"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, October 29, 2023

နားလည်စာနာခြင်း









ကျမ၏အဖိုး ဆေးရုံတက်ရတော့ အဲဒီတုန်းက ကျမသည် 
ဘာဆိုဘာမှ လုပ်နိုင်ကိုင်နိုင်စွမ်းမရှိတဲ့အဖြစ်ကို 
ခံစားခဲ့ရဖူးပါတယ်။
ဒါပေမယ့် ကျမတို့ဆေးရုံက၀န်ထမ်းတွေနဲ့ 
ထိတွေ့ဆက်ဆံရတာလေးတွေက
နားလည်စာနာခြင်းနဲ့ပြောဆိုဆက်ဆံခြင်းများ၏
အရေးပါမှုတန်ဖိုးကို သိမြင်သဘောပေါက်စေခဲ့တာအမှန်ပါ။

ကျမက နောက်ဆုံးနှစ်ဆေးကျောင်းသူတဦးပါ။

ကျမတို့၏ကျောင်းသင်ခန်းစာအတော်များများကတော့ လူနာများနဲ့ပြောဆိုဆက်ဆံရေးအပိုင်း
(patient communication)ကိုအဓိကထားပြီး သင်ကြားလေ့ကျင့်ပေးပါတယ်။

ဘွဲ့ယူရတော့မည့်နောက်ဆုံးနှစ်အတန်းတင်စာမေးပွဲရဲ့ တစိတ်တပိုင်းအနေနဲ့ လူနာများ၊ လူနာ
မိသားစုများနဲ့သဏ္ဌာန်လုပ်ပြီးသရုပ်ဆောင်လေ့ကျင့်ရသည့်ဆေးလက်တွေ့ဘာသာရပ်(Clinical 
simulation)လုပ်ခဲ့ရပါတယ်။ ဒါက ကျမတို့၏ပြောဆိုဆက်ဆံမှုရယ်၊ ဆရာဝန်တဦး၏ကျွမ်းကျင်မှု
နဲ့အရည်အချင်းပြည့်ဝမှုရယ်၊ ခက်ခဲသည့်အခြေအနေများအားကိုင်တွယ်ဖြေရှင်းနိုင်မှုတွေရယ်ကို 
စစ်ဆေးတာပါ။ 

လူနာ၏စိတ်မကောင်းစရာအခြေအနေသတင်ဆိုးကို လူနာရှင်များအား ရှင်းလင်းပြောပြပြီးအသိ
ပေးရတာ(breaking bad news to family)၊ ဆေးကုသမှုနဲ့ပတ်သက်ပြီး အမှားအယွင်းဖြစ်ခဲ့မိသည့်
တွက်တောင်းပန်ရတာ(apologising for medical errors)တွေအပြင် နာတာရှည်ရောဂါဝေဒနာ
များအကြောင်းဆွေးနွေးအကြံပေးတိုင်ပင်ရတာ(counsellinf for chronic conditions) အစရှိတာ
တွေပဲပေါ့ရှင်။












   



Empathy ခေါ်နားလည်စာနာတတ်မှုရှိခြင်းသည် အဓိကကျသည့်လူ့အရည်အသွေး
လက္ခဏာတရပ်ဟု ဆေးတက္ကသိုလ်ပါမောက္ခချုပ်များက မကြာခဏရည်ညွှန်းပြော 
ဆိုကြလျက် နောင်လာမည့်ဆေးကျောင်းသူကျောင်းသားများတွင် အဆိုပါအရည်အ
သွေးပါရှိရန် မျှော်လင့်ထားကြသည်။

ထိုအရည်အသွေးကို ဆေးကျောင်းဝင်ခွင့်စာမေးပွဲ၏လိုအပ်ချက်တခုအနေဖြင့် စစ်ဆေး
မှုများပင်ရှိနေပါသည်။ လူတို့၏၀ါသနာ၊ အထုံနှင့်ဝသီများအားစစ်ဆေးသည့်မေးခွန်းများ
(Psychometric questions) ကိုဆေးကျောင်းဝင်ရောက်မည့်သူများ ဖြေကြားအစစ်ဆေးခံ
ရန်လိုအပ်လေသည်။ 

သို့ရာတွင် သိပ္ပံပညာရပ်(Science)သည်လည်း တိကျမှုနည်းပါးပြီး အရည်အသွေးထက်
အရေအတွက်နှင့်အရွယ်အစားကိုသာပြဆိုနိုင်ခြင်းမျိုးရှိတတ်သည်။  

တကယ်တမ်းနားလည်ရခက်ခဲနေသည်မှာ ဆရာဝန်အတော်များများတွင် နားလည်စာနာ
တတ်မှုအရည်အသွေးခေါင်းပါးသည်ဟု သုတေသနပြုလေ့လာတွေ့ရှိချက်များကပြဆိုနေ
ကြခြင်းပင်ဖြစ်သည်။ 

ဆရာဝန်များအနေဖြင့် ထိုအရည်အသွေးရှိရန်ခက်ခဲနေသည့်အပြင် ရှိပြီးသူများကလည်း
ရေရှည်ထိမ်းသိန်းထားနိုင်ရန် မလွယ်ကူပါချေ။ 























ကျမသည် ဆေးကျောင်းသူတဦးအနေဖြင့် ဆေးပညာသင်တန်းအတွေ့အကြုံနှစ်ပေါင်းများစွာ
ရှိခဲ့သော်လည်း ကျမ၏အဖိုး ရုတ်တရက်နေထိုင်မကောင်းဖြစ်သောအခါ ကျမဘ၀မှာတသက်
နှင့်တကိုယ် သွေးလေခြောက်ခြားဖြစ်သွားခဲ့ရသည်။ 
ကျမက အဖိုး၏လူနာအစောင့်အရှောက်ဖြစ်လာတော့၏။ 

အဖိုးနေမကောင်းစဖြစ်သည့်နေ့ကဆိုရင် သူ၏လေးလံသည့်ခန္ဓာကိုယ်ကြီးကို ဘီးတပ်လှည်း
ပေါ်တင်ပြီး မနိုင်မနင်းတွန်းရသည်။ 

ဆရာဝန်နှင့်တွေ့ရန်စောင့်နေကြသောလူနာများနှင့်စိုးရိမ်သောကရောက်နေကြသည့်မိသားစု
များပြည့်ညပ်နေသောဆေးရုံ၏၀ရန်တာလမ်းလေးတွေတလျှောက်တွန်းရင်း လမ်းညွှန်ဆိုင်း
ဘုတ်လေးတွေဖတ်လိုက် ခဏရပ်လိုက် ဟိုဟိုဒီဒီကြည့်လိုက် ပြန်ရှာလိုက်ဖြင့်ရုန်းကန်ခဲ့ရပါ
သည်။  
 
တကယ်က ကျမသည် ဒီဆေးရုံထဲကလမ်းလေးတွေကို ဆေးကျောင်းသူတယောက်အနေဖြင့်
ကြိမ်ဖန်များစွာ မရေမတွက်နိုင်သည်အထိသွားလာခဲ့ဖူးသော်လည်း ယခုအခါ အရေးပေါ်ဌာန
ဆီကို ဘယ်လိုသွားရကောင်းမှန်းပင်မသိနိုင်ပါချေ။

ကျမ ခေါင်းတွေရှုပ်ထွေးလာခဲ့သည်။ 
ဘာကိုမှ ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့။ 
အော် ကျမနှလုံးက ဒုန်းဆိုင်းခုံလျက်ရှိပြီး ရင်တွေပန်းတွေတုန်လိုက်ရတာများလေ။



































Saturday, October 28, 2023

အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ ဒူဘိုင်းလား တိုကျိုလား (၆)

 

မစ္စတာ ဟိုက်ဒီယူကီစိုက်တိုး (ဥက္ကဋ္ဌ၊ ဂျပန်အကြောအဆစ်ကုပညာရှင်များအဖွဲ့-JPTA)နှင့်ဂျိုနသန်
ကရူးဂါး(အမှုဆောင်အရာရှိချုပ်၊ World Physiotherapy)  




အောက်တိုဘာ ၂၆ ရက်ကြာသပတေးနေ့စွဲဖြင့် အကြောအဆစ်ကုပညာဆိုင်ရာကမ္ဘာ့အဖွဲ့အစည်း

(World Physiotherapy - WP)က ပေးပို့သည့်အီးမေး (World Physiotherapy eNews)တွင် အဖွဲ့

မှတာဝန်ရှိသူများသည် တိုကျိုမြို့ သို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။


ထိုအဖွဲ့အား WP ၏အမှုဆောင်အရာရှိချုပ် 'ဂျိုနသန်ကရူးဂါး'(Jonathan Kruger)ကဦးဆောင်ပြီး ညီ

လာခံကျင်းပရေးဌာနမှူး အဲလက်ဂရရိုကာတို(Allegra Roccato)နှင့်မူဝါဒရေးရာမန်နေဂျာ ဘားဂစ်

မူလာဝင့်ကလာ(Birgit Mueller-Winkler)တို့ပါဝင်ကြသည်။ 


အကြောင်းမှာ လာမည့် ၂၀၂၅ ခုနှစ် မေလတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ၌လက်ခံကျင်းပမည့်အကြော

အဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ(World Physiotherapy Congress 2025)နှင့်သက်ဆိုင်

သည့်ကြိုတင်ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးရန်ဖြစ်သည်။

















World Physiotherapy Congress 2023 ဒူဘိုင်းမှာလား တိုကျိုမှာလား



တိုကျိုမှာကျင်းပမည့်အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံကြိုတင်ပြင်ဆင်နေမှု

များအကြောင်းကိုမပြောမီ၂၀၂၃WP ညီလာခံ-ဒူဘိုင်းနှင့်၂၀၂၅WP ညီလာခံ-တိုကျိုမြိုမြို့တို့

၏ညီလာခံကျင်းပရေးနှင့်ပတ်သက်ပြီးအပြောင်းအလဲတခုဖြစ်ခဲ့သည်ကိုစိတ်ဝင်စားဖွယ်သတိ

ရမိနေပါသည်။

တကယ်က၂၀၂၃WP ညီလာခံကိုဂျပန်နိုင်ငံတိုကျိုမြို့တွင်ကျင်းပရန်မူလကတရားဝင်ကြေညာ

ထားခဲ့ပြီးဖြစ်သည်။တချိန်တည်းမှာWP၏အထွေထွေအစည်းအဝေးကိုလည်းတိုကျိုမြို့တွင်ပင်

ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ပြီးလည်းဖြစ်သည်။

 


  







          

(၂၀၂၅WP ညီလာခံနှင့်သက်ဆိုင်သည့်ကြိုတင်ပြင်ဆင်နေမှုများကိုကွင်းဆင်းကြည့်ရှုစစ်ဆေးရန်(Site visit)  

တိုကျိုသို့ရောက်ရှိနေသည့် World Physiotherapy team သည် ဂျပန်အကြောအဆစ်ကုပညာရှင်များအဖွဲ့မှ

ကိုယ်စားလှယ်များ၊ ပစ္စည်းထောက်ပံ့ရေးကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ညီလာခံကာလတွင် အလည်

အပတ်လေ့လာရေးဧည့်ခံမည့်ဆေးရုံများနှင့်အဖွဲအစည်းများ(clinical visit providers)အား ယခုနှစ်စက်တင်

ဘာ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည် - အပေါ်ပုံ




သို့သော်ကိုဗစ်-၁၉ကပ်ရောဂါကြီးဖြစ်ပွားလာသည့်အတွက်ခရီးသွားကန့်သတ်မှုများ(Travel re-

strictions)များကြောင့်မူလကရည်ရွယ်ဆုံးဖြတ်ထားခဲ့သည့်အတိုင်းဂျပန်နိုင်ငံတွင်WP ညီလာခံ

ကို၂၀၂၃မှာကျင်းပရန်လုံးဝမဖြစ်နိုင်တော့ပေ။

ထိုကြောင့် WP ညီလာခံ ၂၀၂၃ ကို ယခုနှစ်ဇွန်လ ၂ ရက်မှ ၄ ရက်နေ့အထိ ယူအေအီးနိုင်ငံ ဒူ

ဘိုင်းမြို့ တွင် အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်သည်။

 ယင်းကိစ္စနှင့်ပတ်သက်ပြီး ထိုစဉ်က World Physiotherapy၏ဥက္ကဋ္ဌဖြစ်သော ပါမောက္ခ'အဲမာ

စတုတ်'ကလည်း၊ 

//WP ညီလာခံ ၂၀၂၃ ကို ၂၀၂၅ ခုနှစ်မှာ တိုကျိုသို့ပြောင်းရွေ့ စီစဉ်နိုင်ခဲ့သည့်အတွက် 

ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်။ ဂျပန်အကြောအဆစ်ကုပညာရှင်များအဖွဲ့(JPTA) က

ဒီညီလာခံကြီး အထူးတလည်အောင်မြင်ရေးအတွက် အထူးဝါယမစိုက်လုပ်ကိုင်နေတာ

ဖြစ်လို့ စိတ်လှုပ်ရှားဖွယ်ရာကမ္ဘာ့အကြောအဆစ်ကုညီလာခံနောက်တခုကို နိုင်ငံတကာ

ကကိုယ်စားလှယ်များ လာရောက်ပါဝင်ဆင်နွဲကြမှာကို ကြိုဆိုလိုက်ပါတယ်//     

ဟုပြောခဲ့သည်။

















The Japanese Physical Therapy Association




- ၁၉၆၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

- ၁၉၇၀ ခုနှစ်က World Physiotherapy အဖွဲ့ကြီးတွင် အသင်းဝင်ဖြစ်လာခဲ့သည်။

- ၂၀၂၀ ခုနှစ်မှာ JPTA အသင်းသားပေါင်း တသိန်း ကိုးထောင့် ငါးရာ ငါးဆယ့်တဦး (၁၀၉,၅၅၁)

ဖြင့်ကမ္ဘာတွင် အကြောအဆစ်ကုပညာရှင်အင်အားအများဆုံးရှိသည့်နိုင်ငံ(အသင်း)ဖြစ်ခဲ့သည်။


WP ညီလာခံကြီးကို မူလကဆုံးဖြတ်ထားသည့်အတိုင်း ၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံမှာ မကျင်းပ

နိုင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဂျပန်အကြောအဆစ်ကုပညာရှင်များအဖွဲ့၏ဥက္ကဋ္ဌဖြစ်သော မစ္စတာ

'ဟိုက်ဒီယူကီစိုက်တိုး'က၊

//ဒါနဲ့ပတ်သက်လို့ World Physiotherapy အဖွဲ့ကြီးအနေနဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တခု 

ချမှတ်ခဲ့ရတယ်ဆိုတာကို နားလည်သဘောပေါက်ပါတယ်။ အခုလိုခက်ခက်ခဲခဲအခြေ

အနေတရပ်ကိုကျော်လွန်နိုင်ခဲ့တဲ့အတွက်လဲ များစွာနှစ်ထောင်းအားရဖြစ်မိပါတယ်။

ဒီမှာထူးခြားတာတခုကတော့ ယခု WP ညီလာခံ ၂၀၂၅ ဟာ ကျနော်တို့ JPTAအသင်း

ဖွဲ့စည်းခြင်းရဲ့  အနှစ် (၆၀)မြောက်အခမ်းအနားနဲ့ တိုက်ဆိုင်နေတာပဲဖြစ်ပါတယ်//

ဟုပြောခဲ့ပါသေးသည်။
















Monday, October 23, 2023

တဲန်ဂမြို့ သစ် တည်ဆောက်ခြင်း

 




မနက်မိုးလင်းလာလို့ အိမ်နောက်ဖေးဘက်ကိုကြည့်လိုက်တာနဲ့ ထုသံနှက်သံဆူဆူညံညံအသံ

ဗလံများနဲ့အတူ တဲန်ဂမြို့ သစ်ဆောက်လုပ်ရေးလုပ်ငန်းကို နေ့စဉ်တွေ့မြင်နေရတာ အထူးအ

ဆန်းမဟုတ်တော့ပါဘူး။  


မိမိတို့နေတဲ့ ဂျူရောင်းဝက်စ် ၄၂ လမ်း(Jurong West, Street 42)ကနေ မြင်ရတာက အပေါ်

ပုံထဲကအတိုင်းဖြစ်ပြီး အောက်ကပုံထဲကလို တိုက်တာအိမ်ခြေတွေဆောက်တာမျိုးကိုတော့ အ

ခုအချိန်ထိ မတွေ့ရသေးပါဘူး။


ဒီမြင်ကွင်း ၂ ခုက ဟက်တာ ၇၀၀ အကျယ်အ၀န်းရှိပြီး Forest Town လို့ တင်စားခေါ်ဝေါ်ထား

သည့် သစ်တောမြို့  ဒါမှမဟုတ် တောအုပ်တောတန်းမြို့ တည်သစ်ဆောက်ရေးသည် မည်မျှကြီး

မားကျယ်ဝန်းတယ်ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။


သစထရိတ်စ်တိုင်းမ်စ်(The Straits Times)၏ ဆောက်လုပ်ရေးသတင်းထောက် 'မစ်ရှယ်အန်ဂ်'

ကတော့ ဒီမြို့ သစ်ရဲ့ အကျယ်အ၀န်းက အကြမ်းဖျဉ်းအားဖြင့်ပြောရရင် ဘီရှန်း(Bishan Town)ရဲ့ 

ကျယ်အ၀န်းလောက်ပါပဲလို့ သူရဲ့ ဆောင်းပါးမှာခန့်မှန်းပြောထားတာတွေ့ရပါတယ်။ 


































အရင်တုန်းကဆိုရင် ဒီနေရာက အထက်ကပုံလေးမှာတွေ့ရတဲ့အတိုင်း စိမ်းစိမ်းစိုစိုသစ်ပင်တွေ

နဲ့တောအုပ်တောတန်းလေးပါ။ 


မိမိတို့အိမ် (၁၀)ထပ်အမြင့်ကနေကြည့်မယ်ဆိုရင် မလေးရှားနိုင်ငံ၏တောင်ဖက်စွန်းအရပ်ဖြစ်

တဲ့'ဂျဟိုးကော့စ်ဝေး'နေရာအထိကို မျက်စိတဆုံး တမျှော်တခေါ်ကြီးတွေ့မြင်နေကျ။ 


တခါတလေ ရာသီဥတုသာသာယာယာရှိပြီး မိုးတိမ်တွေရှင်းတဲ့နေ့များမှာ ဟိုအဝေးဆီ မလေး

ရှားဘက်အခြမ်းက ထိုးလိုးထောင်လောင်တိုက်တွေရဲ့ ထိပ်ပိုင်းကိုတောင် ထင်ထင်ရှားရှားကြီး

မြင်ခဲ့ရသေးတာ။

 





တဲန်ဂမြို့ သစ်(Tengah)ဆောက်ပြီးတဲ့အခါ နေအိမ်ပေါင်းလေးသောင်းနှစ်ထောင်(၄၂,၀၀၀)ရှိမှာ
ဖြစ်ပြီး အဲဒီအထဲမှာမှ အိပ်ခ်ျဒီဘီ(HDB)တိုက်ခန်းသုံသောင်း(၃၀,၀၀၀)နဲ့ ကိုယ်ပိုင်အိမ်ယာ တစ်
သောင်းနှစ်ထောင်(၁၂,၀၀၀)ပါရှိကြမယ်ဆိုပါတယ်။








စင်ကာပူနိုင်ငံ၏နောက်ဆုံးမြို့ သစ်ဖြစ်သည့် တဲန်ဂမြို့ သည် တည်နေရာအားဖြင့် ဂျူရောင်းအိစ် 

(Jurong East)၊ ချွှာချူးကန်(Choa Chu Kang)နဲ့ဘူးကစ်ဘာတော့(Bukit Batok)တို့ရဲ့ တောင်

ဖက်၊ တဲန်ဂလေတပ်စခန်(Tengah Air Base)ရဲ့ မြောက်ဖက်မှာတည်ရှိနေတာဖြစ်တယ်။







Sunday, October 22, 2023

နိုင်ငံတကာ - ဟိုအကြောင်း ဒီအကြောင်း (၁)



ဟားမားစ်စစ်သွေးကြွတွေကို
ဂါဇာကနေ မောင်းထုတ်သုတ်သင်ပစ်မယ် (ယို့ဗ်ဂဲလဲန့်၊ စ္စရေးစစ်ဖက်ဝန်ကြီး)


**

အပြစ်မဲ့အစ္စရေးပြည်သူ ၁၄၀၀ ကို 

သွေးအေးအေးဖြင့်သတ်ဖြတ်ခဲ့သည့်အပြင်

အမြောက်အများကိုလည်း စစ်တန်စာခံအဖြစ်ဖမ်းဆီးထားကြောင်း

ဟားမားစ်က တရားဝင်ထုတ်ဖော်ပြောလိုက်ပြီ


 

***


စင်ကာပူမှာ ရေရှည်နေထိုင်ခွင့်ရသူများနှင့်
နိုင်ငံခြားသားများ ကျောင်းလစဉ်ကြေးပိုပေးကြရမည်












SOURCE: The Straits Times 19 October 2023


၂၀၂၄ ခုနှစ်မှ ၂၀၂၆ (၃ နှစ်)အတွင်း ကျောင်းလစဉ်ကြေးများကို တဖြည်းဖြည်းတိုးမြှင့်သွား

မည်ဖြစ်ကြောင်း စင်ကာပူပညာရေးဝန်ကြီးဌာနက အောက်တိုဘာ (၁၈)ရက် ဗုဒ္ဓဟူးနေ့တွင်

ကြေညာခဲ့သည်။ 

ယင်းကာလအတွင်း ပီအာ(PR)ကျောင်းသူကျောင်းသားများအတွက် နှစ်စဉ် (၂၅)ဒေါ်လာမှ 

(၆၀)ဒေါ်လာအတွင်းလည်းကောင်း၊ အခြားသောနိုင်ငံခြားကျာင်းသူကျောင်းသားများ(Inter-

national students)အတွက် နှစ်စဉ် (၂၅)ဒေါ်လာမှ(၁၄၀)ဒေါ်လာအတွင်းလည်းကောင်းတိုး

မြှင့်ကောက်ခံသွားမည်ဟုသိရှိရသည်။


ယခုကဲ့သို့ကျောင်းလစဉ်ကြေးများတိုးမြှင့်ရခြင်းသည် ပညာရေးဝန်ကြီးဌာန၏ပုံမှန်လုပ်နေကျ

ဆောင်ရွက်ချက်တခုဖြစ်ပြီး မိဖများအနေဖြင့် ငွေရေးကြေးရေးကိုကြိုတင်စီစဉ်ထားနိုင်စေရန်

စောစီးစွာအသိပေးခြင်းဖြစ်သည်။















ကျောင်းလစဉ်ကြေးအသစ်တိုးမြှင့်ကောင်ခံခြင်းကို နှစ်စဉ်နှစ်တိုင်းဇန်န၀ါရီလတွင်ပြုလုပ်မည်

ဖြစ်သည်။

ဥပမာ၊ ပီအာ(PR) မူလတန်းကျောင်းသူကျောင်းသားများသည် ယခု လစဉ်ပေးနေသည့် ၂၅၅ 

ဒေါ်လာမှ ၃၃၀ ဒေါ်လာအထိ ၂၀၂၆ တွင်ပေးကြရမည်။ 

အာဆီယံ(Asean)နိုင်ငံများမှမူလတန်းကျောင်းသူကျောင်းသားများသည် ယခုလစဉ်ပေးနေသည့် 

၅၂၀ ဒေါ်လာမှ ၅၉၅ ဒေါ်လာအထိ ၂၀၂၆ တွင်ပေးကြရမည်။ 

အလားတူပင် အာဆီယံပြင်ပနိုင်ငံများ(Countries outside Asean)မှမူလတန်းကျောင်းသူကျောင်း

သားများသည် ယခုလစဉ်ပေးနေသည့် ၈၈၅ ဒေါ်လာမှ ၁၀၃၅ ဒေါ်လာအထိ ၂၀၂၆ တွင်ပေးကြ

ရမည်။





***


နိုင်ငံရေးတွင် မျိုးဆက်ခံအာဏာရယူမှု 
 အလိုမရှိဟု 
အင်ဒိုနီးရှားအရပ်ဖက်အဖွဲ့အစည်းများ ဆန္ဒထုတ်ဖော်
 SOURCE: The Straits Times 18 October 2023



လက်ရှိအင်ဒိုနီးရှားနိုင်ငံသမတ 'ဂျိုကိုဝီဒိုဒို'၏သားကြီးသြရသဖြစ်တဲ့ စူရာကာတာမြို့ တော်ဝန် 
'မစ္စတာဂျီဘရန်'ကို လာမည့်ရွေးကောက်ပွဲမှာ ဒုတိယသမတလောင်းအဖြစ်ဝင်ရောက်အရွေးခံ
နိုင်ရန် အင်ဒိုနီးရှားတရားရုံး(Constitutional Court)က အဆုံးအဖြတ်ပေးခွင့်ပြုပေးလိုက်တာနဲ့ပတ်
သက်လို့ မကျေနပ်တဲ့အတွက် အရပ်ဖက်အဖွဲ့အစည်းများက ဆန္ဒထုတ်ဖော်ပြီးဆန့်ကျင်ခဲ့ကြပါ
တယ်။

တရားရုံးရဲ့ အခုလိုမျိုးလုပ်ရပ်သည် ၀ိဝါဒဖြစ်အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တခုဖြစ်တဲ့အပြင် တိုင်း
ပြည်ကို ယခင်အာဏာရှင်ကြီး'ဆူဟာတို'ခေတ်ဆီနောက်ပြန်ဆွဲနေတာလဲဖြစ်တယ်လို့ ပြစ်တင်
ဝေဖန်ကြပါတယ်။

ဒါဟာ တနည်းအားဖြင့် ဖခင်ရဲ့ သမတရာထူးအမွေကို သားဖြစ်သူက နိုင်ငံရေးအရိုက်အရာဆက်
ခံတာ(Political Dynasty)မျိုးဖြစ်တယ်လို့ ထောက်ပြကြပါတယ်။