"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, May 29, 2012

ဦးသန့် သို့မဟုတ် မီးလျှံထဲက ပန်းတစ်ပွင့် (၃)

ဦးသန့်၏ရုပ်ကလာပ်အား နိုင်ငံတော်အစိုးရမှ လေဆိပ်တွင် တခမ်းတနားကြိုဆိုလိမ့်မည်ဟု  မြန်မာပြည် သူပြည်သားတစ်ရပ်လုံးက မျှော်လင့်ထားခဲ့ကြသော်လည်း တကယ်က ဖြစ်သင့်သည့်အတိုင်းဖြစ်မလာ ခဲ့။ ဒီအတွက် မြန်မာပြည်သူပြည်သားတစ်ရပ်လုံးက များစွာစိတ်မကောင်းဖြစ်ခဲ့ကြရ၏။ ဒီဇင်ဘာလ ၁ ရက် တနင်္ဂနွေနေ့တွင် ဦးသန့်၏ရုပ်ကလာပ် မြန်မာနိုင်ငံသို့ ရောက်ရှိလာသောအခါ နိုင်ငံတော်အစိုးရမှ လေဆိပ်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် တခမ်းတနားမကြိုဆိုသည့်အပြင် ကျိုက္ကဆံမြင်းပြိုင်ကွင်းဟောင်းအတွင်း ၌ ဂုဏ်ပြုထိုက်တန်သည့်ဈာပနအပြင်အဆင်ဖြင့် မထားရှိပဲ ဖြစ်ကတတ်စမ်းမဏ္ဍပ်ငယ်လေးတစ်ခု ပြီးစ လွယ်ဆောက် ပေးပြီး ကြက်ခြေနီလူငယ်အချို့  အစောင့်ချထားစေခဲ့၏။

ဤတွင် ရဟန်းသံဃာတော်များ တက္ကသိုလ်ကျောင်းသားများနှင့်မြန်မာပြည်သူပြည်သားအားလုံးတို့၏ ရင်ထဲမှာ ဒေါသ အစိုင်အခဲဖြစ်လာတော့၏။ 


ဦးသန့်၏ရုပ်ကလာပ်ထားရှိရာ ရန်ကုန်တက္ကသိုလ်သမဂ္ဂအဆောက်အဦ၀င်းအတွင်းမှာ ရဟန်းသံဃာတော်များ စောင့်ကြပ်နေစဉ်။ ဓါတ်ပုံ - အင်တာနက်။


တစ်ဖန် ဦးသန့်၏ဂုဏ်ရှိန်မြင့်မားမှုနှင့်ကျော်ဇောထင်ရှားခြင်းတို့အပေါ် မနာလိုဖြစ်ပြီး ဒေါသူပုန်ထနေ သည့် သမ္မတဦးနေ၀င်းက အစိုးရအဖွဲ့မှဝန်ကြီးများ လေဆိပ်ကို သွားမကြိုကြရ၊ ဈာပနကို ကြီးကျယ်ခမ်း နားစွာ မလုပ်ကြရ၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကြံတောသချိင်္ုင်းမှာပဲ သာမန်သူများအတိုင်း သင်္ဂြိုလ်စေ လို့ ကောက်ကျစ်စဉ်းလဲစွာအမိန့်ထုတ်ထားကြောင်း ကြားသိရသောအခါ ရဟန်းသံဃာတော်များကျောင်း သားများနှင့်မြန်မာပြည်သူပြည်သားအားလုံးတို့၏ ရင်ထဲမှ ဒေါသအစိုင်အခဲသည် အဆများစွာပိုမို၍ ကြီး ထွားလာ ရတော့ပြီ။ ပိုလို့ဆိုးသည်မှာ ဦးသန့်၏အုတ်ဂူအား ကြံတောသချိင်္ုင်းမှာရှိသော ဦးနေ၀င်း၏ချစ် ဇနီး ဒေါ်ခင်မေသန်းအုတ်ဂူ၏ခြေရင်းမှာ နေရာပေးလျက် သိမ်ငယ်စွာမြှုပ်နှံစေရမလားဆိုပြီး ကြိတ်မနိုင် ခဲမရဖြစ်နေသည့် ပြည်သူ့ဒေါသအိုးကြီး ထိမ်းသိမ်းမရနိုင်ပဲ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲခဲ့လေတော့ သည်။ 


ဦးသန့်နှင့် သူ၏မိခင်ကြီး။ ဓါတ်ပုံ - အင်တာနက်။


ဒီကိစ္စနှင့်ပတ်သက်ပြီး သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်(ယခု NLD ခေါင်းဆောင်ကြီး)အား ‘ဦးသန့် နှစ် ၁၀၀ ပြည့်မွေးနေ့’အထိမ်းအမှတ်အဖြစ် ဧရာဝတီမဂ္ဂဇင်းက တွေ့ဆုံမေးမြန်းရာတွင် ဆရာ ကြီးဦးဝင်းတင်မှ အောက်ပါအတိုင်းပြောခဲ့သည်ကို မှတ်သားရဖူးပါ၏။

“ ဦးသန့်လိုပုဂ္ဂိုလ်မျိုးဟာ ဗမာပြည်အတွက်၊ ဗမာတယောက်အနေနဲ့သိပ်ကို ဂုဏ်ယူစရာ ကောင်းတယ်၊ နောက်ပြီး အလွန်ကိုထိုက်ထိုက်တန်တန်နဲ့ ကမ္ဘာ့ အရေးကိုတောင် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ ရုပ်အလောင်းကို ကြိုတာတောင်မှ ကြိုဖို့ခွင့်မပေးဘူး၊ ဘယ်သူ့ကိုမှ မပြောဘူး။ ကြားတာတခုကတော့ အဲဒီအချိန်က ဦးနေဝင်းက ငပလီမှာရှိနေတယ်ပြောတယ်ဗျ။ ဒီကသံရုံးတွေက သွားကြိုချင်တော့ ဘယ်သူကြိုမှာလဲ မေးတော့ သူက မင်းတို့ ကြိုချင်ကြို ငါဘာမှလုပ်စရာမရှိဘူးကွာ လို့ပြောတယ်တဲ့။ သူအဲလိုပြောလိုက်တော့ အားလုံးက သူ့ရဲ့စိတ်သဘောကိုသိပြီ။ 
အဲဒီမှာ ဘယ်သူကမှ ဘာမှမလုပ်ရဲတော့ဘူး။ 

နောက်ဆုံးပိတ်ကျတော့ ပညာရေးဒုဝန်ကြီးဦးအောင်ထွန်းဆိုတာ ကျနော့်သူငယ်
ချင်းပါပဲ၊ သူ့ကို တာဝန်ပေးလိုက်တယ်တဲ့။ သူကလည်း တွေးတာပေါ့ဗျာ။ ဒီလိုနေရာ က နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ရမယ့်နေရာမှာ ကောင်းကောင်းလုပ်မယ်ဆိုပြီး အနောက်တိုင်းဝတ်စုံတွေ ဘာတွေဝတ်ပြီး နက္ကတိုင်နဲ့ဘာနဲ့ ကျကျနနသွားတာဗျ။ ဒါပေ 
မယ့် ဦးသန့်ရဲ့ အလောင်းကိုကြိုမိလိုက်တာနဲ့ အဲဒီဝန်ကြီးလည်း ပြုတ်ရောဗျ။ 

အဲဒါကိုပြည်သူလူထုသိတာနဲ့ ဒီလိုဂုဏ်ယူစရာကောင်းတဲ့ပုဂ္ဂိုလ်မျိုးကို သေးသိမ်အောင် လုပ်တယ်ဆိုပြီး မကျေနပ်တော့ ကျောင်းသား ပြည်သူအများက ဦးသန့်အလောင်းကြီး 
ကို အတင်း ကျိုက္ကဆံကွင်းကနေ လုကြတာ။

ပထမကြားတာက ဒေါ်ခင်မေသန်းရဲ့ ခြေရင်းမှာမြှုတ်ဖို့တောင် စီစဉ်ထားတာလို့ ကြား 

တာပဲ။ ဟုတ်မဟုတ်တော့ မသိဘူးဗျ။ ကြံတောမှာပေါ့။ အဲဒီမှာ တက္ကသိုလ်ဝင်းထဲကိုသယ် 
ပြီး ဆန္ဒပြပွဲ ဖြစ်တော့တာပဲ။ 

ဒါက ဘာပြလဲ ဆိုတော့ ဒီစစ်တပ်က အုပ်ချုပ်သူတွေဟာ အမြဲတမ်း သူတို့ထင်သလို လုပ်သမျှ ဖြစ်တယ်လို့ ထင်တယ်။ ခုလို ဂုဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးကို သေးသိမ်အောင်လုပ် 
ချင်တယ်။ အလေးမထားချင်ဘူး၊ ဂုဏ်ပျက်အောင် လုပ်ချင်တယ်။ အဲဒီအတွက် ကြီး 
စွာသော တုန့်ပြန်မှုရတယ်ဆိုတာကို ဘယ်တော့မှ နမူနာ မယူဘူး။


နောက်တခုက ဦးသန့်အရေးအခင်းနဲ့ ပတ်သက်တာပေါ့။ ဒါလူတိုင်းသိတဲ့ကိစ္စပါ။ အများ
ကြီး မပြောချင်တော့ဘူး။ တခုပြောချင်တာက ပြည်သူလူထုဟာ တန်ဖိုးထားရမယ့်သူကို တန်ဖိုးထားရမယ်ဆိုတာ ဘယ်တော့ပဲဖြစ်ဖြစ် သိတယ်ဗျ။ အထူးသဖြင့် ဗမာပြည်သူလူ ထုပေါ့။ နောက်တခုက ဒီလိုလူတွေနဲ့ပတ်သက်ပြီး မထိုက်တန်တဲ့ အပြုအမူမျိုးကို လုပ်တော့ ပြည်သူလူထုက သိပ်ပြီး ဒေါသထွက်တယ်၊ မကြိုက်ဘူးဗျ။ ဒီတော့ ဒီဟာနဲ့ ပတ်သက်လာရင် အမြဲ တုန့်ပြန်တယ်။ ဒီအရေးအခင်းဟာ ဒီသဘောထားကို ထင်ထင်ရှား ရှား ပြလိုက်တာပဲ။

 

ရန်ကုန်တက္ကသိုလ်ကျောင်းသား မောင်သန့် (၁၉၂၇)။ ဓါတ်ပုံ - အင်တာနက်။


ဦးနေ၀င်း၏ ပုဂ္ဂိုလ်ရေးအာဃာတကြီးလွန်းမှု မလိုမုန်းထားရှိလွန်းမှုများကို တနေ့တခြားပိုမို သိရှိလာ ကြသော လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုတရပ်လုံးသည် ကျောင်းသားများ၏နိုးကြား တက်ကြွသောဦးဆောင်မှုဖြင့် ဟုန်းဟုန်းထမျှ တစ်စိတ်တစ်ဝမ်းတည်းလှုပ်ရှားခဲ့ကြသည်ကို မျက်မြင် ကိုယ်တွေ့ရသဖြင့် မိမိမှာ ကြက်သီးမွေးညင်းထသည်အထိ ၀မ်းမြောက်ပီတိခံစားခဲ့ရပါသည်။ ပြည်သူ ထဲကပြည်သူတစ်ဦးဖြစ်သော မိမိသည်လည်း အများနည်းတူ တတတ်တအား ပါဝင်ဆင်နွှဲခဲ့ပါသည်။ အားပေးထောက်ခံခဲ့ပါသည်။

ဦးသန့်၏ရုပ်ကလာပ် သယ်ယူသည့်နေရာ၊ ဦးသန့်၏ရုပ်ကလာပ်အား ကျောင်းသားများက လုယူခဲ့ကြ သည့်နေရာ၊ ဦးသန့်၏ရုပ်ကလာပ် ယာယီထားရှိရာဘွဲ့နှင်းသဘင်ခန်းမ၊ ဦးသန့်၏ရုပ်ကလာပ်အား မြှုပ်နှံ သင်္ဂြိုလ်ရာ ကျောင်းသားသမဂ္ဂအဆောက်အဦဟောင်းနေရာ၊ ကျောင်းသားများနှင့် ရဟန်းသံဃာတော် များက နိုင်ငံရေးတရားဟောပြောရာ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ဝင်းအတွင်းရှိနေရာများစွာတို့နှင့် လှုပ်ရှားမှုများကို နေစဉ်မပျက် သွားရောက်ခဲ့ ကြည့်ရှုခဲ့ လေ့လာခဲ့ မှတ်သားခဲ့ အားပေးခဲ့ပါ၏။ 

ယခုအချိန်မှ ပြန်ပြောင်းတွေးတောကြည့်လျင် ဦးသန့်အရေးအခင်းကြီးဟူသော မြန်မာ့သမိုင်းဝင်ဖြစ် ရပ်ကြီးတွင် ပြည်သူပြည်သားတစ်ဦးအနေဖြင့် ပါဝင်အားပေးနိုင်ခဲ့သည်ကို ၀မ်းမြောက်ပီတိဖြစ်ရပါ၏။ ယခုကဲ့သို့ မိမိ မြင်ကြားသိရှိသမျှတို့ကို မျိုးဆက်သစ်လူငယ်များအား တဆင့်ပြောပြခွင့်ရခြင်းအတွက် လည်း ကျေနပ်မိပါ၏။

သမိုင်းပါမောက္ခ ဆရာကြီးဒေါက်တာဦးသန်းထွန်း တိတိပပ သတိပေးမှာကြားခဲ့သည့်အတိုင်း သမိုင်း မသိသဖြင့် မျိုးဆက်သစ်တို့ မအ,ကြစေရန် မိမိတို့မျိုးဆက်ဟောင်းတို့တွင် တာဝန်ရှိနေပါသည်။   




ဈာပနကော်မတီဖွဲ့စည်းပြီ

 အစိုးရမှ နိုင်ငံတော်ဈာပနအခမ်းအနားမပြုလုပ်ပဲ ဦးသန့်၏ရုပ်ကလာပ်အား ကြံတောသချိင်္ုင်းတွင် ဖြစ် ကတတ်ဆန်း သင်္ဂြိုလ်မည်ကိုကြားသိရသောကျောင်းသားတို့သည် ဈာပနကော်မတီကို အလျင်အမြန် ဖွဲ့စည်းလိုက်ကြတော့၏။ သင်္ဂြိုလ်မည့်နေ့တွင် ဦးသန့်၏ရုပ်ကလာပ်ထားရှိရာ ကျိုက္ကဆံမြင်းပြိုင်ကွင်း တွင် ကျောင်းသားအားလုံးစုရုံးကြမည်၊ ကျောင်းသားကိုယ်စားလှယ်များ ကြိုတင်ငှားရမ်းထားမည့် ဘတ် စ်ကားများဖြင့် ဦးသန့်၏အသုဘကို နောက်ဆုံးအနေဖြင့် ဂါရ၀ပြုပို့ဆောင်နှုတ်ဆက်ကြမည် စသဖြင့်စီ စဉ်ထားခဲ့ကြသည်။ 

သို့သော် ကျောင်းသားများအား ဘတ်စ်ကားမငှားကြရန် အစိုးရမှတားမြစ်ထားသဖြင့် အသုဘချမည့်နေ့ သို့ရောက်သောအခါ တက္ကသိုလ်ပေါင်းစုံမှကျောင်းသားများသည် အစီအစဉ်ပြောင်းကာ ကြုံရာဒေါ့ဂျစ် ကားများကို လက်လှမ်းမီသလိုငှားကြပြီး ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ဝင်းထဲသို့ တစုတဝေးရောက် လာခဲ့ကြတော့၏။

ကျောင်းသားအဖွဲ့များတက္ကသိုလ်ဝင်းထဲသို့တဖွဲ့ပြီးတဖွဲ့အုပ်စုလိုက်ရောက်လာတိုင်း ရောက်နှင့်ပြီးကျောင်း
သားကျောင်းသူများနှင့် ပြည်သူလူထုကြီး သြဘာလက်ခုပ်သံများ ကျယ်လောင်မြည်ဟီးစွာတီးလျက် ကြို ဆိုကြသည့်မြင်ကွင်းမှာ ယနေ့တိုင် မျက်စေ့ထဲမှမေ့ပျောက်ဖွယ်ရာ မရှိနိုင်ပါချေ။

ရဲရင့်တက်ကြွသည့် ကျောင်းသားများ၊

တာဝန်သိသိဖြင့် စည်းကမ်းရှိသည့် ကျောင်းသားများ၊

ပြည်သူတို့အရေးကိုအသက်ပေး၍ဖော်ထုတ်ကာကွယ်စောင့်ရှောက်ရန်ဦးမလေးသည့်ကျောင်းသားများ၊

နိုင်ငံ၏သေရေးရှင်ရေးကိစ္စများအတွက်သူတို့၏ပညာရေးနှင့်ဘ၀ကိုပေးဆပ်ရန်အသင့်ရှိနေကြသည်
ကျောင်းသားများ၊

နိုင်ငံနှင့်လူမျိုး၏ တစ်ခုတည်းသောအင်အားအရင်းအဖြစ်သည့် မျိုးဆက်သစ်ကျောင်းသားများ၊

ကြည့်ပါ။

ယခု သူတို့အားလုံးသည် ခေတ်အဆက်ဆက်မှာ နိုင်ငံ၏ခေါင်းဆောင်ကောင်းများကို မွေးထုတ်ပေး ခဲ့သော ဘူမိနက်သန် အမိတက္ကသိုလ်ကြီး၏ရင်ခွင်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ 

သူတို့၏ နီရဲသောသွေးများဖြင့် သမိုင်းကို ရေးကြပေတော့မည်။ 


ကျောင်းသားသမဂ္ဂ အဆောက်အဦ။ ဓါတ်ပုံ - အင်တာနက်။




တက္ကသီလာ မြကျွန်းသာ

ဦးသန့်အရေးအခင်းကာလမှ ပြန်ကြည့်သော် လွန်ခဲ့သော ၁၂ နှစ်ကျော် ဆဲဗင်းဇူလိုင်အရေးအခင်း (၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်) မတိုင်မီက ရေတမာပင်တွေ စိန်ပန်းတွေ ကံ့ကော်ပန်းတွေ သစ်ပုတ်ပင် ခုံတန်းလျားရှည် အဓိပတိလမ်း ဘွဲ့နှင်းသဘင်ခန်းမ ကျောင်းသားသမဂ္ဂအဆောက်အဦ ဆရာဆရာမ များ ကျောင်းသူကျောင်းသားများ စသည်တို့ဖြင့် လှပဝေဆာပြီး ငြိမ်းချမ်းလှသည့် ‘တက္ကသီလာ မြကျွန်း သာ’အမိတက္ကသိုလ်ကြီးသည် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ကျည်ဆံများ ရမ်းငွေ့များ သေနပ်သံ များ ကျောင်းသူကျောင်းသားများနှင့်ပြည်သူလူထုများ၏သွေးများ ပထမဆုံးအကြိမ် ရင်နာဖွယ်ရာ စွန်းထေးခဲ့ရပြီး ယခုတစ်ကြိမ်လည်း ဒုတိယမြောက် ကြေကွဲဖွယ် စွန်းထေးခဲ့ရပြန်လေပြီ။

သြော် အဖြစ်ရယ်က ရာဇ၀င်ရိုင်းလွန်းလှပေစွ။    


ဘွဲ့နှင်းသဘင်ရှေ့ ရောက်ပြီ

ကျောင်းသားများလုယူလာသည့် ဦးသန့်၏ရုပ်အလောင်းထည့်ထားသော သတ္တုခေါင်းတလား (အလူမီနီ ယံဟုထင်ရ)ကြီး ဘွဲ့နှင်းသဘင်ခန်းမကြီးရှေ့  ရောက်ရှိလာသောအခါ တက္ကသိုလ်ဝင်းအတွင်း နေရာအ နှံ့မှာ ကျောင်းသားများ၊ ရဟန်းပျိုအချို့ နှင့်လူထုပရိသတ်များဖြင့် အုန်း အုန်းကျွက်ကျွက် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိနေပါသည်။ ဓါတ်ပုံရိုက်သူများကလည်း ရိုက်နေကြ၏။ ဘွဲ့နှင်းသဘင်ခန်းမကြီးအတွင်း ဦးသန့်၏ရုပ်ကလာပ်အား ယာယီထားရှိစဉ် စာရေးသူနှင့်မိတ်ဆွေတစ်ချို့  သွားကြည့်ခဲ့ကြရာမှာ ငိုအား ထက် ရယ်အားသန်ရသောအဖြစ်နှင့် ကြုံခဲ့ရသေး၏။ ဘွဲ့နှင်းသဘင်ခန်းမ ကြီးအတွင်းသို့ ဧရာမလူအုပ် ကြီးက ပခုန်းချင်းတိုက်ကာ တိုးဝင်တိုးထွက်လုပ်နေကြရသည်။ တိုးရင်းဝှေ့ရင်းဖြင့် လမ်း ဟုတ်တိပတ် တိမလျောက်ရပဲ အထဲသို့ ရောက်သွားတတ်သလို တိုးရင်းဝှေ့ရင်းဖြင့်ပင် အောက်ကို ခြေမကျတကျဖြင့် အပြင်ဖက်သို့ ပြန်ရောက်ခဲ့ကြရတော့၏။

ယင်းသို့သောအခြေအနေမျိုးတွင် တစ်ဖက်မှလည်း စစ်တပ်က အချိန်မရွေးဝင်လာနိုင်သဖြင့် ကျီးလန့်စာ စားဖြစ်နေကြရစဉ် တစ်စုံတစ်ယောက်၏ ထိပ်လန့်တကြားအော်ဟစ်သံကြောင့် ဘွဲ့ နှင်းသဘင်ခန်းမ ကြီးထဲမှလူများ ကရောသောပါး တိုးဝှေ့ပြေးထွက်ကုန်ကြပါသည်။ စာရေးသူတို့အားလုံး ချွေးများဖြင့်စို့ နစ်နေကြပြီး ဖိနပ်မပါလာသူ မပါ၊ နာရီကျွတ်ကျခဲ့သူကျနှင့်။ စာရေးသူ၏မိတ်ဆွေတစ်ဦးမှာ ခန်းမကြီး ၏အပြင်ဖက်သို့ ရောက်သောအခါ ဖိနပ်ကော လုံချည်ပါ ပြန်၍ မပါလာခဲ့တော့ပေ။    



ဘွဲ့နှင်သဘင်ခန်းမမှ သမဂ္ဂအဆောက်အဦဟောင်းသို့

ဦးသန့်၏ရုပ်ကလာပ်သည် ဘွဲ့နှင်းသဘင်ခန်းမကြီးထဲ၌ ရက်ကြာကြာ မနေလိုက်ရပေ။   

ကြံတောသုသာန်ထက်ပိုမိုကောင်းမွန်သောနေရာအား အစိုးရမှ ပြောင်းလဲသတ်မှတ်ချပေးခြင်းမရှိသဖြင့် ကျောင်းသားများဈာပနကော်မတီသည် ဦးသန့်၏ရုပ်ကလာပ်အား ၁၉၆၂ ခုနှစ် ဦးနေ၀င်းစစ်အစိုးရ အာ ဏာသိမ်းစဉ်တုန်းက ဒိုင်းနမိုက်ဖောက်ပြီး ဖျက်ဆီးပစ်လိုက်သည့် မန္တလေးဆောင်နှင့်မျက်နှာချင်းဆိုင်ရှိ ကျောင်းသားသမဂ္ဂအ ဆောက်အဦးဟောင်းနေရာတွင် ခြုံနွယ်ပိတ်ပေါင်းများကိုရှင်းလင်းကာ အုတ်ဂူ တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ကြတော့၏။ အုတ်ဂူကို ရန်ကုန်စက်မှုတက္ကသိုလ်(RIT–Rangoon Institute of Technology) ကျောင်းသားများကပင် ဒီဇိုင်းရေးဆွဲပေးကြောင်း သိရှိရပါသည်။ 

    


ဆက်ပြီးစောင့်မျှော်ဖတ်ရှုရန် ....

ဦးသန့် ၏အုတ်ဂူဘေးမှ ပြည်သူ့ တရားရုံး

မဆလ-သမ္မတဦးနေ၀င်းအတွက် သေဒဏ်အမိန့်





Sunday, May 27, 2012

စင်ကာပူ Consumer Electronics and Lifestyle Fair သို့ တစ်ခေါက်

ကုမ္ပဏီဝန်ထမ်းများမှ ကုန်ပစ္စည်းများအကြောင်း ရှင်းလင်းပြောပြကြော်ငြာနေကြသည်။


မနေ့နေ့လည်က အိတ်စပို(Expo)မှာလုပ်တဲ့ အဲဒီနေရာကို ရည်ရွယ်မထားပဲ ရောက်သွားခဲ့တယ်။ မိမိနဲ့အ တူ ဇနီးလည်းပါတယ်။ သမီးနဲ့သားမက်တို့လည်း ပါခဲ့ကြတယ်။ 


အိတ်စပိုက Consumer Electronics & Lifestyle Fair ပြခန်းအ၀င်တစ်နေရာ။ (ဓါတ်ပုံ - ဖိုးတာ ၂၆ မေ၊ ၂၀၁၂)


အိမ်ကနေ နံနက် ၁၀ နာရီလောက်မှာထွက်သွားတုန်းကတော့ ထုံးစံအတိုင်း Jurong Point ပဲ သွားဖို့ပါ။ အဖိုးကြီးအဖွားကြီး နှစ်ယောက်ထဲပဲပေါ့လေ။ ဒီလိုပဲ သွားနေကျ။ အဲဒီမှာ မနက်စာစားကြမယ်။ ပြီးတော့ NTUC FairPrice ဆိုင်ကိုသွားပြီး တစ်ပတ်စာ စားစရာချက်စရာတွေ ၀ယ်ကြမယ်။ ဒါပြီးရင် အိမ်ပြန်ကြ ရုံပဲ။ အဲ ဒီနေ့ကတော့ ကွန်ပြူတာနဲ့ပတ်သက်ပြီး ၀ယ်စရာလေးတစ်ခုရှိတာကြောင့် NTUC Fair Price ဆိုင်ကို မသွားဖြစ်တော့ပဲ Challenger ဆိုင်ကိုသွားလိုက်ကြတယ်။ အိမ်ကကွန်ပြူတာမှာ ဖိုင်တွေဓါတ် ပုံတွေထားဖို့နေရာ မရှိသလောက်ဖြစ်နေလို့ external hard drive တစ်ခုဝယ်ပြီး ငွေချေမယ်လုပ်တော့ “ဆိုင်အသင်းဝင်လား”လို့ ငွေလက်ခံကောင်တာကမေးတဲ့အခါ ဇနီးက “တို့က အသင်းဝင် မဟုတ်ဘူး။ သမီးပဲ အသင်းဝင်ထားတာ”လို့ပြန်ပြောလိုက်တယ်။ သူတို့က သမီးရဲ့ မှတ်ပုံတင်/အိုင်စီအမှတ် တောင်း တာနဲ့ သမီးဆီကို sms ပို့တောင်းပြီး ပေးလိုက်တော့ ၁၀% ပိုက်ဆံသက်သာသွားခဲ့တယ်။

Challenger ဆိုင်မှာရောက်တုန်း laptop တွေလျောက်ကြည့်ကြရင်း သမီးကို ဖုန်းနဲ့လှမ်းပြီး တိုင်ပင်ဖြစ် တယ်။ အိမ်မှာရှိတဲ့ကွန်ပြူတာက စောစောကပြောခဲ့သလို ကဂျီကချောင်များနေပြီမို့ ကွန်ပြူတာ အသစ် တစ်လုံးဝယ်ဖို့ စိတ်ကူးထားတာ ကြာလှပေမယ့် အလုပ်တွေများပြီး စိတ်ကမအားလူလည်းမအားရှိတာနဲ့ အပြင်မသွားဖြစ်ခဲ့တာ။ 

အခုတော့ သမီးနဲ့သားမက်တို့က အိတ်စပိုမှာ ‘အိုင်တီနဲ့လျှပ်စစ်ပစ္စည်းဈေးပွဲတော်’ ရှိတယ် သူတို့လိုက် ပို့ပေးမယ်ဆိုတာနဲ့  Jurong Point ကနေ ရထားစီးပြီး စင်ကာပူအရှေ့ ပိုင်းမှာရှိတဲ့ ‘အိတ်စပို’သွားခဲ့ကြ တယ်။ 'ဘွန်လေး'ဘူတာကနေ ရထားစီးလာကြတာ 'တာနာမေရာ'ဘူတာကိုရောက်တော့ အိတ်စပို နဲ့ လေဆိပ်ကိုသွားမယ့်ရထားကို ပြောင်းပြီးစီးကြရတယ်။  နေ့ ၁ နာရီခွဲလောက်မှာ အိတ်စပိုဘူတာ ကို ရောက်တဲ့အခါ လူတွေက ကြိတ်ကြိတ်တိုးပဲ။


အိတ်စပိုဘူတာမှာတွေ့ရတဲ့ လူအုပ်ကြီး။ (ဓါတ်ပုံ - ဖိုးတာ ၂၆ မေ၊ ၂၀၁၂)

မိမိတို့ဇနီးမောင်နှံက အိတ်စပိုကို နောက်ဆုံးအခေါက် ရောက်ခဲ့တာက ၂၀၀၈ ခုနှစ်ကဖြစ်ပြီး တောင်အာ ဖရိကနိုင်ငံ ကိတ်(ပ)တောင်းမြို့ မှာကျင်းပခဲ့တဲ့ ဥာဏ်ရည်နိမ့်မသန်စွမ်းမှုကမ္ဘာ့ညီလာခံကိုမသွားခင် ဗွီဒီ ယိုကင်မရာ လာဝယ်ကြတာဖြစ်တယ်။ အိတ်စပိုအနားက လမ်းတစ်ဖက်မှာ shopping mall အသစ်ကြီး တစ်ခုရှိလာလာတာပင် မသိရှိခဲ့ပေ။ သမီးက ပြောပြတော့မှ သိရတာ။ 



အိမ်ရှင်မက အိမ်ပြန်ရောက်တာနဲ့ လက်(ပ)တော့နှင့် တက်ဘလက်ကွန်ပြူတာများကို စမ်းသုံးကြည့်ပါတော့တယ်။


ဘူတာမှာ လူများပြည့်ကျပ်နေသည်ကိုတွေ့ခဲ့ရသလို အိတ်စပိုအဆောက်အဦကြီးထဲသို့ ၀င်သွားတဲ့အခါ မှာလည်း ခြေချစရာမရှိလောက်အောင်ကို လူအုပ်က တိုးဝှေ့နေကြတာပါပဲ။ သမီးနှင့်သားမက်ဖြစ်သူတို့ က နေ့လည်စာ မစားခဲ့ရသေးတာနဲ့ အရောင်းဆိုင်တွေဆီကို တိုက်ရိုက်မသွားကြသေးပဲ စားသောက် ဆိုင်များရှိရာကို အရင်သွားကြတော့ ထိုင်ခုံနေရာအားကို တော်တော်နှင့်ရှာမရဘူးဖြစ်နေတယ်။ မိမိတို့ ဇနီးမောင်နှံကမူ နံနက်စာစားထားတာ နောက်ကျတာကြောင့် ရေငတ်ပြေရန် ရေခဲခြစ်(ice kachang) ပဲစားခဲ့ကြတာ။

စားသောက်ပြီးတဲ့အခါ အရောင်းပြခန်းသို့ သွားခဲ့ကြတယ်။ 
 
ပြခန်းအတွင်းမှာ ဆိုင်ခန်းတွေက အများကြီးပဲ။ ဈေးဝယ်လာတဲ့သူတွေကလည်း ဒင်းကြမ်းပဲ။ 'ဒီပစ္စည်း က သိပ်ကိုကောင်းတာ'ဆိုပြီး ၀ယ်ကြစမ်းပါ ယူကြစမ်းပါလို့ အာဘောင်အာရင်းသန်သန်နဲ့ တစာစာတိုက် တွန်း ဆွဲဆောင်နေကြတဲ့ အရောင်းကိုယ်စားလှယ်တွေရဲ့ မိုက်သံတွေကလည်း ပွက်လောကို ရိုက်လို့ပဲ။ မနက်ကတည်းက နီးနီးနားနား Jurong Point လောက်ပဲ နံနက်စာစားဖို့ လင်ကိုယ်မယားနှစ်ဦးထွက်လာ ခဲ့ကြရာက မိမိတို့နေတဲ့ စင်ကာပူနိုင်ငံအနောက်ပိုင်းကနေ စင်ကာပူနိုင်ငံရဲ့ အရှေ့ ဖျားမှာရှိတဲ့ အိတ်စပို အထိ ရောက်လာခဲ့တာဖြစ်လို့ လူကပင်ပန်းချင်နေပြီ။ ဒါနဲ့ Toshiba laptop တစ်လုံးဝယ်ပြီး ပြန်ခဲ့ကြ တယ်။ 

ဒီတစ်လုံးဝယ်ဖို့ကိစ္စကလည်း ဦးနှောက်အစားသားကလား။ သမီးနဲ့သားမက်တို့က လိုက်ပြပေးတဲ့ ဟိုဘ ရဲန်း ဒီဘရဲန်း (brand)တွေ စုံစေ့အောင် လိုက်ကြည့်ကြရသေးတာ။ အေးစာလား ဒဲလား အိပ်ခ်ျပီလား တိုရှီဘာလား ဘာလားညာလား စုံလို့ပါပဲလေ။ နောက်ပြီး ဈေးနှုန်းတို့၊ ဘာကောင်းတာညာကောင်းတာ တို့၊ မိမိလိုချင်တာ ပြည့်စုံမစုံတို့၊ ဒီဇိုင်တို့၊ အရောင်တို့။ ထားပါတော့။ အဲ နောက်ဆုံးမတော့ တိုရှီဘာနဲ့ စခန်းသိမ်းသွားခဲ့တယ်။ ၀ယ်တာကတော့ လက်ပ်တော့တစ်လုံးပါ။ ဟဲ ဟဲ အလကားရတာတွေကတော့ မနည်းလှပါဘူး။ ကွန်ပြူတာအိတ်ရတယ်။ Tablet PC ရတယ်။ External hard disk ရတယ်။ ကွန်ပြူတာ သုံး ဆေးရည်ရတယ်။  

အိမ်ကိုရောက်တော့ သားက ၀ယ်လာတဲ့အထုတ်တွေဖြေပြီး လက်ပ်တော့ပစ္စည်းတွေ ဆင်ပေးတယ်။ စာရေးသူကတော့ ညက ဟိုလုပ်ဒီလုပ်နဲ့ အိပ်ရေးပျက်ထားတာကြောင့် ကုလာထိုင်မှာ ခြေပစ်လက်ပစ် ထိုင်ပြီး နားလိုက်တော့တယ်။ အမေကြီးနဲ့သားကတော့ ပစ္စည်းတွေနဲ့ အလုပ်ရှုပ်နေကြလေရဲ့ ။ သားက သူ့အမေကို Tablet PC ဘယ်လိုသုံးရတယ်ဆိုတာ သင်ပေးပြပေးလို့ အမေကြီးက တတ်သမျှမှတ်သမျှ စမ်းပြီးသုံးကြည့်နေလေရဲ့ ။









မြန်မာပြည်မှ ကြားကြားသမျှ



မထူးခြားတဲ့ အထူးကား

ဒီကနေ့ရန်ကုန်မြို့ တော်မှာ လိုင်းကားတစ်ချို့ နဲ့ပတ်သက်လို့ လူပြောသူပြောများနေတာတစ်ခုကတော့ ‘မထူးခြားတဲ့ အထူးကား’ဆိုတာပါပဲ။

‘အထူးလိုင်းကား’လို့ အမည်သာခံထားပေမယ့် ရိုးရိုးလိုင်ကားများထက် ဘာမှထူးခြားကောင်းမွန်မှု မ ရှိတဲ့အပြင် စီးနင်းသွားလာရာမှာ ရိုးရိုးလိုင်းကားတွေထက်ပင် ဒုက္ခပိုရောက်ကြရပါသတဲ့။‘အထူးလိုင်း ကား’တွေမှာရှိရမယ့် အရေးကြီးတဲ့စံချိန်စံညွှန်းတွေကတော့ သတ်မှတ်ထားတဲ့ထိုင် ခုံအရေအတွက်နဲ့ ထိုင်ခုံအကွာအဝေးရှိရမယ်၊ လေအေးစက်ပေးရမယ်၊ သတ်မှတ်ထားတဲ့ခရီး သည်အရေအတွက်ထက် ပိုပြီးမတင်ရဘူး၊ သတ်မှတ်ထားတဲ့ အမြန်နှုန်းအတိုင်းသာ မောင်းရမယ်၊ ခရီးသည်များကို ယဉ်ကျေး ပျူငှာစွာနဲ့ ၀န်ဆောင်မှုအကောင်းဆုံးပေးရမယ်ဆိုတာတွေပါ ပဲ။

သြော် တကယ်က .. ရှိရမယ့်ဟာ မရှိတာကိုက ထူးခြားနေပြီးသား မဟုတ်ပါလား။


စစ်တောင်းမြစ်အတွင်းမှ ရှေးဟောင်းလောင်းလှေကြီး ဆယ်ယူရရှိ

တောင်ငူမြို့  စစ်တောင်းတံတားအနီးမှာရှိတဲ့ ရေလယ်သောင်နဲ့ကမ်းနားအကြားက အရှည် ၄၂ တောင် (၆၃ ပေ) လုံးပတ် ခုနစ်တောင် (၁၀ ပေခွဲ)ရှိ ရှေးဟောင်း လောင်းလှေကြီးကို မေလ ၂၅ ရက်နေ့တွင် ဆယ်ယူရရှိခဲ့ပါသတဲ့။

အဲဒီလောင်းလှေကြီးဟာ သင်္ကန်းသားနဲ့ပြုလုပ်ထားတာဖြစ်ပြီး အနည်းဆုံး နှစ်ပေါင်းရာကျော်ရှိလိမ့်မယ် လို့ ဒေသခံကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြတယ်ဆိုပါတယ်။


စက်ရုံ ၂၀ ကျော်က လုပ်သားများ ဆန္ဒပြကြပြီ

ရန်ကုန်မြို့ ရှိစက်ရုံ ၂၀ ကျော်မှာ လစာနည်းတာ အလုပ်သမားအခွင့်အရေးဆုံးရှုံးနေတာတွေနဲ့ပတ်သက် ပြီး အလုပ်သမားများက ဆန္ဒပြလျက်ရှိကြရာ သုံးပတ်ကြာသွားပြီလို့သိရပါတယ်။

စက်ရုံတစ်ခုမှ တရုတ်အမျိုးသားမန်နေဂျာက အမျိုးသမီးအလုပ်သမားများကို မိုက်မိုက်ကန်းကန်းခြေ ထောက်နဲ့ ကန်ခြောက်တာ၊ အ၀တ်အစားတွေကို လက်ရဲဇက်ရဲနဲ့ ဆွဲဖြဲပစ်တာ၊ ကိုယ်ထိလက်ရောက် ပါးနားရိုက်တာတွေ လုပ်တဲ့အထိပါပဲတဲ့။   


မိုးခေါင်လို့ လွန်ဆွဲတယ်



လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကတည်းက မြန်မာနိုင်ငံရဲ့ နေရာဒေသ အတော်များများတွေမှာ မိုးခေါင် ခဲ့တာဖြစ်လို့ ‘မိုးခေါ်လွန်ဆွဲပွဲ’များ လုပ်ခဲ့ကြရတယ်။ 

ယခုနှစ်မှာလည်း မိတ္ထီလာမြို့ မှာ မိုးမရွာပဲ ပူလွန်းလို့ လူတွေမနေနိုင်မခံနိုင်ဖြစ်ကြရတာနဲ့ မိုးခေါ်လွန် ဆွဲပွဲတစ်ခုကို မိတ္ထီလာတောင်ကန်အနီးက သဲသောင်အနီးမှာ မေလ ၂၆ ရက်နေ့ ည နေ ၃ နာရီခွဲတွင် လုပ်ခဲ့တယ်။ 

ပြီးခဲ့တဲ့နှစ် တွေက အတွေ့အကြုံအရ လွန်ဆွဲပွဲပြီးတော့ နေ့စဉ်မိုးရွာတာကိုတွေ့ရတယ်လို့ ဒေသခံအချို့  က ပြောခဲ့ကြတယ်။ (သတင်းနှင့်ဓါတ်ပုံ - ကြေးမုံ၊ မေ ၂၇ ၂၀၁၂)။ 

Saturday, May 19, 2012

ဦးသန့် သို့မဟုတ် မီးလျှံထဲက ပန်းတစ်ပွင့် (၂)


၁၉၆၈ ခုနှစ်က ကုလသမဂ္ဂရုံးချုပ်ရှိ သူ၏ရုံးခန်းတွင်တွေ့ ရသည့် ဦးသန့်။ ဓါတ်ပုံ - အင်တာနက်။

ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာကြီးနှင့် မြန်မာ့သားကောင်းရတနာဦးသန့်သည် ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် (တနင်္လာနေ့) မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် အဆုတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ ဦးသန့်၏အသက်မှာ ၆၅ နှစ်ရှိပြီဖြစ်သည်။


ဦးသန့်သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သည်နှင့်အမျှ နေ့စဉ်မပျက် ကျင့်ကြံအားထုတ်သူလည်းဖြစ်သည်။ ဓါတ်ပုံ - အင်တာနက်။


ဦးသန့်မိသားစု (၀ဲမှ- သား တင်မောင်သန့်၊ ဦးသန့်၊ ဇနီး ဒေါ်သိန်းတင်၊ သမီး အေးအေးသန့်။ ဓါတ်ပုံ - အင်တာနက်။


ကုလသမဂ္ဂအဖွဲ့ကြီးမှကမကထပြုလျက် ဦးသန့်၏ရုပ်ကလာပ်အား ကုလသမဂ္ဂရုံးချုပ်တွင် ခန်းခန်းနား နားထားရှိစေပြီး ကမ္ဘာ့နိုင်ငံများစွာတို့မှ ကုလသမဂ္ဂအဖွဲ့ဝင်ကိုယ်စားလှယ်များစွာက အရိုအသေပြု နှုတ် ဆက်ခဲ့ကြ၏။ ထို့နောက် ဦးသန့်၏မိသားစုဆန္ဒအရ ဦးသန့်၏ရုပ်ကလာပ်အား သူအလွန်ချစ်သော အမိ မြန်မာပြည်သို့ပို့ဆောင်သင်္ဂြိုဟ်ရန် စီစဉ်ခဲ့ကြလေသည်။ သူ၏မွေးဇာတိဖြစ်သော အမိမြန်မာပြည်အား ဦးသန့်မည်မျှချစ်ကြောင်းကို အောက်ဖော်ပြပါ သူ၏စကားများက ခိုင်ခိုင်မာမာသက်သေထူနေပါသည်။

“ဟေ့ မြန်မာဟာ မြန်မာပဲကွ။ မြန်မာဟာ မြန်မာပြည်ကို ချစ်ရမယ်။

မြန်မာဟာ မြန်မာပြည်မှာပဲနေရမယ်။ မြန်မာပြည်မှာပဲ သေရမယ်။

အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေပေမယ့် တစ်နေ့နေ့ကိုယ့်နိုင်ငံကို ပြန်ကိုပြန်ရမယ်။

အခွင့်အရေးတစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးလေနဲ့။”

 

ရွှေတိဂုံဘုရားလမ်းရှိ ကန်တော်မင်ပန်းခြံအတွင်းမှ ဦးသန့်၏ဂူဗိမာန်။ ဓါတ်ပုံ - အင်တာနက်။

 

ဂူဗိမာန်ထဲရှိ ဦးသန့်၏အုတ်ဂူ။ ဓါတ်ပုံ - အင်တာနက်။

 

ကြိမ်မီးအုံးသို့ ညှိုးချုံးပူဆွေး

ဦးသန့် ကွယ်လွန်သွားကြောင်းကြားသိရသဖြင့် မြန်မာတစ်နိုင်ငံလုံးနှင့် ကမ္ဘာ့ခေါင်းဆောင်များ မချိတင် ကဲ ၀မ်းနည်းကြေကွဲဖြစ်ခဲ့ကြရသည်။ ဦးသန့် ကွယ်လွန်သွားကြောင်း ကြားခဲ့ရတုန်းက စာရေးသူသည် ကိုယ့်နားကိုပင် ကိုယ်မယုံချင်လောက်အောင် ဖြစ်ခဲ့ရပါသည်။ ၆၅ နှစ်ဆိုသောအရွယ်မှာ မငယ်လှသော် လည်း မကြီးလွန်းသေးဟု ထင်မိပါသည်။ အထူးသဖြင့် ဦးသန့်ကဲ့သို့သော ကမ္ဘာ့ငြိမ်းချမ်းရေး နှင့်ဖွံ့ဖြိုး တိုးတက်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့သည့် ပုဂ္ဂိုလ်မျိုး (ယခုခေတ်စကားဖြင့်ပြောရပါလျင် စူပါ့ စူပါမဟာလူသား) မသေသင့်သေးဟု မျှော် လင့်ထားခဲ့မိသည်။ 

 

ကုလသမဂ္ဂအဖွဲ့ကြီး၏ တတိယမြောက်အတွင်းရေးမှူးချုပ်အဖြစ် ဦးသန့် ကျမ်းသစ္စာကြိမ်ဆိုနေစဉ်။ ဓါတ်င်္ပု - အင်တာနက်။

 

အဘယ့်ကြောင့်ဆိုသော် ဦးသန့်အနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးမှ တရားဝင်အနားယူ သွားသော်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆက်လက် ဆောင်ရွက်နိုင်ဦးမည်မှာ သံသယရှိဖွယ် မလိုပါချေ။ သာဓကအားဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအန်နန် (Kofi Annan) သည် UN-Arab League ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီး နှင့်အာရပ်လိ(ဂ်)တို့ကို ကိုယ်စားပြုလျက် ဆီးရီးယားပြည်တွင်းရေးအကျပ်အတည်းအား ဖြေရှင်းပေး လျက် ရှိသည်မှာ သိကြသည့်အတိုင်းပင်ဖြစ်၏။  

ကုလသမဂ္ဂအဖွဲ့ကြီး၏ ၆၇ နှစ်သက်တမ်းတစ်လျှောက်တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်ခဲအနက် ရှိုင်းဆုံးသောပြသနာများစွာကို ဦးသန့် အတွင်းရေးမှူးချုပ်တာဝန်ယူနေချိန်တွင် ကြုံတွေ့ခဲ့ရသည်ဖြစ်၏။ ကမ္ဘာ့ငြိမ်းချမ်းရေးအား အခြိမ်းခြောက်ဆုံးဖြစ်ခဲ့သည့် ထင်ရှားသောဖြစ်ရပ်အချို့ မှာ (က) ဖီဒယ်ကတ် စ်ထရို၏ကျူဘားနိုင်ငံ ဆိုဗီယက်ယူနီယံက ဒုံးကျည်များ (medium and intermediate range ballistic missiles) ကို လှို့ဝှက်တပ်ဆင်ထားရှိသဖြင့် အမေရိကန်ရေတပ်သဘောင်္များက ပိတ်ဆို့ဝန်းရံ ထားလေရာ  ဆိုဗီယက်ယူနီယံနှင့်သူ၏သြဇာခံဆိုရှယ်လစ်နိုင်ငံများကစစ်သဘောင်္များ ကျူဘားနိုင်ငံသို့ စေလွတ်တေ့ဆိုင်စေခြင်းဖြင့် အနုမြူစစ်ပွဲဖြစ်မည့်အန္တရာယ်ကြီး၊ (ခ) မီးဟုန်းဟုန်းတောက်နေသည့် အ မေရိကန်နှင့်ဗီယက်နမ်စစ်ပွဲကြီး၊ (ဂ) အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်စစ်ပွဲများ (ဃ) အာဖရိကမှ ကွန်ဂို နိုင်ငံပြည်တွင်းစစ်ကြီး စသည်တို့ဖြစ်ကြ၏။

 

ကျူဘားနိုင်ငံ၏တော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကတ်စ်ထရို(၀ဲ)နှင့် ဦးသန့်။ ဓါတ်ပုံ - အင်တာနက်။

 

စစ်အေးကာလတုန်းက ဦးသန့်နှင့် အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ(၀ဲ)။ ဓါတ်ပုံ - အင်တာနက်။

 

ဦးသန့်နှင့် စစ်အေးကာလ၏ထင်ရှားသောခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ဆိုဗီယက်ဝန်ကြီးချုပ် ကရူးရှက်ဖ်(ယာ)။ ဓါတ်ပုံ - အင်တာနက်။

 

ကမ္ဘာ့ငြိမ်းချမ်းရေးအား အန္တရာယ်ကြီးမားစွာ ခြိမ်းခြောက်ခဲ့သည့်ဖြစ်ရပ်များကို ရဲရဲရင့်ရင့်ဖြင့် တည်ငြိမ် အေး ချမ်းစွာဖြေရှင်းပေးနိုင်ခဲ့သော ဦးသန့်၏လုပ်ဆောင်ချက်များကို ထိုစဉ်က ကုလ သမဂ္ဂအ ဖွဲ့ကြီး၏ လက်ထောက်အတွင်းရေးမှူးချုပ်ဖြစ်သူ ‘ဘရိုင်ယံ အာကူဟတ်’က “အဲဒီလို ကမ္ဘာမှာ အလွန်အရေးကြီး တဲ့ အကျပ်အတည်းတွေဖြစ်ပွားနေချိန်မှာ ဦးသန့်ဟာ သူရဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှု အာဏာစက်ကျဉ်း ကျဉ်းလေး (limited constitutional authority) ထဲကနေ ဘေးအန္တရာယ်ဆိုးကြီးတွေ မကျရောက် ရလေအောင် အကောင်းဆုံးကြိုတင်တားဆီးနိုင်ခဲ့ ပါတယ်”ဟု ပြောခဲ့လေသည်။

သို့တစေ သူ့အတွက်သော်မူကား …   

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နေ့မအား ညမအား ကြိုးပမ်းဆောင်ရွက်ခဲ့သည့်ဦးသန့်သည် လူပေါင်းများ စွာတို့ကို သွေးမြေကျသေဆုံးမှုမှ အောင်မြင်စွာကာကွယ်ပေးနိုင်ခဲ့သော်လည်း သူ ကွယ်လွန်သွားပြီး နောက် သူ၏ရုပ်ကလာပ်ကို သူချစ်သောအမိမြေသို့ယူဆောင်သွားတော့မှ သူ့ကိုချစ်ကြသည့်မြန်မာပြည် သူများ သွေးမြေကျဖြစ်ခဲ့ကြရသည်မှာ ရင်နာစဖွယ်ပင်ဖြစ်တော့၏။

 

ပြည်တော်ပြန်ဦးသန့်

ဦးသန့်ကွယ်လွန်ကြောင်းကြားသိရသဖြင့် ပူဆွေးနှမြောတသဖြစ်နေကြရသော မြန်မာပြည်သူပြည်သား တို့သည် ၁၉၇၄ ခုနှစ်ဒီဇင်ဘာလ ၁ ရက်နေ့ (တနင်္ဂနွေနေ့)တွင် ဦးသန့်၏ရုပ်ကလာပ်အား သူချစ်သော မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်လာမည်ဟု ကြားသိရကတည်းက လေဆိပ်သို့သွားရောက်ကြိုဆို လိုသူကြသူ များ၊ လမ်းတလျောက်မှာ စောင့်မျှော်ကြိုဆိုလိုကြသူများ၊ ရုပ်ကလာပ်ထားရှိမည့် ကျိုက္ကဆံ ကွင်းထဲသို့ သွားရောက်ကြည့်ရှု ဂါရ၀ပြုလိုကြသူများ၊ ပန်းခွေချအလေးပြုလိုကြသူများ စသဖြင့် အားလုံး စိတ်လှုပ်ရှားစွာ မျှော်လင့်တကြီးဖြစ်ခဲ့ကြရလေသည်။ လမ်းတွေပေါ်မှာ၊ လက်ဖက်ရည်ဆိုင်တွေမှာ၊ဘတ် စ်ကားတွေပေါ်မှာ၊ အလုပ်ထဲမှာ၊ ယုတ်စွအဆုံး မိသားစုထမင်းဝိုင်းတွေမှာပါ ဒီအကြောင်းမှလွဲပြီး ဘာအ ကြောင်းကိုမှ မပြောဖြစ်ကြလေတော့။ ပြီးတော့ မေးခွန်းပေါင်းများစွာ ….

မြန်မာနိုင်ငံသား အတွင်းရေးမှူးချုပ်ဟောင်းဦးသန့်

ဦးသန့်၏ရုပ်ကလာပ်အား မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်လာမယ်

လူတွေက လေဆိပ်သို့သွားကြိုကြမှာတဲ့၊ အစိုးရက ခွင့်ပြုပါ့မလား

ဦးသန့်လို နိုင်ငံ့သားကောင်းတစ်ဦး ကမ္ဘာ့သားကောင်းတစ်ဦးကို အစိုးရက ဘာဖြစ်လို့ မကြိုရမှာလဲ

ဦးနေ၀င်းက ဦးသန့်အပေါ် မနာလိုဘူးတဲ့၊ အာဃာတရှိနေတာတဲ့

ရုပ်ကလာပ်ကို ဘယ်လမ်းတွေကနေ ကျိုက္ကဆံကွင်းထဲသယ်မှာမို့လဲ

နိုင်ငံတော်ဈာပနလုပ်ရမှာပေါ့

စသဖြင့် စသဖြင့် လူတွေက တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်သွယ် ပြောနေခဲ့ကြသည်။

စာရေးသူကိုယ်တိုင်မှာလည်း ဆေးရုံတွင်အလုပ်လုပ်နေရပေမယ့် စိတ်ကမူ ဦးသန့်၏ရုပ်ကလာပ်အား မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်လာမည့်ကိစ္စကို တချိန်လုံးစိတ်ရောက်နေမိခဲ့သည်။ လေဆိပ်သို့ သွားကြိုဖို့ဆိုရန်မှာလည်း ထိုခေတ်ထိုအခါက လွယ်ကူသောအလုပ် မဟုတ်ပါချေ။ သို့ဖြင့် မိမိသည် ဦးသန့်၏ရုပ်ကလာပ်သယ်ဆောင်ရာလမ်းတနေရာမှသာ ကြိုဆိုနိုင်ခဲ့ပါ၏။  

 

 

ဆက်ပြီးစောင့်မျှော်ဖတ်ရှုရန် ....

ဦးသန့် ၏အုတ်ဂူဘေးမှ ပြည်သူ့ တရားရုံး

မဆလ-သမ္မတဦးနေ၀င်းသို့ ကျောင်းသားများ၏ သေဒဏ်အမိန့်

ကျိုက္ကဆံမြင်းပြိုင်ကွင်းဟောင်းမှာ ဖြစ်သလိုထားရှိသည့် ဦးသန့်၏ရုပ်ကလာပ် 

ဦးနေ၀င်းက ဦးသန့်၏ရုပ်ကလာပ်ကို ကြံတောသုဿန်မှာပဲ မြှုပ်နှံရန်အမိန့်ပေးခဲ့

ဦးသန့်၏ရုပ်ကလာပ်ကို ကျောင်းသားတွေ လုယူမည့်သတင်း

ပင်မတက္ကသိုလ် (မိန်း) ထဲသို့ ဦးသန့်၏ရုပ်ကလာပ်ကို ယူဆောင်သွားကြပြီ

 

 

 

 

Thursday, May 10, 2012

ဒီအရွယ် ... ဖိုးဖိုးတို့အရွယ်


အဖိုးကြီးသုံးဦးတို့ဟာ ကော်ဖီအတူသောက်နေကြရင်း ‘ဘယ်အသက်အရွယ်ဟာ အဆိုးဆုံးလဲ’ ဆိုတာ ကို ပြောဆိုနေကြသတဲ့။

အသက် ၆၀ ရှိပြီဖြစ်တဲ့အဖိုးအိုက “ခြောက်ဆယ်က အဆိုးဆုံးပဲကွ”လို့ စပြီးပြောလိုက်ပါတယ်။ ခဏခ ဏကို သေးထွက်ချင်နေတတ်တဲ့အကြောင်း၊ အိမ်သာမှာ သွားရပ်ပြီး ပေါက်ပြန်တော့လည်း လုံဝမထွက် တာကများကြောင်း ပြောပါသတဲ့။

ဒီအခါမှာ အသက် ၇၀ ရှိပြီဖြစ်တဲ့အဖိုးအိုက “အဲဒါက ဘာဟုတ်သေးလို့လဲ” လို့ ၀င်ပြောပြီး အသက် ၇၀ ရှိတဲ့အခါ ၀မ်းချုပ်တတ်တဲ့အကြောင်း၊ ၀မ်းနှုတ်ဆေးစားလည်း သွားချင်မှသွားကြောင်းနဲ့ အိမ်သာထဲမှာ တစ်နေ့လုံးထိုင်နေတာတောင် ၀မ်းက သူထွက်ချင်မှထွက်ကြောင်း ပြောပါသတဲ့။

နောက်တစ်ဦးဖြစ်တဲ့ အသက် ၈၀ အရွယ်အဖိုးအိုကမူ “တကယ်တော့ အသက် ၈၀ ကမှ အဆိုးတကာ့ အဆိုးဆုံးပါမောင်တို့ရယ်” လို့ ပြောပါသတဲ့။

ဒါနဲ့ အသက် ၆၀ ရှိပြီဖြစ်တဲ့အဖိုးအိုက”ဘာများပါလဲဗျ၊ ခဏခဏ သေးထွက်ချင်ပြီး မထွက်တာကြောင့် လား” လို့ မေးလိုက်တော့ အသက် ၈၀ အရွယ်အဖိုးအိုက ”သေးနဲ့ပတ်သက်ပြီး ဘာပြသနာမှ မရှိပါဘူး ဗျ၊ နံနက် ၆ နာရီဆို ပုံမှန်ထွက်နေကျပဲ။ ထွက်တာမှ မြင်းသေးပေါက်သလိုကို ဒလဟောထွက်တာ” လို့ ပြန်ပြောပါသတဲ့။

”ဒါဖြစ်ရင်ဗျာ၊ ၀မ်းပြသနာများဖြစ်နေလို့လား” လို့ အသက် ၇၀ အရွယ်အဖိုးအိုက ၀င်မေးတဲ့အခါ ”အဲဒါ လည်း မဟုတ်ရပြန်ဘူး။ နံနက် ၆ နာရီခွဲဆိုရင် ၀မ်းက အချိန်ကိုမှန်နေတာပဲ” လို့ အသက် ၈၀ အရွယ်အ ဖိုးအိုက ဖြေပါသတဲ့။  

ဒီအခါမှာ ‘ဖိုး၆၀’ က စိတ်မရှည်တော့ပဲ ”ဒါဆိုရင် ကျုပ်ပြောမယ်၊ ခင်ဗျားဟာက နံနက် ၆ နာရီ ထိုးတိုင်း သေးက ပုံမှန်ထွက်တယ်။ တစ်ခါ နံနက် ၆ နာရီခွဲတာနဲ့ ၀မ်းက အချိန်ုမှန်သွားတယ် ဆိုရင် ဘာဆိုးတာ များရှိသေးလို့လဲဗျ”လို့ မေးလိုက်တော၊့

‘ဖိုး၈၀’ က..

”ဒီလိုလေဗျာ၊ ကျုပ်က နံနက် ၇ နာရီ မထိုးမချင်း အိပ်ယာကမှ မနိုးတတ်တာ”လို့ ပြန်ပြောလိုက်ပါသတဲ့။

မှတ်ချက်။  ။ အထက်က ရယ်စရာအကြောင်းလေးကိုဖတ်ပြီး တစ်ချို့ က "ရယ်လည်း မရယ်ရဘူး" "ဘာ မှလည်း နားမလည်ဘူး" လို့ ရေးထားတာတွေရှိပါတယ်။ အဲဒီနဲ့ပတ်သက်ပြီး မိမိအနေနဲ့ ခံစားနားလည်မိ တာလေးကို နဲနဲဆက်ရေးပါ့မယ်။ စောင့်ဖတ်ကြပါဦးလို့။

 

မေလ ၁၂ ရက်၊ နံနက် ၁ နာရီ ၃၅ မိနစ်။  ။

ဒီရယ်စရာအကြောင်းလေးကို updates@flowgo.com က Do You Know What The Worst Age To Be Is? မှ တိုက်ရိုက်ပြန်ထားတာပါ။ ‘ဖိုး၆၀’ နဲ့ ‘ဖိုး၇၀’ တို့ကြုံကြရတဲ့ဒုက္ခက တော့ ရှင်းပါတယ်။ ‘ဖိုး၈၀’ ရဲ့ အ ဖြစ်ကို နားလည်ကြရာမှာ နားလည်ပုံနားလည်နည်း ကွာခြားမှု ရှိကြမယ်ထင်ပါတယ်။ ဒါ့ကြောင့်မို့ "ရယ် လည်း မရယ်ရဘူး" "ဘာမှလည်း နားမလည်ဘူး" လို့ ပြောကြတာ။

မိမိနားလည်ခံစားမိတာကို လိုရင်းပြောရမယ်ဆိုရင် ‘ဖိုး၈၀’ရဲ့ ဒုက္ခက အတော့်ကို ကြီးပါတယ်။ သူတင် မ ဟုတ်သေးဘူး။ သူ့ကို ပြုစုစောင့်ရှောက်နေတဲ့မိသားစုအတွက်လည်း ဒုက္ခက အတော်ကြီးကို ကြီးတာပါ ပဲ။ ဘာ့ကြောင့်လဲဆိုတော့ ‘ဖိုး၈၀’ က အိပ်ပျော်နေတုန်းမှာ အိပ်ရာထဲ ဆီးတွေဝမ်းတွေ သွားလေ့ရှိတာ။ ဒါက တစ်နေ့ထဲဖြစ်တာ မဟုတ်ဖူး။ နေ့တိုင်း နေ့တိုင်း ဖြစ်နေတဲ့ကိစ္စ။ ရယ်ရတယ်ဆိုတာက ‘ဖိုး၆၀’ နဲ့ ‘ဖိုး၇၀’ တို့လို ဆီး၊၀မ်းသွားဖို့ အခက်အခဲမရှိတာကို ကနဦးပြောပြပြီးမှ(ဘာပြသနာမှမရှိဘူးလို့ ထင်ကြေး ပေးထားပြီးမှ) အိပ်ရာက နိုးတဲ့အထိမစောင့်ပဲ(မထိန်းနိုင်ပဲ) ဆီးတွေ၊၀မ်းတွေ ဗြုံးစားကြီး သွားတတ်တာ ကို အိပ်ရာကနိုးတတ်တဲ့အချိန်နဲ့ဖမ်းပြီး ပြောထားတာ။ ဒီလိုပဲ ခံစားနားလည်မိပါတယ်။     

 

 

 

Tuesday, May 1, 2012

ဦးသန့် သို့မဟုတ် မီးလျှံထဲက ပန်းတစ်ပွင့်


ယနေ့ထုတ်မြန်မာသတင်းစာများအားလုံးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်၏ တတိယအ ကြိမ်မြောက်မြန်မာပြည်ခရီးစဉ်သတင်းများအား ဝေေ၀ဆာဆာဖော်ပြထားသည်ကို ဖတ်ရှုရသည်။ ကိုရီး ယားနိုင်ငံသားဘန်ကီမွန်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးအား မြန်မာနိုင်ငံမှဦးသန့်ပြီးလျှင် အာရှတိုက်သားများထဲမှ ဒုတိယမြောက်ရရှိခဲ့သူဖြစ်၏။ 

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် (၁၉၆၁-၁၉၇၁)။ ဓါတ်ပုံ - အင်တာနက်။

 

ကမ္ဘာက သိထားကြသည့် “မြန်မာနိုင်ငံမှဦးသန့်” (Burma’s U Thant) ၏ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရာထူး ၁၀နှစ်သက်တန်းပြည့်သည့် ၁၉၇၁ ခုနှစ်ကနေစပြီးရေတွက်ကြည့်ပါက နှစ်ပေါင်း ၃၅ နှစ် အကြာ တွင်မှ အာရှတိုက်သားတွေထဲကနေ နောက်ထပ်တစ်ဦးရရှိခဲ့ခြင်းဖြစ်လေသည်။ 

ဦးသန့်နှင့်ဘန်ကီမွန်အကြား နှစ်ပေါင်း ၃၅ နှစ်ကာလအတွင်း ကုလသမဂ္ဂအတွင်းရေး မှူးချုပ် ၄ ဦး တာဝန်ထမ်းဆောင်ခဲ့ကြ၏။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးအား ပထမဆုံးခန့်အပ်ခဲ့သည့် ၁၉၄၆ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါးအတွင်း ယင်းတာဝန် ကို ဥရောပမှ ၃ နိုင်ငံ၊ အာဖရိက မှ ၂ နိုင်ငံ၊ တောင်အမေရိကမှ ၁ နိုင်ငံနှင့် အာရှမှ ၂ နိုင်ငံတို့မှ နိုင်ငံသား ၈ ဦးအား ရွေးခြယ်ပေးအပ် ခြင်းခံခဲ့ရသည်။    

 

ကုလသမဂ္ဂအဆောက်အဦနောက်ခံဖြင့် ဦးသန့်။ ဓါတ်ပုံ - အင်တာနက်။

 

ဤမျှရရန်ခက်ခဲလှသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးကြီးကို မြန်မာလူမျိုးဦးသန့်မှ တတိယ မြောက်ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ခြင်းသည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုး တို့၏အရည် အသွေးကို ကမ္ဘာ့နိုင်ငံများအလယ်တွင် မှတ်ကျောက်တင်ကာ သမိုင်းဝင်အစစ် ဆေးအကဲဖြတ်ခံခဲ့ခြင်း ပင်ဖြစ်ပါလေ၏။ 

ပထမအကြိမ်အဖြစ် ၁၉၆၇ ခုနှစ်က ထုတ်ဝေခဲ့သည်။

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးကို ဦးသန့်မှ တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်(၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ)တွင် စာရေးသူသည် အထက်တန်းကျောင်းနှင့်ဆေးဘက်ပညာသိပ္ပံတို့တွင် ပညာသင်ကြား နေချိန်ဖြစ်ရာ မြန်မာနိုင်ငံသားဦးသန့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မဆုံးဖြစ်ခဲ့ ရသည်။ စာရေး ဆရာတက္ကသိုလ်စိန်တင်ရေးသားသည့် "ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်" အမည်ရှိ ဦးသန့်၏ အထုပ္ပတ္တိစာအုပ်ကို ဖတ်ရသောအခါ ပို၍ပင်ဂုဏ်ယူ ၀မ်းမြောက်ခဲ့ရပါသည်။ သို့သော်နောက်ပိုင်းတွင် ထိုစဉ်က မဆလပါတီ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) သမ္မတဦးနေ၀င်း၏ သဘောထားနိမ့်ကျမှုနှင့် မြန်မာနိုင်ငံသားမပီသမှုတို့ကြောင့် များစွာဒေါသထွက်စိတ် ပျက်ခဲ့ရသည်။ 

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန် ဦးသန့်၏အုတ်ဂူသို့ သွားရောက်ဂါရ၀ပြုစဉ်။ ဓါတ်ပုံ - အင်တာနက်။

 

မြန်မာ့အလင်း၊ ကြေးမုံ၊ The New Light of Myanmar စသည့်အစိုးရပိုင်သတင်းစာများတွင် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်၏မြန်မာပြည်ခရီးစဉ်သတင်းများအား အသားပေးဖော်ပြထားသည် ကိုတွေ့ရသောအခါ တစ်ချိန်က မိမိတို့၏နိုင်ငံသားစစ်စစ်ကြီး မြန်မာ့ဂုဏ်ဆောင်ပုဂ္ဂိုလ်ကြီးဦးသန့် မြန်မာ နိုင်ငံသို့ ပြန်လာခဲ့စဉ်တုန်းက စစ်ဗိုလ်ချုပ်တဖြစ်လဲသမ္မတကြီးဦးနေ၀င်းမှ အတွေ့ပင်မခံခဲ့ရုံမက ဦးသန့် ၏မြန်မာအလည်အပတ်ခရီးအား အစိုးရပိုင်သတင်းစာ ၆ စောင်(လုပ်သားပြည်သူ့နေ့စဉ်၊ မြန်မာ့အလင်း၊ ကြေးမုံ၊ ဗိုလ်တထောင်၊ The Working People's DailyThe Guardian)တို့တွင် သတင်းတိုလေးမျှပင် ဖော်ပြပေးခဲ့ခြင်းမ ရှိပါချေ။(သတင်းစာတစ်စောင်၏အမည်မေ့ကျန်ရစ်သဖြင့် မေလ ၅ ရက်မှာ ထပ်ရေးဖြည့်လိုက်ပါသည်။)

ဦးနေ၀င်းအားတွေ့ဆုံနိုင်ရန် ဦးသန့်၏အကြိမ်ကြိမ်ကြိုးပမ်းမှုကို ဦးနေ၀င်းက အကြောင်းအမျိုးမျိုးပြပြီး ဆင်ဝှေ့ရန်ရှောင်လုပ်ခဲ့သည်များကို သတိရမိတိုင်း စိတ်မကောင်းဖြစ်မိပါသည်။ ဦးနေ၀င်းက မြန်မာ့သား ကောင်းရတနာတစ်ဦးဖြစ်သောဦးသန့်လိုပုဂ္ဂိုလ်မျိုးအပေါ် ပုဂ္ဂိုလ်ရေးအာဃာတထားစိတ် မလိုမုန်းထား စိတ်တို့ဖြင့် မျက်နှာပြောင်စွာရှောင်ခဲ့ပုံများကို အဲန်အယ်ဒီ(NLD)ခေါင်းဆောင်တစ်ဦးဖြစ်သည့်ဆရာဦးဝင်း တင်(စာရေးဆရာ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်)က ဧရာဝတီမဂ္ဂဇင်းနှင့်တွေ့ဆုံမေးမြန်း ရာမှာ ယခုလိုပြောသွားခဲ့တာကို မှတ်သားရဖူးသည်။ 

 ဦးသန့် ဗမာပြည်ကိုရောက်တိုင်း ဦးသန့်ဟာ ဦးနေဝင်းနဲ့ တွေ့ဆုံဖို့ကြိုးစားတာ အကြိမ်ကြိမ် ပဲ။ အဲဒါလည်း ကျနော်တို့သတင်းစာလောကက အသိဆုံးပဲ။ အဲဒီလိုအခါတိုင်းမှာ ဦးနေဝင်း က ငြင်းပယ်တယ်၊ ရှောင်တယ်ဗျ။ ဦးသန့်လာတဲ့အခါ မြောက်ဖျား ကချင်ပြည်နယ် ခရီးထွက် နေတယ်၊ အနားယူနေတယ်၊ နေမကောင်းဘူး အမြဲလုပ်တယ်။

ဦးသန့်သည် အမေရိကန်နိုင်ငံ နယူးရောက်မြို့ ရှိ ကုလသမဂ္ဂရုံးချုပ်မှာအလုပ်လုပ်နေစဉ် အလုပ်တာဝန် များအလွန်တရာများပြားလှသည့်ကြားမှ အမိမြန်မာပြည်သို့ မကြာခဏပြန်လာလေ့ရှိသည်။ သူ၏မိခင် ကြီးအား လာရောက်တွေ့ဆုံလေ့ရှိသည်။ သူအလွန်ချစ်သောမြန်မာပြည်တွင်အနားယူရင်း ဗုဒ္ဓဘာသာ ကိုခုံမင်စွာသက်ဝင်ယုံကြည်သူပီပီ ကုသိုလ်ကောင်းမှုများ ပြုလုပ်လေ့ရှိပါသည်။ 

 

၁၉၆၇ ခုနှစ်က မြန်မာပြည်သို့ပြန်လာစဉ် မိခင်ကြီးဒေါ်နန်းသောင်(၀ဲ)၊ ဇနီးဒေါ်သိန်းတင်(ယာ)တို့နှင့်အတူ မဟာစည်သာသနာ့ရိပ်သာတွင် ဆွမ်းကပ်လှူနေစဉ်။ ဓါတ်ပုံ - "ကမ္ဘာ့ငြိမ်းချမးရေးဗိသုကာ ဦးသန့်"စာအုပ်။

 

ဦးသန့်မှ တက္ကသိုလ်စိန်တင်ထံရေးသည့်စာ။ "ကမ္ဘာ့ငြိမ်းချမးရေးဗိသုကာ ဦးသန့်"စာအုပ်မှ ..။

 

အမှန်မူ မြန်မာနိုင်ငံသားဦးသန့်သည် မြန်မာ့သားကောင်းရတနာတစ်ဦးသာမဟုတ်မူပဲ ကမ္ဘာ့သား ကောင်းရတနာတစ်ဦးလည်းဖြစ်ခဲ့လေသည်။ ဤအချက်ကို သူ၏အထုပ္ပတ္တိစာအုပ်အား ရေးသားပြုစု ခဲ့သည့် စာရေးဆရာကြီးတက္ကသိုလ်စိန်တင်နှင့် သူ၏ညီဖြစ်သူဦးခန့်(ပန်းတနော်ဦးခန့်)တို့၏စာအချို့  အား ကောက်နှုတ်ကိုးကားဖော်ပြလိုပေသည်။ တက္ကသိုလ်စိန်တင်က သူ၏စာအုပ်အမှာစာတွင် -

ဦးသန့်ကဲ့သို့သောပုဂ္ဂိုလ်မျိုးမှာ မြန်မာနိုင်ငံမှနောက်ထပ်ပေါ်ပေါက်ရန် မလွယ်ကူပါ။ ရှေးက လည်း မပေါ်ပေါက်ခဲ့သေးပါ။ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တစ်ဦးအဖြစ်ဖြင့် ဦးသန့် ဆောင်ရွက်ခဲ့သောအောင်မြင်မှုမှာ များစွာရှိခဲ့ပါသည်။ သူ ဆောင်ရွက်ခဲ့သောတာဝန်နှင့် အောင်မြင်မှုမျိုးကို ယနေ့အထိကမ္ဘာ့သမိုင်းတွင် မည်သည့်ပုဂ္ဂိုလ်မှ မဆောင်ရွက်တိုင်ခဲ့သေး ဟုလည်း ဆိုချင်ပါသည်။ သူ့အတွက် အမိမြန်မာနိုင်ငံက ဂုဏ်ယူနေမည်သာဖြစ်ပါသည်။ 

အကျင့်စာရိတ္တနှင့် စိတ်နေစိတ်ထားအနေဖြင့်လည်း ဦးသန့်ကဲ့သို့ စံထားလောက်သောပုဂ္ဂိုလ် မှာ အလွန်ရှားပါသည်။ ဦးသန့်ကဲ့သို့ ပညာအမြော်အမြင်ကြီးသူ၊ စိတ်ထားမွန်မြတ်သူ၊ သည်း ခံစိတ်ရှည်၍ ကရုဏာတရားနှင့်ပြည့်ဝသူဖြစ်ရန်မှာ တော်ရုံသင့်ရုံပါရမီ၊ တော်ရုံတန်ရုံကြိုးစား မှုနှင့် မဖြစ်နိုင်ဟု ဆိုချင်ပါသည်။  ဟု ရေးခဲ့ပါသည်။

တစ်ဖန် ဦးသန့်၏ညီဖြစ်သူ ဂန္ထလောကမဂ္ဂဇင်းအယ်ဒီတာဟောင်းလည်းဖြစ်ခဲ့ပြီး ပါလီမန်အမတ်တာဝန် များထမ်းဆောင်ခဲ့ဖူးသော ဦခန့်ကလည်း - 

ကမ္ဘာ့အန္တရာယ်အကြီးဆုံးဖြစ်သည့် တတိယကမ္ဘာစစ်ကြီး မဖြစ်ပွား မပေါ်ပေါက်နိုင်ရန် ကမ္ဘာ ကြီးကို လိမ်မာဘေးကင်းသောလမ်းကြောင်းအတိုင်းသွားအောင် ကြပ်မတ်ထိန်းကျောင်းပြု ပြင်ဆုံးမပေးနိုင်စွမ်းသောအဖွဲ့ ကြီးသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးပင်ဖြစ်၏။ တစ်ကမ္ဘာလုံး ၏ မှီခိုအားထားရာအဖွဲ့ကြီးလည်း မည်၏။ 

ကမ္ဘာပေါ်ရှိနိုင်ငံပေါင်းများစွာပါဝင်၍ အရာရှိအရာခံကြီးငယ်များစွာ အမှုထမ်းလျက်ရှိသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးတွင် အရေးပါအရာရောက်ဆုံးသော ရာထူးကြီးမှာ အထွေထွေအ တွင်းရေးမှူးချုပ်၏ ရာထူးဖြစ်၏။ 

ဦးသန့်အားယခုအခါ ဒုတိယ ၅-နှစ် သက်တမ်းကို ဆက်လက်ဆောင်ရွက်ပါရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့်တကွကျင်းပဆဲကုလသမဂ္ဂအထွေထွေညီလာခံကြီးကပါ တစ်သံတည်း ပန်ကြားမေတ္တာရပ်ခံချက်ကို (ဆက်မလုပ်ပါရစေနဲ့၊ မလုပ်နိုင်ပါ)ဟူ၍ ဆက်လက်ငြင်းဆံနေ ရာမှ ၀တ္တရားသိသောကမ္ဘာ့အမျိုးသားကောင်းပီပီ ကမ္ဘာ့အုပ်စုကြီးအားလုံးက ကြိုက်နှစ်သက် သောလူစားကို မရသည့်ဒုက္ခက ကြီးထွားလာပြီး၊ ကမ္ဘာကြီး၏အနာဂတ်ရေးကိုပင် ထိခိုက်လာ နိုင်သည်ကိုကောင်းစွာနှလုံးသွင်းမိသည်နှင့်အညီ ဦးသန့်သည် ဆက်လက်၍တာဝန်များကို ထမ်းဆောင်ပါမည်ဟု ကတိပေးသဘောတူလိုက်သည်များမှာလည်း ကမ္ဘာက သိရှိကြပြီးဖြစ် လေသည်။ 

ဦးသန့်၏ထင်ရှားကျော်စောခြင်း၊ ဦးသန့်ကို ကမ္ဘာက လိုလားကြခြင်းတို့သည် ဦးသန့်၏ သူမ တူအောင်ပြည့်စုံသော ၀ိရိယ၏စွမ်းပကား၊ ပညာ၏စွမ်းပကား၊ စင်ကြယ်သောအကျင့်သီလတို့ ၏ စွမ်းပကားတို့ကြောင့်ဟု ဆိုနိုင်ပါသည်။ တစ်နည်းအားဖြင့်ဦးသန့်သည် ဣဿာမစ္ဆရိယဟူ သော စိတ်ယုတ်တို့ကိုပယ်ရှားနိုင်၍ ဒေ၀ဓမ္မတရားနှစ်ပါးတို့ဖြစ်သောဟိရိသြတ္တပ္ပတရား၊လော ကပါလဖြစ်သောဗြဟ္မစိုရ်တရားတို့ကို ကောင်းစွာလက်ကိုင်ထားနိုင်သောပါရမီအင်အား၊ ဘုန်း ကံအင်အားကြီးမားသော မင်းယောကျာင်္းဖြစ်သောကြောင့်ဟုလည်း ဆိုနိုင်ပါ၏။- ဟု ရေးခဲ့ပါသည်။


ကမ္ဘာ့ထိပ်သီး" ကြီးသုံးကြီး" နှင့် ဦးသန့်။ (၀ဲမှယာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒင်းရပ်စ်၊ ဆိုဗီယက် နိုင်ငံခြားရေးဝန်ကြီး ဂရိုမီကို၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးလော့ဒ်ဟုမ်း။

 

ယင်းကဲ့သို့သော မြန်မာ့သားကောင်းရတနာလည်းဖြစ် ကမ္ဘာ့သားကောင်းရတနာလည်းဖြစ်သော ဘုန်း ရှင် ကံရှင် ပါရမီရှင်တစ်ဦးကို မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးနှင့် ကမ္ဘာတစ်ဝှမ်းလုံးက ချစ်ခင်လေးစား မြတ်နိုးစွာဖြင့် ဂုဏ်ယူချီးမြှောက်နေချိန်တွင် ဣဿာမစ္ဆရိယမနာလိုဝန်တိုစိတ်ကြီးမားပြီး ပုဂ္ဂိုလ်ရေးအာ ဃာတထားတတ်သူ သမ္မတဦးနေ၀င်းကမူ မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့်ကော နိုင်ငံခေါင်းဆောင်တစ် ဦးအနေဖြင့်ပါ ဂုဏ်ယူချီးမြှောက်ခြင်း မလုပ်နိုင်ခဲ့ပေ။ ထိုသို့မလုပ်နိုင်ခဲ့ရုံမက မြန်မာ့သမိုင်းမှာ အရုပ်ဆိုး အကြည့်တန်လှသည့် "ဦးသန့်အရေးအခင်းကြီး"အား ၁၉၇၄ ခုနှစ်တွင် ဖြစ်စေခဲ့လေသည်။ 

 

ပင်မတက္ကသိုလ်ခေါ် ရန်ကုန်တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမကြီး။ ဓါတ်ပုံ - အင်တာနက်။

 

"ဦးသန့်အရေးအခင်းကြီး"ဖြစ်စဉ်က စာရေးသူ ရန်ကုန်မှာရှိနေခဲ့သည်။ ရှိသည်မှ ထိုခေတ်ထိုကာလက တက္ကသိုလ်ကျောင်းတော်သူကျောင်းတော်သားများ၏ ဘူမိနက်သန်ဖြစ်သည့် ရန်ကုန်တက္ကသိုလ်နယ်မြေ အနီးတွင်နေနေခဲ့သည်။ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(Rangoon Arts and Sciences University - ရာဇူး RASU ဟုလည်း အတိုကောက်ခေါ်လေ့ရှိခဲ့ကြ၏။) နယ်မြေကိုနှစ်သက်လှသဖြင့် လှည်းတန်းအ၀ိုင်း ကြီးနှင့်မဝေးလှသော ၀ဂ္ဂီရပ်ကွက်တွင် အခန်းငှားနေခဲ့ခြင်းဖြစ်သည်။ နောက်တစ်ချက်မှာ ထိုစဉ်က မိမိ သည် သမိုင်းကျိုက်ဝိုင်းဘုရားလမ်းရှိ မသန်မစွမ်းလူနာများဆေးရုံ အလုပ်လုပ်ရင်း နိုင်ငံခြားဘာသာ သိပ္ပံ (Institute of Foreign Languages - IFL)တွင် ရုရှားဘာသာကို အချိန်ပိုင်းသင်ယူနေသည်ဖြစ်ရာ လှည်းတန်းဈေးမှလိုင်းကားစီးပြီးသွားပါက သုံးမှတ်တိုင်သာဝေးလေသည်။ တစ်ခါတစ်ရန် ကားစီးရန် ခက်ခဲက လမ်းသွက်သွက်ကလေးလမ်းလျှောက်သွားလိုက်ပါသည်။ 

သုံးမှတ်တိုင်ခရီးဆိုတော့ ကျောင်းကိုရောက်သောအခါ အင်္ကျီမှာချွေးများနစ်နေပြီး မျက်နှာတစ်ခုလုံးချွေး သီးချွေးပေါက်များဖြင့်မြင်မကောင်းရှိတတ်ရာ ရုရှားဘာသာပါမောက္ခက သနားစဖွယ်မျက်နှာလေးကို တ မင်ရယ်ရအောင်လုပ်ပြကာ "မင်း နားပါဦး၊ အရင်နားလိုက်ပါဦးကွ" ဟု ပြောတတ်ပါ၏။  

စာရေးသူ၏ကိုယ်တွေ့ "ဦးသန့်အရေးအခင်းကြီး"အား အကျဉ်းမျှပြောပြပါမည်။

အမှတ် (၂) အား ဆက်ပြီးဖတ်ရှုကြပါရန်။