"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, October 4, 2015

ဗုဒ္ဓဘာသာဝေါဟာရ မြန်မာ-အင်္ဂလိပ်စွယ်စုံအဘိဓာန်




၁၃၇၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်



အမေရိကန်နိုင်ငံ လော့စ်အင်ဂျလိ့စ်မြို့ တွင် ကျောင်းထိုင်လျက်ရှိပြီး ဗုဒ္ဓဘာသာသာသနာ့အကျိုးကိုစွမ်း 
ဆောင်လျက်ရှိနေသော ဆရာတော်ဒေါက်တာဦးဥာဏ၀ရ၏ "ဗုဒ္ဓဘာသာ ဝေါဟာရ မြန်မာ - အင်္ဂလိပ် 
စွယ်စုံအဘိဓာန်"ကျမ်းစာအုပ်ထွက်ရှိကြောင်း မိမိ၏ဖေ့စ်ဘွတ်စာမျက်နှာမှာ အသိပေးအကြောင်းကြား 
ထားတာလေးပါ။



အမေရိကန်နိုင်ငံမှာ ကျောင်းထိုင်လျက်ရှိသော ဆရာတော်ဒေါက်တာဦးဥာဏ၀ရ၏ "ဗုဒ္ဓဘာသာဝေါ
ဟာရ မြန်မာ-
အင်္ဂလိပ် စွယ်စုံအဘိဓာန်"ကျမ်းစာအုပ်ကို ပြီးခဲ့တဲ့စက်တင်ဘာလ ၂၇ ရက်(တနင်္ဂနွေ)
နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ကြော်ငြာထားတာတွေ့ရလို့ မသိရှိလိုက်သူများကိုအသိပေးရင်း 
ကုသိုလ်ယူရပါတယ်။ 

မိမိထံတွင်လည်း ရရှိထားပြီးဖြစ်ပါတယ်။































No comments:

Post a Comment