"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, November 23, 2022

အလှပြင်ဆရာမ မြေးငယ်လေး၏လက်ရာ

 


မိမိတို့အဖိုးအဖွားများထံ မြေးလေး ၂ ယောက်က မကြာခဏဆိုသလို အလယ်ရောက်လာလေ့

ရှိကြပါတယ်။

အိမ်မှာ သူတို့အန်ကယ်လေးရှိရင် အန်ကယ်လေးရဲ့ အခန်းထဲမှာရှိတဲ့အားကစားလေ့ကျင့်တွဲခိုကြိုး 

(Exercise Hanging Straps) နဲ့ လွှဲရမ်းကစားကြလေ့ရှိတာ။ 

တခါတခါ တွဲလွှဲခိုစီးကြတယ်။

တခါတလေမှာတော့ လက်ကိုင်ကြိုးကွင်း ၂ ကွင်းထဲကို ခြေတချောင်းစီသွင်းပြီး ခွထိုင်စီးကြတယ်။

သူတို့အန်ကယ်လေးက ခပ်မြန်မြန်လွှဲတွန်းပေးတာကို သဘောကျတတ်ကြတာ။

တဟီးဟီး တဟားဟား အသံသေး အသံကြောင်တွေနဲ့ ဆူညံနေကောပဲ။

ကြောက်လန့်တာရော ပျော်တာရောစုံလို့ပါပဲ။













ဆက်ရေးပါမည်။








Friday, November 18, 2022

ပါပါရာဇီရိုက်ချက်မိသွားခြင်း

 


ဒီကနေ့မနက် အလုပ်ကိုရောက်လို့ အလုပ်စားပွဲမှာ ထိုင်ခါစလေးပဲရှိသေးတယ်။

ဖုန်းကအချက်ပေးတဲ့အသံမြည်သွားလို့ ကောက်ပြီးကိုင်လိုက်တယ်။

ဓာတ်ပုံလေးတစ်ပုံလဲ ပါလာသေးတာ။

ကြည့်လိုက်တော့ ..

အဲ .. မှန်းစမ်း။

ဒါ တို့ဆေးရုံထဲအ၀င်လမ်းထိပ်က မီးပွိုင့်နေရာလေးပဲ။

အခုလေးတင်ပဲ ဘတ်စ်ကားကဆင်းပြီး အဲဒီကနေလာခဲ့တာ။

ရုတ်တရက်က လူရုပ်ပုံကို မတွေ့ရသေးဘူး။

ဒါဖြင့် သူက အခုဆေးရုံကိုရောက်နေတယ်လို့ ပြောချင်တာများလား။

နေပါဦး။

ကျုပ်ကိုတွေ့တယ်လို့ သူပြောထားသေးတော့ ကျုပ်ရဲ့ ပုံများပါလေမလားဆိုပြီး ဓာတ်ပုံကို

ချဲ့ ကြည့်လိုက်တော့မှ ကျောပိုးအိတ်ကို ကိုယ်တစ်ခြမ်းလွယ်ပြီး ကျော့ကျော့မော့မော့လေး

လမ်းလျောက်နေတဲ့ အီဖေကိုကိုတွေ့ရတော့တာ။

ဒီတော့မှ မီးပွိုင့်နေရာကနေ ကားရပ်ထားတုန်း မိမိကို ပါပါရာဇီ(Paparazzi)သတင်းထောက်

တစ်ဦးဦးက ချောင်းပြီးရိုက်သွားပြီဆိုတာသိလိုက်ရတယ်။

အော် လောကကြီးနှယ် ဆိတ်ကွယ်ရာကို မရှိလိုက်တာပါလားနော်။



















ပါပါရာဇီသတင်းထောက်က တခြားသူဟုတ်ပါယိုးလား။ 

စင်ကာပူမှာလာပြီးအလုပ်လုပ်လုပ်နေကြတဲ့ မိမိတို့မြန်မာ Physiotherapist များထဲက လုပ်ဖော်

ကိုင်ဖက်ဟောင်းဖြစ်တဲ့လူငယ်တစ်ဦးရယ်ပါ။

သူက၊

"မင်္ဂလာနံနက်ခင်းပါဆရာကြီး၊ IMH ဆေးရုံအ၀င်လမ်းမှာတွေ့လိုက်ရတာ ဆရာများလေလား

လို့။ နေကောင်းပါလား" လို့မေးထားတယ်။

နောက်ပြီး၊

"လာမည့် ၂၇ ရက်နေ့မှာ PT Gathering ရှိတယ်။ Gardens by the Bay မှာပါ။ ဆရာနဲ့အန်တီတို့

အဆင်ပြေရင်လာပေးပါ" လို့ဖိတ်ခေါ်ပါသေးတယ်။

ဒါကြောင့် မိမိက နေထိုင်ကောင်းကြောင်း၊ ဒီဆေးရုံမှာ အချိန်ပိုင်းအလုပ်လုပ်နေတဲ့အကြောင်းနဲ့ 

လာဖြစ်ရင် အသိပေးပါမယ်လို့ အကြောင်းပြန်လိုက်ရတယ်။ 

ဓာတ်ပုံထဲက အဆောက်အဦပုံနဲ့ပတ်သက်ပြီး နဲနဲပြောပြချင်ပါတယ်။ 

မိမိ အလုပ်လုပ်နေတဲ့ဆေးရုံနဲ့အမှတ်မှားမှာစိုးလို့ပါ။ 

ဓာတ်ပုံထဲမှာတွေ့ရတဲ့ အ၀ါရောင်ဆေးသုတ်ထားတဲ့အဆောက်အဦကြီးက ဆေးရုံမဟုတ်ပါဘူး။

Surya Nursing Home ဖြစ်ပါတယ်။

သူရဲ့ လက်ယာဖက်မှာတော့ Sunlove Nursing Home နဲ့ St Andrew Nursing Home တွေရှိနေ

ကြတယ်။ ဒီ Nursing Home တွေက ဆေးရုံဝင်းထဲမှာရှိနေပေမယ့် ဆေးရုံရဲ့ စီမံအုပ်ချုပ်မှုလုပ်ငန်း

တွေနဲ့သက်ဆိုင်မှုမရှိကြပါဘူး။
















(Photos)

မိမိတို့ဆေးရုံက ကုန်းမြင့်ထိပ်မှာရှိပြီး အရှေ့ မှာသစ်ပင်များကွယ်နေတာကြောင့် ကားလမ်းကနေမ
မြင်ရတာဖြစ်ပါတယ်။