"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, October 21, 2012

စာရေးဆရာကြီး မှူးသမိန် ကွယ်လွန်

မနေ့ကထုတ်သည့် မြန်မာသတင်းစာများတွင် စာရေးဆရာကြီး မှူးသမိန်၏ နာရေးကြော်ငြာများကို ဖတ် လိုက်ရသည်။


ကြေးမုံသတင်းစာ (၁၉ ရက် အောက်တိုဘာ)။


ဆရာကြီး မှူးသမိန်သည် အသက် ၉၁ နှစ်တွင် ကွယ်လွန်သွားခဲ့ပြီး အခြားအခြားသော စာရေးဆရာကြီးများ စွာတို့ထက် အသက်လည်းပိုရှည်ကာ စာရေးသက်လည်း ပိုများခဲ့သည်မှန်သော်လည်း စာရေးသားမှုကောင်း သည့်အပြင် အောင်မြင်သောမဂ္ဂဇင်းတစ်စောင်ကို ဖန်းတီးခဲ့လျက် ယနေ့တိုင်ဦးစီးဦးဆောင်ပြုနေသူတစ်ဦး အဖြစ် နှမြောတသ၀မ်းနည်းခြင်း ဖြစ်မိရပါသည်။





စာရေးသူသည် ဆရာကြီးမှူးသမိန်ကို ၁၉၈၂-၈၃ ခုနှစ်များက ၃၃ လမ်းလား ၃၄ လမ်းလား(ကောင်းကောင်း မမှတ်မိတော့) တွင်ရှိသော ပေဖူးလွှာမဂ္ဂဇင်းတိုက်မှာ စတင်တွေ့ဖူးခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က စာရေးသူသည် ကြည့်မြင်တိုင် အရိုးရောဂါအထူးကုဆေးရုံကြီး၌ တာဝန်ထမ်းဆောင်လျက်ရှိပြီး အ လုပ်ပြီးချိန်ညနေပိုင်းတွင် ဘားလမ်းရှိ ကျောက်တံတားသမဆေးခန်းမှာ ဆေးခန်းသွားထိုင်ရင်း တစ်ခါတစ် ခါ ပေဖူးလွှာမဂ္ဂဇင်းတိုက်သို့ လမ်းကြုံ ၀င်လည်တတ်ပါသည်။ တာဝန်ခံအယ်ဒီတာ ဦးခင်မောင်မြင့်၊ အယ်ဒီ တာ ဖျာပုံနီလုံဦးနှင့် အုပ်ချုပ်ရေး မှူးဦးဝင်းနိုင်တို့နှင့် စကားစမြည်ပြောဖြစ်ကြသည်။ အနီးရှိလက်ဘက်ရည် ဆိုင်မှ လက်ဘက်ရည် မှာသောက်သည့်အခါ မှာသောက်ကြလျက် သူတို့အချိန်ရက သွားသောက်တတ်ကြ ပါသည်။

ပေဖူးလွှာမဂ္ဂဇင်းကို ပြန်လည်ဦးစီးထုတ်ခဲ့သူ ဦးမြလှိုင်(ဗိုလ်မှူး-ငြိမ်း)နှင့် စာရေးဆရာမာင်သော်က (ဗိုလ်မှူး ဘသာ်-ငြိမ်း) တို့ကိုမူ တစ်ခါတစ်ခါ တိုက်မှာ တွေ့ရတတ်သည်။ ဆရာကြီးမှူးသမိန်က တာဝန်ခံအယ်ဒီတာ ဦးခင်မောင်မင့်၏ အကူအညီဖြင့် မဟေသီမဂ္ဂဇင်းကို စတင်ထူထောင်ထုတ်ဝေတော့လည်း ဦးခင်မောင်မြင့် ထံ အလည်အပတ်ရောက်ရင်း ဆရာကြီးမှူးသမိန်ကို တွေ့ရတတ်၏။   

မိမိဖတ်ခဲ့ဖူးသော ဆရာကြီး၏စာများတွင် ဆရာကြီး၏ကလောင်ခွဲတစ်ခုဖြစ်သည့် ‘ယိမ်းနွဲ့ပါး’ ကလောင်အ မည်ဖင့်ရေးခဲ့သော “ခါကာဘို ခရီးသည်” စာအုပ်ကို မှတ်မှတ်ရရ အဖြစ်ဆုံးပါ။ ဤစာအုပ်တွင် ဆရာကြီး သည် နိုင်ငံတ်ာအစိုးရ၏ တာဝန်ပေးမှုအရ တပ်မတော်အရာရှိတစ်ဦးအဖြစ် ၁၉၅၄-၁၉၅၆ ခုနှစ်များက သူ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံနယ်စပ်တစ်လျှောက်ရှိ ‘ယိမ်းနွဲ့ပါး စစ်တံခွန်’ ခရီးစဉ်တစ်ခွင်မှ စိတ်ဝင်စားဖွယ်အ တွေ့အကြုံများကို ပြန်ပြောင်းရေးသားဖော်ပြထားခြင်းဖြစ်၏။ 

တစ်နှစ်ပတ်လုံး တောင်ထိပ်တွင် ရေခဲများဖုံးလွှမ်းလျက်ရှိနေပြီး သာယာလှပသော ခါကာဘိုရာ ဇီတောင် ကီးနှင့် ဧရာဝတီမစ်ဖျားဒေသအကြောင်းတို့ကို မိမိကိုယ်တိုင် ရောက်ရှိမြင်တွ့နေရသည့်အလား တအံ့ တသြဖတ်ရှုသိရှိခဲ့ရသည်။


တစ်နိုင်ငံတည်းနေ တစ်ရေထဲသောက် မိမိတို့၏ တောင်ပေါ်ဒေသတိုင်းရင်းသားသွေးချင်းများဖြစ်ကြသည့် ခန္တီးရှမ်း၊ ရ၀မ်၊ မြန်မာပြည်၏ ဂျစ်ပစီဟုခေါ်ဆိုနိုင်သော လီဆူးတိုင်းရင်းသားများ၊ မြန်မာပြည်၏ ပစ်ဂမ ဟု ခေါ်ဆိုနိုင်သာ ထရုံလူပုကလေးများ၊ တောလိုက်မုဆိုးကျော်ဖြစ်သော ထလုတိုင်းရင်းသားများ၊ မြန်မာ တို့ ကိုးကွယ်သော ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ခြားနားမှုရှိသော မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ သည့် မြန်မာပြည်မြောက်ဖက်စွန်းရှိ တိဗက်တိုင်းရင်းသားများအကြောင်းတို့ကို ဆရာကြီးမှူးသမိန်သည် လှလှပပခြယ်မှုန်းရေးသားခဲ့ပါသည်။

 

၁၃၇၄ ခုနှစ် သီတင်းကျွတ်လဆန်း ၁၂ ရက် စနေနေ့(27 October 2012)

ရာကြီးမှူးသမိန်ကို စာရေးသူ နောက်ဆုံးတွေ့ခဲ့ရသည်မှာ စင်ကာပူနိုင်ငံ တိုပါးယိုးအရပ်တွင်ရှိသည့် မြန် မာဘုန်းတော်ကြီးကျောင်း ဖစ်လေသည်။ ကျာင်းတော်ကြီး တည်ဆာက်ပြီးစီးစအချိန်ကလောက်ဟု ထင်ပါသည်။ ကျောင်းတော်ကြီး၏ အစည်းအဝေးတစ်ခုမှာ ဖြစ်သည်။ ထိုစဉ်က ဆရာကြီးဇနီးလည်း ဆ ရာကြီးနှင့်အတူ လိုက်ပါခဲ့ပါသည်။ အစည်အဝေးပြီးသောအခါ ဆရာကြီး၏မိသားစုနှင့် စကားပြောခွင့် အ နည်းငယ် ရခဲ့ပါသည်။ မိမိနှင့်ရင်းနှီးသာ ပေဖူးလွှာဝိုင်းတော်သားများဖြစ်ကြသည့် ဦးခင်မောင်မြင့်၊ ဖျာပုံ နီလုံဦးနှင့် ဦးဝင်းနိုင်။ နောက်ပြီး မိမိနှင့် တရင်းတနှီးမဟုတ်သော်လည်း မဂ္ဂဇင်းတိုက်တွင် မျက်မှန်းတန်း ခဲ့သာ အယ်ဒီတာကိုဝင်းငြိမ်းနှင့်ကိုမျိုးမြင့်ငြိမ်းတို့ ညီအစ်ကိုများ။ 

အာက်တွင် ဆရာကြီးနှင့် အမှတ်တရဓာတ်ပုံလေးကို တွေ့နိုင်ပါ၏။

ယင်းဓာတ်ပုံနှင့် အောက်ပါစာပုဒ်လေးမှာ ၂၀၁၁ ခုနှစ် ဧပြီလ ၆ ရက် ရက်စွဲဖြင့် ကျွန်းသာယာတွင် စာရေး သူ ရေးသားခဲ့သော  မိမိသိသောဆရာကြီး၏ အမှတ်တရရုပပုံလွှာတစ်ချပ် ဖြစ်ပါသည်။

 

စာရေးဆရာကြီးမှူးသမိန်

စာရေးဆရာကြီးမှူးသမိန်(စားပွဲထိပ်တွင်ထိုင်နေသူ)အား တိုပါးယိုးရှိ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း အစည်းအဝေးတစ်ခုတွင် စာရေးသူ (ယာဖက်ထိပ်)နှင့်အတူ။ (26 July 1992)


စာရေးဆရာကြီးမှူးသမိန်(ဗိုလ်မှုးကြီးစောမြင့်- ငြိမ်း)ကို စာရေးသူက ပေဖူးလွှာမဂ္ဂဇင်းတိုက်
မှာ ပထမဆုံး စပြီးတွေ့ခဲ့ဖူးတာဖြစ်တယ်။ အဲဒီတုန်းက စာရေးသူက ပေဖူးလွှာမဂ္ဂဇင်းထုတ်ဝေ
သူ ဦးမြလှိုင်နဲ့ တာဝန်ခံအယ်ဒီတာ ဦးခင်မောင်မြင့်တို့ဆီ အရောက်အပေါက်များခဲ့ပြီး ဦးမြလှိုင်
နဲ့ရင်းနှီးကျွမ်းဝင်တဲ့ ဆရာကြီးကိုပါတွေ့ပြီး သိရှိခဲ့ရတယ်။ ဟိုတုန်းက မဂ္ဂဇင်းများမှာပါရှိခဲ့တဲ့ 
ဆရာကြီး၏ ဒေသန္တရ ခရီးသွားဆောင်းပါးများကို စာရေးသူ များစွာနှစ်ခြိုက်မိခဲ့ပါတယ်။ အဲဒီ
ဆောင်းပါးတွေထဲက ဆရာကြီး တာဝန်ဖြင့်ခရီးသွားရင်းကြုံတွေ့ခဲ့ရတဲ့တိုင်းရင်းသားလူမျိုးများ အကြောင်းနဲ့  သူတို့ရဲ့ဓလေ့ထုံးစံများအကြောင်းဟာဖြင့် နယ်ခြားဒေသတွေကိုအရောက်အပေါက် မရှိဖူးသူများအတွက် အလွန်ပင် စိတ်ဝင်စားစရာ ကောင်းပါတယ်။  

ဆရာကြီးက "ယိမ်းနွဲ့ပါး"ဆိုတဲ့ တစ်ခြားကလောင်အမည်နဲ့ပါ ဆောင်းပါးများနဲ့ လုံးချင်းဝတ္တု များကို ရေးသား ခဲ့ပါသေးတယ်။ ၁၉၆၂ ခုနှစ်က တော်လှန်ရေးကောင်စီအစိုးရလက်ထက် တွင် ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့ပြီး လုပ်သားပြည်သူ့နေစဉ်သတင်းစာကို မြန်မာနှင့်အင်္ဂ လိပ်နှစ်စောင် ထုပ်ဝေနိုင်ခဲ့တာဖြစ်တယ်။

ငယ်စဉ်ကျောင်းသားဘ၀ကတည်းက မျိုးချစ်စိတ် နိုင်ငံချစ်စိတ်များရင့်သန်ခဲ့ပြီး ကျောင်းသား အရေးတော်ပုံများ၌ တက်တက်ကြွကြွပါဝင်ခဲ့ကာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ နဲ့ ကျောင်းသား သံမဏိတပ်ဗိုလ်များအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း မှတ်သားရဖူးပါ တယ်။ 

ယခုအခါတွင် မဟာသန္တိသုခ ဗုဓ္ဒသာသနာပြုကျောင်းတော်ကြီးရဲ့ ဂေါပကအဖွဲ့ဥက္ကဋ္ဌအဖြစ်
 ဆောင်ရွက်နေကြောင်း ကြားသိရပါတယ်။


ဆရာကြီး မှူးသမိန်ကွယ်လွန်သွားသည့်အတွက် ဆရာကြီး၏မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်နည်းကျ ကွဲခင်း ဖြစ်ရကြောင်းပါ။ 



No comments:

Post a Comment