"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, October 24, 2012

ပြည်ပနိုင်ငံသား ခံယူထားသော မြန်မာပညာရှင်များ PR အဖြစ်ပြန်လာနိုင်ကြမည်



နိုင်ငံတော်သမ္မတကြီး၏ မကြာခင်က အမေရိကန်ခရီးစဉ်မှာ ပြည်ပနိုင်ငံသားအဖြစ် ခံယူထားတဲ့ မြန်မာပ ညာရှင်များ (ဆရာဝန်ကြီးများ အပါအ၀င်)ကို တွေ့ခဲ့ရပြီး အဲဒီပညာရှင်များက အမိမြန်မာနိုင်ငံသို့ ပြန်လာ လိုကြောင်းနဲ့ ပြန်လာကြတဲ့အခါမှာလည်း မြန်မာပြည်မှာ ကြာကြာနေလိုကြောင်း သမ္မတကြီးကို ပြောပြခဲ့ ကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး သမ္မတကြီးက -

“ဒါကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ခင်ဗျားတို့လာခဲ့ပါ။ ကျွန်တော်တို့ လုပ်ပေးမယ်။ PR စနစ်နဲ့ ဒီရောက်လို့ရှိ ရင် နေဖို့ထိုင်ဖို့အတွက် တိုက်ခန်းဝယ်လို့ရအောင် လုပ်ပေးမယ်။ ဆေးရုံဆေးခန်း ဖွင့်လို့ရအောင် လုပ်ပေး မယ်” ဟု ပြောခဲ့ကြောင်း ကြားသိရပါတယ်။

 

No comments:

Post a Comment