"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, October 21, 2015

ACP Graduation Ceremony


၁၃၇၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၈ ရက်၊


မနေ့ညက စင်ကာပူအထွေထွေရောဂါကုဆေးရုံကြီး (Singapore General Hospital) ၀င်းအတွင်းမှာရှိတဲ့ Academia အဆောက်အဦမှာပြုလုပ်သော Graduation Ceremony ကို ဇနီးနှင့်အတူရောက်သွားခဲ့ပါ တယ်။ 

ယခင်အခါများကလည်း ဒီအခမ်းအနားကို လာတက်ခဲ့ဖူးပါသေးတယ်။

ယခုသင်တန်းနဲ့ Advanced Diploma in Physiotherapy သင်တန်း ၂ ခုက နိုင်ငံခြားသားအကြောအ ဆစ်ကုပညာရှင်များကို မိမိ၏အလုပ်မှာ Clinical attachment လာပို့ထားတာကြောင့် သူတို့သင်တန်း ဆင်းကြတဲ့အခါ မိမိအား clinical educator အဖြစ် ဖိတ်ကြားတာကြောင့်ဖြစ်ပါတယ်။

ယခုတစ်ခါမှာတော့ မိမိ၏အဖွဲ့အစည်းက အကြောအဆစ်ကုပညာရှင် ၂ ဦးဖြစ်တဲ့ သူရိန်ထွန်းနဲ့ရွှေစင် ၀င်းခင်တို့ ACP သင်တန်းဆင်းကြတာဖြစ်လို့ သူတို့ကဖိတ်တာပါ။ ယခင်အခေါက်များက မိမိ၏ဇနီးကို မခေါ်လာခဲ့ဖူးပါ။ ယခုတစ်ခါမှာ မိမိက ဆေးရုံကဆင်းပြီး ၂ ရက်သာရှိသေးတာဖြစ်လို့ သူတို့ ၂ ဦးလုံးက မိမိ၏ကျန်းမာရေးအတွက် လိုရမယ်ရ အန်တီကိုလည်းခေါ်လာခဲ့ဖို့ တိုက်တွန်းကြတာကြောင့်ပါ။

မိမိတို့ Academia အဆောက်အဦကြီးအထဲကိုရောက်တော့ အစီအစဉ်က စကာစလေးပဲရှိပါသေးတယ်။ 

အစီအစဉ်ညွှန်ကြားရေးမှူးက အဖွင့်မိန့်ခွန်းပြောနေတာပါ။ 

နောက်တော့ ပါမောက္ခ ဒေါက်တာစီလီယာတန်(သူတို့အခေါ် ပရော့ဖ်တန်)က Postgraduate Allied Health Institute က ပို့ချဆဲနှင့် နောင်မှာပို့ချရန်စီစဉ်ထားတဲ့သင်တန်းများ၊ ဆေးဘက်ပညာရှင်များ (Allied Health Professionals) ၏ Career Pathway၊ သင်တန်းသူသင်တန်းသားများအနေဖြင့် အချိန် ငွေကြေး အားထုတ်မှုနဲ့ အနစ်နာခံမှုများ (sacrifices)ဖြင့် ရင်းနှီးပြီး ယခုသင်တန်းကို တက်ခဲ့ကြရတာဖြစ်ကြောင်း၊ သင်တန်းဆရာဆရာမများ (faculty/academic staff)ကလည်း အချိန်နှင့်လုပ်အားများပေးဆပ်ပြီး စိတ်စေ တနာထက်သန်စွာဖြင့် သင်ကြားပို့ချပေးခဲ့ကြကြောင်း၊ ဌာနဆိုင်ရာများနှင့်အလုပ်ရှင်များကလည်း သူတို့၏ ၀န်ထမ်းဖြစ်သော သင်တန်းသားများအား လိုလိုလားလားဖြင့်အားပေးကူညီခဲ့ကြကြောင်း၊ ဒါ့ကြောင့် ယခု လိုသင်တန်းများ အောင်အောင်မြင်မြင်ပြီးဆုံးသွားခဲ့ခြင်းမှာ အများ၏ဆောင်ရွက်မှု(team work) ကြောင့် သာဖြစ်ကြောင်း စသဖြင့် ကျယ်ကျယ်ပြန့်ပြန့်ပြောကြားသွားခဲ့ပါတယ်။

ဒီနောက်မှာ ဘွဲ့လက်မှတ်များကို  ဒေါက်တာစီလီယာတန်က တစ်ဦးစီပေးအပ်ပြီး ကြိုတင်ရိုက်ထားသော သင်တန်းသူသင်တန်းသားများ၏ဓာတ်ပုံများ၊ video များ၊ သင်တန်းအမှတ်တရများကို ကြည့်ရ ကြားကြ ရပြီး ရယ်ရယ်မောမောပျော်ပျော်ရွှင်ရွှင်နဲ့ အစီအစဉ်ပြီးဆုံးသွားခဲ့ပါတယ်။

အမှတ်တရဓာတ်ပုံများရိုက်ပြီးတဲ့နောက်မှာ ညစာဖြင့်ကျွေးမွေးဧည့်ခံပါတယ်။

အထက်က Graduation Ceremony အကြောင်းကို မနေ့ညက ဖေ့စ်ဘွတ်မှာတင်ထားတာလေးကို အောက်မှာ တစ်ဆင့်မျှဝေလိုက်ရကြောင်းပါ။ 






ACP Graduation Ceremony


ပထမပုံ - ပါမောက္ခ ဒေါက်တာစီလီယာတန်နှင့်သူရိန်ထွန်း။
တတိယပုံ - ရွှေစင်လက်ဝဲဖက်တွင်ရပ်နေသူမှာ Ms Sangeetha (Senior Physiotherapist) ဖြစ်ပါတယ်။



ပထမပုံ - ပါမောက္ခ ဒေါက်တာစီလီယာတန်နှင့်ရွှေစင်ဝင်းခင်။
တတိယပုံ - ဘွဲ့လက်မှတ်ယူခါနီး ၀မ်းသာပီတိ။


ဒီကနေ့ဟာ စင်ကာပူနိုင်ငံမှာရောက်ရှိပြီး အလုပ်လုပ်နေကြတဲ့ မြန်မာအကြောအဆစ်ကုပညာရှင် (Physi-otherapist) များကော မြန်မာပြည်မှာရှိနေကြတဲ့ PT များပါ ၀မ်းမြောက်ဂုဏ်ယူကြရတဲ့နေ့လေး တစ်နေ့လို့ ပြောရပါမယ်။

ဘာ့ကြောင့်လဲဆိုတော့ အလုပ်တစ်ဖက်နဲ့မအားလပ်တဲ့ကြားက Advanced Certificate in Physiothera-py (ACP) သင်တန်းကို ဇွဲကောင်းကောင်းနဲ့ကြိုးစားသင်ယူအောင်မြင်ခဲ့ကြပြီး ဘွဲ့လက်မှတ် ရယူနိုင်ခဲ့ကြ လို့ဖြစ်ပါတယ်။

ဒီ ACP သင်တန်းဟာ PT များအဖို့ အဆင့်မြင့်သင်တန်းဖြစ်ကြောင်း သိထားခဲ့တာကြာပါ ပြီ။ ယခင်က Advanced Diploma in Physiotherapy နဲ့ ACP သင်တန်းသားတွေကို ပါမောက္ခ ဒေါက်တာ’စီလီယာ တန်’ကိုယ်တိုင် မိမိထံ ခေါ်လာပြီး Clinical attachment ထားရှိခဲ့တာကြောင့် မြန်မာ၊ ဂျပန်၊ ကမ္ဘောဒီးယား နဲ့ အိန္ဒိယနိုင်ငံသား PT များကို ကိုယ်တိုင် သင်ကြားပေးခဲ့ဖူးတာကြောင့်ပါ။

ဒါ့ကြောင့် ဒီကနေ့ဘွဲ့လက်မှတ်ရယူခဲ့ကြတဲ့ မြန်မာ PT (၇) ဦးအတွက် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။


Ni Ni WinMaung MyintTin Cho Oo and 109 others like this.

Phyo Thant Maw တကယ်ကိုဂုဏ်ယူပါတယ်ဆရာ
UnlikeReply419 hrs
Zin Lei Oo ဂုဏ်ယူပါတယ်ဆရာရေ။ Ceremony ကိုတက်ရောက်ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
UnlikeReply319 hrs
Zaw Min · Friends with Thu Rain
Congratulation! my sis Thu Rain

LikeReply119 hrs
Thu Rain Thank u, Ko Ko GyiSee Translation
LikeReply19 hrs
Shwe Sin Win Khin ကျေးဇူးပါဆရာ ရော အန်တီရော .. နေမကောင်းတဲ့ ကြားကနေ လာတက်ရောက်ပေးတာကို ..
UnlikeReply419 hrs
Thant Zaw သူရိန်ထွန်းရေ ကြိုးစားထား
UnlikeReply218 hrs
Cãlm Smîlë Congratulation all Myanmar PTs smile emoticon
UnlikeReply418 hrs
Ei Ei Moe · Friends with Mpa Myanmar and 45 others
Congratulations Ma Thu Rain

LikeReply18 hrs
Khinlay Khinlay Umt · 28 mutual friends
Congratulation for all Myanmar PT

LikeReply118 hrs
Nway Htet Htet Zaw · 50 mutual friends
Congrats smile emoticon

LikeReply16 hrs
Maung Thein Win Congratulations
LikeReply11 hrs
LikeReply10 hrs
Hnin Lai · Friends with Mpa Myanmar and 32 others
Congratulations

LikeReply11 hrs
Khin Soe Soe Yee Congratulation for our 7 Myanmar PTs. You have done the great job.
UnlikeReply310 hrs
Khin Cho Myint အဲ့ဒါ မြန်မာ
UnlikeReply29 hrs
Ma Su Thanda Kyaing congratulations to all
LikeReply17 hrs
Saw Thet Aung · Friends with Mpa Myanmar and 51 others
Bug congrats to u all

LikeReply16 hrs


Nan Moe Khan Congratulaion to all....
UnlikeReply235 mins





No comments:

Post a Comment