"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, January 1, 2019

နှစ်အသစ် တစ်နှစ်ကူးပြန်လေပြီ




ဒီစာကို ၂၀၁၈ ခုနှစ်ဟောင်းမှ ၂၀၁၉  ခုနှစ်သစ်သို့ မကူးပြောင်းမီ ၂ မိနစ်ခန့်အလိုတွင် စရေးဖြစ်သည်။

နှစ်ဟောင်းနှစ်သစ် အကူးအပြောင်းနှင့်အတူ ..

ဇရာခရီးလမ်းမှာ အသက် ၁ နှစ် ပိုကြီးသွားပြီ။

မရဏခရီးသို့လည်း ခြေလှမ်းပိုနီးသွားလေပြီ။

သို့တစေ

တစ်သက်လုံး လူမှန်းသိစအရွယ်မှစပြီး လုပ်ခဲ့သည်များကား မပြီးဆုံးနိုင်သေး။

ဟိုကိစ္စ ဒီကိစ္စတွေ အစရှိသဖြင့် 
လုပ်စရာတွေ ဒုနှင့်ဒေးပင် ရှိနေသေး၏။

ဘာတွေလုပ်မှာလဲ။

ဘာ့ကြောင့် လုပ်ချင်တာပါလဲ။

ဘယ်အတွက်ကြောင့် လုပ်ရပါမည်လဲ။

အမေးများစွာရှိနေ၏။

နှစ်သစ်အဓိဋ္ဌာန်ကော ချပြီးပါပြီလား။

မိမိကိုယ်ကိုမိမိ ပြန်မေးမိသည်။။