ့တာဖြစ်တယ်။


အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ (၁၉၆၁ ခုနှစ်)






အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ (၁၉၆၉ ခုနှစ်)








အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲကြီးကို စာရေးသူတို့ အလယ်တန်းကျောင်းသားဘ၀ ၁၉၆၁ ခုနှစ်ကတစ်ကြိမ်နဲ့ စာရေးသူတို့ တက္ကသိုလ်တက်နေတဲ့ ၁၉၆၉ ခုနှစ်မှာနောက်တစ်ကြိမ် စုစု ပေါင်း (၂) ကြိမ်တိတိ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ခမ်းခမ်းနားနားနဲ့အောင်အောင်မြင်မြင် လက်ခံကျင်း ပနိုင်ခဲ့တာကို ယနေ့အထိဂုဏ်ယူမဆုံး မျက်စိထဲ မြင်ယောင်နေဆဲပါ။  

...........

25 November 2011 12.30 PM

I felt proud of Myanmar Cultural Troupe's awesome and fantastic dance performances presented recently at the closing ceremony of the 26th Southeast Asian Games in Indonesia. Myanmar dancers had mesmerised the audience with their supple body movements, and graceful, fluid dance steps. The bright colours of Myanmar dancers' outfits combined with the lively music beats gave the audience a glimpse of Myanmar traditional dances and, the thrill and excitement of a real life performance.

It reminded me vividly of cultural dances I watched many years ago at the Open Air Theatre (Lay Har Pyin Zatyone) in Yangon.

I write my latest blog post about SEA Games in English as I am not at home right now and I have not installed Myanmar fonts on my iPhone either. 


...........

နိုဝင်ဘာ ၂၇ ရက် တနင်္ဂနွေ နေ့ ၂ နာရီ။

၂၆ ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲကြီးပြီးသွားတဲ့နောက်ပိုင်းမှာ ဒီအားကစားပြိုင်ပွဲနဲ့ ပတ်သက်လို့ ပြောကြဆိုကြတာလေးတွေ ရှိနေပါတယ်။ 


၂၀၁၃ ခုနှစ် SEA Games အတွက် မြန်မာက စတင်ပြင်ဆင်။ (ဓါတ်ပုံ - Eleven Media Group)

ပါလမ်ဘန်းမြို့နဲ့ဂျကာတာမြို့များ၌ ပူးတွဲကျင်းပခဲ့တဲ့ (၂၆)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲမှာ အာစီယံနိုင်ငံများက အားကစားသမားများအနေဖြင့် သွားရေးလာရေး အခက်အခဲများ၊ တည်းခို ရေးအစီအစဉ်များတွင် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရကြောင်းကို မြန်မာအားကစားအဖွဲ့၏ အုပ်ချုပ် သူ ဦးနော်တောင်က ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ သူက သင်ခန်းစာများရရှိခဲ့ကြောင်းနဲ့ မိမိတို့နိုင်ငံမှာဧည့်ခံကျင်းပတဲ့အခါ ဧည့်သည်အားကစားသမားများ အဲဒီလိုအခက်အခဲများနဲ့အဆင်မပြေ မှုများကြုံတွေ့ကြရလေအောင် အတတ်နိုင်ဆုံးကြိုးပမ်းသွားမယ့်အကြောင်းနဲ့ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ ပြိုင်ပွဲကြီးဖြစ်စေပါမယ်လို့ ပြောကြားခဲ့တယ်ဆိုပါတယ်။


ဟုတ်ပါတယ်။ 

ပြည်တွင်းပြည်ပကမြန်မာများက ဒီထက်မလျော့တဲ့ပြင်ဆင်မှုမျိုးကို အနည်းလေးမျှော်လင့်ထားကြမှာ သေချာပါတယ်။ တစ်ချိန်တည်းမှာ မြန်မာကို အာစီယံနိုင်ငံများနဲ့ကမ္ဘာက လေးလေးစားစားနဲ့သိရှိအ မှတ်ရစေမယ့် ပြင်ဆင်ထားရှိမှုများ၊ အစီအစဉ်တင်ဆက်မှုများနဲ့ အားကစားအောင်နိုင်မှုများကိုလည်း မျှော်လင့်စောင့်စားနေကြမယ်ဖြစ်ကြောင်းပါ။  

...........


နိုဝင်ဘာ ၂၉ ရက် င်္ဂါနေ့  (နတ်တော်လဆန်း ၄ ရက်) 
ည ၈ နာရီ ၂၅ မိနစ်။


၂၇ ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရာ (၂)နှစ်တာကာလပဲ လိုတော့တာဖြစ်လို့မို့ အချိန်အားဖြင့် ဘာမှကြာတော့လှတာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အစိုးရက ပြင်ဆင်မှုအပိုင်းတွေကိုလုပ်နေတာ သတိပြုမိပါတယ်။
 
ယခုလ ၂၇ ရက်နေ့က ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကိုယ်တိုင် တရုတ်ပြည်သူ့သမ္မတတိုင်ငံမှ အားကစားအထွေထွေဗျူရိုဝန်ကြီး H. E. Mr Liu Peng ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်သမ္မ တရုံးတွင် လက်ခံတွေ့ဆုံခဲ့ပါတယ်။  ဒီလိုတွေ့ဆုံရတဲ့အဓိကအကြောင်းကိစ္စကတော့ ၂၇ ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲကြီး မြန်မာမြေပေါ်မှာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံ အားကစားပူးပေါင်းဆောင်ရွက်ကြရေး ဆွေးနွေးခဲ့ကြတာဖြစ်တယ်။    
 
အားလုံးသိကြတဲ့အတိုင်း (မှတ်လည်းမှတ်မိနေကြဦးမယ်လို့ထင်ပါတယ်) တရုတ်နိုင်ငံဟာ Beijing 2008 Olympic Games ကြီးကို ကြီးကျယ်ခန်းနားအောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ပါတယ်။ ဖွင့်ပွဲအခန်းအနားက စိတ်ထဲ မှတ်မှတ်သားသားစွဲထင်ခဲ့ရသလို တရုတ်အားကစားမောင်မယ်များရဲ့ အောင်မြင်မှုကလည်း ပြောစမှတ်ပြုလောက်အောင်ပါပဲ။ ဒီအတွေ့အကြုံတွေကို မြန်မာအနေဖြင့်လေ့လာအတုယူနိုင်ပါမယ်။ နောက်ပြီး ပွဲတော်ကျင်းပရေးအတွက်ကော အားကစားသမားများလေ့ကျင့်ပေးရေးအတွက်ပါ တရုတ်နိုင်ငံမှအတတ်ပညာ နည်းပညာအရပ်ရပ်ကို အကူအညီရယူနိုင်ဖို့ရှိပါတယ်။