"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, October 4, 2015

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် နှစ်(၅၀)ပြည့်ရွှေရတု အမှတ်တရလေးများ



၁၃၇၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်


ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်)မှ မြန်မာပြည်ကနေ လူကြုံနဲ့အဆင့်ဆင့်တကူးတကပေး လိုက်တဲ့ နှစ်(၅၀)ပြည့်ရွှေရတုအခမ်းအနားဂုဏ်ပြုမှတ်တမ်းလွှာနှင့်အမှတ်တရပစ္စည်းများကို ရရခြင်းပဲ တစ် ခုစီထုတ်ကြည့်ပြီး မနေနိုင်မထိုင်နိုင်ဝတ်ကြည့်ကာ ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလို တင်လိုက်မိပါတယ်။

ဒါပေမယ့် အားနာစိတ်မကောင်းဖြစ်မိရတာတစ်ခုကတော့ သူတို့ရဲ့ မဂ္ဂဇင်းအတွက် ပါမောက္ခချုပ်ဒေါက်တာ ဦးနိုင်ဝင်းကိုယ်တိုင်က မိမိ မြန်မပြည်မှာပြန်ရောက်နေတုန်း ကျောင်းမှာခေါ်တွေ့ပြီး စာမူတောင်းခဲ့တာကို မိမိက အချိန်မီရေးမပေးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။


 




ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(ရန်ကုန်)မှ ပေးလိုက်သော နှစ်(၅၀)ပြည့်ရွှေရတု အခမ်းအနားဂုဏ်ပြုမှတ်တမ်း လွှာနှင့်အမှတ်တရပစ္စည်းများအား ဒေါ်ခင်ဝေသက်(PT) က မြန်မာပြည်မှယူလာပေးခဲ့ပြီး ဒေါ်ရွှေဇင်ဝင်းခင်(PT)မှတစ်ဆင့် မနေ့က လက်ခံရရှိသဖြင့် အားလုံးကို အထူးကျေးဇူးတင်ရှိရပါကြောင်း။
















  • Kyi Shwin အန်ကယ် ချော နေ ခန့်နေသေးတယ်နော် ဒါနဲ့ အန်တီကော နေကောင်းလား
    • Tin Maung Aye လောလောဆယ်'ချောနေ ခန့်နေသေးတယ်'ဆိုတော့ မကြာခင်မှာရွဲ သွားတော့မယ့်သဘောများလေလား ကိုကြည်ရွှင်။ အန်တီက ပြီးခဲ့တဲ့အပတ်က ဟေ့ဇ်ကြောင့်နေမကောင်းဖြစ်ပြီး ပါးစပ်ပျက်တာကလွဲလို့ နေကောင်းနေပါပြီ။ သမီးဓာတ်ပုံလှလှလေးတွေတွေ့လို့ ပြောနေကြသေးတယ်။ အမကိုခေါ်လာဖို့ပြောထားတာမေ့နေပြီလား။
    • Kyi Shwin အန်ကယ်ရေ ကျနော် မမေ့ ဘူး ကျနော်မအားလို့ အမကို လိုက်မပို့ ဖြစ်လိုက် တာ။ ကျနော် ခရီးထွက်းတာ များနေလို့ အမကို နေရာစုံတောင် လိုက်မပို့ ဖြစ်လိုက်ဘူး အန်ကယ်ရေ။ အမ က ပြန်သွားပြီ ဗျ နောက်တစ်ခေါက် ပေါ့ အန်ကယ်ရေ။
    • Tin Maung Aye ကန့်ဘလူရောက်မှ အမကိုတိုင်ပြောလိုက်တော့မယ်။

  • Wei Thet Mmcp ဆရာ ကျွန်တော်ယူလာတာမဟုတ်ဘူးဆရာ အန်တီမာလာလှမောင် နဲ့ အန်တီကြည်ကြည်အုံးပါ သမီးနဲ့ ရွှေစင်တွေ့ဖို့ရှိလို့ ပေးလိုက်တာပါ
    • Tin Maung Aye ရွှေဇင်ပြောပြတာကို ဆရာ နားလည်မှားတာဖြစ်မယ် ခင်ဝေသက်။ မြန်မာပြည်မှယူလာပေးသော ဒေါ်မာလာလှမောင်နှင့်ဒေါ်ကြည်ကြည် အုန်းတို့ကို ကျေးဇူးအများကြီးတင်ပါတယ်။
    • Shwe Sin Win Khin ဟီးဟီး .. သမီး လည်း အမ က ပေး လိုက်တယ် လို့ ပြော လိုက်တာ ကိုး ..

      ဆောရီး ဆရာ ..
    • Tin Maung Aye ရွှေစင်၊ နောက်တစ်ခါဆိုရင် ဒဏ်ကြေးထိပြီသာမှတ်။









No comments:

Post a Comment