"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, December 25, 2022

ကနေဒါ ဗန်ကူးဗားနှင့်ကယ်လ်ဂယ်ရီ အမှတ်တရများ









ယခုရက်ပိုင်းမှာ မြန်မာအကြောအဆစ်ကုပညာရှင်လူငယ်နှစ်ဦး စင်ကာပူနိုင်ငံကနေ ကနေဒါနိုင်ငံကို

ခရီးသွားတဲ့အကြောင်း ဖေ့စ်ဘွတ်မှာတင်ထားတာဖတ်ရတော့ မိမိရောက်ခဲ့စဉ်ကတွေ့ကြုံရတာလေး

တချို့ ကို ပြန်ပြီးအမှတ်တရဖြစ်မိရပါတယ်။ 

မိမိကတော့ စင်ကာပူမှ ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ လေဆိပ်ကို ထိုင်ဝမ်လေကြောင်းလိုင်းက အီဗား

လေယာဉ်ကြီးနဲ့ ၁၆ နာရီခွဲကြာသွားခဲ့ရတာပါ။ 

လေယာဉ်ပေါ်မှာ တညလုံးအိပ် နောက်တနေ့လုံးစီးပြီး ဗင်ကူးဗားအပြည်ပြည်ဆိုင်ရာလေဆိပ်ကို 

ညနေခင်းပိုင်းလောက်မှာရောက်သွားခဲ့ပါတယ်။ 

လေဆိပ်မှာ အားလုံးအဆင်ပြေခဲ့ပါတယ်။ 

ထူးထူးခြားခြားမှတ်မိနေတာကတော့ လေဆိပ်ဆုံလည်မှာ ခရီးသွားအိတ်ယူဖို့စောင့်နေတုန်း မြန်မာ

စကားပြောတဲ့အလုပ်သမားတချို့ ကို မထင်မှတ်ထားပဲ တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ 

ဆုံလည်ရဲ့ တဖက်မှာရှိတဲ့သူတစ်ယောက်က အခြားတဖက်မှာရှိနေတဲ့အလုပ်သမားကို "ဟေ့ ဟေ့ 

အဲဒီအိတ်အနက်ကြီးကို ဆွဲချထားလိုက်" လို့ မြန်မာသံခပ်ဝဲ၀ဲလေးနဲ့ လှမ်းပြီးအော်ပြောတာကိုကြား

လိုက်မိလို့ရယ်ပါ။

လေဆိပ်အလုပ်သမားတွေအထဲမှာ မြန်မာလူမျိုး ၂ ယောက်မက တွေ့မြင်ခဲ့ရပါတယ်။








မိမိ ကနေဒါနိုင်ငံကိုသွားတဲ့လက ဇွန်လဖြစ်လို့ အပူချိန်က ၁၅ ဒီဂရီစင်တီဂရိတ်ကနေ ၁၉ ဒီဂရီ

စင်တီဂရိတ် (၆၆ ဒီဂရီဖာရင်ဟိုက်) သာရှိရာ အတော်လေးအေးပါတယ်။ 

ဒီဇင်ဘာလလို ဆီးနှင်းတွေမကျပါဘူး။ အပူချိန်ကလဲ သုညဒီဂရီအနားရောက်ဖို့ဆို ဝေလာဝေး

ပါသေးတယ်။ 

ဒါပေမယ့် ကနေဒါရဲ့ ဆောင်းရာသီကတော့ အလွန်အေးတာ နာမည်ကြီးပါတယ်။ 


ဇွန်လကတော့ ကနေဒါမှာနွေရာသီပါ။ 

ဒါပေမယ့် အအေးဓာတ်တော့ သိသိသာသာလေးရှိပါတယ်။

မိမိတို့လို အပူပိုင်းဒေသကလာကြသူတွေအဖို့ အနွေးထည်လေးဝတ်ပြီးသွားလာလို့ကောင်းတဲ့ရာ

သီဥတုမျိုး။ 

ဒါကြောင့် ပြပွဲ၊ အဆိုအကပွဲ၊ ပွဲတော်များနှင့် အထင်ကရ အပြည်ပြည်ဆိုင်ရာညီလာခံနဲ့အစည်းအ

ဝေးတွေကို ဒီဇွန်လထဲမှာပဲ အများဆုံးကျင်းပပြုလုပ်လေ့ရှိကြပါတယ်။













အခုလ ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် စင်ကာပူနိုင်ငံက The Straits Times သတင်းစာမှာ ကနေဒါ၊

အမေရိကန်နဲ့ ဂျပန် အစရှိတဲ့ ကမ္ဘာ့မြောက်ဖက်ခြမ်းဒေသတွေမှာ ဆိုးရွားလှသည့်ဆောင်းရာသီ

ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ရေးထားတာဖတ်လိုက်ရပါတယ်။






(Photo - Traveltriangle.com)


လေဆိပ်ကနေ တက္ကစီငှားပြီးထွက်လာတော့ နေရောင်လင်းလင်းကျင်းကျင်းရှိနေပြီး ပြာလဲ့လဲ့မိုး

ကောင်းကင်နဲ့ဖြူလွှလွှတိမ်ဆိုင်တွေရဲ့ အောက်က တောင်ထိပ်နဲ့တောင်ကြားနေရာအချို့ မှာ ရေခဲ 

တွေ တဖြတ်ဖြတ်တောက်နေတာကို လှပစွာတွေ့ခဲ့ရပါတယ်။

တောင်ထိပ်နဲ့တောင်ကြားတွေမှာ ခဲပြီးကျန်ခဲ့တဲ့ ဒီရေခဲတွေက နွေကာလမှာရာ ဆောင်းကာလ

တွေမှာပါ တနှစ်လုံးမြင်တွေ့နေရတယ်လို့ပြောပါတယ်။








၂၀၀၇ ခုနှစ်က အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ (World Confederation for 

Physical Therapy Congress - WCPT) ကိုတက်ရန် မိမိ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ ကိုသွားခဲ့

တာဖြစ်ပါတယ်။  

လန်ဒန်မှာရှိတဲ့ WCPTရုံးချုပ်နဲ့ ဖင်လန်နိုင်ငံမှာရှိတဲ့ HURကုမ္ပဏီကြီးတို့ကပူးတွဲပေးအပ်တဲ့ပညာ 

တော်သင်ဆုက လေယာဉ်အသွားအပြန်စရိတ်၊ ဟိုတယ်ခ၊ ညီလာခံကြေးနှင့်နေ့စဉ်အသုံးစရိတ်

များအားလုံးကို ကျခံပေးပါတယ်။  

ဒါပေမယ့် မိမိက ပညာသင်ဆုကသတ်မှတ်ထောက်ပံ့ထားတဲ့ ၅ ရက်ထက် ၁ ရက်ကြိုပြီးလာခဲ့တာ

ဖြစ်လို့ ရောက်တဲ့နေ့က သူတို့စီစဉ်ပေးထားတဲ့ဟိုတယ်မှာ မတည်းနိုင်သေးတာကြောင့် မိမိဖာသာ

ပဲ University of British Columbia ဆိုတဲ့တက္ကသိုလ်မှာ တစ်ညတာတည်းခိုလိုက်ပါတယ်။ 

ဒါကိုလဲ ညီလာခံကိုယ်စားလှယ်များအတွက် ဈေးနှုန်းချိုသာစွာနဲ့စီစဉ်ပေးထားတာဖြစ်လို့ စင်ကာပူ

ကမထွက်လာခင်ကထဲက အီးမေးကနေ မိမိကြိုတင်ဆက်သွယ်ပြီး အခန်းယူထားခဲ့တာဖြစ်တယ်။

အဝေးမှလာတဲ့ မိမိက တက္ကသိုလ်ထဲကအဆောင်မှာ တစ်ညပဲတည်းဖြစ်ပေမယ့် ကနေဒါနိုင်ငံရဲ့  

တခြားသောမြို့များ (ဥပမာ အော့တားဝါးမြို့ ) မှ ညီလာခံလာတက်ကြသူ အကြောဆစ်ကုပညာ 

ရှင်အချို့ ကတော့ ဒီတက္ကသိုလ်ကြီးမှာ ၅ ရက်လုံး တည်းသွားခဲ့ကြတာပါ။ 








ဗန်ကူးဗားမြို့ မှာ ဇွန်လ ၂ ရက်ကနေ ၆ ရက်နေ့အထိကျင်းပခဲ့သော ၁၅ ကြိမ်မြောက် အကြောအ
ဆစ္ကုပညာရပ္ဆိုင္ရာကမ ၻာ့ညီလာခံႀကီးကို ကမ ၻာ့နိုင္ငံအသီးသီးရွိ အသင်းဝင်နိုင်ငံ ၁၀၁ တို့မှ 
ကြောအဆစ်ကုပညာရှင် (Physiotherapist/Physical Therapist) ၃၅၀၀ ဦး တက်ရောက်ခဲ့
ကြတာဖြစ်တယ်။


မိမိအနေဖြင့် အခုလောက်ကြီးကျယ်ခန်းနားသောညီလာခံကြီးကို တစ်ယောက်တည်းမယောင်မ

လည်ဖြင့်ရောက်လာခဲ့တာဖြစ်လို့ စိတ်ဝင်စားစရာ စိတ်လှုပ်ရှားစရာများစွာဖြင့် ကြည်နူးရင်ခုန်ရ 

လိုက်တာ မပြောပါနဲ့တော့။ 

ဒီညီလာခံက မိမိရဲ့ ပညာရပ်နဲ့ပတ်သက်လို့ ပထမဦးဆုံးတက်ခဲ့ဖူးတာရယ်ပါ။


























ဆက်ပြီးရေးပါဦးမယ်။





Wednesday, December 21, 2022

ထိုးလိုက်ရတဲ့ကာကွယ်ဆေးတွေ

 


ကာကွယ်ဆေး ၂ မျိုးကို တနေ့ထဲ တချိန်ထဲမှာ
အခုလိုမျိုး တစ်ခါထဲအထိုးခံခဲ့ရသေးတာ။


မှတ်မှတ်ရရဆိုလို့ရှိရင် ဟို ကျနော်တို့တတွေငယ်ငယ်တုန်းက ကျောက်ဆေးထိုးတာနဲ့ ပလိပ်ရောဂါ

ကာကွယ်ဆေးထိုးခဲ့ရတာတွေကလွဲလို့ နောက်ထပ်ဘာကာကွယ်ဆေးမှမထိုးခဲ့ရဘူးလို့ထင်ပါတယ်။


အဲဒီခေတ်အဲဒီအချိန်ကာလက ဆေးထိုးတုန်းကဖြစ်လာခဲ့တဲ့အမာရွတ်အမှတ်အသားလေးတွေက

တော့ သေရာပါတဲ့အထိပါပဲ။

တချို့ တွေမှာဆို အဲဒီကာကွယ်ဆေးတွေထိုးလို့ဖြစ်လာတဲ့အမာရွတ် (Scar)များဟာ ရွံစရာကောင်း

လောက်တဲ့အထိကို ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ကြရတာ။

ဘာပဲဖြစ်ဖြစ်ပေါ့။ ရောဂါဖြစ်ပြီးသေတာထက်တော့ အမာရွတ်ဖြစ်တာကို လက်ခံရမှာပါ။


ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ ကျောက်ရောဂါ ပလိပ်ရောဂါ အစရှိတဲ့ကပ်ရောဂါတွေကြောင့်

လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ကြရပါတယ်။

ဥပမာ ၁၉၀၆ ခုနှစ် တစ်နှစ်ထဲမှာပဲ ပလိပ်ရောဂါကြောင့် လူပေါင်းရှစ်ထောင်ကျော် (၈၆၃၇ ဦး) သေ

ဆုံးခဲ့ကြရတယ်လို့ မှတ်တမ်းများအရသိရပါတယ်။

ပြောချင်တာက 

ကျနော်ဟာ ကျောင်းပြီးကထဲက ဆေးရုံတွေမှာ ကူးစက်နိုင်တဲ့ရောဂါပေါင်းစုံရှိတဲ့လူနာများနဲ့ နေ့စဉ်

လိုလို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ရပေမယ့် ဘာကာကွယ်ဆေးမှမထိုးနှံခဲ့ရပါဘူး။

အမှန်အတိုင်းဝန်ခံရရင် ကိုယ်တိုင်က ထိုးရကောင်းမှန်းလဲ သတိမထားမိခဲ့သလို အလုပ်ကလဲ(ဆေး

ရုံနဲ့ကျန်းဦးစီးလို ကျန်းမာရေးဝန်ကြီးဌာနတွေ) လမ်းညွှန်ခိုင်းစေတာမျိုး မရှိခဲ့ပါဘူး။




























တစ်ခါ ၁၉၉၀ ခုနှစ်မှာ စင်ကာပူနိုင်ငံကိုရောက်လာပြီး အလုပ်လုပ်တော့လဲ ဆေးရုံမှာလုပ်တာမဟုတ်

လို့ ဘာကာကွယ်ဆေးမှ မထိုးခဲ့ရပါ။

အဲဒီနောက် ၂၀၁၆ ခုနှစ်ကုန်မှာ စင်ကာပူနိုင်ငံမှာပဲ မူလအလုပ်ကနေအနားယူပြီး ၂ နှစ်အကြာဖြစ်တဲ့ 

၂၀၁၉ ခုနှစ်တွင် ဆေးရုံကြီးတစ်ခုမှာ ငှားရမ်းပညာရှင် (Locum Physiotherapist) အဖြစ်အလုပ်လုပ်

တဲ့အခါမှာတော့ တစ်သက်လုံးမထိုးထားခဲ့တဲ့ ရောဂါကာကွယ်ဆေးတွေကို အလုပ်အရ မထိုးမနေကြီး

ထိုးရပါတော့တယ်။

ထိုးမယ့်ထိုးရတော့လဲ တစ်နေ့ထဲ တစ်ချိန်ထဲမှာ လက်မောင်လေး ၂ ဖက်ပဲရှိတာကို ဘယ်တစ်ဖက် 

ညာတစ်ဖက် နှစ်ဖက်စလုံးကို မညှာမတာ တစ်ခါထဲ အထိုးခံလိုက်ရသေးတာ။ 

(ဟဲ ဟဲ .. တကယ်က  မိမိကို ဆေးမထိုးခင်မေးပြီး မိမိကသဘောတူတော့မှ ထိုးပေးတာရယ်ပါ။)

ဟုတ်တယ်လေ။

မြန်မာပြည်ကလာခဲ့တာပဲ။

ဒီလောက်တော့ ဘယ်မှုပါ့မလဲ။

မဟုတ်ရင် နောက်တစ်လုံးအတွက် နောက်တစ်ရက်ပြန်လာနေရဦးမှာ။






ဆက်ပြီးရေးပါဦးမယ်။