"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, November 1, 2012

မြန်မာပြည်မှ သတင်းများ (၁၃၇၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ ကြာသပတေး)



သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့   

ယမန်နေ့နှင့်ယနေ့ထုတ် မန်မာသတင်းစာများတွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်န့အကြောင်း သတင်းများဖတ်ရှုရ ရောင်စုံဓာတ်ပုံများ ကြည့်ရသည်မှာ စိတ်ကြည်နူးဖွယ်ဖြစ်ပြီး အမိမြန်မာပြည်ကိုလည်း တမ်းတမ်းတတ လွမ်းမိပါသည်။     



                                          မြတ်ရွှေတိဂုံရင်ပြင်ပေါ်တွင် ဘုရားဖူးများဖြင့် ခြိမ့်ခြိမ့်သဲစည်ကား။














အလုပ်သမားရေးရာသံမှူး မြန်မာလုပ်သားများကို ကူညီမည်

ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးများရရှိစေရေးနှင့် ကြုံတွေ့နေ ကြရသည့်အ ခက်အခဲများကို ဖြေရှင်းပေးရန်အတွက် စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၌ အလုပ်သမားရေးရာသံမှူး (Labour Attache)များ ထားရှိပေးမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ပြောကြားခဲ့သည်။



မြစ်ကြီးနား ပမ္မတီးရပ်ကွက် မီးလောင်

ယုစန္ဒာစားသောက်ဆိုင်၌ မီးအားမြှင့်စက်အား ညလုံးပေါက်ဖွင့်သုံးထားရာမှ အပူလွန်ကဲပြီး မီးစ တင် လောင်ကျွမ်းခဲ့သဖြင့် အောက်တိုဘာ ၂၅ ရက်နေ့က အဆောက်အအုံ၊ ဈေးဆိုင်တန်းနှင့် ပစ္စည်း များအပါအ၀င် ငွေကျပ် သိန်း ၄၀၀ ကျော်ဖိုး ဆုံးရှုံးပျက်စီးသွားခဲ့ကြောင်း ကြားသိရသည်။ 



မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်း ၅ နှစ်သို့တိုးမြှင့်   


ယခုနှစ်နိုဝင်ဘာလ ၁ ရက်နေ့မှစပြီး မြန်မာနိုင်ငံကူးလက်မှတ်အားလုံး (သဘောင်္သား၊ အလုပ်သမားနှင့် အခြားသောပတ်စ်ပို့များ)၏သက်တမ်းများကို ၅ နှစ်သို့ တစ်ပြေးညီတိုးမြှင့်လိုက်ကြာင်း ပြည်ထဲရေးဝန် ကြီးဌာန မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ သတင်းရရှိသည်။


 


ကန့်ဘလူမြို့ နယ်မှ မြန်မာ့ရွှေသမင်များ မုဆိုးတွေသတ်ဖြတ်နေကြ    


 





ကန့်ဘလူမြို့ နယ် ချပ်သင်းဘေးမဲ့တောတွင် မြန်မာ့ရွှေသမင်မျိုး ကောင်ရေ ၁၀၀၀ ခန့်ကို ထိန်းသိမ်းထား ရာ တောလိုက်မုဆိုးများ အုပ်စုဖွဲ့ပြီး ညအခါ မီးများထိုးလျက် ပစ်ခတ်သတ်ဖတ်နေကြသောကြောင့် နှစ်စဉ် ၃၀ ရာခိုင်နှုန်းခန့် သေဆုံးနေကြောင်း သိရှိရသည်။

 

ပြည်သူတို့ အသိပညာတိုးပွားစေမည့် စာပေရေချမ်းစင်များ   


 


 


ပည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် သတင်းစာ ဂျာနယ် စာစောင် မဂ္ဂဇင်းနှင့် ၀တ္တုစာအုပ်များ ထားရှိပေးထားသည့် စာပေရေချမ်းစင်များကို တိုင်းဒေသကြီး၊ပည်နယ်နှင်ခရိုင်မြို့ ကြီးများရှိ ဘူတာရုံ၊ လေ ဆိပ်၊ ကားဂိတ် အစရှိသည့် လူစည်ကားရာနေရာတို့တွင် ဖွင့်လှစ်ထားရှိသွားမည်ဖြစ်သည်။ နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့များတွင် ယနေ့မှစတင်ဖွင့်လှစ်ထားရှိကာ ကျန်မြို့ ကြီးများတွင် မကြာမီဆက်လက် ထားရှိသွားမည်ဟု သိရှိရသည်။  

အထက်ပါ ဓာတ်ပုံအားလုံးသည် မြန်မာနိုင်ငံထုတ်သတင်းစာများမှ ဖြစ်ကြပါ၏။

 

သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ စနေနေ့။ 3 November 2012


ဝန်ဆောင်သက် ရှည်ကြာလှသည့် ချက်ကြီးတို့ နားကုန်ကြရပေပြီ   

၁၉၆၅ ခုနှစ်က တက္ကသိုလ်ဝင်တန်းအောင်ပြီး ရန်ကုန်တက္ကသိုလ်ကြီးတွင် ပညာရင်နို့ သောက်စို့ခဲ့စဉ်မှစလို့ ၁၉၉၀ ခု နှစ်ဦးပိုင်းအထိ မိမိသည် ‘ချက်ကြီး’တို့ကိုသာ အားကိုးအားထားပြု ခရီးသွားခဲ့ရတာများပါတယ်။ အဲဒီအချိန်တုန်းက စာရေးသူ မှတ်မိသ၍ အင်းစိန်ကနေ ဗိုလ်တထောင်(လိန်းစဒေါင်း)ကိုဆွဲတဲ့ အမှတ် ၈ ဟီးနိုးဘတ်စ်ကားကြီးတွေရယ်၊ မင်္ဂလာဒုံနဲ့ ရန်ကုန်မြို့ တွင်းကိုဆွဲပေးတဲ့ လေးလန်းဘတ်စ်ကားအကြီးကြီး (Leyland bus)တွေရယ်၊ တက္ကသိုလ် ရိပ်သာလမ်းမှာပြေးဆွဲတဲ့ ဟီးနိုးကား အသေးလေးတွေလာက်ပဲ ကားကောင်းကောင်း ရှိကြတာ။ 

 

ချက်ပလက် ခေါ် ချက်ကြီး။ (ဓာတ်ပုံ - အင်တာနက်)

 

ရန်ကုန်ရဲ့ လမ်းများပေါ်မှာ ပြေးဆွဲခဲ့တဲ့ ဘတ်စ်ကားတွေအထဲမှာတော့ မြန်မာများက ‘ချက်ပလက်’ (Chev- rolet) လို့ခေါ်ကြတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန် ချက်ကြီးတို့က အများစုဖြစ်မယ် လို့ ထင်ပါတယ်။ ကားက အမိုးနိမ့်တာကြောင့် ခါးကလေးကုန်းပြီး ရိုရိုသေသေလေး မတ်တတ်ရပ်စီးခဲ့ကြရတဲ့ ချက်ကြီးတို့ကို လုံးဝအ နားပေးမယ့်အကြောင်း ကြားသိရပါတယ်။ 

 

ဘင်္ဂလားဒေ့ရှ်က မီးရှို့ ခံဘုန်းကြီးကျောင်းများ ပြန်ဆောက်ပေးမည်   

 

မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် ဆင်းတုတော်တစ်ဆူကို ကိုရင်တစ်ပါး ပူဇော်နေပုံ။

 

ယခုနှစ် စက်တင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားနှင့် စစ်တကောင်းဒေသတို့ရှိ ဗုဒ္ဗဘာသာ ဘုန်းတ်ာကြီးကျောင်း ၁၉ ကျောင်းအား မသမာသူ ဘာသာရေးအစွန်းရောက်သူများက မီးရှို့ ဖျက်စီးခဲ့ကြရာ ယင်းဘုန်းကြီးကျောင်းများအားလုံးကို  ရှေးရခိုင်ဘုရင်များလက်ထက်က တည်ထားခဲ့ကြသည့် မူလဗိသုကာပုံ စံအတိုင်း ပြန်လည်တည်ဆောက်ပေးသွားမည်ဟု အောက်တိုဘာ ၂၈ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီး ချုပ် ရှိတ်ဟာဆီနာက ပြောကြားခဲ့သည်။ 

 

သတင်းစာ ကာတွန်း  

    

မြန်မာ့အလင်းသတင်းစာ (၁၀ ရက် နိုဝင်ဘာ၊ ၂၀၁၂)။

 

ဖတ်ပြီးရင် ရယ်ဖို့။

နောက်ပြီး ဘာကိုပြောချင်တာလဲဆိုတာ သေသေချာချာ တွေးကြည့်ဖို့။

အဲ .. ကြည့်ပြီး တွေးပြီးတော့လည်း ထပ်ပြီး ဟက်ဟက်ပက်ပက် ရယ်ကြဖို့ပါ။

 

ဝန်ကြီးဌာန ၂ ခု အမည်ပြောင်း    

 

ကြေးမုံသတင်းစာ (၁၀ ရက် နိုဝင်ဘာ ၂၀၁၂)။

 

 

ရေစကြိုမြို့ နယ်မှာ လေးမြွှာပူးမွေး  

   

ဓာတ်ပုံ - ကြေးမုံသတင်းစာ (၁၅ ရက် နိုဝင်ဘာ ၂၀၁၂)။

 

ပြီးခဲ့သော ဧပြီလက ပခုက္ကူမြို့ ရှိ ချမ်းမြေ့ ဆေးရုံ ယောကျာင်္းလေး ၂ ဦးနှင့်မိန်းကလေး ၂ ဦး လေးမြွှာပူး ကလးများကို မွေးဖွားခဲ့သည်။ မိဖများမှာ ရေစကြိုမြို့ နယ် ဆင်ကြိုးရွာမှ ဦးသိန်းစိုးနှင့်ဒေါ်ခင်မြင့်ကြည် တို့ဖစ်ကြပြီး အကြီးဆုံးက မောင်ကောင်းထက်မော်၊ ဒုတိယက မချမ်းမြေ့စိမ်း၊ တတိယက မချမ်းမြေ့ငြိမ်းနှင့် စတုတ္ထက မောင်ကောင်းထက်ဇော်တို့ဖြစ်ကြသည်။ ယင်းလးမြွှပူးတို့၏ အမကြီးဖြစ်သူ မအေးချမ်းဝေသည် ပဉ္စမတန်းတွင် ပညာသင်ကြားလျက်ရှိကြာင်း သိရှိရသည်။

 

 

န်ဆောင်မုန်းလဆန်း ရက်၊ ကြာသပတေးန့။ 22 November 2012

ထိုင်းရောက် မြန်မာဘောလုံးပရိသတ် လက်မှတ်အခမဲ့ရမည် 

နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် စူဇူကီးဖလား(Suzuki Cup) ပြိုင်ပွဲတွင် မြန်မာဘောလုံးအ သင်းကို လာရောက် အားပေးကြမည့် ထိုင်းနိုင်ငံရှိ မြန်မာဘောလုံးပရိသတ်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်က လက်မှတ် အခမဲ့ပေးမည်ဟု ကြားသိရသည်။

မြန်မာဘောလုံးအသင်း၏ပွဲစဉ်များ

နိုဝင်ဘာ ၂၄ ရက် (စနေနေ့) - မြန်မာနှင့်ဗီယက်နမ်                                                                   နိုဝင်ဘာ ၂၇ ရက် (အင်္ဂါနေ့) - မြန်မာနှင့်ထိုင်း                                                                          နိုဝင်ဘာ ၃၀ ရက် (သောကြာနေ့) - မြန်မာနှင့်ဖိလစ်ပိုင်





No comments:

Post a Comment