"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, October 27, 2012

အပစာယန



စာရေးသူတို့၏ မြန်မာမှုနယ်ပယ်၌ ပုညတြိယ၀တ္တု (၁၀) ပါးဆိုသည့် ကောင်းမှုကာင်းကျိုးများကို လိုလားသူ တိုင်း ပုသင့်ပုထိုက်သာ ကောင်းမှုတရားများဟူရှိကြလေသည်။ 

ယင်းတို့မှာ၊

၁။ ဒါန
၂။ သီလ
၃။ ဘာဝနာ
၎။ အပစာယန
၅။ ဝေယျာဝစ္စ
၆။ ပတ္တိဒါန
၇။ ပတ္တာနုမောဒနာ
၈။ ဓမ္မဿဝန
၉။ ဓမ္မဒေသနာ
၁၀။ ဒိဋ္ဌိဇုကမ္မ ဟူ၍ ဖြစ်ကြကုန်၏။

ပုညတြိယ၀တ္တု (၁၀) ပါးအနက် မိမိထက် အသက်အရွယ်၊ အတွေ့အကြုံနှင့် အကျင့်သိက္ခာကြီးသူများအား ရိုသေလေးစားသမှုပြုခြင်းသည် အပစာယန မည်ပါသည်။ တစ်နည်းဆိုရသော် မိမိထက် အသက်အရွယ် အတွ့အကြုံနှင့်အကျင့်သိက္ခာတို့တွင် တစ်ရက် ၊ တစ်မနက်လေးမျှ ကြီးသောသူများကို ပင် ရိုသေသင့် သည်၊ လေးစားပူဇော်သင့်သည်ဆိုသော အသိလေး ရှိနေကြရမည်ဖြစ်၏။  

ထိုအသိလေးဖြင့် မိမိတို့၏ အမိအဖ၊ အစ်ကို၊ အမ၊ ဦးလေး၊ အဒေါ် စသည့်ဆွေမျိုးများ၊ ဆရာ သမားများနှင့် လူကြီးများအား ကျေးဇူးဆပ်သည့်အနေဖြင့် ရိုသေလေးစားစွာ ပြုစုလုပ်ကျွေးသမှုပြုခင်းသည် အပစာယန မည်သာ ကုသိုလ်ပြုခြင်းဖြစ်ပါလေ၏။ 


၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက်။ (26 October 2012)

မြန်မာလူမျိုးများအနေဖြင့် ယင်းသို့သေကာင်းမှုကာင်းကျိုးများကို ယနေ့ထက်တိုင် နှစ်သက်လိုလား စွဲမြဲစွာ ပုကျင့်လျက်ရှိကြသည်မှာ မြန်မာ့ယဉ်ကျေးမှုအလှတစ်ပါးဟု ဆိုရပေမည်။


မြန်မာသတင်းစာများ၊ မဂ္ဂဇင်းများနှင့် ဂျာနယ်များတွင် အာစရိယပူဇော်ပွဲများနှင့် သက်ကြီးပူဇ်ာပွဲများသ တင်းကို အခါမလပ်ပင် ဖတ်ရှုကြားသိနေရသည်။ ကြားသိနေရသည်မှာ မြန်မာပြည်တွင်း၌သာမဟုတ်မူ ပဲ ရေခြားမြေခားရာက်မြန်မာများကပါ နှစ်စဉ်မပျက်ဆိုသလို ပြုလုပ်ကျင်းပလျက်ရှိကြပေရာ ၀မ်းမြောက် သာဓုခေါ်ဖွယ်ပင်ဖြစ်လေသည်။ မြို့နယ်အလိုက် အသင်းအဖွဲ့များအလိုက် ပညာရပ်ဆိုင်ရာအလိုက်စသဖြင့် အမျိုးမျိုးရှိကြ၏။


ပြီးခဲ့သောဗုဒ္ဓဟူးနေ့ နေ့ခင်း ၁ နာရီခန့်က ကိုဇေယျာထံမှ အက်စ်အမ်အက်စ် ခေါ် ဖုန်းစာလးတစ်စောင် ၀င်လာခဲ့သည်။ စာတွင် လာမည့်သောကြာနေ့၌ မိမိတို့ဇနီးမောင်နှံအား စင်ကာပူနိုင်ငံရောက် ကန့်ဘလူသူ ကန့်ဘလူသား လူငယ်လေးများက လာရောက်ကန်တော့လိုကြာင်း အကြောင်းကြားထားပြီး မိမိတို့ အ ဆင်ပြေမည့် အချိန်အား မေးထားပါသည်။ စာရေးသူက ဇနီးဖြစ်သူနှင့်တိုင်ပင်ပြီး နေ့ခင်း ၁၂ နာရီ၊ ၁ နာ ရီလောက်မှာ အဆင်ပြေကြောင်း အကြာင်းပြန်လိုက်ပါသည်။  
 

၁၃၇၄ ခုနှစ် သီတင်းကျွတ်လဆန်း ၁၃ ရက် (28 October 2012)


သောကြာနေ့ နေ့ခင်း ၁၂ နာရီကျော်မှစပြီး စာရေးသူတို့မြို့ က လူငယ်လေးများ စာရေးသူတို့ အိမ်ကို တစ် သုတ်ပြီးတစ်သုတ် ရောက်လာခဲ့ကြ၏။ မိမိတို့မြို့ ကလူငယ်များအပြင် သူတို့နှင့်ရင်းနှီးသည့် ဧရာဝတီတိုင်း လပွတ္တာမြို့ မှ မိတ်ဆွေလူငယ် ၂ ဦးပါ အဖော်ပါလာခဲ့သည်။ ထိုနေ့က ရာသီဥတုပူသဖြင့် သူတို့ကို အိမ်ရှင် မက ရေ၊အချိုရည်အအေးများဖြင့် ဦးစွာဧည့်ခံကာ ခဏကြသာအခါ လူတွေစုံလာတော့မှ ၂ သုတ်ခွဲလျက် အုန်းနို့ခေါက်ဆွဲဖြင့် ဧည့်ခံရသည်။ 










  
လူအတော်များများလာကြသော်လည်း အချို့ က မြန်မာပြည်သို့ အလည်ပြန်ကြသူပြန်ကြ၊ အစိုးရအလုပ် ပိတ်ရက်ဆိုသော်လည်း အချို့ မှာ အလုပ်လုပ်ကြရသဖြင့် မလာနိုင်ကြပေ။ 



အန်တီ၏လက်ရာ အုန်းနို့ခေါက်ဆွဲကို အားပေးပြီးသောအခါ မိမိတို့မြို့ အကြောင်း၊ သူငယ်ချင်း မိတ်ဆွေများ ကြာင်း ထွေရာလေးပါးပြောကြလျက် မပြန်ခင်မှာ စာရေးသူတို့ဇနီးမောင်နှံအား ကန်တော့သွားခဲ့ကြပါ သည်။ 
 
 
 

Wednesday, October 24, 2012

ပြည်ပနိုင်ငံသား ခံယူထားသော မြန်မာပညာရှင်များ PR အဖြစ်ပြန်လာနိုင်ကြမည်



နိုင်ငံတော်သမ္မတကြီး၏ မကြာခင်က အမေရိကန်ခရီးစဉ်မှာ ပြည်ပနိုင်ငံသားအဖြစ် ခံယူထားတဲ့ မြန်မာပ ညာရှင်များ (ဆရာဝန်ကြီးများ အပါအ၀င်)ကို တွေ့ခဲ့ရပြီး အဲဒီပညာရှင်များက အမိမြန်မာနိုင်ငံသို့ ပြန်လာ လိုကြောင်းနဲ့ ပြန်လာကြတဲ့အခါမှာလည်း မြန်မာပြည်မှာ ကြာကြာနေလိုကြောင်း သမ္မတကြီးကို ပြောပြခဲ့ ကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး သမ္မတကြီးက -

“ဒါကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ခင်ဗျားတို့လာခဲ့ပါ။ ကျွန်တော်တို့ လုပ်ပေးမယ်။ PR စနစ်နဲ့ ဒီရောက်လို့ရှိ ရင် နေဖို့ထိုင်ဖို့အတွက် တိုက်ခန်းဝယ်လို့ရအောင် လုပ်ပေးမယ်။ ဆေးရုံဆေးခန်း ဖွင့်လို့ရအောင် လုပ်ပေး မယ်” ဟု ပြောခဲ့ကြောင်း ကြားသိရပါတယ်။

 

Sunday, October 21, 2012

စာရေးဆရာကြီး မှူးသမိန် ကွယ်လွန်

မနေ့ကထုတ်သည့် မြန်မာသတင်းစာများတွင် စာရေးဆရာကြီး မှူးသမိန်၏ နာရေးကြော်ငြာများကို ဖတ် လိုက်ရသည်။


ကြေးမုံသတင်းစာ (၁၉ ရက် အောက်တိုဘာ)။


ဆရာကြီး မှူးသမိန်သည် အသက် ၉၁ နှစ်တွင် ကွယ်လွန်သွားခဲ့ပြီး အခြားအခြားသော စာရေးဆရာကြီးများ စွာတို့ထက် အသက်လည်းပိုရှည်ကာ စာရေးသက်လည်း ပိုများခဲ့သည်မှန်သော်လည်း စာရေးသားမှုကောင်း သည့်အပြင် အောင်မြင်သောမဂ္ဂဇင်းတစ်စောင်ကို ဖန်းတီးခဲ့လျက် ယနေ့တိုင်ဦးစီးဦးဆောင်ပြုနေသူတစ်ဦး အဖြစ် နှမြောတသ၀မ်းနည်းခြင်း ဖြစ်မိရပါသည်။





စာရေးသူသည် ဆရာကြီးမှူးသမိန်ကို ၁၉၈၂-၈၃ ခုနှစ်များက ၃၃ လမ်းလား ၃၄ လမ်းလား(ကောင်းကောင်း မမှတ်မိတော့) တွင်ရှိသော ပေဖူးလွှာမဂ္ဂဇင်းတိုက်မှာ စတင်တွေ့ဖူးခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က စာရေးသူသည် ကြည့်မြင်တိုင် အရိုးရောဂါအထူးကုဆေးရုံကြီး၌ တာဝန်ထမ်းဆောင်လျက်ရှိပြီး အ လုပ်ပြီးချိန်ညနေပိုင်းတွင် ဘားလမ်းရှိ ကျောက်တံတားသမဆေးခန်းမှာ ဆေးခန်းသွားထိုင်ရင်း တစ်ခါတစ် ခါ ပေဖူးလွှာမဂ္ဂဇင်းတိုက်သို့ လမ်းကြုံ ၀င်လည်တတ်ပါသည်။ တာဝန်ခံအယ်ဒီတာ ဦးခင်မောင်မြင့်၊ အယ်ဒီ တာ ဖျာပုံနီလုံဦးနှင့် အုပ်ချုပ်ရေး မှူးဦးဝင်းနိုင်တို့နှင့် စကားစမြည်ပြောဖြစ်ကြသည်။ အနီးရှိလက်ဘက်ရည် ဆိုင်မှ လက်ဘက်ရည် မှာသောက်သည့်အခါ မှာသောက်ကြလျက် သူတို့အချိန်ရက သွားသောက်တတ်ကြ ပါသည်။

ပေဖူးလွှာမဂ္ဂဇင်းကို ပြန်လည်ဦးစီးထုတ်ခဲ့သူ ဦးမြလှိုင်(ဗိုလ်မှူး-ငြိမ်း)နှင့် စာရေးဆရာမာင်သော်က (ဗိုလ်မှူး ဘသာ်-ငြိမ်း) တို့ကိုမူ တစ်ခါတစ်ခါ တိုက်မှာ တွေ့ရတတ်သည်။ ဆရာကြီးမှူးသမိန်က တာဝန်ခံအယ်ဒီတာ ဦးခင်မောင်မင့်၏ အကူအညီဖြင့် မဟေသီမဂ္ဂဇင်းကို စတင်ထူထောင်ထုတ်ဝေတော့လည်း ဦးခင်မောင်မြင့် ထံ အလည်အပတ်ရောက်ရင်း ဆရာကြီးမှူးသမိန်ကို တွေ့ရတတ်၏။   

မိမိဖတ်ခဲ့ဖူးသော ဆရာကြီး၏စာများတွင် ဆရာကြီး၏ကလောင်ခွဲတစ်ခုဖြစ်သည့် ‘ယိမ်းနွဲ့ပါး’ ကလောင်အ မည်ဖင့်ရေးခဲ့သော “ခါကာဘို ခရီးသည်” စာအုပ်ကို မှတ်မှတ်ရရ အဖြစ်ဆုံးပါ။ ဤစာအုပ်တွင် ဆရာကြီး သည် နိုင်ငံတ်ာအစိုးရ၏ တာဝန်ပေးမှုအရ တပ်မတော်အရာရှိတစ်ဦးအဖြစ် ၁၉၅၄-၁၉၅၆ ခုနှစ်များက သူ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံနယ်စပ်တစ်လျှောက်ရှိ ‘ယိမ်းနွဲ့ပါး စစ်တံခွန်’ ခရီးစဉ်တစ်ခွင်မှ စိတ်ဝင်စားဖွယ်အ တွေ့အကြုံများကို ပြန်ပြောင်းရေးသားဖော်ပြထားခြင်းဖြစ်၏။ 

တစ်နှစ်ပတ်လုံး တောင်ထိပ်တွင် ရေခဲများဖုံးလွှမ်းလျက်ရှိနေပြီး သာယာလှပသော ခါကာဘိုရာ ဇီတောင် ကီးနှင့် ဧရာဝတီမစ်ဖျားဒေသအကြောင်းတို့ကို မိမိကိုယ်တိုင် ရောက်ရှိမြင်တွ့နေရသည့်အလား တအံ့ တသြဖတ်ရှုသိရှိခဲ့ရသည်။


တစ်နိုင်ငံတည်းနေ တစ်ရေထဲသောက် မိမိတို့၏ တောင်ပေါ်ဒေသတိုင်းရင်းသားသွေးချင်းများဖြစ်ကြသည့် ခန္တီးရှမ်း၊ ရ၀မ်၊ မြန်မာပြည်၏ ဂျစ်ပစီဟုခေါ်ဆိုနိုင်သော လီဆူးတိုင်းရင်းသားများ၊ မြန်မာပြည်၏ ပစ်ဂမ ဟု ခေါ်ဆိုနိုင်သာ ထရုံလူပုကလေးများ၊ တောလိုက်မုဆိုးကျော်ဖြစ်သော ထလုတိုင်းရင်းသားများ၊ မြန်မာ တို့ ကိုးကွယ်သော ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ခြားနားမှုရှိသော မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ သည့် မြန်မာပြည်မြောက်ဖက်စွန်းရှိ တိဗက်တိုင်းရင်းသားများအကြောင်းတို့ကို ဆရာကြီးမှူးသမိန်သည် လှလှပပခြယ်မှုန်းရေးသားခဲ့ပါသည်။

 

၁၃၇၄ ခုနှစ် သီတင်းကျွတ်လဆန်း ၁၂ ရက် စနေနေ့(27 October 2012)

ရာကြီးမှူးသမိန်ကို စာရေးသူ နောက်ဆုံးတွေ့ခဲ့ရသည်မှာ စင်ကာပူနိုင်ငံ တိုပါးယိုးအရပ်တွင်ရှိသည့် မြန် မာဘုန်းတော်ကြီးကျောင်း ဖစ်လေသည်။ ကျာင်းတော်ကြီး တည်ဆာက်ပြီးစီးစအချိန်ကလောက်ဟု ထင်ပါသည်။ ကျောင်းတော်ကြီး၏ အစည်းအဝေးတစ်ခုမှာ ဖြစ်သည်။ ထိုစဉ်က ဆရာကြီးဇနီးလည်း ဆ ရာကြီးနှင့်အတူ လိုက်ပါခဲ့ပါသည်။ အစည်အဝေးပြီးသောအခါ ဆရာကြီး၏မိသားစုနှင့် စကားပြောခွင့် အ နည်းငယ် ရခဲ့ပါသည်။ မိမိနှင့်ရင်းနှီးသာ ပေဖူးလွှာဝိုင်းတော်သားများဖြစ်ကြသည့် ဦးခင်မောင်မြင့်၊ ဖျာပုံ နီလုံဦးနှင့် ဦးဝင်းနိုင်။ နောက်ပြီး မိမိနှင့် တရင်းတနှီးမဟုတ်သော်လည်း မဂ္ဂဇင်းတိုက်တွင် မျက်မှန်းတန်း ခဲ့သာ အယ်ဒီတာကိုဝင်းငြိမ်းနှင့်ကိုမျိုးမြင့်ငြိမ်းတို့ ညီအစ်ကိုများ။ 

အာက်တွင် ဆရာကြီးနှင့် အမှတ်တရဓာတ်ပုံလေးကို တွေ့နိုင်ပါ၏။

ယင်းဓာတ်ပုံနှင့် အောက်ပါစာပုဒ်လေးမှာ ၂၀၁၁ ခုနှစ် ဧပြီလ ၆ ရက် ရက်စွဲဖြင့် ကျွန်းသာယာတွင် စာရေး သူ ရေးသားခဲ့သော  မိမိသိသောဆရာကြီး၏ အမှတ်တရရုပပုံလွှာတစ်ချပ် ဖြစ်ပါသည်။

 

စာရေးဆရာကြီးမှူးသမိန်

စာရေးဆရာကြီးမှူးသမိန်(စားပွဲထိပ်တွင်ထိုင်နေသူ)အား တိုပါးယိုးရှိ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အစည်းအဝေးတစ်ခုတွင် စာရေးသူ (ယာဖက်ထိပ်)နှင့်အတူ။ (26 July 1992)


စာရေးဆရာကြီးမှူးသမိန်(ဗိုလ်မှုးကြီးစောမြင့်- ငြိမ်း)ကို စာရေးသူက ပေဖူးလွှာမဂ္ဂဇင်းတိုက်
မှာ ပထမဆုံး စပြီးတွေ့ခဲ့ဖူးတာဖြစ်တယ်။ အဲဒီတုန်းက စာရေးသူက ပေဖူးလွှာမဂ္ဂဇင်းထုတ်ဝေ
သူ ဦးမြလှိုင်နဲ့ တာဝန်ခံအယ်ဒီတာ ဦးခင်မောင်မြင့်တို့ဆီ အရောက်အပေါက်များခဲ့ပြီး ဦးမြလှိုင်
နဲ့ရင်းနှီးကျွမ်းဝင်တဲ့ ဆရာကြီးကိုပါတွေ့ပြီး သိရှိခဲ့ရတယ်။ ဟိုတုန်းက မဂ္ဂဇင်းများမှာပါရှိခဲ့တဲ့ 
ဆရာကြီး၏ ဒေသန္တရ ခရီးသွားဆောင်းပါးများကို စာရေးသူ များစွာနှစ်ခြိုက်မိခဲ့ပါတယ်။ အဲဒီ
ဆောင်းပါးတွေထဲက ဆရာကြီး တာဝန်ဖြင့်ခရီးသွားရင်းကြုံတွေ့ခဲ့ရတဲ့တိုင်းရင်းသားလူမျိုးများ အကြောင်းနဲ့  သူတို့ရဲ့ဓလေ့ထုံးစံများအကြောင်းဟာဖြင့် နယ်ခြားဒေသတွေကိုအရောက်အပေါက် မရှိဖူးသူများအတွက် အလွန်ပင် စိတ်ဝင်စားစရာ ကောင်းပါတယ်။  

ဆရာကြီးက "ယိမ်းနွဲ့ပါး"ဆိုတဲ့ တစ်ခြားကလောင်အမည်နဲ့ပါ ဆောင်းပါးများနဲ့ လုံးချင်းဝတ္တု များကို ရေးသား ခဲ့ပါသေးတယ်။ ၁၉၆၂ ခုနှစ်က တော်လှန်ရေးကောင်စီအစိုးရလက်ထက် တွင် ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့ပြီး လုပ်သားပြည်သူ့နေစဉ်သတင်းစာကို မြန်မာနှင့်အင်္ဂ လိပ်နှစ်စောင် ထုပ်ဝေနိုင်ခဲ့တာဖြစ်တယ်။

ငယ်စဉ်ကျောင်းသားဘ၀ကတည်းက မျိုးချစ်စိတ် နိုင်ငံချစ်စိတ်များရင့်သန်ခဲ့ပြီး ကျောင်းသား အရေးတော်ပုံများ၌ တက်တက်ကြွကြွပါဝင်ခဲ့ကာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ နဲ့ ကျောင်းသား သံမဏိတပ်ဗိုလ်များအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း မှတ်သားရဖူးပါ တယ်။ 

ယခုအခါတွင် မဟာသန္တိသုခ ဗုဓ္ဒသာသနာပြုကျောင်းတော်ကြီးရဲ့ ဂေါပကအဖွဲ့ဥက္ကဋ္ဌအဖြစ်
 ဆောင်ရွက်နေကြောင်း ကြားသိရပါတယ်။


ဆရာကြီး မှူးသမိန်ကွယ်လွန်သွားသည့်အတွက် ဆရာကြီး၏မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်နည်းကျ ကွဲခင်း ဖြစ်ရကြောင်းပါ။ 



Thursday, October 18, 2012

အသွင်သစ် အမြင်ဆန်းသည့် ရောင်စုံမြန်မာသတင်းစာများ



 

 

 

 

 

ဒီကနေ့ အလုပ်နားချိန်တွင် မြန်မာသတင်းစာဖတ်ရန် MRTV-3 Program ၏ သတင်းစာများ စာမျက်နှာကို ဖွင့်လိုက်သောအခါ ... နီဝါစိမ်းပြာ ဆေးရောင်စုံဓာတ်ပုံများနှင့် ခေါင်းစီးစာသားများ ဖြင့် အမြင်ဆန်း အသွင်ဆန်းနေသည့် သတင်းစာမျက်နှာများကို ဘွားကနဲ မြင်တွေ့လိုက်ရပေရာ စိတ်မှာ ကြည်နူးရွှင်ပြခြင်း ဖြစ်မိပါသည်။

ရောင်စုံသတင်းစာများ ထွက်ရှိမည့်အကြောင်းကို ပြီးခဲ့သောအပတ်ကတည်းက သိရှိထားခဲ့ သော်လည်း ယခုကဲ့သို့ အမှတ်တမဲ့ တွေ့မြင်လိုက်ရသောအခါ ဤစာရေးသူသည် ၀မ်းသာအံ့ သြခြင်း မဖြစ်ပဲ မနေနိုင် ခဲ့ပါချေ။

 

 

မိမိသည် ငယ်စဉ်ကတည်း သတင်းစာဖတ်ကာ ကြီးပြင်းလာ ခဲ့ပြီး နောင်တွင် အရွယ်ရောက်လာသောအခါ သတင်းစာ မဖတ်ရလျှင် မနေနိုင်သည့်အထုံ စွဲမြဲစွာ ရှိလာခဲ့ပါသည်။ 

စာဖတ်များရာမှ စာရေးခြင်းဝါသနာရှိလာပြီး စာများရေး လာသာအခါတွင်လည်း ထိုစဉ်က အစိုးရထုတ် သတင်းစာ များဖြစ်ကြသည့် လုပ်သားပြည်သူ့နေ့စဉ်၊ ကြေးမုံနှင့် မြန် မာ့အလင်းသတင်းစာ ၃ စောင်တို့ ဆေးပညာပေးဆောင်း ပါးများ ရေးဖြစ်ခဲ့သည်။ 

 

 

မြန်မာပြည်မှထွက်လာခဲ့ပြီးနောက် မြန်မာသတင်းစာများတွင် စာများ မရေးဖြစ်တော့သလို လက်လှမ်းမမီ သဖြင့် သတင်းစာများလည်း မဖတ်ဖြစ်တော့ပေ။ သို့တစေ နောက်ပိုင်းတွင် အင်တာနက်မှာ မြန်မာသတင်း စာများကို တင်လာသောအခါ မှန်မှန်ကြီး ပြန်ဖတ်ဖြစ်ခဲ့ပါသည်။  

အမှန်အတိုင်းဆိုရသော် ဟိုတစ်ချိန်က မြန်မာသတင်းစာများကို ဖတ်ကြရာတွင် ဖတ်သူတို့ သည် ‘ရွေးဖတ်’ ‘ကျော်ဖတ်’ ‘လုံးဝမဖတ်’ အစရှိသည့် ဖတ်နည်းမျိုးစုံသုံးလျက် ဖတ်ခဲ့ကြရလေသည်။ ရွေး၍ဖတ်ကြသည်မှာ ရပ်ရးရွာရေးနှင့် သာရေးနာရေးစသည့် လူမှုရေးသတင်းများနှင့် ကျန်းမာရေးဆောင်းပါးများဖြစ်ပြီး၊ ကျော် ဖတ်ကြ လုံးဝမဖတ်ကြသည်မှာ ၀ါဒဖြန့်မှုများ၊ မိန့်ခွန်းများ၊ မဟုတ်မဟတ်သတင်းများနှင့် အစိုးရနှင့်ပါတီအ ကြိုက် မြှောက်ပင့်ဖားရေးထားသောဆောင်းပါးများဖစ်ကြ၏။ ဖတ်စရာက နည်းနည်း။ မဖတ်စရာက များများ။ သို့သော် The Working People’s Daily နှင့် The Guardian ကဲ့သို့ သော အင်္ဂလိပ်သတင်းစာများတွင် ကား နိုင်ငံခြားသတင်းများနှင့် ဗဟုသုတဖြစ်ဖွယ်နိုင်ငံရပ်ခြားဆောင်းပါး အတော်များများ ထည့်သွင်းပေးထား သဖြင့် ဖတ်စရာရှိ၍ တော်ပေသေး၏။   

ယခုတော့ သတင်းစာများ တစ်ခေတ်ပြောင်းစပြုပြီဟု ဆိုနိုင်အံ့ထင်ပါသည်။

သတင်းစာခေါင်းကြီး ခေါ် အယ်ဒီတာ့အာဘော်များနှင့် သတင်းအရေးအသားအချို့ ပြောင်းလာ၏။ ဆောင်း ပါးများ ရွေးခြယ်တင်ပြမှု ပြောင်းလာ၏။ ဓာတ်ပုံများ ဖော်ပြမှု ပြောင်းလာ၏။ ယခင်ခေတ်အဆက်ဆက်ကလို အစိုးရ၏အသံ သက်သက်ချည်း မဟုတ်လေတော့။ လူထု၏အမြင် လူထု၏ ဆန္ဒနှင့်အသံများကို နည်းနည်း ချင်း တဖြည်းဖြည်းချင်း ထည့်သွင်းဖော်ပြလာသည်ကို သတိပြုမိသည်။ အားလုံးကို အများကြီး အမြန်ကြီး တစ်ချိန်တည်း ပြောင်းလဲခြင်းမျိုး မဟုတ်သော်လည်း ပြောင်းလဲစပြုနေပြီဖြစ်ကြောင်း ခံစားသိရှိနိုင်သည်။  

 

၁၃၇၄ ခုနှစ် သီတင်းကျွတ်လဆန်း ၁၂ ရက် စနေနေ့(27 October 2012)

ယနေ့ထုတ် The New Light of Myanmar သတင်းစာမှ စာမျက်နှာအချိုကို ဖြည့်စွက်ထည့်ပေးထားပါ သည်။ မူလသတင်းစာပါ ဓာတ်ပုံများမှာ ယခုထက်ပိုမိုကြည်လင်ပြတ်သားမှု ရှကြပါသည်။

 

 

 

 

 

 

Monday, October 15, 2012

မြန်မာပြည်မှ ဓာတ်ပုံသတင်းနှင့် ကြော်ငြာများ




အင်းလေးဖောင်တော်ဦး ဘုရားပွဲ 

အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂ ရက်နေ့ အထိ။


မြန်မာသတင်းစာများ အဖြူအနက်မှ ကာလာရောင်စုံသို့





မြန်မာပြည်မှာ အမျိုးသမီးများ ကားတွယ်စီးကြရကုန်ပြီ




ရှေးရှေးက ထီလက်မှတ် 






၁၃၇၄ ခုနှစ်၊ သတင်းကျွတ်လဆန်း ၅ ရက် စနေနေ့။ 20 October 2012

ထူးထူးခြားခြား အမည်တူသူ နှစ်ဦး၏ နာရေးကြော်ငြာ

အောက်တိုဘာလ ၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၉ မှာ အမှတ်မထင် တွေ့လိုက်ရတာ ကတော့ နာမည်တူသူ ၂ ဦးရဲ့  နာရေးကြော်ငြာများပဲဖြစ်ပါတယ်။ စာရေးသူက ကိုယ့်မျက်စိကို ကိုယ်မ ယုံတာကြောင့်  မိဖ နေရပ်လိပ်စာနဲ့ အသက်တွေကို စစ်ကြည့်မိပါတယ်။ သတင်းစာမှာ ထည့်ထားတဲ့ နာရေးကြော်ငြာ ၂ ခုကလည်း အပေါ်အောက် ခပ်နီးနီးရှိနေတာမို့ (သတင်းစာတိုက်က တမင်ထည့်ပေး ထားတာလည်း ဖြစ်နိုင်ပါတယ်။) တိုက်ကြည့်ရတာ အဆင်ပြေပါတယ်။ ကွယ်လွန်သွားကြတဲ့ရက်တွေက လည်း တိုက်တိုက်ဆိုင်ဆိုင်ကြီးကို တစ်ရက်ထဲပဲ ဖြစ်နေခဲ့ပြန်ပါတယ်။  

တစ်ဦးက ရန်ကုန်မြို့  ကန်တော်ကလေးကဖြစ်ပြီး အသက်က ၅၀နှစ်ပါ။ အလုပ်အကိုင် ဖော်ပြထားတာ မတွေ့ရပါဘူး။ နောက်တစ်ဦးကတော့ သရက်မြို့  ဇာတိဖြစ်ပြီး အသက်က ၄၇ နှစ်ပါ။ တပ်မတော်မှ အရာ ရှိတစ်ဦး ဖြစ်ပါတယ်။  သူတို့ ၂ ဦးရဲ့ နာမည်များမှာ ...

ဦးအောင်ဇော်ဦးနဲ့ ဗိုလ်မှူးအောင်ဇော်ဦးတို့ ဖြစ်ကြပါတယ်။ 
 


Saturday, October 13, 2012

မွေးနေ့



ပြီးခဲ့သောအင်္ဂါနေ့ (၉ ရက် အောက်တိုဘာ)သည် အနောက်တိုင်းပြက္ခဒိန်အရ မိမိ၏ မွေးနေ့ ဖြစ်သည်။ 

 

သမီးနှင့်သားတို့က မွေးနေ့ကိတ်ဝယ်ခဲ့ပြီး ဓာတ်ပုံရိုက်တော့မည်ဖြစ်သဖြင့် အမေကြီးက အဖေကြီး၏ ဆံပင်များကို သေသပ်အောင် ယခုလို လုပ်ပေးခဲ့သည်။ (9 October 2012)

 

မြန်မာပြက္ခဒိန်အရမူ မိမိ၏မွေးနေ့မှာ သီတင်းကျွတ်လဆန်း ၇ ရက်ဖြစ်လေရာ အနောက်တိုင်း ပြက္ခဒိန်နှင့် ဆိုက ယခုလ ၂၂ ရက်(တနင်္လာနေ့)တွင်မှ မွေးနေ့ရောက်ပါမည်။ မည်သည့်နေ့ ရက်ပင် ဖြစ်နေပါစေ သီ တင်းကျွတ်လနှင့်အောက်တိုဘာလတို့သည် တစ်လတည်းကျနေကြသည့် မိမိ၏မွေးလများပင် ဖြစ်နေကြပါ ၏။   

တပည့်မလေး တင်စန္ဒာဝင်းက စာရေးသူ၏မွေးနေ့အတွက် မြန်မာပြည်မှ sms လှမ်းပြီးပေးပို့ ရာတွင် Happy Birthday Sayar ဟု အစချီလျက် အောက်ပါစာသားလေးကို ထည့်ရေးထားပါသည်။

You are older today than yesterday, but younger than tomorrow. ပါတဲ့။

မှန်ပါသည်။

လူ့အသက်အား နေ့ ရက် ကိန်းဂဏန်းများအရ ရေတွက်ပါက ကိန်းဂဏန်းများ၏နှိုင်းရှည့်တန်ဖိုးဖြစ်သော ကြီးသည် ငယ်သည် များသည် နည်းသည် စသည်တို့ကို ရမည်ဖြစ်သည်။တကယ်က လူ့အသက် ငယ်ခြင်း ကြီးခြင်းဟူသည် ကိန်းဂဏန်းအပိုင်းအခြားထက် ရင့်ကျက်မှု အတွေ့အကြုံစသည့်လူ့အရည်အသွေးများက ပို၍အရေးကြီးသည်ဖြစ်၏။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ မိမိတို့၌ ဘ၀အတွေ့အကြုံများ စုံလာ များ လာခဲ့သည်။

ထွေလီကာလီကြုံတွေ့လာရသည့် အတွေ့အကြုံများမှ ဘ၀အသိများ ဘ၀သင်ခန်းစာများ ရလာခဲ့သည်။ ယင်း ဘ၀အသိများ ဘ၀သင်ခန်းစာများမှ ယူတတ်သူများအဖို့ ရင့်ကျက်မှုနှင့် အသိအလိမ္မာများ တိုးပွားလာလေ သည်။ မယူတတ်ကြသူများအဖို့ကား ကိန်းဂဏန်းကြီးရုံသက်သက်သာဖြစ်လျက် ဘ၀အသိနှင့်ရင့်ကျက်မှု သိမ်ငယ်နေဆဲပင်ဖြစ်လေသည်။

သို့ဖြစ်ပေရာ မိမိသည် မွေးနေ့ရောက်လေတိုင်း အသက်တစ်နှစ်ကြီးလာလေတိုင်း မိမိ၏ဘ၀အတွေ့အကြုံ များမှ ဘ၀အသိများနှင့်ဘ၀သင်ခန်းစာများ ရယူနိုင်ရန် အားထုတ်မှု ပြုပါသည်။

ထို့အပြင် မိမိသည် ပင်စင်ယူပြီးသော်လည်း ယနေ့တိုင် အချိန်ပြည့် အလုပ်လုပ်လျက်ရှိနေပေသေးရာ မိမိ တတ်ကျွမ်းသည့်အကြောအဆစ်ကုဆေးပညာ (physiotherapy) ဖြင့် လူများအား ရောဂါဝေဒနာတို့မှ သက် သာပျောက်ကင်းစေရေးအတွက်လည်းကောင်း၊ စာရေးဆရာတစ်ဦးအနေဖြင့် မိမိ၏စာဖတ်ပရိသတ်အတွက် အသိပညာပေးသော အင်အားသတ္တိပေးသောစာများ ရေးသားလျက်လည်းကောင်း မွေးနေ့များစွာကို ဆက် လက်ဖြတ်သန်းရပေဦးမည်ဟု ယုံကြည်ထားပါသည်။  

   

Friday, October 12, 2012

စာရေးဆရာ မောင်ဝံသ စင်ကာပူ၌ ဆေးကုသမှုခံယူ



ပြီးခဲ့တဲ့စနေနေ့(၆ ရက် အောက်တိုဘာ) နေ့ခင်းမှာ စာရေးဆရာမောင်ဝံသမိသားစု တည်းခိုနေတဲ့ Bedok ကအိမ်ကို လူမမာသွားမေးခဲ့ပါတယ်။ စာရေးသူတို့ဇနီးမောင်နှံနဲ့ The Voice Weekly ဂျာနယ် အယ်ဒီတာ ချုပ် ကိုကျော်မင်းဆွေရဲ့ မိခင် ဒေါ်ဌေးဌေးတို့ အတူတူသွားခဲ့ကြ တာဖြစ်တယ်။  

စာရေးသူသည် ဆရာမောင်ဝံသကို သူ့စာများ သူ့လုပ်ဆောင်ချက်များမှတစ်ဆင့် သိခဲ့ရပြီး လူချင်းကတော့ ယခုမှ ပထမဆုံးအကြိမ် တွေ့ကြတာဖြစ်ပါတယ်။ သူကလည်း စာရေးသူကို မိမိရဲ့ စာများမှတစ်ဆင့် သိခဲ့ရ တာပါ။ ဆရာမောင်ဝံသနဲ့ ကိုကျော်မင်းဆွေရဲ့ ဖခင် ဦးမြင့်ဆွေတို့က ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ ကတည်းက ရင်းနှီးခဲ့ကြတာဖြစ်တယ်။ ဦးမြင့်ဆွေကရန်ကုန်ကနေစာရေးသူထံဖုန်းဆက်ပြီး ဆရာမောင်ဝံသ စင်ကာပူရှိ Mount Elizabeth Hospital မှာ ဆေးကုသမှု ခံယူနေတဲ့အကြောင်း၊ တည်းခိုနေတဲ့အိမ်မှာ သွားတွေ့ပြီး အားပေးပေးရန်၊ သူကလည်း မိမိကို သိရှိပါ ကြောင်းနဲ့ ဆက်သွယ်ရန် တယ်လီဖုန်းနံပတ်များ ပါ ပေးပါတယ်။

စာရေးသူတို့ ၃ ဦး ဆရာမောင်ဝံသ တည်းခိုနေတဲ့ Bedok က အိမ်ကိုရောက်တော့ ဒီမှာလာပြီး အလုပ် လုပ်နေတဲ့ ဒေါက်တာဦးအောင်မျိုး အရင်ရောက်နှင့်နေတာ တွေ့ရပါတယ်။ သူက မြန်မာပြည်မှာတုန်းက ကင်ဆာရောဂါအထူးကုဆရာဝန်ကြီးအဖြစ် အလုပ်လုပ်ခဲ့ပြီး ဒီကိုလာခဲ့တာဖြစ်တယ်။ သူကို ဆရာမောင်ဝံ သက စာရေးသူနဲ့မိတ်ဆက်ပေးတော့ စာရေးသူရေးခဲ့တဲ့ ဆေးပညာပေးဆောင်းပါးများကို မှတ်မှတ်ရရ ဖတ်ခဲ့ဖူးကြောင်း သူက ပြောပါတယ်။ 

ဆရာမောင်ဝံသကို သူ့မိသားစုနဲ့အတူ ထူထူထောင်ထောင်သွက်သွက်လက်လက်နဲ့ ရယ်ရယ်မောမော စ ကားပြောဆိုနေတာ တွေ့ရတော့ သူ နေမကောင်းဖြစ်နေတယ်ဆိုတာကို အစကသာကြိုပြီးသိမထားခဲ့ရင် သူလိုငါလို နေကောင်းနေတယ်လို့ပဲ ထင်မိမှာပါ။ ဆရာမောင်ဝံသကိုယ်တိုင်က  သူ၏ကျန်းမာရေးအခြေ အနေနဲ့  လောလောဆယ် ဆေးကုသမှုခံယူနေရတဲ့အကြောင်းတွေကို စာရေးသူတို့အား ပြောပြပါတယ်။

ဒီနောက်မှာတော့ မြန်မာပြည်က စာပေလောကအကြောင်း အထူးသဖြင့်တော့ မကြာခင်ကမှ အောင်မြင် စွာဖွဲ့စည်းပြီးသွားခဲ့တဲ့ ပူပူနွေးနွေး မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ)အကြောင်း ပြောဖြစ်ကြပါတယ်။

သူ့ရောဂါအခြေအနေကို အမှန်အတိုင်းသိရှိထားပြီး ရှိနေတဲ့အတိုင်းလည်း ဆရာမောင်ဝံသက သတ္တိရှိရှိနဲ့ ရင်ဆိုင်လက်ခံထားပါတယ်။ အနာသိရင် ဆေးရှိတယ်ဆိုသလို လိုအပ်တဲ့ဆေးဝါးကုသမှုများ ရယူပြီး လုပ် လက်စနဲ့ လုပ်စရာရှိသည်များကို ရနိုင်သမျှအချိန်အတွင်း တိုင်းပြည်နဲ့လူမျိုးအတွက် လုပ်ပေးသွားချင်တဲ့  ဆန္ဒ ဆရာ့မှာ ပြင်းပြစွာရှိနေကြောင်း သိရှိနားလည်ခဲ့ရပါတယ်။

ဆရာရဲ့ သတ္တိနဲ့ စိတ်ဓာတ်တွေက သံမဏိပါ။ 

ဆရာမောင်ဝံသ မြန်မြန်ကျန်းမာရေးကောင်းမွန်လာပြီး တိုင်းပြည်နဲ့လူမျိုးအတွက် စာပေတာဝန်နှင့် နိုင် ငံရေးတာဝန်များ ဆက်လက်ထမ်းရွက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဆန္ဒပြုလိုက်ရပါတယ်။

 

 

Thursday, October 11, 2012

စာအကြွေး



ပြီးခဲ့တဲ့တနင်္လာနေ့က မြန်မာပြည်မှ မိတ်ဆွေထံက အီးမေးရလို့ မှာထားတဲ့စာအုပ်တွေ ပို့ပေးလိုက်ပြီလို့ သိ ရတယ်။ အဲ မနေ့ကတော့ ပင်နင်စူးလားဆိုင်က စာအုပ်တွေရောက်လာပြီမို့ လာယူဖို့အကြောင်းကြားတာနဲ့ ဒီနေ့သွားယူဖြစ်တယ်။ မိမိတို့က နေလစာပေဖြန့်ချိရေးမှာ မှာထားတဲ့စာအုပ်တွေအပြင် မင်္ဂလာဒုံမှာရှိတဲ့ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် (Military Institute of Nursing and Paramedical Sciences) က ပါမောက္ခချုပ်နှင့်သင်ကြားရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးခင်ဇော်မှ စာရေးသူအား အမှတ်တရပေးလိုက်တဲ့ အင်္ဂလိပ်ဘာသာထုတ် ဆေးပညာစာစောင် (Bulletin of Continuous Personal and Professional Development) ပါ ပါရှိခဲ့ပါတယ်။ 

 

 

ပါမောက္ခဗိုလ်မှူးကြီးခင်ဇော်သည် မန္တလေးဆေးတက္ကသိုလ် ဆေးကျောင်းသားဘ၀ကတည်းက ‘နိုင်ဇော်’ ဆိုတဲ့ ကလောင်အမည်နဲ့ ရှုမ၀မဂ္ဂဇင်းမှာ ၀တ္တုတိုလေးများ ရေးခဲ့ပါတယ်။ ဗိုလ်မှူးကြီးခင်ဇော်နဲ့ စာရေးသူ တို့သည် လူချင်းတွေ့ဆုံသိကျွမ်းခြင်း မရှိကြခင်ကတည်းကပင် ကလောင်ချင်းသိနေခဲ့ကြတာဖြစ်ပါတယ်။ 

ဒါကြောင့် စာရေးသူ မြန်မာပြည်ကို အလည်ပြန်ခဲ့တဲ့တစ်နှစ်မှာ တပ်မတော်သူနာပြုနှင့် ဆးဘက်ပညာ တက္ကသိုလ်က အကြောအဆစ်ကုပညာရပ်(Physiotherapy)ဆိုင်ရာကျောင်းသားများနဲ့တွေ့ရင်း နေ့ လည်စာစားဖို့ ဗိုလ်မှူးဒ်ါမိမိရီမှ စီစဉ်ခဲ့တာကို ဗိုလ်မှူးကြီးခင်ဇော်က သိတဲ့အခါ စာရေးသူကို တကူးတက လာတွေ့ပြီး နေ့လည်စာ အတူစားရင်း စကားတွေပြောဖစ်ခဲ့ကြပါတယ်။  

အဲဒီတုန်းက ဗိုလ်မှူးကြီးခင်ဇော်က စားပွဲ ၂ ၀ိုင်းစာနေ့လည်စာအတွက် ကျခံပေးခဲ့တဲ့အပြင် သူရေးထားတဲ့ စာအုပ်အချို့ နဲ့ တက္ကသိုလ်ကထုတ်တဲ့ ဆေးပညာစာစောင်တစ်အုပ်ပါ လက်ဆောင်ပးခဲ့ပါသးတယ်။ ဆး ပညာစာစာင်ပေးရင်း ဗိုလ်မှူးကြီးက စာရေးသူအား စာမူရေးပြီး ပို့ပေးဖို့ မှာလိုက်ပါတယ်။ 

စာရေးသူကလည်း စာစောင်လေးကို ဟိုလှန်ကြည်ဒီလှန်ကြည့်ပြီး စိတ်ဝင်စားတာနဲ့ ရေးပေးဖြစ်လိမ့်မယ်လို့ မိမိကိုယ်ကိုယုံကြည်မိတာဖြစ်တာကြာင့် ရေးပို့ပေးမယ့်အကြောင်း ပြောခဲ့ပါတယ်။

သို့ပေမယ့် ယနေ့တိုင် မရေးပေးဖြစ်သေးတာမို့ စာအကြွေးတင်နေဆဲ အားနာမိရဆဲ ဖြစ်ကြာင်းပါ။ 

 


 

Wednesday, October 10, 2012

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကွယ်လွန်



တရုတ်ပြည် ကူမင်းမြို့ မှာ နေထိုင်လျက်ရှိသော ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်ခဲ့ပြီး ဗမာပြည် ကွန်မြူနစ်ပါတီခေါင်းဆောင်တစ်ဦးလည်းဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောသည် ဒီကနေ့ မနက်စောစော ၃ နာရီခွဲက ကူမင်းမြို့ဆေးရုံကြီးတွင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း သ တင်းရရှိခဲ့ပါတယ်။ 

Source: ပြည်ထောင်စုကို ဒို့ချစ်သည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် သူရဲ့ နောက်ဆုံးဆန္ဒအဖြစ် ရန်ကုန်မြို့ ရှိ ရွှေတိဂုံဘုရား ကြီးအား လာရောက်ဖူးမြော်လိုကြောင်း လွန်ခဲ့တဲ့လထဲက ပြောကြားခဲ့ပါသေးတယ်။ သူ့အနေနဲ့က မြန်မာနိုင်ငံအစိုးရ၏ နာမည်ပျက်စာရင်းမှ ပယ်ဖျက်ထားခြင်းမရှိသေးတာကြောင့် မြန်မာနိုင်ငံသို့တရားဝင် ပြန်လာလို့ မရပါဘူး။

သို့ပေမယ့် ဗိုလ်မှူးချုပ်ကျော်ဇောရဲ့  နောက်ဆုံးဆန္ဒကိုကြားသိရလို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က သူ့ကို ရဲဘော်သုံးကျိပ်ဝင်တစ်ဦးအဖြစ် ပြန်လာခွင့်ပြုလိုက်ပါတယ်။ ကျန်းမာရေးအခြေအနေ မကောင်းရာမှ ဆိုးဝါးသွားပြီး အသက် ၉၃ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပါတယ်။ 



Saturday, October 6, 2012

ခန္ဓာဗေဒဘာသာရပ်ကို သုံးဖက်မြင် ရုပ်လုံးကြွနည်းပညာသုံး သင်ကြားမည်


Source: The Straits Times, 5 October 2012.

မနေ့ကထုတ်တဲ့ The Straits Times သတင်းစာမှာ “Medical students get a feel of human body on iPad” ဆိုတဲ့ ခေါင်းစဉ်နဲ့ စင်ကာပူနိုင်ငံ နန်ရန်းနည်းပညာတက္ကသိုလ် (Nanyang Technological University - NTU)ရဲ့  ဆေးးကျောင်း(Medical School) မှာ သုံးဖက်မြင် ရုပ်လုံးကြွ ခန္ဓာကိုယ်ပုံရိပ်များ (3-D models of the human body)ကို အသုံးပြုပြီး ခန္ဓာဗေဒဘာသာရပ်ကို သင်ကြားပေးမယ့်အကြောင်း ဖတ်ရတဲ့အခါ မိမိ တို့ဆေးဘက်ပညာကျောင်းသားဘ၀တုန်းက တတိယနှစ်ရောက်တော့ ရန်ကုန်မြို့ ရှိ ဆေးတက္ကသိုလ်(၁)မှာ ခန္ဓာဗေဒဘာသာရပ် (Anatomy) သင်ကြားခဲ့ရတာကို သတိတရ ဖြစ်မိပါတယ်။


လက်မောင်းရှိ အရေပြားနှင့်အဆီတို့ကို ခွဲစိတ်ဖယ်ထုတ်အပြီးတွေ့ရတဲ့ ကြွက်သားမျာနှင့်အကြောအမျှင်များ။ Source: Cadaver Dissection Videos, University of Wisconsin Medical College.

NTU ဆေးကျောင်းက သုံးဖက်မြင် ရုပ်လုံးကြွ ခန္ဓာကိုယ်ပုံရိပ်များသုံးပြီး ခန္ဓာဗေဒဘာသာရပ် သင်ကြားမှာ နဲ့ပတ်သက်လို့ အဓိကအကြောင်းပြတာကတော့ ဆေးကျောင်းသားများအနေဖြင့် ပုံမှန်ပြုလုပ်နေကျဖြစ်တဲ့

လူ့ကိုယ်အင်္ဂါ အစိတ် အပိုင်းများကို လက်တွေ့ခွဲစိတ်လေ့လာဖို့ လူသေအလောင်း (cadaver ခေါ် dead human body) ရှားပါးလာတာကြောင့်ပါတဲ့။ စင်ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore–NUS)ရဲ့  ဆေးကျောင်းမှာဆိုရင် လူသေအလောင်းခွဲစိတ်ခြင်း(human dissection)ကို ၂၀၀၃ ခုနှစ်ကတည်းက ရပ်ပစ်ခဲ့တယ်လို့ သိရပါတယ်။ 


ဆေးတက္ကသိုလ် (၁) (လိပ်ခုံး)၊ ပြည်လမ်း၊ (ဓါတ်ပုံ - panoramio.com)


ဒီအကြောင်းကို ကြားသိရတော့ စာရေးသူတို့ ကျောင်းသားတုန်းက ဘယ်လောက်ကံကောင်းခဲ့တယ်ဆိုတာ ကြုံကြိုက်တုန်း ပြောပြချင်ပါတယ်။ ရန်ကုန်မြို့  ကမာရွတ်မြို့ နယ် ပြည်လမ်းပေါ်မှာရှိပြီး အသံလွှင့်ရုံနဲ့ ဓား လွယ်ခုတ်အရပ်မှာရှိတဲ့ ဆေးတက္ကသိုလ် - ၁ (လိပ်ခုံး) မှာ ခန္ဓာဗေဒဌာန (Department of Anatomy) ဆို တာ ရှိပါတယ်။

အဲဒီဌာနက စာသင်ခန်းကျယ်ကြီးထဲမှာတော့ ဆေးကျောင်းသားတွေ လူသေအလောင်းများကို လက်တွေ့ခွဲ စိတ်လေ့လာဖို့ ခါးလောက်အမြင့်ရှိတဲ့ ခွဲစိတ်စင်လေးတွေ ထားပေးထားပါတယ်။ ကျောင်းသူကျောင်းသား များသည် လေး ငါး ဆယ်ယောက်ကို တစ်အုပ်စုရှိကြပြီး သူ့ရက်နဲ့သူ ဆရာနဲ့ လက်တွေ့ လုပ်ကြရပါတယ်။ စာရေးသူတို့ အကြောအဆစ်ကုပညာရပ်ဆိုင်ရာ ကျောင်းသူကျောင်းသားက ၁၅ ဦး ရှိပါတယ်။



ဖော်မလင် (formalin) ဆေးရည်စိမ်ထားတဲ့ လူသေအလောင်းများကို ဆရာကရှင်းလင်းပြောပြ လုပ်ပြထား တဲ့အတိုင်း တသွေမတိမ်း စိတ်ရှည်လက်ရှည်နဲ့ တစ်လွှာပြီးတစ်လွှာ တစ်ပိုင်းပြီးတစ်ပိုင်း အမှားအယွင်းမ ရှိအောင် ခွဲစိတ်ကြရတာဖြစ်ပါတယ်။ သို့မှသာ သွေးပြန်ကြောနှင့် သွေးလွှတ်ကြောများ၊ လင့်ပ်ကြောများ၊ အာရုံကြော၊ ကြွက်သားများ၊ ကြွက်သားကြောများ၊ ရိုးဆက်ရွတ်များ မတော်တဆ ပြတ်သွားခြင်းမရှိပဲ သူ့သ ဘာဝအရှိအတိုင်း နေရာမပျက် ပုံမပျက်ရှိနေကြပြီး မှန်မှန်ကန်ကန် သိရှိမှတ်သားနိုင်မှာ ဖြစ်ပါတယ်။

 

၁၃၇၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက် တနင်္ဂနွေနေ့၊ ည ၁၀ နာရီ။


၁၉၆၈-၆၉ ပညာသင်နှစ်များက စာရေးသူတို့အား ခန္ဓာဗေဒဘာသာရပ်ကို ဆေးတက္ကသိုလ်-၁ (လိပ်ခုံး)၌ သင်ကြားပေးခဲ့သောဆရာမှာ အရိုးအကြောအဆစ်ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ဆေးတက္ကသိုလ်-၁ ပါမောက္ခချုပ်နှင့် မြန်မာနိုင်ငံဆရာဝန်များအသင်း (Myanmar Medical Association) ဥက္ကဌတာဝန်များ ထမ်းဆောင်သွားခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံဆေးကောင်စီ(Myanmar Medical Council)တွင် ဥက္ကဌတာ ၀န်ယူထားသည့် ပါမောက္ခ ဒေါက်တာဦးမျိုးမြင့်ဖြစ်ပါတယ်။ ဆရာသည် ထိုစဉ်က အင်္ဂလန်နိုင်ငံမှာ ခွဲစိတ်ကု ပါရဂူဘွဲ့ (FRCS) သွားယူရန် ပြင်ဆင်နေချိန်လည်း ဖြစ်ပါတယ်။


ပါမောက္ခ ဒေါက်တာဦးမျိုးမြင့်က စာရေးသူတို့အားလုံးကို စိတ်စေတနာထက်သန်စွာဖြင့် မသိ သိအောင် မ တတ် တတ်အောင် သင်ကြားပေးခဲ့တာဖြစ်လို့ စာရေးသူတို့တပည့်အားလုံးက ဆရာ့အား သိပ်လေးစားခဲ့ ကြသလို ချစ်လည်းသိပ်ချစ်ခဲ့ကြပါတယ်။ ဆရာကိုယ်တိုင်ကလည်း သူ့ တပည့်တွေအပေါ်မှာ ယနေ့တိုင် သ တိတရရှိပြီး သံယောဇဉ်ရှိရှာပါတယ်။ စင်ကာပူကို အလုပ်ကိစ္စဖြင့် ဆရာရာက်လာသည့်အခါတိုင်းလိုလို စာရေးသူထံ ဖုန်းဆက်လ့ရှိတာဖစ်လို့ ဆရာ့ကို မကြာမကြာတွေ့ခွင့်ရပြီး ဆရာနှင့် စကားပြောခွင့်ရသလို ပညာအမွေပေးခဲ့သော မြတ်ဆရာအား ကန်တော့ခွင့်များလည်း ရရှိခဲ့ပါတယ်။ 



၇၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက် စနေနေ့။  (13 October 2012)


စာရေးသူတို့အနေနဲ့ ဆရာကောင်းနှင့်ကြုံတွေ့ရခြင်းမှာ ကံအလွန်ကောင်းခဲ့ရသလို လူသေ ခန္ဓာရရှိခြင်းမှာ လည်း ကံကောင်းခဲ့ပြန်ပါတယ်။ ယောကျာင်္းခန္ဓာတစ်ခုနဲ့ မိန်းမခန္ဓာတစ်ခု စုစုပါင်း ၂ ခုကို ခွဲစိတ်လေ့လာ ခွင့်ရခဲ့လို့ပါ။ ယောကျာင်္းခန္ဓာကို ဦးစွာရရှိခဲ့တာဖြစ်လို့ သွေးပြန်ကြာ၊ သွေးလွှတ်ကြောများ၊ လင့်ပ်ကြောများ၊ အာရုံကြော၊ ကြွက်သားများ၊ ကြွက်သားကြောများနဲ့ ရိုးဆက်ရွတ်များကို အသေးစိတ်လေ့လာခွင့်ရပြီး အမျိုး သမီးခန္ဓာကိုတော့ အမျိုးသားများနဲ့မတူတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းအချို့ ကိုပဲ ခွဲစိတ်လေ့လာကြရပါတယ်။  

နောက်ပိုင်းအကြောအဆစ်ကုပညာရပ်ဆိုင်ရာကျောင်းသူကျောင်းသားတွေမှာ လူသေခန္ဓာကို ကိုင်တွယ်ခွဲ စိတ်လေ့လာခွင့် မရကြတော့ပဲ လက်မောင်း၊ လက်ဖျံ၊ လက်ဖ၀ါး၊ ခြေကျင်းဝတ်၊ ပခုံးဆစ်စသဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းအလိုက် တုံးတစ်ခွဲစိတ်ထားပြီး ပုလင်းကြီးတွေထဲ၌ ဆေးရည်စိမ်ပြသထားတာကိုပဲ ကြည့်ရှုလေ့ လာကြရရှာပါတယ်။

ယခုခေတ်အခါမယ်တော့ NTU နဲ့ NUS တို့ရှိ ဆေးးကျောင်းတွေမှာလို သုံးဖက်မြင် ရုပ်လုံးကြွခန္ဓာကိုယ်ပုံရိပ် များကို အသုံးပြုပြီး ခန္ဓာဗေဒဘာသာရပ်ကို သင်ကြားပေးကြမှာ ဖြစ်ပါတယ်။
 
  
  

နိုင်ငံခြားသတင်း ကောက်နုတ်ချက်များ (၆ ရက် အောက်တိုဘာလ၊ ၂၀၁၂)



၁၃၇၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက် စနေနေ့။ 

နီပေါမှာ အိန္ဒိယရုပ်ရှင်ကားများ(Bollywood movies) မပြရ

(ASSOCIATED PRESS)-နီပေါနိုင်ငံရှိရုပ်ရှင်ရုံများသည် အိန္ဒိယရုပ်ရှင်များ(Bollywood movies) ပြသခြင်းအား ရပ်ဆိုင်းထားလိုက်ကြသည်။ ယင်းရုပ်ရှင်ကားများသည် သိမ်မွေ့မှုမရှိပဲ ရုန့်ရင်း ကြမ်းတမ်းကြသည်၊ နီပေါ လူ့အဖွဲ့အစည်းနှင့် သင့်တော်လျော်ကန်ခြင်း မရှိကြသဖြင့် ပြည်တွင်းထုတ်လုပ်သည့် ရုပ်ရှင်ကားများကိုသာ ဦးစားပေးပြသသင့်ကြောင်း ကွန်မြူနစ်ပါတီ (Communist Party of Nepal-Maoist)မှ ထောက်ပြပြောဆိုဝေ ဖန်ခဲ့သဖြင့် အကြမ်းဖက်မှုများ ဖြစ်ပွားလာမည်ကို စိုရိမ်ရသောကြောင့်ဟု ဆိုပါသည်။ 

 

 

Wednesday, October 3, 2012

မြန်မာပြည်မှ သတင်းများ ( ၃ ရက် အောက်တိုဘာလ ၂၀၁၂)



၁၃၇၄ ခုနှစ် တော်သလင်းလပြည့်ကျော် ၃ ရက် ဗုဒ္ဓဟူးနေ့ 


နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုကြ 

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကြီးကို တက်ရောက်ခဲ့ပြီးနောက် နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ရန်ကုန်မြို့ သို့ အောက်တိုဘာလ ၁ ရက်နေ့က ပြန်လည်ရောက်ရှိလာခဲ့သည်။

လေဆိပ်ခန်းမအတွင်းသမ္မတကြီးအား တိုင်းရင်းသူလေးများက ပန်းစည်းဆက်ကြိုဆိုကြပြီး လေဆိပ်ဝင်း အတွင်းနှင့် လေဆိပ်လမ်းမကြီးတစ်လျောက်တွင် လူထုလူတန်းစားအဖွဲ့အစည်းအသီးသီးတို့က သမ္မတကြီး ၏ရုပ်ပုံများရုပ်ပုံများနှင့် ဂုဏ်ပြုကြိုဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကြလျက်လည်းကောင်း၊ မြန်မာနိုင် ငံတော်အလံငယ်များ ဝှေ့ယမ်းကြလျက်လည်းကောင်း သမ္မတကြီးအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

သမ္မတကြီးဦးသိန်းစိန်ကလည်း လေဆိပ်တွင်လာရောက်ကြိုဆိုနှုတ်ဆက်ကြသည့် လုပ်သားပြည်သူများကို အသိအမှတ်ပြု လေးစားသောအားဖြင့် ရင်းရင်းနှီးနှီး ပြန်လည်နှုတ်ဆက်ခဲ့သည်။    

 

 

 

ဓါတ်ပုံ - Eleven Media Group (၁ ရက် အောက်တိုဘာ၊ ၂၀၁၂ ခုနှစ်။)

 

ဒုတိယမြောက် မြန်မာအမျိုးသမီး သံအမတ်ကြီး

နိုင်ငံခြားရေးဝန်ကြီးဌာန လေ့ကျင့်ရေး၊ သုတေသနနှင့် နိုင်ငံခြားဘာသာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါ်ယဉ်ယဉ်မြင့်ကို ဘရူနိုင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ် အဖြစ် ပြီးခဲ့သောလက ခန့်အပ်ခဲ့ကြောင်း ကြားသိရသည်။

ယင်းကဲ့သို့  ဒေါ်ယဉ်ယဉ်မြင့်ကို မြန်မာသံအမတ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြင့် မြန်မာ့သမိုင်းတွင် လွတ်လပ်ရေး ရရှိပြီးနောက် ဒုတိယမြောက်အမျိုးသမီးတစ်ဦးအား သံအမတ်အဖြစ်ခန့်အပ်ခြင်းဖြစ်သည်။


စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာကေရှန်မူဂံအား ဒေါ်ယဉ်ယဉ်မြင့်က ရန်ကုန်လေဆိပ်တွင် ကြိုဆိုခဲ့သည်။ (ဓါတ်ပုံ - The New Light of Myanmar ဒီဇင်ဘာလ ၂၀၁၁။)


ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်သည် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသံအမတ် ကြီးအဖြစ် ၁၉၆၀ မှ ၁၉၆၇ ခုနှစ်အထိ ၇ နှစ်ကြာ အိန္ဒိယနိုင်ငံတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။


တော်သလင်းလပြည့်ကျော် ၄ ရက် ကြာသပတေးနေ့ 


ဝန်ကြီးချုပ်ဟောင်း ဦးနု၏ "တာတေ စနေသား"စာအုပ် ပြန်ထုတ်ခွင့်ရ

 

စာအုပ်၏ကျောဖုန်းတွင်တွေ့ရသည့် ဦးနု၏လက်ရေးမူရင်း။

 မြန်မာနိုင်ငံ၏ ပထမဦးဆုံး ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သော ဦးနု၏ကိုယ်ရေးအမှတ်တရများပါရှိ သည့် 'တာတေ စနေသား'စာအုပ်ပြန်လည်ထုတ်ဝေခြင်း အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ တွင် ပြုလုပ်ခဲ့သည်။ 

အဆိုပါစာအုပ်တွင် ၀န်ကြီးချုပ်ဟောင်း ဦးနုသည် ဗြိတိသျှကိုလိုနီခေတ်၊ ဂျပန်ခေတ်နှင့် ပါလီမန်စနစ်အုပ် ချုပ်ရေးခေတ်များက သူ၏အတွေ့အကြုံများကို ရေးသားထားခဲ့ခြင်းဖြစ်သည်။ စာအုပ်ထုတ်ဝေသည့်အခမ်း အနားတွင် ဦးနု၏သမီးဖြစ်သူ ဒေါ်သန်းသန်းနု (အတွင်းရေးမှူး - ဒီမိုကရက်တစ်ပါတီ [မြန်မာ])က ယခုစာ အုပ်သည် ဆယ်စုနှစ်များစွာ ပိတ်ပင်ခံခဲ့ရကြောင်းနှင့် အဓိကသင်ခန်းစာမှာ လူတစ်ဦးတစ်ယောက်အနေဖြင့် တစ်စုံတစ်ခုသော ဆုံးဖြတ်ချက်ကို ချပြီးက ယင်းပန်းတိုင်သို့ရောက်ရှိသည့်တိုင် မဆုတ်မနင့် မဖြစ်မနေလုပ် ရန်ဖြစ်ကြောင်း ပြောပြခဲ့သည်။