"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, August 8, 2022

ကျွန်းသာယာသတင်းစဉ် (၅၉)

 
















 နောက်ဆုံးရသတင်း (၈-၈-၂၂)  














































***





























































































































































































































***















     

























 














































                                                                                        Photo - Myanmar News


            



































ဆရာမောင်သာနိုးကွယ်လွန်ကြောင်း ကြားသိရကတည်းက မိမိကြားခဲ့ သိခဲ့ မြင်ခဲ့ တွေ့ဆုံခဲ့ဖူးတဲ့
ဆရာ့အကြောင်းကို အမှတ်တရလေးရေးမယ်ဆိုပြီးအားခဲထားတာ ဒီကနေ့မှပဲ နဲနဲစရေးဖြစ်တော့
တယ်။

ဆရာ့အကြောင်းကိုပြောရမယ်ဆိုရင် ဆရာနဲ့အမြဲတွဲပြီးသိထားတဲ့ ကဗျာဆရာကြီးများဖြစ်ကြတဲ့
ဆရာတင်မိုးနဲ့ဆရာမောင်စွမ်းရည်တို့ကိုလဲ မြင်ယောင်လာမိပါတယ်။

ဘာ့ကြောင်လဲဆိုတော့ မိမိ စာပေ၀ါသနာပါလို့ စာတွေအများအပြားဖတ်ခဲ့တဲ့ အထက်တန်းကျောင်း
သားအရွယ်က ဆရာတို့သုံးဦးနဲ့'အထက်ဗမာနိုင်ငံစာရေးဆရာအသင်း'က အခြားသောစာရေးဆရာ
ကြီးအချို့ ကို တပြိုင်တည်းတချိန်တည်း သိခဲ့ရတာဖြစ်လို့မို့ပါ။

သူတို့အထဲက ထင်ရှားသူစာရေးဆရာကြီးအချို့ ကိုပြောရမယ်ဆိုရင် လူထုဦးလှ၊ လူထုဒေါ်အမာ၊ 
မောင်ကြည်မြ၊ မောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်)၊ မောင်သာနိုး၊ မောင်မိုးသူ၊  တက္ကသိုလ်မောင်
စောလွင်၊ ညွန့်အေး-အင်းဝ၊ ကိုလေး (အင်းဝဂုဏ်ရည်) အစရှိသူများဖြစ်ကြပါတယ်။

တက္ကသိုလ်နွယ်ထွန်းဆိုတဲ့ကလောင်အမည်နဲ့ ကန့်ဘလူမြို့ ရဲ့ ပထမဦးဆုံးစာရေးဆရာဖြစ်သူ ကို
ထွန်အံ့ဟာ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းမှာလူသိများခဲ့ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ကွယ်
လွန်သွားခဲ့တာကြောင့် ကန့်ဘလူသားစာရေးဆရာအတော်များများပင် မသိလိုက်ကြပေ။ 















































ဆက်ပြီးရေးပါအုံးမယ်။




 နောက်ဆုံးရသတင်း (၁၄-၈-၂၂)  


















       











***















***