"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, November 4, 2012

လက်ဝှေ့ဆောင်းပါးစာရေးဆရာ ရွှေဘိုဘာမထီခင်အောင်



 

ဆရာရွှေဘိုဘာမထီခင်အောင်၏ ‘မြန်မာ့ဂုဏ်ဆောင် တိုင်းရင်းသားလက်ဝှေ့ ကျော်များ’ခါင်းစဉ်နဲ့ အားက စားဆောင်းပါးတစ်ပုဒ်ကို နိုဝင်ဘာ ၁ ရက်နေ့က မြန်မာ့အလင်းသတင်းစာမှာ ဖတ်လိုက်ရပါတယ်။ စာရေး ဆရာ ရွှေဘိုဘာမထီခင်အောင်သည် လက်ဝှေ့အားကစားနှင့်သက်ဆိုင်သောဆာင်းပါးများကို သတင်းစာ ၊ မဂ္ဂဇင်းနှင့်ဂျာနယ်များမှာ နှစ်ပေါင်းများစွာ တစိုက်မတ်မတ်ရေးလာခဲ့တဲ့ အားကစားစာရေးဆရာတစ်ဦးပါ။ ယခုဆောင်းပါးသည် တစ်လခွဲလောက်အတွင်း သတင်းစာမှာ ဆရာရေးသားခဲ့သည့် တတိယမြောက် လက်ဝှ့ ဆောင်းပါးဖြစ်ပါတယ်။ 

 




တကယ်မှာ ဆရာဘာမထီကိုယ်တိုင်က လက်ဝှေ့အားကစားဖြင့် ရွှေဘိုခရိုင်ကို ကိုယ်စားပြုထိုး သတ်ခဲ့သူ တစ်ဦးလည်း ဖြစ်ခဲ့ပါသေးတယ်။

မြန်မာစာပေလောက အထူးသဖြင့်တော့ အားကစားစာပေလောကမှာ လက်ဝှေ့ ဆောင်းပါးများကို ရေးသား နိုင်သောစာရေးဆရာ မရှိသလောက်နည်းတယ်လို့ ဆိုနိုင်ပါတယ်။ စာရေးသူ သိရသ၍ဆိုရင် ဆရာဘာမထီ တစ်ဦးပဲ ရှိတာပါ။ စာရေးသူတို့ ငယ်စဉ်တုန်းကဆိုရင်ဖြင့် ဆရာဘာမထီလိုပဲ ကိုယ်တိုင်က လက်ဝှေ့အကျော် အမော်ဖြစ်ခဲ့ပြီး လက်ဝှေ့ ဆောင်းပါးများကိုလည်း ရေးသားခဲ့သူတစ်ဦး ရှိခဲ့ဖူးပါတယ်။ 

 

လက်ဝှေ့အကျော်အမော် စာရေးဆရာကြီး ကျားဘညိမ်း။ (ဓာတ်ပုံ - အင်တာနက်)

 

ထိုပုဂ္ဂိုလ်ကြီးကတော့ မန္တလေးဇာတိဖြစ်တဲ့ ဆရာကြီးကျားဘညိမ်းဖြစ်ပါတယ်။ 

ဆရာကြီးကျားဘညိမ်းသည် ဖယ်သာဝိတ်တန်းမှာ ချန်ပီယံဖြစ်ခဲ့ပြီး ၁၉၅၂ ခုနှစ်က ဖင်လန်နိုင်ငံ ဟယ်(လ်) ဆင်ကီမြို့ တွင်ကျင်းပခဲ့တဲ့ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့သူတစ် ဦးလည်းဖြစ်ပါတယ်။

ဆရာကြီးကို မှတ်မှတ်ရရ တစ်ကြိမ်ပဲ စာရေးသူ တွေ့ဖူးခဲ့တာပါ။ 

အဲဒီတုန်းက စာရေးသူဟာ ဆရာရွှေဘိုဘာမထီခင်အောင် ဦးဆောင်တဲ့ ရွှေဘို’ကျားနက်”လက်ဝှေ့အသင်းနဲ့ စစ်ကိုင်းမြိုမှာ လက်ဝှေ့ယှဉ်ပြိုင်ဖို့ ရောက်နေချိန်ဖြစ်ပါတယ်။ စာရေးသူတို့ လက်ဝှေ့အသင်းများ စုပေါင်းပြီး တည်းခိုနေကြတဲ့ ကချင်တပ်ရင်း ၄ (ဖိုးကချင် လို့လည်း ခေါ်ကြပါတယ်)၀င်းထဲကို ဆရာကြီး ရောက်လာပြီး လက်ဝှေ့အသင်းများကို တရင်းတနှီးနှုတ်ဆက်ပါတယ်။ ကစားသမားတွေထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ စာရးသူရဲ့ ခေါင်းကို အသာအယာပုတ်ရင်း “မင်းက ရွှေဘိုသားဆိုတာ့ သတ္တိကောင်းမှာပေါ့ကွ” လို့ ပြုံး ပြီးပြောသွားတဲ့ ဆရာကြီး၏ခင်မင်ဖော်ရွေသည့်မျက်နှာအား ယနေ့တိုင် လေးစားစွာ မြင်ယောင်နေမိပါသး တယ်။   

 

၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက် အင်္ဂါနေ့။ 6 November 2012.

ဆရာကြီးကျားဘညိမ်း ကွယ်လွန်တော့ အသက် ၅၆ နှစ်ပဲရှိသေးတာမို့ တိုင်းပြည်အတွက် လက်ဝှေ့နည်းပဆ ရာ ကောင်းတစ်ဦးနဲ့ စာရေးဆရာကောင်းတစ်ဦး ဆုံးရှုံးသွားခဲ့ရပါတယ်။ ဆရာကြီးက အင်္ဂလိပ်လက်ဝှေ့ကို ကိုယ်တိုင်ထိုးသတ်ကစားခဲ့ပြီး လက်ဝှေ့သမားများစွာကို မွေးထုတ်ပေးခဲ့သလို မြန်မာ့ရိုးရာလက်ဝှေ့ပညာကို လည်း အထူးစိတ်ဝင်စားပြီး မြန်မာ့ရိုးရာလက်ဝှေ့ပညာ စနစ်တကျ တိုးတက်ပြန့်ပွားရေးအတွက် ကြိုးပမ်းခဲ့ ပါသေးတယ်။ မြန်မာလက်ဝှေ့သမားအချို့ ကို ဆရာကြီးက တရုတ်ပြည်သို့ ခေါ်သွားပြီး မြန်မာ့လက်ဝှေ့ပညာ စွမ်း ပြစေခဲ့တယ်လို့ မှတ်သားရဖူးပါတယ်။ 

ဆရာကြီးကျားဘညိမ်း သက်ရှိထင်ရှားရှိစဉ်က ဆရာကြီးနဲ့ ဆရာရွှေဘိုဘာမထီခင်အောင်တို့ နှစ်ဦးရေးတဲ့ လက်ဝှေ့ အားကစားဆောင်းပါးများကို စာရေးသူတို့ လက်ဝှေ့ဝါသနာအိုးများ ဖတ်ခဲ့ကြရပြီး ၁၉၇၉ ခုနှစ်က ဆရာကြီး ဆုံးပြီးတဲ့နောက်ပိုင်းမယ်တာ့ ဆရာရွှေဘိုဘာမထီခင်အောင်တစ်ဦးတည်းသာ လက်ဝှေ့ အား ကစားဆောင်းပါးများကို ဒိုင်ခံရေးနေခဲ့တာ သတိပြုမိပါတယ်။

ယခုလည်း လာမည့်နှစ်မှာ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်ဧည့်ခံကျင်းပမည့် ၂၇ ကြိမ်မြောက်အရှ့ တောင်အာရှ အားကစားပြိုင်ပွဲကြီး (27th Southeast Asian Games) အတွက် ပင်ဆင်နေကြသော မြန်မာလက်ဝှေ့ အားကစားသမားများ စိတ်ဓာတ်မြင့်မား အောင်ပွဲခံနိုင်ကြစေရန် တစ်ချိန်က အရှေ့ တောင်အာရှလက်ဝှေ့ပြိုင်ပွဲ များမှာ လက်သီးစွမ်းပြခဲ့ကြတဲ့ 'ရွှလက်ဝှေ့ကျော်'များအကြောင်းကို ဆရာရွှေဘိုဘာမထီခင်အောင်က ဖော် ထုတ် ရေးသားနေတာဖြစ်တယ်။

 


ရာရွှေဘိုဘာမထီခင်အောင်နှင့် ဆရာ့အိမ်မှာ အမှတ်တရ။

ဆရာရွှေဘိုဘာမထီခင်အောင်ရဲ့  ဆောင်းပါးတွေကို လေ့လာကြည့်ရင် အချက်အလက်များကို ပြည့်ပြည့်စုံစုံနဲ့ တိတိကျကျဖော်ပြရေးသားထားတာ တွေ့ကြရမှာဖြစ်ပါတယ်။ ဆရာက စာရေးကောင်းသလို စာစုကောင်းသူ လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်လောက်တုန်းက မြန်မာပြည်ကို အလည်ပြန်ရင်းနဲ့ ရွှေဘိုမှာရှိတဲ့ ဆရာ့အိမ် ကို ရောက်ခဲ့စဉ်က မြန်မာလက်ဝှေ့အားကစားနဲ့ပတ်သက်တဲ့ သတင်းစာဖြတ်ပိုင်းများ၊ ဓာတ်ပုံများပါရှိတဲ့ဖိုင် များကို စာရေးသူအား ပြသခဲ့ပါသေးတယ်။ ဆရာက လက်ဝှေ့အားကစားထဲမှာ သူ့ဘ၀ကို လုံးဝမြှုပ်နှံထား ပြီး မြန်မာနိုင်ငံမှာ လက်ဝှေ့အားကစား ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးလာစေရေးနဲ့ မျိုးဆက်သစ်လူငယ်လက်ဝှေ့ သမားကောင်းများ ပေါ်ထွက်လာကြပြီး နိုင်ငံ့ဂုဏ်ကို လက်သီးစွမ်းနဲ့ မြှင့်တင်ပေးနိုင်ဖို့ တစ်သက်သာလုံး ကြိုး ပမ်းလာခဲ့တာပါ။ 

စာရေးသူသည် ဆရာရွှေဘိုဘာမထီခင်အောင်ထံမှာ လက်ဝှေ့ပညာရပ်များကို အခြေခံမှစပြီး သင်ယူခဲ့ရသလို စိတ်ဓာတ်နဲ့စည်းကမ်းကျင့်ဝတ်များကိုပါ တန်ဖိုးရှိစွာ မှတ်သားနာယူကျင့်ကြံခွင့်ရခဲ့တာဖြစ်တယ်။ ဥပမာအချို့  ကိုပြောရရင် လက်ဝှေ့လေ့ကျင့်ခန်းထဲကိုဝင်တဲ့အခါ ဖိနပ်တွေကို အပြင်မှာချွတ်ပြီး စနစ်တကျ စီထားကြရပါ တယ်။ ဖိနပ်တွေကို ဖြစ်သလိုချွတ်ထားပြီး ဟိုတစ်ရန် ဒီတစ်ရန် ပျံ့ ကျဲ မနေစေရပါဘူး။ အခန်းထဲရောက်လို့ အ၀တ်အစားတွေချွတ် ပြီးတဲ့အခါမှာလည်း ချိတ်တာချိတ် ခေါက်တာခေါက် ထားကြရပါတယ်။

သင်တန်းသား ၂ ဦး ထိုးသတ်လေ့ကျင့်နေလို့ ဆရာက သင်ပေး ပြပေး အမှားတွေ ထောက်ပြပးနေတဲ့အ ချိန်မှာ ကျန်တဲ့သင်တန်းသားအားလုံးက ထိုးသတ်နေတာကိုကော ဆရာက သင်ပး ပြပေး အမှားပင်ပးနေ တာတွေကိုပါ ဘေးမှဂရုတစိုက်ကြည့်ပြီး လေ့လာမှတ်သားကာ အတုယူကြရပါတယ်။ စကားပြောနေတာတို့ တခြားမှာ အာရုံရောက်နေတာတို့ မရှိရပါဘူး။ “ချွေးထွက်များမှ သွေးထွက်နည်းတယ်”  “အနာခံမှ အသာစံရ တယ်” ဆိုတာတွေကို ဆရာကိုယ်တိုင်က စွဲမြဲယုံကြည်စွာ လက်ကိုင်ထားတတ်သလို အဲဒီအတွေးအခေါ်နဲ့ အ သိတွ တပည့် များရဲ့  အသွေးထဲအသားထဲအထိရောက်အောင် သင်တန်းပြင်းပြင်းထန်ထန် မောင်းလေ့ရှိပါ တယ်။ ဆရာပြောလေ့ပြောထရှိတဲ့စကားတစ်ခွန်းကတော့ “လက်ဝှေ့စင်ပေါ်မှာ ထိုးသတ်နေတဲ့အခါမှာ မင်းတို့ ကို ဘယ်သူမှကမှလာပြီး အကူအညီ ပးနိုင်မှာမဟုတ်ဘူး။ ကိုယ်ညံ့ရင် ကိုယ်ကိုယ်တိုင်က အသုံးမကျလို့ရှိ ရင် ကိုယ်ခံရမှာပဲ။ ဒါကြောင့် အောက်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ မခိုမကပ်ဖို့ ကိုယ့်ကိုယ်ကို မညာဖို့ မညှာဖို့ သိပ်ပြီးအရေးကြီးတယ်။“ ဆိုတာပဲ ဖြစ်တယ်။

နောက်ပြီး ယှဉ်ပြိုင်ကြတဲ့အခါမှာ တစ်ဖက်က မိမိရဲ့ ပြိုင်ဖက်ကို လက်ဝှေ့စည်းကမ်းနဲ့အညီ လေးစားကြဖို့၊ ညစ်တဲ့နည်းတွေ မသုံးဖို့၊ လက်ရည်ချင်းမတူလို့ မိမိဘယ်လောက်ပဲ မယှဉ်ပြိုင်နိုင်ပါစေ လက်မြှောက်အ ရှုံ ပေးတာမျိုး ဘယ်အခါမှ မလုပ်ဖို့။ လက်ရည်ချင်းမတူတာတွေ့ရင် ကြိုးဝိုင်းဒိုင်က သူ့ဖာသာ ပွဲရပ်ပေးလိမ့် မယ်။ ကြောက်လို့ နောက်ဆုတ်တာမျိုးနဲ့ ကြိုးဝိုင်းထဲပတ်ပြေးပြီး ရှောင်တာမျိုးကို ဆရာက လုံးဝလက်မခံပါ ဘူး။  

 

 

 

 

 

 

 

1 comment:

  1. Excellent subject!
    I've never read about him that much although his name was an icon in both Myanmar boxing and magazine fields.
    Thanks so much Saya TMA!!!
    I respected him very much since you told me that you had good habit of discipline in your daily life cultured by Saya Barmahti Khin Aung! Now you pay back the gratitude of your mentor in your young life. That is good, great, gorgeous, and gracious!!!! May Lord Buddha Bless You and All of Your Family for doing such kind of amazing thing to your mentor from the past. Extremely Excellent!!!!

    ReplyDelete