"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, February 27, 2011

မျှဝေစေတနာ

ဒီ ဘလော့မှာ ပြောချင် ရေးချင်တာတွေကတော့ အများကြီး။

မိမိ တွေ့မြင် ကြားသိတာတွေကို တဆင့် ဖေါက်သည်ချ ပြောပြချင်တယ်။

မိမိ ဖတ်ရှု့လေ့လာထားတာတွေကို သုံးသပ်ဝေဖန် တင်ပြချင်တယ်။
မိမိ တွေးခေါ်မျှော်မြင်မိတာလေးတွေကိုလဲ ဖွင့်ဟထုတ်ဖေါ် ဆွေးနွေးချင်တယ်။

လောလောဆယ်မတော့ ဆောင်းပါးတွေနဲ့ ဓါတ်ပုံတွေကို ဒီအတိုင်းပဲ ထည့်ထားရသေးတယ်။ သေသေသပ်သပ်နဲ့ စည်းစနစ်တကျ မလုပ်ရသေးဘူး။

ခရီးသွားဓါတ်ပုံတွေနဲ့ သက်ဆိုင်တဲ့ စာတွေ မရေးထည့်ရသေးဘူး။ ဘယ်အချိန်က ဘယ်ကို ဘာကိစ္စနဲ့ သွားတယ်ဆိုတာ မပြောရသေးဘူး။ ခရီးစဉ်များနဲ့ ပတ်သက်ပြီးလည်း မြင်တွေ့ ကြားသိ ခံစားမိရတာတွေ မျှဝေခံစား မပြရသေးဘူး။

ဘလော့ကို လာတဲ့သူတွေ လာကြည့်ရကျိုး ဖတ်ရကျိုး နပ်စေချင်ပါတယ်။

ဒါက မျှဝေခံစားကြသူတိုင်းရဲ့ စေတနာရယ်ပါ။

Sunday, February 6, 2011

စင်ကာပူမှာဗျာ...








သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း၊ ဇန်န၀ါရီ ၁၉၉၆။

စင်ကာပူမှာရှင်





သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း၊ ဇွန် ၁၉၉၆။

Cameron Highlands, Malaysia


ကင်မရွန်ဟိုင်းလန်းစ်သို့အသွား အီပိုးမြို့မှာ ခရီးတထောက်

အီပိုးမြို့က စားသောက်ဆိုင်မှာ
စားစားသောက်သောက် ရယ်ရယ်မောမော




လိပ်ပြာဥယျာဉ် (Butterfly Farm and Gardens)ရှေ့မှာ
ဧည့်လမ်းညွှန်နှစ်ဦးနှင့် အမှတ်တရ


စထရောဘယ်ရီပတ်ခ် ဟိုတယ်(Strawberry Park Hotel)ရှေ့မှာ...


မလေးရှားနိုင်ငံမှ အကြီးဆုံး ချောကလက်ဆိုင်ကြီး ကိုကာဘူတီး





စင်ကာပူမှာ ကျော်သွားခဲ့တဲ့ မြန်မာအချစ်ဇာတ်လမ်းတစ်ပုဒ်








မဟေသီ မဂ္ဂဇင်း၊ နိုဝင်ဘာ ၁၉၉၇။

Saturday, February 5, 2011

ပြန်လည်ရတာ ပျော်ပါတယ်

ကန့်ဘလူမြို့  ဦးကိုလေး၏ ဆိုင်အပေါ်ထပ်မှာ မိတ်ဆွေများနှင့်နံနက်စာ စားကြယင်း.....      
                                 ဦးစန်းအောင်(စာရေးဆရာ မောင်လူဒေါင်း)၊ ဦးတင်မောင်အေး၊ ဦးကိုလေး၊ ဒေါက်တာ အောင်မင်းလှိုင်၊    
                                 ဦးခင်မောင်ရည် (စာရေးဆရာ ကန့်ဘလူ-ခင်မောင်ရည်)။ 

မိမိတို့မိသားစု ကန့်ဘလူကို အလည်ပြန်တဲ့အခါတိုင်း နောက်နေ့မနက်ရောက်တာနဲ့ ဘောလုံးကွင်းနားက ဦးကိုလေးရဲ့ လက်ဖက်ရည်ဆိုင်ကို သွားရတာ ၀တ္တရား မပျက်ပဲလေ။ ကိုယ်က အိပ်ယာထနောက်ကျလို့ သူ့ဆိုင်ကို စောစောမရောက်သွားခဲ့ယင် သူက သူ့သားကို မော်တော်ဆိုင်ကယ်နဲ့လွှတ်ပြီး အခေါ်ခိုင်းလေ့ ရှိတာ။ ဦးကိုလေးက မိမိနဲ့ ဆွေမျိုးမတော်စပ်ပေမဲ့ မိမိကို သူ့ညီလေးတစ်ယောက်လို တရင်းတနှီး ခင်တာပါ။ မိမိနဲ့ ဆက်နွယ်ပြီး မိမိရဲ့ဇနီးကိုလဲ သူ့ညီမလေးတစ်ယောက်လို သဘောထားတာ။ သူ့ဆိုင်ကိုရောက်တာနဲ့ ဆိုင်အပေါ်ထပ်ခေါ်သွားပြီး စားပွဲတစ်လုံးအပြည့်ပြင်ထားတဲ့ စားစရာတွေနဲ့ စားမကုန်သောက်မကုန် ကျွေးမွေးဧည့်ခံတတ်တာ။ မိမိရဲ့ မိသားစုအပြင် မိမိကို လာတွေ့ကြတဲ့ မိတ်ဆွေအပေါင်းအသင်းအားလုံးကိုပါ  
စေတနာအပြည့်နဲ့ တစ်လက်စာတည်း ကျွေးမွေးဧည့်ခံပါသေးတယ်။ 
ယခု ဒီစာရေးယင်း ဦးကိုလေး အမြဲဧည့်ခံ ကျွေးမွေးလေ့ရှိတဲ့ ခေါဆီကျော်၊ ဘယာကျော်၊ တိုဟူးကျော်၊ အီကြာကွေး၊ နို့ပေါင်မုန့်ပေါင်း၊ ကောက်ညှင်းပေါင်းနဲ့ စားတော်ပဲ၊ မုန့်ဆီကျော်နဲ့ လက်ဖက်ရည်တွေကို တမ်းတမိသေးတော့။ 

  အမရပူရမြို့                        ဦးပိန်တံတား၊ တောင်တမန်အင်း။
                                         ဇနီးဒေါ်စိုးစိုးအေး၊ ခင်မိုးမိုး (ဇနီး၏ညီမ)၊ သမီး မသန္တာတင်တို့နှင့် အမှတ်တရ။ မန္တလေးကိုရောက်တိုင်း အမရပူရမြို့နယ်ထဲက တောင်တမန်အင်းကိုဖြတ်ပြီး ဆောက်ထားတဲ့              သက်တမ်း နှစ်ပေါင်း ၁၅၀ ကျော်ပြီဖြစ်တဲ့ ဦးပိန်တံတားကို အခေါက်တိုင်း မသွားဖြစ်ခဲ့ပေမဲ့ မကြာခဏရောက်တတ်တယ်။  တစ်ခါတစ်ခါတော့ မန္တလေးမှာနေတဲ့ သူငယ်ချင်းကိုခင်မောင်မြင့် (စာရေးဆရာ မာန်မြင့်-ကန့်ဘလူ)နဲ့အတူ  အနားက တောင်လေးလုံး ဆရာတော်ဦးပညာဆီသွားလို့ ဦးချနုတ်ဆက် ဖြစ်ကြတယ်။ တစ်ခါက ဆရာတော့်ကျောင်းမှာ တရားဝင်နေတဲ့ နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး (ဦး)ထွန်းဝေကို တွေ့ခဲ့ရသေးတယ်။





ထောက်ကြန့်မြို့            အကိုကြီးဦးမျိုးတင့်မိသားစုနှင့် အမှတ်တရ။

အကိုကြီးဦးမျိုးတင့်နှင့်အမကြီးဒေါ်ခင်စိန်တို့ကို စပြီးသိခဲ့ရစဉ်က မော်လမြိုင်မှာပါ။ ၁၉၇၆ ခုနှစ် လောက်ကဖြစ်တယ်။ ထိုစဉ်က မိမိသည် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး အကြောအဆစ်ကုဋ္ဌာနတွင် တာဝန်ကျနေသည်။ မိမိတို့ စင်ကာပူကို ရောက်လာပြီမှ အကိုကြီးတို့မိသားစု ထောက်ကြန့်သို့ ပြောင်းခဲ့ခြင်းဖြစ်တယ်။ မြန်မာပြည်ကိုပြန်တိုင်း အကိုကြီးတို့မိသားစုဆီ သွားလည်လေ့ရှိတယ်။ ဒီကနေလဲ မကြာခဏ ဖုန်းဆက်ပါတယ်။ သွေးမတော် သားမစပ်ပေမဲ့ တကယ့်ညီအကိုမောင်နှမတွေလို ရင်းနှီးချစ်ခင် ကြတာ။  မိမိ အလုပ်လုပ်တဲ့ ဆေးရုံနဲ့ အကိုကြီးတို့အိမ်နဲ့ နီးတာဖြစ်လို့ ညနေတိုင်း အလုပ်ပြီးတာနဲ့ သွားလည် တတ်တယ်။ အမကြီးက ထမင်းဟင်းချက်တာကောင်းသလို လက်ဖက်ရည်ဖျော်လဲ ကောင်းတာပါပဲ။ အခုခေတ်စကားနဲ့ဆို "ရှယ်"ပေါ့။ အကိုကြီးနဲ့ကတော့ လူမှုရေး နိုင်ငံရေး စတဲ့အကြောင်းတွေကို အမကြီး ဖျော်ပေးတဲ့လက်ဖက်ရည်ကျကျကို အရသာခံသောက်ကြရင်း တောင်စဉ်ရေမရ တောရောက်တောင်ရောက် ပြောလို့ သိပ်ကောင်းတာ။


 
မုဒုံမြို့                                    ဇနီးဒေါ်စိုးစိုးအေးနှင့် ညီမများ။


ပြင်ဦးလွင်မြို့                           မဟာကန်ထူးကန်သာဘုရား ရင်ပြင်


ရန်ကုန်         မမျှော်လင့်ပဲ ရောက်သွားပြီး ဒန်ပေါက်နဲ့ ရေခဲမုန့် စားခဲ့ရတဲ့ မင်္ဂလာဆောင်။

အဲဒီနေ့က စာရေးသူတို့မိသားစုသည် အကိုကြီးနဲ့အမကြီးတို့ရှိရာထောက်ကြန့်ကို ရန်ကုန်ကနေ သွားလည်ခဲ့ ကြတယ်။ ဟိုကိုရောက်တော့ အကိုကြီးနဲ့ တူမလေးနှစ်ယောက် (ခင်မျိုးနွယ်၊ မျိုးသီတာ)ကိုပဲ တွေ့ခဲ့ရတယ်။ အမကြီးက အိမ်မှာမရှိလို့ မတွေ့ခဲ့ရဘူး။ "ညီလေးရေ မင်းတို့ရဲ့အမကြီးကိုတော့ ရန်ကုန်ပြန်မှပဲ မင်္ဂလာဆောင် မှာ သွားတွေ့ပေတော့။ အဲဒီမှာ မင်းရဲ့အမကြီးနဲ့ခင်မျိုးဦးတို့ ဧည့်ခံပေးနေလေရဲ့" လို့မှာတာနဲ့ ရန်ကုန်ကို ပြန်လာတော့ ဟိုတယ်ကိုမပြန်သေးပဲ မင်္ဂလာဆောင်ရှိတဲ့ ဘုန်းကြီးကျောင်းဆီ တန်းသွားလိုက်ကြတယ်။  

စာရေးသူတို့မိသားစုကို စုံစုံညီညီတွေ့ရတော့ အမကြီးက အရမ်းကိုဝမ်းသာရှာတာ။ ဟယ်..ဒီတစ်ခါ 'အီးမီး'လဲ ပါလာတယ်၊ '၀တုတ်'ကလေးလဲ လိုက်ခဲ့တယ်တဲ့။ ဟုတ်ပါတယ်။ မိမိတို့ မြန်မာပြည်ကိုပြန်လာတိုင်း သမီး ဒါမှမဟုတ်သား တစ်ယောက်ပဲ ပါလာလေ့ရှိတာ။ စင်ကာပူမှာက ကျောင်းဖွင့်တော့လဲ ကျောင်းအလုပ်ရှိလို့။ ကျောင်းပိတ်ပြန်တော့လဲ တစ်ခြားကျောင်းအလုပ်တွေက ရှိပြန်ကော။ 

ဒါနဲ့အမကြီးက 'လာကြ လာကြ အထဲမှာ ဒန်ပေါက်စားရအောင်' ဆိုတာနဲ့ ဟန်လေးပန်လေးတောင် မဆောင်နိုင်ကြပဲ တစ်ချိုးထဲ လိုက်သွားခဲ့ကြတယ်။ အဝေးကပြန်လာတာဆိုတော့ ဗိုက်ကဆာပြီလေ။ ပြီး- ဒန်ပေါက်ဆိုတော့ .. ဟဲ ဟဲ..ငြင်းနိုင်ဖွယ်ရာ မရှိပြန်ဘူး။ အမကြီးက စာရေးသူတို့မိသားစုကို သတို့သား သတို့သမီးနဲ့ သူတို့ရဲ့မိဖတွေနဲ့ မိတ်ဆက်ပေးပါတယ်။ ပြီးတဲ့အခါမတော့ ဖိတ်ကြားမခံရပဲ မင်္ဂလာလက်ဖွဲ့ မပါပဲ သတို့သားနဲ့သတို့သမီးတို့ကိုလဲသိရှိခြင်းမရှိပဲ ဒန်ပေါက်နဲ့ရေခဲမုန့်စားပြီး ဟိုတယ်ကို ဣနြေ္ဒရရလေး ပြန်လာခဲ့ကြပါတယ်။ 

ရန်ကုန်              မိတ်ဆွေများဖြစ်ကြတဲ့ ဦးလွင်သိန်း၊ဒေါ်အေးမိသားစု(နေလ စာပေ)နှင့် 
                              ဦးရှုအောင်၊ဒေါ်နွဲ့မိသားစု(မျက်မှန်လုပ်ငန်း)တို့ရဲ့ ညစာဖြင့် 
                              ဧည့်ခံကျွေးမွေးပွဲမှာ အားလုံးပျော်ပျော်ပါးပါးကြီး။  

ကိုလွင်သိန်းနဲ့ ကိုရှုအောင်တို့အား ၁၉၇၅ခုနှစ်က မော်လမြိုင်မှာ စာရေးသူ စ,သိခဲ့ရတာဖြစ်တယ်။ အဲဒီတုန်းက ကိုလွင်သိန်းက ကျောင်းဆရာ။ တစ်ချို့က သူ့ကို နာမည်ရင်းအတိုင်း မခေါ်ပဲ 'ကျောင်းဆရာ'လို့ ခေါ်ကြတယ်။ ကိုရှုအောင်က မျက်မှန်ကျွမ်းကျင်သူ။ စာရေးသူနဲ့ကိုရှုအောင်က ဆေးရုံမှပေးထားတဲ့ အိမ်ခန်းတွေမှာ နေခဲ့ကြတာ။  အဲဒီတုန်းက မော်လမြိုင်မှာ နေခဲ့ကြရတာ တကယ့်ကို ပျော်စရာကြီးပဲ။ တစ်ဦးနဲ့တစ်ဦး ညီရင်းအစ်ကိုတွေပမာ ချစ်ခင်ကြတာ။ 

နေ့ခင်းမှာ ကိုယ့်အလုပ် ကိုယ်လုပ်ကြပြီး အလုပ်ပြီးတာနဲ့ လူလွတ်တွေပီပီ ညစာချက်ကြ စားပြီးကြတာနဲ့ တစ်ယောက်ယောက်ရဲ့အခန်မှာစုပြီး လေကန်ကြလေ့ရှိခဲ့တယ်။ ဆေးရုံကပေးထားတဲ့ နှစ်ထပ်တန်းလျားမှာ အိမ်ထောင်သည်တွေ ရှိကြသေးတယ်။ လူပျိုလူလွတ်တွေကော အိမ်ထောင်သည်တွေပါ အားလုံး ခင်ခင်မင်မင်ပဲ။ အဲဒီတုန်းက ခင်မင်ရင်းနှီးမှုဟာ နှစ်တွေကြာလာပေမဲ့ သားတွေသမီးတွေရလာတဲ့ ယခုအချိန်အထိ ခိုင်မြဲနေဆဲပဲဖြစ်တယ်။ ကြီးလာမှ အလုပ်ထဲရောက်မှ တွေ့ကြ သိကြ ရင်နှီးခဲ့ကြရပေမယ့် ငယ်ပေါင်းကြီဖော်တွေလို ဖြစ်နေကြတာ။ 



ရွှေဘိုမြို့                   မြို့ဒေါင့်စေတီဘုရားမှာ ရွှေချပူဇော်နေကြစဉ်။

ရွှေဘိုမြို့သာမဟုတ်ပဲ အညာဒေသတစ်ခွင်မှာ အထင်ကရ ဘုရားတစ်ဆူဖြစ်တဲ့ မော်ဓောမြင်သာကုန်းတော်ပေါ်က မြို့ဒေါင့်စေတီဘုရားကို ရွှေဘိုရောက်ရင် မလွတ်တမ်းသွားဖူးဖြစ်တယ်။ ညီမဖြစ်သူ မတိုးညွန့်က သူ့ကားကို ကိုယ်တိုင်မောင်းပြီး လိုက်ပို့ပေးတတ်စမြဲ။ ဒီမြို့က ကျေးဇူးရှင်ဖခင်ကြီးရဲ့ မွေးဇာတိ။ ဖခင်ကြီးဖက်မှ အမျိုးတွေ ရှိကြတယ်။ မိမိရဲ့ ဆရာဆရာမများနဲ့ ငယ်သူငယ်ချင်းတွေလဲ အများကြီး ရှိနေကြတာ။ မိမိသည် ကန့်ဘလူမှာမွေးခဲ့တာဖြစ်ပေမယ့် ရွှေဘိုမှာအနေများခဲ့ပြီး ပညာသင်ကြီးပြင်းခဲ့ရတာ ဖြစ်တယ်။   



မန္တလေး        မဟာမြတ်မုနိကိုယ်တော်မြတ်ကြီးတွင် သား မောင်စိုးမောင်တင်နှင့်အတူ  
                                  ရွှေချပူဇော်ခဲ့စဉ်။

                              မန္တလေးတောင်ပေါ်က မြွေကြီးနှစ်ကောင်တွင် အမှတ်တရ။



မိထ္တီလာမြို့           မြို့မဈေးအတွင်း သနခါးတုန်းများ ၀ယ်ယူခဲ့ကြ။
                        မိမိတို့မိသားစုအား ပုဂံသို့ လိုက်ပို့ပေးပြီး အပြန်မှာ
                        ညီဖြစ်သူကိုတင်မောင်ထွေးတို့      
                        ဇနီးမောင်နှံက မိထ္တီလာဈေးသို့ ပို့ပေးခဲ့ကြတယ်။  



ပြင်ဦးလွင်   အမျိုးသားကန်တော်ကြီးဥယျာဉ်(တစ်ချိန်က ရုက္ခဗေဒဥယျာဉ်)မှာ.....


                                 သမီး မသန္တာတင်ရဲ့ ပွဲဂေါက်ရေတံခွန် အမှတ်တရ။



ပုဂံ                           ဘူးဘုရားမှာ မိသားစု အမှတ်တရ။
                     ဓါတ်ပုံကို သေသေချာချာကြည့်ရင် သမီးနဲ့သားတို့ ခြေဖျားထောက်ပြီး   
                     အရပ်ရှည်ပြိုင်နေကြတာ တွေ့နိုင်တယ်။



မန္တလေး
ပစိဖစ်ဟိုတယ် (Pacific Hotel, Mandalay)