"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 27, 2022

စာကြည့်တိုက်နှင့်စာအုပ်များ (၈) Strength Training-2]

 

             

                                       








သုတေသနပြုလေ့လာတွေ့ရှိချက်များအရ ကြွက်သားများသန်စွမ်းလာအောင်လေ့ကျင့်ခြင်းဖြင့်ကြွက်

သားများအထူးတလည်ကြီးထွားလာမည်မဟုတ်ပေ။

အလာတူပင် ကြွက်သားများကြီးထွားလာရေးအတွက်လေ့ကျင့်ပေးခြင်းဖြင့် ကြွက်သားများအထူးတ

လည်သန်စွမ်းလာကြမည်မဟုတ်ပါချေ။

ထိုကြောင့် ကြွက်သားများကြီးထွားလာစေရန် Hypertrophy Training ခေါ်လေ့ကျင့်မှုမျိုးပြုလုပ်ပေးရ

မည်ဖြစ်သကဲ့သို့ ကြွက်သားများသန်စွမ်းလာစေရန် Strength Training ခေါ်လေ့ကျင့်မှုမျိုးပြုလုပ်ပေးရ

မည်ဖြစ်သည်။













အာဟာရအရေအတွက်(ပမာဏမ)ပြည့်ဝမှု၊ အာဟာရအရည်အသွေးရှိမှုနှင့်စနစ်တကျစားသုံးခြင်း

(timing of nutrient consumption) တို့သည် ကြွက်သားသန်စွမ်းရေးလေ့ကျင့်မှု (Strength 

training)၊ ကြွက်သားကြီးထွားမှု၊ အားကစားစွမ်းဆောင်မှုနှင့် အဆီလျှော့ချရေးတို့အတွက်အရေး

ကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် အဲနာဘောလစ်နှင့်ကဲတာဘောလစ်ဟော်မုန်း

များထုတ်လွှတ်မှု (complex release of anabolic and catabolic hormones) ဖြစ်စေသော

ကြောင့်ဖြစ်သည်။


ကြွက်သားသန်စွမ်းရေးလေ့ကျင့်မှုမပြုလုပ်မီနှင့်ပြုလုပ်ပြီးအချိန်များမှာ အာဟာရစားသုံး ခြင်းသည် 

အထက်တွင်ပြောခဲ့သည့် ဟော်မုန်းများထုတ်လွှတ်မှုနှင့်ခန္ဓာကိုယ်အနှံ့သို့ အာဟာရဖြန့်ဝေပို့ပေးခြင်း

တို့အပေါ်သက်ရောက်မှုရှိပြီး စကဲလီတယ်ကြွက်သားများ(skeletal muscle)၏အာဟာရရရှိမှုကို အ

ပြောင်းအလွဲဖြစ်စေနိုင်ပါသည်။ 
















လူတွင် ကြွက်သားအမျိုးအစား ၃ မျိုးရှိပါသည်။







၁) စကဲလီတယ်ကြွက်သား (striated muscle ဟုလည်းခေါ်သည်။)

၂) ချောမွေ့ ကြွက်သား (smooth muscle)

၃) နှလုံးကြွက်သား (cardiac muscle)






































Tuesday, March 22, 2022

စာကြည့်တိုက်နှင့်စာအုပ်များ (၉) The Yogafit Athlete

 


ယခုစာအုပ်ကိုရေးသားပြုစုသူ Beth Shaw သည် မြောက်အမေရိကတွင် ယောဂဆရာဖြစ်သင်တန်း

(Yoga Teacher Certification Program) ကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။

ထိုသင်တန်း၏အမည်ကို ယောဂဖစ်(တ) YogaFit ဟုအမည်ပေးထားပြီး မြောက်အမေရိကတွင် အကြီး

ဆုံးယောဂဆရာဖြစ်သင်တန်းဖြစ်သည်။ 

"ကျန်းမာကြံ့ခိုင်မှုနှင့်အားကစားဆိုင်ရာယောဂကျင့်စဉ်များ"စာအုပ်နှင့်ပတ်သကင်ပြီး စာရေးသူ Beth 

Shaw က -

"ယောဂကျင့်စဉ်ဆိုတာ ကျမတို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်အတွက် လက်ဆောင်ကောင်းတစ်ခုဖြစ်ပါတယ်။ 

အခုစာအုပ်က စာဖတ်သူရဲ့ အားကစားလေ့ကျင့်လိုက်စားမှုကို ပိုပြီးလေးလေးနက်နက်ချည်းကပ်လုပ်

ကိုင်စေနိုင်တဲ့နည်းလမ်းအသစ်နဲ့ အကူအညီပေးမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်" ဟု ပြောခဲ့သည်။











 



"တစ်နည်းပြောရရင် ကျမတို့အားလုံးဟာ ဘ၀ဆိုတဲ့အားကစားပြိုင်ပွဲကြီးမှာ အားကစားသမားတွေဖြစ်
နေကြပါတယ်" 

တကယ်က ယောဂကျင့်စဉ်ဆိုတာ အပေါင်းလက္ခဏာတစ်ခုပါ။ 

ကျမတို့ရဲ့ ရုပ်၊ စိတ်နဲ့ ၀ိညာဉ်တွေအထဲကို ယောဂကျင့်စဉ်က စွမ်းအင် (energy)၊ အင်အား (strength)
နဲ့လှအပ (beauty) တွေ ပေါင်းထည့်ပေးတယ်ဆိုတာကို ပြောချင်တာပါ" ဟု ရှင်းပြခဲ့သည်။  






၁။ YogaFit ၏အခြေခံအကြောင်းအချက်များ
     အခန်း (က) YogaFit ကျင့်စဉ်မှ ရုပ်ပိုင်း စိတ်ပိုင်းအင်အားများ ရရှိခြင်း
     အခန်း (ခ) ယောဂကျင့်စဉ်အတွက် ပြင်ဆင်ခြင်း 

၂။ ယောဂလေ့ကျင့်မှုကိုယ်နေကိုယ်ထားများ

၃။ အားကစားအောင်မြင်မှု၏အဓိကသော့ချက်များ

၎။ အသက်ရှူလေ့ကျင့်ခြင်း

၅။ မျှော်လင့်ချက်အမြင်ရှိခြင်း



အမှန်တော့ ယောဂကျင့်စဉ်၏ကိုယ်နေကိုယ်ထားနှင့်လေ့ကျင့်မှုများသည် အကြောအဆစ်ကုပညာ

(Physiotherapy) ၏လေ့ကျင့်ကုသမှုများနှင့် ဆင်တူမှုများရှိနေသည်။ 

ဥပမာအချို့ ကို ကြည့်ကြပါစို့။







Locus 



အထက်ပါ ယောဂကျင့်စဉ်တစ်ခုဖြစ်သည့် Locus ကိုယ်နေကိုယ်ထား (post) သည် အကြောအဆစ်ကု

ပညာကအသုံးပြုသော ခါးကော့လေ့ကျင့်ခန်း (back extension exercise) နှင့်တူနေသည်။ 

ကျင့်စဉ်ကြောင့်ရရှိသောရလဒ် (benefits of the post) မှာလည်း အတူတူပင်ဖြစ်သည်။ 






Bridge

အလားတူပင် ယောဂကျင့်စဉ်တစ်ခုဖြစ်သည့် Bridge ကိုယ်နေကိုယ်ထား (post) သည် အကြောအဆစ်

ကုပညာကအသုံးပြုသော ကျောနှင့်တင်ပါးများမြှောက်ကြွပေးရသည့်လေ့ကျင့်ခန်း (bridging exercise)

နှင့်တူနေပါသည်။ 





ထိုကြောင့် အချို့ သောအကြောအဆစ်ကုပညာရှင်များသည် ယောဂကျင့်စဉ်ကို စိတ်ဝင်တစားရှိကာ 

သင်ယူလေ့ကျင့်ကြသည်။  

မိမိသိသော မြန်မာအကြောအဆစ်ကုပညာရှင်တစ်ဦးသည် ယောဂကျင့်စဉ်ဆရာဖြစ်သင်တန်းလက်

မှတ်ရပြီးနောက် ကိုယ်ပိုင်သင်တန်းများပေးလျက်ရှိနေကြောင်း လူမှုမီဒီယာတွင်တွေ့ရသည်။


မည်သို့ဆိုစေ ယောဂကျင့်စဉ် (Yoga) သည် အကြောအဆစ်ကုပညာ (Physiotherapy) မဟုတ်ပါချေ။

ယောဂကျင့်စဉ်ကိုစနစ်တကျလေ့ကျင့်ပါက ရုပ်ပိုင်းနှင့်စိတ်ပိုင်းနယ်ပယ်နှစ်ရပ် (physical and mental

spheres) တို့၏ကွာဟမှုများကို ဆက်နွယ်ကာတံတးထိုးပေးနိုင်သည်။ 

ဤသို့ဖြင့် လေ့ကျင့်လိုက်စားသူ၏ဘ၀အသိအမြင်နှင့်အရည်အသွေးတိုးတက်မှု (self development)
များဖြစ်စေနိုင်လေသည်။  

ယောဂကို အထွေထွေကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး(general health) နှင့်စိတ်ပိုင်းရုပ်ပိုင်းအ

နားယူပေးရေး (relaxation) တို့အတွက် လေ့ကျင့်ကြပါသည်။















ဆက်ရေးပါဦးမည်။




Friday, March 18, 2022

စာကြည့်တိုက်နှင့်စာအုပ်များ (၈) Strength Training-1]

 





















'ကြွက်သားသန်စွမ်းရေးလေ့ကျင့်နည်းများ'(Strength Training) စာအုပ်ကို အားကစား၊ ကြံ့ ခိုင်မှု၊ လှုပ်

ရှားမှုစနစ်နှင့်ကျန်းမာရေးဆိုင်ရာအထူးကျွမ်းကျင်သူပညာရှင် ၂၂ ဦးက ပါဝင်ရေးသားထားပြီး လီးအီး

ဘရောင်းက အယ်ဒီတာအဖြစ်တာဝန်ယူလျက် တည်းဖြတ်ထားသည်။










ကြွက်သားလှုပ်ရှားမှု (၃) မျိုး

) ကြွက်သားကို ရုန်းတိုစေသောလှုပ်ရှားမှု (Concentric muscle action)

) ကြွက်သားကို ရုန်းတိုမှုမဖြစ်စေသောလှုပ်ရှားမှု(Isometric muscle action)

) ကြွက်သားကို ရှည်ဆန့်စေသောလှုပ်ရှားမှု (Ecentric muscle action)





Physiotherapy ခေါ် အကြောအဆစ်ကုပညာရပ် လူနာများ၏အမျိုးမျိုးသောရောဂါဝေဒနာများအား

ကုသမှုပေးရာတွင် အောက်ဖော်ပြပါကုထုံးများကို များသောအားဖြင့် အသုံးပြုလေ့ရှိသည်။

- အသံစွမ်းအင်(sound)၊ အလင်းစွမ်းအင်(light)နှင့်လျှပ်စစ်စွမ်းအင်(electricity)များကို အသုံးပြုခြင်း (electrotherapy)


- ကြွက်သား၊ ကြွက်သားကြော၊ အဆစ် အရွတ်ဆိုင်းများအကြားကပ်ညိနေသည်များကိုချေဖျက်ပေး

ခြင်း (soft tissue mobilisation)

- အဆစ်များတောင့်တင်းမှုကို လေ့ကျင့်ဖြေလျှော့ပေးခြင်း(stretching / range of motion exercises)

- ကြွက်သားများသန်စွမ်းကြီးထွားလာစေရန်လေ့ကျင့်ပေးခြင်း (strengthening exercises)

ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းကြောင်းလေ့ကျင့်ပေးခြင်း(balance and neuromuscular exercises)


သို့ဖြစ်ပေရာ မိမိသည် အကြောအဆစ်ကုပညာရှင်တစ်ဦးအနေဖြင့် ကြွက်သားအားနည်းခြင်းနှင့်ကြွက်

သားကြုံလှီမှုရှိနေသည့်လူနာများကို သန်စွမ်းကြီးထွားလာစေရန်လေ့ကျင့်ကုသပေးရသည်။ 

ကြွက်သားအားနည်းခြင်း (muscle weakness) နှင့်ကြွက်သားကြုံလှီခြင်း (muscle wasting) တို့သည် 

ရောဂါကြောင့်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရမှုကြောင့်ဖြစ်စေဖြစ်တတ်လေ့ရှိသည်။


Strength  Training ကို လူနာမဟုတ်သော သာမန်လူများနှင့်အားကစားလေ့ကျင့်ကြသူများအတွက်

ခေါ်ဝေါ်သုံးစွဲတတ်ကြပြီး လူနာများကို ကြွက်သားအင်အားပြန်လည်ထူထောင်ပေးရာတွင် အသုံးပြု

သောလေ့ကျင့်ကုသမှုများကိုကား Strengthening Exercises ဟု ခေါ်ပါသည်။ 





































































ဆက်ရေးပါဦးမည်။