"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, February 25, 2024

အသက်ကြီးသူများ ကျန်းမာရေးလေ့ကျင့်ခြင်း(၂)

 


' မီနိုရူစာအိတို 'သည် အသက် ၇၇ နှစ်ရှိပြီး တကိုယ်တော်တည်း ကမ္ဘာတပတ် မနေမနားရွက်လွှင့်

ခဲ့သည့် အသက်အကြီးဆုံးလူသားဖြစ်ခဲ့သည်။


' ဂျွန်ဂလဲန်း ' သည် အသက် ၇၇ နှစ်အရွယ်မှာကမ္ဘာပတ်အာကာသလမ်းကြောင်းကိုဖြတ်သန်းပျံ

သန်းခဲ့သော အသက်အကြီးဆုံးလူသားဖြစ်ခဲ့သည်။


'ယူအိချီရို မိအူးရား'သည်  အသက် ၈၀ နှစ်အရွယ်မှာ ဧ၀ရက်တောင်ထိပ်သို့အောင်မြင်စွာတက်နိုင်

သည့် အသက်အကြီးဆုံးလူသားဖြစ်ခဲ့သည်။

   

'ဖောင်ဂျာဆင်း'သည် အသက် ၁၀၄ နှစ်အရွယ်မှာ မွန်ဘိုင်းမာရသွန်အပြေးပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့

သည့်အသက်အကြီးဆုံးလူသားဖြစ်ခဲ့သည်။


အထက်ဖော်ပြပါ စံထားရသည့်သက်ကြီးဥပမာ ၄ ဦးသည် အသက်ကြီးသော်ငြားလည်း မအိုကြသေး

သူများဖြစ်ကြသည်။ ထိုအာဂသက်ကြီးကဲ့သို့ အလားတူစွမ်းဆောင်နိုင်ကြသူ အများအပြားရှိနေကြပါ

သည်။


























သူတို့အားလုံးသည် မတူသောအားကစားနယ်ပယ်အသီးသီးတွင် စံချိန်တင်လုပ်ဆောင်နိုင်ကြသော်

လည်း တခုတည်းသောတူညီမှုကားရှိနေပါသည်။


ယင်းမှာ သူတို့၏အသက်အရွယ်ကြီးလာခြင်းက သူတို့၏ကျန်မာရေး၊ တက်တက်ကြွကြွရှိမှု၊ ကြံ့ခိုင်

မှုနှင့်စွန့်စားဆောင်ရွက်လိုမှုတို့အား ကာဆီးဟန့်တားခြင်းမပြုနိုင်စေရန် ငြင်းဆန်ခြင်းပင်ဖြစ်ပေတော့

သည်။











ဒီစာအုပ်မှာ ပြောပြထားတာတွေတဲ့ (၂)

 



ခေါင်းဆောင်မှုရေးရာကျွမ်းကျင်သူ(Leadership expert)နှင့်အတုယူအားကျရေးစေ့ဆော်ပြောဆို

သူ(Motivational speaker) အဖြစ်ထင်ရှားသောရော်ဘင်ရှားမား၏ဆွဲဆောင်အားကောင်းပြီးတွေး

ခေါ်ရည်မြင့်မားစေနိုင်သည့်စာအုပ်ဖြစ်သည်။

ဤစာအုပ်သည် စာဖတ်သူများအနေဖြင့် မိမိကိုယ်ကိုပြန်လည်ဆန်းစစ်သိမြင်ကြလျက် တကိုယ်

ရည်တိုးတက်မှုကို ပြောင်းလဲဆောင်ကြဉ်းပေးနိုင်မည်ဟုဆိုထားပါသည်။


ဟိမဝန္တာတောအတွင်းရှိ တရားကျင့်ပညာရှိများထံမှ စာရေးသူကိုယ်တိုင်သင်ယူလေ့လာခဲ့သည့်အ

ဖိုးတန်ပညာရပ်နှင့်သင်ခန်းစာများမှ သိရှိခဲ့သော -

၁) စ္စုပ္ပန်တည့်တည့်ကို မျက်မှောက်ပြုနေထိုင်ခြင်း(Living in the present moment) 

၂) အဇ္ဈတ္တအတွင်းစိတ်၏ငြိမ်းအေးမှုကိုပျိုးထောင်ခြင်း(Cultivating inner peace)

၃) ဘ၀ကိုရည်ရွယ်ချက်ရှိရှိဖြင့်နေထိုင်ရေး(Finding purpose in life) 

အစရှိသည်တို့ကိုအခြေခံလျက် လူ့ဘ၀၏အရေးအရာရှုထောင့်ပေါင်းစုံကိုလွှမ်းခြုံပြီး ဤစာအုပ်က

လက်တွေ့အကြံပြုပြောပြမည်ဖြစ်သည်။

ဥပမာ၊ အချိန်ကိုစနစ်တကျအသုံးပြုခြင်း(Time management)၊ တကိုယ်ရေတိုးတက်မှု(Personal

growth)နှင့်ရည်မှန်းချက်အိပ်မက်များကို အကောင်အထည်ဖော်ရေး(pursuit of one's dreams) 

တို့ဖြစ်ကြသည်။


















The Monk Who Sold His Ferrari စာအုပ်၏ဇာတ်လမ်းသည် ချမ်းသာကြွယ်ဝပြီး ရာထူးဂုဏ်သိမ်

နှင့်သြဇာအာဏာမြင့်မားကာ အောင်မြင်ကျော်ကြားမှုရှိသော ရှေ့ နေကြီး 'ဂျူလီယန်မန်းတဲလ်'၏

ဘ၀ဇာတ်ကြောင်းအားကျောရိုးပြုရေးသားထားခြင်းဖြစ်သည်။ 


ထိုကဲ့သို့ အစစအရာရာကို လိုလေသေးမရှိအောင်ပိုင်ဆိုင်နေသည့်အနေအထားတွင် တရားရုံးမှာအ

လုပ်လုပ်နေသောတနေ့မှာ နှလုံးရောဂါဖောက်သည့်ဝေဒနာကို ရုတ်တရက်ကြီး ခံစားလိုက်ရတော့

သည်။ 

ထိုအခါ ရှေ့ နေကြီးခမျာ သူ့ဘ၀၏ကြီးမားသည့်အချိုးအကွေ့တခုသို့တွန်းပို့ခံလိုက်ရပြီး ဘ၀ဒဿန

ဆိုင်ရာပြောင်းလဲမှု(spiritual crisis)ကြုံတွေ့ရသည်။ 

သူ့ဘ၀၏တန်ဖိုးထားရှိမှုများနှင့်ဦးစားပေးများကို ပြန်လည်တွေးတောသုံးသပ်ခဲ့သည်။ 


သည်တွင် မျှတညီညွတ်မှုမရှိသောသူ၏နေထိုင်ပြုမူခြင်းများ(Out-of-balance life)ကို သတိပြုဆင်

ခြင်မိလျက် တကယ့်ပျော်ရွှင်မှုအစစ်အမှန်(True happiness)နှင့်ဘ၀၏ပြည့်ဝမှု(Fufillment)များအား

ကိုယ်တိုင်ကိုယ်ကျရှာဖွေရန် သန္နိဋ္ဌာန်အခိုင်အမာချခဲ့ပါသည်။ 

  











 




Saturday, February 24, 2024

တပိုတွဲလပြည့်နေ့ ၂၀၂၄

 





ယနေ့သည် မြန်မာက္ကရာဇ် ၁၃၈၅ ခုနှစ် တပို့တွဲလပြည့်နေ့ဖြစ်သည်။ 

ဗုဒ္ဓရှင်တော်မြတ်ဘုရားက 'သြ၀ါဒပါတိမောက်'ကိုဟောတော်မူခဲ့သောအခါတော်နေ့လည်းဖြစ်
သည်။  
    
တပို့တွဲလပြည့်နေ့တွင် မြို့ တိုင်းရွာတိုင်းကရပ်ကွက်များတွင် စုပေါင်းထမနဲထိုးပွဲများပြုလုပ်ကြ
လေ့ရှိသည်။

မိမိတို့အိမ်ရှင်မက သောကြာနေ့ညတွင်ထမနဲထိုးပြီး နောက်နေ့မနက်ဖြစ်သည့် တပို့တွဲလပြည့်
စနေနေ့တွင် ဘုရားမှာ ထမနဲဆွမ်းကပ်လှူပါသည်။
























































Wednesday, February 21, 2024

အမှတ်တရရှိနေကြသည်




ဒီကနေ့ည ၈ နာရီလောက်မှာ မိမိတို့ပညာရပ်ဆိုင်ရာဂျူနီယာသမီးတယောက်ဆီက အမှတ်တရမက်

ဆေ့လေးကို ရရှိခဲ့ပါတယ်။








သူ့အမည်က နန်းမဉ္ဇူခိုင်ပါ။ 

ဖားအံမှာရှိတဲ့ ICRC မှာတာဝန်ထမ်းဆောင်နေသည့် Physiotherapistတဦးဖြစ်ပါတယ်။ 

သူ့အသံဖိုင်အရ ယခုအခါမှာလဲ အဲဒီမှာတာဝန်ထမ်းဆောင်နေဆဲလို့သိရပါတယ်။

၂၀၁၉ ခုနှစ် မေလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ မှာကျင်းပခဲ့သည့် ကမ္ဘာ့

အကြောအဆစ်ကုပညာရပ်ဆိုင်ရာညီလာခံ(WCPT Congress 2019)မှာ နန်းမဉ္ဇူခိုင်ကိုဆုံတွေ့ခဲ့တာ

ပါ။









သူနှင့်မိမိတို့သည် ကာတားလေကြောင်းလိုင်းရဲ့ လေယာဉ်တစီးထဲမှာ တနေ့တည်း တချိန်တည်း 
အတူတူစီးလာကြတယ်လို့ ကိုတင်လှိုင်စိုးပြောပြသဖြင့် သိရပါတယ်။ 


ဒါပေမယ့်ဖြစ်ချင်တော့ သူနှင့်မိမိတို့သည် လေယာဉ်ပေါ်မှာရော၊ လေယာဉ်ပြောင်းစီးခဲ့သည့် ကာ

တားနိုင်ငံ ဒိုဟာမြို့ က ဟာမက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာရော၊ လေယာဉ်ဆိုက်သည့်ဂျနီဗာ

လေဆိပ်မှာရော မတော်တဆလေးတောင်မှ မတွေ့မိကြတာပဲဖြစ်တယ်။


အဲ တွေ့မယ့်တွေ့ကြပြန်တော့လဲ မိမိက ညီလာခံဖွင့်ပွဲ(Opening Ceremony) ပြုလုပ်မည့်နေရာကို

သိရအောင် Registration ကောင်တာမှာသွားမေးဖို့ ဟိုတယ်ကထွက်လာပြီး Palexpo Centre ကို

လမ်းလျောက်အသွားမှာ ချိန်းဆိုမျှော်လင့်ထားခြင်းမရှိပဲ မြန်မာထမီဝတ်ထားပြီးထိုင်ခုံမှာတဦးထဲ

ထိုင်နေတဲ့အမျိုးသမီးတယောက်ကိုလှမ်းမြင်ရလို့ကြည့်နေတုန်း နန်းမဉ္ဇူခိုင်ကထိုင်ခုံမှ မိမိရှိရာကို

လျှောက်လာကာ 'ဆရာကြီး'လို့နှုတ်ဆက်ပါတယ်။ 

ဒီတော့မှ မြန်မာအမျိုးသမီးတယောက်ထဲလာတာအဆင်မှပြေပါ့မလားလို့ မြန်မာပီပီတွေးပူနေမိကြ

တာကြောင့် မိမိတို့တွေ့ကြပြီလို့ ကိုတင်လှိုင်စိုးကိုအကြောင်းကြားလိုက်ရတော့တာ။  















နန်းမဉ္ဇူခိုင်က သူရဲ့ အသံဖိုင်ထဲမှာပြောထားတာက ဓာတ်ပုံတွေကြည့်ရင်း ဂျနီဗာတုန်းကဓာတ်ပုံ

တွေတွေ့လို့ ညီလာခံအတူတက်ခဲ့ကြသည့် မိမိနှင့်ကိုတင်လှိုင်စိုးတို့ကို သတိရမိတာပါတဲ့။ 

ဟုတ်ပါတယ်။ 

သူပြောသလို ဂျနီဗာမှာ ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ညီလာခံကျင်းပခဲ့တာဟာ အခုဆိုရင် (၅) 

နှစ်နီးပါးပင်ရှိခဲ့ပါပြီ။ အဲဒီညီလာခံနဲ့ ဂျနီဗာခရီးသွားအတွေ့အကြုံများကို မိမိ၏ယခုဘလော့မှာ အ

မှတ်စဉ် (၁)ကနေ (၂၀)အထိ ပို့စ်ရေးတင်ပြီး မျှဝေဖြစ်ခဲ့ပါတယ်။ 


ဒါနဲ့စကားမစပ် နန်းမဉ္ဇူခိုင်က ညီလာခံအမှတ်တရမက်ဆေ့လေး မိမိထံပို့ပေးချိန်နဲ့တိုက်တိုက်ဆိုင်

ဆိုင်ပဲ မိမိ၏ကျွန်းသာယာဘလော့ကို ဆွစ်ဇာလန်ကVisitorတဦး မနေ့နေ့ခင်းမှာ လာရောက်ဖတ်

သွားခဲ့ပါတယ်။  











***




ယခင်က မိမိအလုပ်လုပ်ခဲ့တဲ့ MINDS (Movement for the Intellectually Disabled of Singapore - 

ဥာဏ်ရည်မသန်စွမ်းမှုဆိုင်ရာပြုစုစောင့်ရှောက်ရေးအဖွဲ့အစည်း)က လုပ်ဖော်ကိုင်ဖက် ဆရာ-ဆရာမ 

(၃) ဦးနဲ့ Jurong Point ကုန်တိုက်တွင် လွန်ခဲ့သည့် ၁၂ နှစ်ကအတူတွေ့ဆုံစားသောက်ခဲ့ကြသည့်ပုံကို

ဆရာမစ္စတာလျှူး၏ဖေ့စ်ဘွတ်ပို့စ်မှာပြန်ပေါ်လာတဲ့အမှတ်တရပုံလေးပါ။ 

 







Monday, February 19, 2024

စပ်မိစပ်ရာများ(၁၃)-- ဆရာကြီးဒေါက်တာဦးသော်ကောင်းနှင့်ကျနော်

 


မနေ့ညက သတင်းကောင်းတခုကြားသိရသည်။

မိမိ ခင်မင်လေးစားရသည့်ဆရာကြီး ဒေါက်တာဦးသော်ကောင်းအား မြန်မာနိုင်ငံစာကြည့်တိုက်

အသင်းက ဂါရ၀ပြု ဂုဏ်ထူးဆောင်ခေါင်းဆောင်မှုဆု(Honorary Leadership Award) ချီးမြှင့်ပေး

အပ်ခြင်းဖြစ်သည်။  







ဂုဏ်ထူးဆောင်ခေါင်းဆောင်မှုဆု (Honorary Leadership Award


ဆရာကြီးအားလူကိုယ်တိုင်တွေ့ဆုံရင်းနှီးခြင်းမရှိခဲ့သော်လည်း ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် 
ဆေးဘက်ပညာပထမနှစ်တက်ရောက်နေစဉ်ကထဲပင် ဆရာကြီး၏အမည်အား ကြားသိခဲ့ပြီးဖြစ်ပါ
သည်။

ထိုစဉ်က မိမိသည် တက္ကသိုလ်များစာကြည့်တိုက်သို့ မကြာမကြာ အရောက်အပေါက်ရှိခဲ့ပါသည်။

ဒီနောက်ပိုင်း မိမိ စင်ကာပူနိုင်ငံသို့သွားရောက်အလုပ်လုပ်ရန်ပြင်ဆင်နေချိန်တွင် ဆရာကြီးက စင်
ကာပူတွင်အလုပ်လုပ်နေထိုင်လျက်ရှိသည့် ဆရာဒေါက်တာမြသန်းထံ မိတ်ဆက်စာရေးပေးပြီး မိမိ
အတွက်လိုအပ်သည်များအကူအညီပေးရန်ဆောင်ရွက်ပေးခဲ့ပါသည်။

ဆရာဒေါက်တာမြသန်းသည် ထိုအချိန်က အိုင်အက်(စ)အီးအေအက်(စ)ဟုအတိုခေါက်ခေါ်ဆိုလေ့
ရှိသည့် အရှေ့ တောင်အာရှဒေသဆိုင်ရာလေ့လာရေးဌာနကြီး(Institute of Southeast Asian Stu-
dies-ISEAS)တွင် အကြီးတန်းသုတေသနအရာရှိ(Senior Fellow)အဖြစ်တာဝန်ထမ်းဆောင်လျက်
ရှိနေပါသည်။







ဆရာကြီးပေးလိုက်သည့်စာကို ဒေါက်တာမြသန်းအိမ်သို့သွားပေးသောအခါ စင်ကာပူတွင်ရောက်နေ
သောဆရာကြီး၏သား ဒေါက်တာသန့်သော်ကောင်းကို ပထမဆုံးတွေ့ဖူးခဲ့သည်။

နောင်အခါတွင် ဒေါက်တာသန့်သော်ကောင်းသည် Myanmar Book Centre၏Founder နှင့် CEO အ
ဖြစ် စာအုပ်နှင့်စာပေလောကတွင် ထင်ရှားလာခဲ့ပါသည်။ 
 




                  (၀ဲဖက်မှ - ဒေါက်တာမျိုးသန့်တင်၊ ဒေါက်တာဦးသော်ကောင်း၊ ဦးတင်မောင်အေး)


ဆရာကြီး ဒေါက်တာဦးသော်ကောင်းနှင့်သုတေသီ စာရေးဆရာ ဒေါက်တာမျိုးသန့်တင်တို့နှစ်ဦး စင်
ကာပူသို့လာရောက်ပြီး သုတေသနစာတမ်းဖတ်ကြစဉ်က မိမိကိုအကြောင်းကြားသဖြင့် သူတို့တည်း
ခိုသည့်အိမ်မှာ မိမိ သွားတွေ့ခဲ့ပါသည် (အပေါ်ပုံ)။ 

မိမိမှတ်မိသရွေ့  ဖတ်ကြားသည့်သုတေသနစာတမ်းမှာ မြန်မာ့မြေအိုးမြေခွက်များ(Burmese Traditi-
onal Pottery/Ceramics) အကြောင်းဖြစ်သည်။

ဆရာကြီးနှင့်မြန်မာပြည်မှာနောက်ဆုံးတခေါက်တွေ့ခဲ့ရသည်မှာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလက ရန်ကုန်
မြို့  အမျိုးသားဇာတ်ရုံတွင်ပြုလုပ်ခဲ့သည့် နိုဘယ်လ်-မြန်မာ စာပေပွဲတော်မှာဖြစ်သည်။ 










အဲဒီတုန်းက ဆင်ခြေလျှောလုပ်ထားသည့်ဇာတ်ရုံထိုင်ခုံတန်းများအတိုင်း စင်မြင့်ရှိရာအောက်ဖက်

ကို အပေါ်ကနေ တုတ်တဖက်လူတဖက်ကိုင်ပြီးဆင်းလျှောက်လာသည့်ဆရာကြီးကို မိမိကထိုင်ခုံ

မှထပြီး ဂါရ၀ပြုနှုတ်ဆက်ခဲ့သည်။ မိမိကိုမမျှော်လင့်ဘဲတွေ့ရသောအခါ ဆရာကြီးက"ခင်ဗျားနဲ့တွေ့

ရတာအတော်ပဲဗျ။ ကျနော်ခြေထောက်နာနေတာပြရအုံးမယ်" ဟုပြောပါသည်။ 


ထိုအခေါက်က နိုဘယ်လ်-မြန်မာ စာပေပွဲတော်တက်ချင်လို့ မြန်မာပြည်ကို ခဏတဖြုတ်သာသွားခဲ့

သဖြင့် ဆရာကြီး၏ခြေထောက်အားကြည့်မပေးဖြစ်ခဲ့ပေ။ 


စင်ကာပူကနေ စာပေပွဲတော်အတွက် ခဏပြန်လာကြောင်းသိတော့ အဲဒီပွဲမှာတွေ့သည့် စာရေးဆ

ရာကိုတာ(ဒေါက်တာသန့်လွင်မောင်၊ အရိုးခွဲစိတ်အထူးကု)က "ဆရာ လာရတာတန်ပါ့မလား" ဟု 

မိမိကို ရယ်ရယ်မောမော မေးခဲ့ပါသေးသည်။ 

စာပေပွဲတော်တွင် သူနှင့်အမှတ်တရဓာတ်ပုံရိုက်ဖြစ်ခဲ့သည်။