"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, January 27, 2013

ငယ်သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံခြင်း


(၁၃၇၄ ခုနှစ် ပြာသိုလပြည့်ကျော် ၁ ရက်)




ငယ်သူငယ်ချင်း ကိုဖိုးအေးနှင့်မိမိတို့ စကားလက်ဆုံကျခဲ့ကြသည်။



လူတိုင်းလူတိုင်းမှာ ငယ်သူငယ်ချင်းဟူ၍ ရှိဖူးကြသည်။

အချို့ သော ငယ်သူငယ်ချင်းများက တစ်မြို့ တစ်ရွာတည်းမှာ နှစ်အကြာကြီး အတူနေကြရပြီး အချို့ မှာမူ ငယ်စဉ်က ကျောင်းနေကြစဉ်မှာ သို့မဟုတ် တစ်မြို့ တစ်ရွာတည်းမှာ ကာလတစ်ခုအထိသာ တွေ့ဆုံခင်မင်ရင်းနှီးခဲ့ကြပြီး နောင်တွင် အကြောင်းကြောင်းတို့ကြောင့် ခွဲခွာသွားကြရလေသည်။

ငယ်သူငယ်ချင်းများ အချင်းချင်း မကြာမကြာ ပြန်တွေ့နိုင်သူများရှိကြသကဲ့သို့ တစ်ခါတစ်ခါမှသာ ပြန်တွေ့နိုင်သူများလည်း ရှိကြ၏။ တစ်ချို့ မှာကား တစ်သက်တာလုံးတွင် တစ်ကြိမ်တစ်ခါပင် ပြန်မတွေ့နိုင်ခြင်းမျိုးလည်း ရှိတတ်ပါသေးသည်။

မိမိကိုယ်တိုင်လည်း ယင်းသို့ပင် ကြုံဖူးပါ၏။

ပြီးခဲ့သောနှစ် ဒီဇဘာင်္လက ကန့်ဘလူမြို့  ရွှေသိမ်တော်ဘုန်းကြီးကျောင်းမှာ အကြောအဆစ်လူ နာများ လေဖြတ်လူနာများအား ကြည့်ရှုကုသပေးရင်း အလုပ်များနေစဉ် မိမိ၏ကျောင်းနေဖက် ငယ်သူငယ်ချင်းတစ်ဦးဖြစ်သူ ကိုဖိုးအေးက မိမိကို ဘုန်းကြီးကျောင်း၌ လာတွေ့ခဲ့သည်။ မိမိသည် လူနာများဖြင့် လက်မလည်အောင်ရှိနေလေရာ သူငယ်ချင်းအား နှုတ်ဆက်ရုံသာနှုတ်ဆက်နိုင်ပြီး စကားမပြောနိုင်ခဲ့ပေ။ 

သူလည်း ခဏစောင့်ကြည့်ပြီး စာရေးသူ တော်တော်နှင့်အလုပ်ပြီးမည့်ပုံ မ ပေါ်သဖြင့် ပြန်ထွက်သွားကာ နေ့ခင်းထမင်းစားချိန်လောက်တွင်မှ တစ်ခေါက်ပြန်ရောက်လာပါသည်။

သည်အခါတွင်မှ နှစ်ပေါင်း ၃၀ ကျော် တစ်ခါမျှပြန်မတွေ့နိုင်ခဲ့ကြသည့် ငယ်သူငယ်ချင်းနှစ်ယောက် နေ့လည်စာထမင်းစားရင်း စကားပြောနိုင်ခဲ့ပါတော့သည်။ သူနှင့်မိမိတို့သည် ကန့်ဘလူ အထက် တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း (၁၀ တန်း)အောင်ပြီး ကွဲသွားခဲ့ကြပါသည်။ သုံး လေးနှစ်ကြာ မှ သူနေထိုင်ရာ မန္တလေးမှာ နှစ်ကြိမ်ခန့် ပြန်တွေ့ခဲ့ကြသေး၏။ ထို့နောက်ပိုင်းတွင် သူငယ်ချင်း ကိုဖိုးအေးနှင့်မိမိတို့ မတွေ့ခဲ့ကြသည်မှာ အနှစ် ၃၀ ကျော်မျှကြာမြင့်ခဲ့ပါသည်။

တကယ်က သူက တကူးတက ကြိုးစားလာတွေ့သဖြင့် တွေ့ကြရခြင်းဖြစ်သည်။

“မင်း ဒီရက်တွေမှာ ကန့်ဘလူမှာရှိမယ်လို့ကြားလို့ ငါ လာတွေ့တာကွ။ မန္တလေးကနေ ငါ မိုးကုတ်မြို့ ကိုပြောင်းသွားတာ အိမ်ထောင်ကျပြီးကတည်းကပဲ။ ဒါကြောင့် မင်းနဲ့ငါ အဆက်ပြတ်သွားခဲ့တာ။ အခုလည်း ဒီဇဘာင်္ ရက် ၂၀ ကျော်လောက်မှ ထန်းကုန်းက ဆရာကန်တော့ပွဲကို လာဖို့ရှိတာ။ မင်းက ဒီကို ၈ ရက်နေ့ရောက်မယ်ဆိုတာ သိရလို့ မင်းကို တွေ့ရအောင်လို့ ငါ အစောကြီးထွက်လာခဲ့တာကွ။”

သူက မိမိကို တွေ့ရအောင် ယခုလို တကူးတကလာခဲ့သဖြင့် ကျေးဇူးများစွာ တင်မိသည်။ 


သူ၏ သူငယ်ချင်းစိတ်ဓာတ်နှင့် ခင်မင်ရင်းနှီးမှုတို့ကို လှိုက်လှိုက်လှဲလှဲ တန်ဖိုးထားလေး စားရသည်။   




   

Thursday, January 17, 2013

ပဉ္စနာမမြို့ တော် ပြည်ရွှေဘိုသို့


(၁၃၇၄ ခုနှစ် ပြာသိုလဆန်း ၆ ရက်)



ပြည်မြန်မာသို့ မာရသွန်ခရီး (၂)




ငါးမည်ရ ပြည်ရွှေဘို



၁။ မုဆိုးဖို

၂။ ရတနာသိင်္ဃ

၃။ ကုန်းဘောင်
၎။ ရန်ကြီးအောင်
၅။ ရွှေဘို








ကျေးဇူးရှင်မိခင်ကြီး၏ မွေးဇာတိဖြစ်ပြီး မိမိ၏ မွေးဇာတိလည်းဖြစ်တဲ့ ကန့်ဘလူမြို့ မှာ နှစ်နေ့နဲ့ နှစ်ည နေခဲ့ပြီးနောက် ကျေးဇူးရှင်ဖခင်ကြီး၏ မွေးဇာတိဖြစ်သော ရွှေဘိုမြို့ ကို ခရီးဆက်ဖြစ်ခဲ့ပြန်ပါ တယ်။

ကန့်ဘလူမြို့ မှာ နှစ်နေ့နဲ့ နှစ်ညသာ နေခဲ့ရပေမယ့် မိမိရဲ့ ဆွေမျိုးသားချင်များ၊ ငယ်သူငယ်ချင်းများ နဲ့ မိတ်ဆွေအချို့ တို့ကို တွေ့ခဲ့ရ စကားတွေ ပြောခဲ့ရလို့ ကျေနပ်မိပါတယ်။ ပိုပြီးဝမ်းသာစရာ ကောင်းတာက မိမိ၏မိခင်ကြီးဘက်မှ ဦးကြီးဦးလေး အဒေါ် ၁၁ ယောက်ရှိတဲ့အနက်မှ နောက်ဆုံးသက်ရှိထင်ရှားကျန်နေသော အဒေါ်နှစ်ဦး အား တစ်နေရာတည်းမှာ အခြားသော ၀မ်းကွဲညီအစ်ကိုမောင်နှမများနဲ့အတူ သိုက်သိုက် ၀န်းဝန်း တစ်စုတစ်ဝေး ကန်တော့နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အဒေါ်တစ်ဦးက ကန့်ဘလူမှာနေထိုင်ပြီး အခြားတစ်ဦးက မန္တလေးမှာ ရောက်နေတာ ကြာခဲ့ပါပြီ။ အဲဒီအဒေါ်က ကန့်ဘလူကို တရားလာဟောတဲ့ သစ္စာအောင်မြေကျောင်း ထိုင်ဘုန်းကြီး ဦးသြသဓ နဲ့အတူ လိုက်လာလို့ ကန့်ဘလူမှာရှိနေတာဖြစ်တယ်။

စာရေးသူတို့ ကန့်ဘလူကနေ ရွှေဘိုမြို့ ကို သွားဖို့ ကန့်ဘလူ-ရန်ကုန်အဝေးပြေးဘတ်စ် ကားကို စာရင်းကြိုပေးထားပြီးဖြစ်ပေမယ့် ဘုန်းကြီးက “ဒကာကြီး လိုင်းကားနဲ့မသွားပါနဲ့၊ ပင်ပမ်းပါတယ်။ ကျုပ်ကားနဲ့လိုက်ပို့ပေးခိုင်းပါ့မယ်။” ပြောပြီး ဦးပဇင်းတစ်ပါးပါ ထည့်ပေး ကာ မိမိတို့ကို ရွှေဘိုအထိပို့ပေးခဲ့ပါတယ်။     




ရွှေဘိုမြို့ သို့ မထွက်ခွာမီ ကားဒရိုင်ဘာက ပစ္စည်းများ နေရာချပေးသည်။




မိမိတို့၏အိမ်အောက်ထပ်တစ်နေရာမှာ ဇနီးနှင့်ညီမများ စကားလက်ဆုံကြနေသည်။


ပထမတော့ မိမိက “တပည့်တော်တို့ ဘတ်စ်ကားကို ဘွတ်ကင်လုပ်ပြီးပါပြီးဘုရား၊ ဘတ်စ်ကားနဲ့ပဲသွားပါ့မယ်။ နှစ်နာရီလောက်ပဲ စီးရတာ။ မကြာပါဘူးဘုရား။ ဘုန်းကြီးလည်း ဒီမှာ သွားဖို့လာဖို့ ကား လိုဦးမှာပါ” လို့ အားနာနာနဲ့ ငြင်းပေမယ့် ဘုန်းကြီးက သူ့ကားနဲ့ပဲသွားစေချင်တာနဲ့ ဒီဇင်ဘာ ၁၁ ရက် (အင်္ဂါနေ့) နံနက် ၉ နာရီခွဲမှာ ကန့်ဘလူမှ ရွှေဘိုမြို့ သို့ ထွက်ခဲ့ကြပါတယ်။ 

မိမိတို့ဇနီးမောင်နှံနဲ့အတူ မိမိ၏ညီမ ဒေါ်ရီရီမြင့်၊ ရန်ကုန်ကတည်းကလိုက်လာတဲ့ ဇနီး၏ညီမများဖြစ်ကြတဲ့ မခင်မိမိ၊ မခင်မော်မော်နဲ့ မခင်မိုးမိုးတို့ ပါတာမို့ အုပ်စု တောင့်ပါတယ်။ ပျော်လည်း ပျော်စရာကြီးပါ။

ရန်ကုန်က အလာတုန်းက ရွှေဘိုကနေ ကန့်ဘလူကို မြို့ ရဲ့ အရှေ့ ဖက် ကားလမ်းကနေ ငှက်ပျောတိုင်း၊ စပယ်နံ့သာ၊ နတ်အင်း အစရှိတဲ့ရွာတွေကိုဖြတ်ပြီး လာခဲ့တာ။ ယခင်အ ခေါက်တွေတုန်းကလည်း ဒီလမ်းအတိုင်း လာခဲ့တာပါပဲ။

အခုတစ်ခေါက်မှာတော့ ကန့်ဘလူကနေ ရွှေဘိုကို မြို့ ရဲ့ အနောက်ဖက် ကားလမ်းကနေ နတ်ပေးကျေးရွာ၊ ထန်းကုန်းနဲ့ ခင်ဦးမြို့ တွေဖြတ်ပြီး မဟာနန္ဒာကန်တော်ကြီးနားက လာခဲ့ ကြတာ။ ဒီလမ်းက ဒီတစ်ခါပဲ သွားဖူးသေးတာဖြစ်တယ်။ ဒါကြောင့် “အခုသွားမယ့် မြို့ ရဲ့  အနောက်လမ်းက ဒကာကြီးတို့လာခဲ့တဲ့အရှေ့ ဖက်ကလမ်းထက် ပိုကောင်းတယ်”လို့ ဘုန်းကြီးအမိန့်ရှိတာကို သတိတရဖြစ်မိပါတယ်။

နံနက် ၁၁ နာရီခွဲတော့ အထက်မြန်မာပြည်ရဲ့ တံခိုးကြီးဘုရားတစ်ဆူအဖြစ် ထင်ရှားသည့် မောဓောမြင်သာ  မြို့ ထောင့်စေတီဘုရားကြီး၏ အနောက်ဖက်ကားလမ်းကနေ ရွှေဘိုမြို့  ထဲကို ၀င်ခဲ့ကြပါတယ်။



ညီမ မတိုးညွန့်တို့မိသားစုနှင့်အမှတ်တရ ...။



‘လမ်းလေးဂ’ွအနားက ညီမရဲ့ အိမ်ကို အရင်ဝင်ကြတယ်။ နေ့မွန်းလွဲခါနီးပြီမို့ မိမိတို့ကို လိုက်ပို့ပေးသော ဦးပဇင်းအား နေ့ဆွမ်းကပ်ကြရပါတယ်။ ပြီးတဲ့အခါ ညီမကကြိုပြီး ငှား ထားပေးတဲ့ မြို့ မဈေးကြီးအနီးက တည်းခိုခန်းမှာ ပစ္စည်းတွေ သွားထားကြကာ ရွှေဘိုဘူ တာက နာမည်ကြီး ဒန်ပေါက်ကို မှတ်မှတ်ရရ သွားစားဖြစ်ကြတယ်။

ရွှေဘိုဘူတာထဲကို ၀င်သွားပြီး ဟိုကြည့်ဒီကြည့်လျှောက်ကြည့်တော့ လွန်ခဲ့တဲ့အနှစ် ၅၀ 

၆၀ အတွင်းဘာဆိုဘာမှ တိုးတက်ပြောင်းလဲလာတာ မတွေ့ရလို့ စိတ်ထဲတွင် ၀မ်းနည်းခံ 

စားမိတယ်။ အဆောက် အဦကော အတွင်းက အပြင်အဆင်တွေကော နဂိုအတိုင်းပါပဲ။

ဆေးသုတ်ထားတာမျိုးလေးလောက်တောင် မမြင်တွေ့ခဲ့ရပါဘူး။ နံရံတွေကလည်း ညစ် 

ညစ်ပတ်ပတ်ကြီး။။ 

ဘာပဲပြောပြော ဒန်ပေါက်ဆိုင်လေးကို ဟိုတုန်းကအတိုင်း တွေ့မြင်ခဲ့ရတာတော့ ရင်ထဲ

က လွမ်းသလိုလို ကြီးရယ်ပါ။ ဓာတ်ပုံရဲ့  ယာဖက်မှာ တာလပတ်အနီလေးမိုးထားပြီး 

တယ်လီဖုန်းစားပွဲနဲ့ ခွေးခြေခုံအဖြူလေး တွေ့နေရတာ ဒန်ပေါက်ဆိုင်ပါ။ 


 

ဘူတာနဲ့ရထားလမ်းတို့အကြားမှာ အမိုးလေးရှိလာတာကလွဲလို့ ရှေးကအတိုင်းတွေ့ရတဲ့ ရွှေဘိုဘူတာ။ (ဓာတ်ပုံ-ဖိုးတာ)


စာရေးသူတို့ငယ်စဉ် ရွှေဘိုမှာနေတုန်းက အစုန်အဆန်ရထားတွေ ရွှေဘိုဘူတာမှာ ရပ်ပြီ ဟေ့လို့ဆိုတာနဲ့ ခရီးသည်တွေက ဘူတာမှာဆင်းပြီး ကတိုက်ကရိုက် ဒန်ပေါက်စားကြသူ စားကြ၊ ဒါမှမဟုတ် အသင့်ထုပ်ထားတဲ့ ဒန်ပေါက်ထုပ်ကို ပြေးဝယ်ပြီး ရထားပေါ်မှာပဲ အေးအေးလူလူ စကားစမြီပြောရင်း စားကြသူ စားကြလေ့ရှိတယ်။ တစ်ချို့ ကတော့ ကိုယ့် အိမ်အတွက်ပါ ၀ယ်သွားတတ်ကြသေးတာ။ ဒါ့ကြောင့်လားတော့ မပြောတတ်ပါဘူး။ အဲဒီ အခါက ရွှေဘိုဘူတာမှာ ရထားရပ်တာ အတော်လေးကြာသားလား။ ကုန်ပစ္စည်းတွေ အတင်အချလုပ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

တက္ကသိုလ်ကျောင်းတွေပိတ်လို့ ရန်ကုန်ကနေ ကန့်ဘလူကို စာရေးသူပြန်လာတိုင်း ရွှေဘို ဘူတာမှာဆင်းပြီး အမေ့အတွက် ဒန်ပေါက်ဝယ်ခဲ့လေ့ရှိပါတယ်။ 



စာရေးသူ ရွှေဘိုကို မရောက်ဖြစ်တာတော့ အတော်လေးကို ကြာခဲ့ပါပြီ။ 

ဘယ်တုန်းကလဲလို့ မမေးဖြစ်ခဲ့ဘူး။ အခါတိုင်းဆို ရထားဆိုက်တဲ့အချိန်တိုင်း ဘူတာမှာ မြင်းလှည်းတွေ ဆိုက်ကားတွေ အများကြီး တွေ့ရတတ်တာ။ အခုတစ်ခေါက်မှာက ဘူတာ မှာ မြင်းလှည်းတွေကော ဆိုက်ကားတွေကော မမြင် မတွေ့ရတာ ထူးဆန်းနေသလိုပဲ။ တစ်ခုခုလိုနေသလို ခံစားမိရတယ်။

စာရေးသူတို့ ငယ်ငယ်တုန်းက ရွှေဘိုမှာ ‘ရထားလုံး’ဆိုတဲ့ တခါးပါပြီး ခရီးသည် ၂ ဦးစီ မျက်နှာချင်းဆိုင် ထိုင်စီးရတဲ့ မြင်းလှည်းမျိုးပဲရှိတာ။ နောက်ပိုင်းတော့ ကြမ်းမှာပဲ စုထိုင် ကြရတဲ့ မြင်းလှည်းတွေ ရောက်လာပြီး မြင်းလှည်း ၂ မျိုး ၂ စား ရှိလာခဲ့တယ်။ 

ပထမအမျိုးအစားမြင်းလှည်းမျိုးကို မောင်းတဲ့သူက လှည်းခေါင်းမိုးပေါ်ထိုင်ပြီး မောင်းတာ။ ဒုတိယအမျိုးအစားမှာလို ခရီးသည်များနဲ့အတူ တစ်နေရာတည်း မထိုင်ဘူး။ ‘ရထားလုံး’ ခေါ်တဲ့ မြင်းလှည်းမျိုးက စာရေးသူသိရသ၍  အခုအခါမှာ ပြင်ဦးလွင် (ရှေးအခေါ် မေမြို့ ) တစ်မြို့ မှာပဲ တွေ့ရတော့တာ။




ပြင်ဦးလွင်မှာတွေ့ရတဲ့ မြင်းလှည်း။ (ဓာတ်ပုံ - အင်တာနက်) 


တကယ်က ‘ရထားလုံး’ ခေါ်တဲ့ မြင်းလှည်းမျိုးက ပြည်ရွှေဘိုရဲ့  ထူးခြားတဲ့လက္ခဏာတစ်ခု လို့ ပြော နိုင်ပါတယ်။    




ဒေါ်ဖွားသိုက်ကျောင်း

အခုတစ်ခေါက် ရွှေဘိုမြို့ ကိုရောက်တော့ ကိုယ်ငယ်ငယ်တုန်းက နေခဲ့ သွားခဲ့ စားခဲ့တဲ့နေ ရာလေး အချို့ ကို တကူးတက သွားကြည့်ဖြစ်ခဲ့တယ်။ နောက်ပြီး အတူပါလာတဲ့ ဇနီးကို လည်း ပြောပြရတယ်။ သက္ကယ်တန်းရပ်ရှိ ညီမ မတိုးညွန့်ရဲ့ အိမ်ကနေ လမ်းလေးဂွဖက်ကို ထွက်တဲ့ လမ်းထောင့်မှာ မိမိ ပညာသင်ကြားခဲ့တဲ့ “ဒေါ်ဖွားသိုက် မူလတန်းကျောင်း” လေး တစ်ကျောင်း ရှိခဲ့ဖူးတယ်။ 

အခုတော့ မရှိတော့ပါဘူး။ တကယ်က အခုမှ မဟုတ်ပါဘူး။ ၁၉၆၂ ခုနှစ် မတ်လမှာ တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးနောက် ပိုင်းကတည်းက မရှိတော့တာပါ။ စာ ရေးသူက ဒေါ်ဖွားသိုက်ကျောင်းမှာ ၃ တန်းအထိ နေခဲ့ဖူးတာ။


အဲဒီတုန်းက ကျောင်းနေဖက်တစ်ချို့ လည်း ဆုံးသွားခဲ့ကြပြီ။ တစ်ချို့ တော့လည်း မတွေ့ တာကြာလို့ လုံးဝ မမှတ်မိတော့ဘူး။ ဘယ်တွေကို ရောက်နေကြမှန်းလည်း မသိရဘူး။ 



မန္တလေးမှာ မိမိအားလာရောက်တွေ့ဆုံကြသော physiotherapist များနဲ့ သူငယ်ချင်း ဒေါက်တာကျော်ဌေး။


သူငယ်ချင်း ကိုကျော်ဝင်နဲ့ ရန်ကုန်မှာ တွေ့ခဲ့ရတယ်။ 


ယနေ့အထိ တွေ့နေကြရသေးတဲ့ မိမိ၏အရင်းနှီးဆုံး သူငယ်ချင်းဆိုလို့ နှစ်ဦးပဲ ရှိကြတော့ တာ။ တစ်ဦးက ရွှေဘိုမြို့ နယ်သ မ၀ါယမဦးစီးမှူးတာဝန်ကနေ အနားယူသွားတဲ့ ကိုကျော် ၀င်းဖြစ်ပြီး နောက်တစ်ဦးကတော့ ယခုအခါ အရှေ့ မလေးရှားက ဆာဘားပြည်နယ်ရှိ ကို တာကင်နာဘာလူး (Kota Kinabalu) တက္ကသိုလ်မှာ တွဲဖက်ပါမောက္ခလုပ်နေတဲ့ ဒေါက် တာကျော်ဌေး (ယခင် လက်ပိုင်းခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ကြည့်မြင်တိုင် အရိုးရောဂါ ကုဆေးရုံကြီး၊ ရန်ကုန်) တို့ဖြစ်ကြတယ်။ အားလုံး ရွှေဘိုသားတွေ။



တန်းလတ်ကျောင်း

ရွှေဘိုမှာရောက်တုန်း စာရေးသူ သွားကြည့်ဖြစ်တဲ့ နောက်တစ်နေရာကတော့ ယခု အထ က(၂) ရှိနေတဲ့ ဟိုတုန်းက “တန်းလတ်ကျောင်း” နေရာလေးပဲဖြစ်တယ်။ 

ဓာတ်ဆီဆိုင်လုပ်ငန်းလုပ်နေတဲ့ ညီဝမ်းကွဲတစ်ဦးက ကားနဲ့ဒရိုင်ဘာပေးထားလို့ သွားချင် တဲ့ နေရာလေးတွေကို သွားပြီးကြည့်နိုင်ခဲ့တာ။ တန်းလတ်ကျောင်းမှာ သူငယ်ချင်းကို ကျော်ဝင်းနဲ့အတူ ပဉ္စမတန်းကနေ သတ္တမတန်းအောင်တဲ့အထိ ပညာသင်ကြားခဲ့တာ။

ကျောင်းက မြေစိုက်တစ်ထပ်ဆောင်လေးတွေ ဖြစ်တယ်။ စာသင်ခန်းတွေရဲ့ ဘေးမှာကပ် ပြီး စက်ဘီးတွေထားဖို့ အမိုးလုပ်ထားပေးတယ်။ ကျောင်းဝတ်စုံကတော့ ကျောင်းစိမ်းရယ် ပါ။ စာရေးသူရဲ့ အသိထဲမှာ ဒီကျောင်းကမြတ်ဆရာများကို ယနေ့အထိ ရိုသေ လေးစားစွာ အမှတ်တရ ရှိနေဆဲဖြစ်ပါတယ်။

ဖခင်ကြီးက ပြည်သူ့ရဲဝန်ထမ်းဖြစ်တဲ့အတွက် စာရေးသူတို့မိသားစုသည် ရဲစခန်းဝင်းထဲမှာ နေကြတာမို့ မြို့ အရှေ့ ဖက် သရက်ခြံအရပ်မှာရှိတဲ့ တန်းလတ်ကျောင်းကို နေ့စဉ်စက်ဘီး နဲ့ သွားတက်ခဲ့ရတာ။ တစ်ချို့ လည်း ခြေကျင်(လမ်းလျောက်)လာကြတယ်။    


အထက်မီး အောက်မီးမုန့်ဆိုင်

ရွှေဘိုရဲစခန်းဝင်းရဲ့ တောင်ဖက်ဝင်းတံခါးအနားက မန်ကျီးပင်ကြီးတွေအောက်မှာ အ ထက်မီး အောက်မီး (‘ထမီးအောက်မီး’လို့ အသံထွက်တယ်) မုန့်ဆိုင်လေးရှိခဲ့တယ်။ 

အခုသွားကြည့်တော့ မတွေ့ရတော့ဘူး။ ပိုလို့ဆိုးတာက ရွှေဘိုက လူတစ်ချို့ ကို မေး ကြည့်တာတောင် ဒီမုန့်ကို ရေရေရာရာ မမှတ်မိကြတော့ဘူး။ ရင်နာလိုက်တာ စိတ် မကောင်းဖြစ်မိတာ မပြောပါနဲ့တော့။ ဒီလို လူတွေ မမှတ်မိတော့တဲ့မုန့်မျိုးကိုမှ မှတ်မိ ရကောင်းလားဆိုပြီး ကိုယ့်ကိုယ်ကိုတောင် အပြစ်တင်ရ မလိုပဲ။

အခုခေတ်ဆေးပညာရှုထောင့်က ပြောရရင် အလွန်တရာမှကို ကျန်းမာရေးနဲ့ညီညွတ် တဲ့မုန့်လို့ ရဲရဲကြီး ပြောနိုင်တယ်။ ဆန်မှုံ့နဲ့ ထန်းလျက်(ထညက်)ပဲ ပါတာ။ အိုးက အာ ပုံလုပ်တဲ့ ဒယ်အိုးအသေး မျိုး။ အပေါ်ကဖုန်းတာက မီးအပူပေးထားတဲ့ မြေအိုးအဖုန်း။ ဒါပါပဲ။ မုန့်က အာပုံနဲ့ အကြမ်းဖျင်း တူ သရောင်ရှိပေမယ့် သူရဲ့ အလယ်သားက အာပုံ ထက်ပိုကြီးပြီး ထိပ်ကခပ်ချွန်ချွန်လေး။ ဘေးသားက တော့ အာပုံလို ပါးပါးကျွတ်ကျွတ်ပါ။  

ညီအစ်ကိုမောင်နှမတွေအထဲမှာ မိမိက အကြီးဆုံးဖြစ်လို့ အမေ့ကို အိမ်အလုပ်တွေ နေ့ စဉ်နေ့တိုင်း  ၀ိုင်းလုပ်ပေးခဲ့ရတယ်။ နံနက်စောစောမှာ တစ်အိမ်လုံးစားဖို့ မုန့်သွားဝယ် ပေးရတယ်။ ရဲစခန်းဝင်းအထွက်က အဒေါ်ကြီးရဲ့  ထမီးအောက်မီးမုန့်ဆိုင်၊ ဒါမှမဟုတ်ရင် ဘီအိုစီဓာတ်ဆီဆိုင်နဲ့ ဓါးလွယ်ခုတ်က ပလက်ဖောင်းပေါ်မှာရှိတဲ့ ကုလားမကြီးရဲ့  အာပုံ ဆိုင်တွေကို စက်ဘီးနဲ့သွားဝယ်ရလေ့ရှိ တယ်။


ရဲစခန်း

စာရေးသူငယ်စဉ်က ရွှေဘိုမြို့ မှာနေခဲ့တဲ့နှစ်တွေဟာ ရဲစခန်းဝင်းထဲမှာဖြစ်တယ်။ 

ဒီရဲစခန်းထဲမှာကိုပဲ အိမ် ၃ အိမ်ပြောင်းပြီး နေခဲ့ဖူးတာ။ ဖခင်ကြီး တစ်ခါရာထူးတိုးရင် တစ်အိမ်ပြောင်းခဲ့ကြရတယ်။ ရဲစခန်းအတွင်းမှာဆိုတော့ မဝေးလှပါဘူး။ တစ်ချို့ အိမ် တွေက ယခင်ကအတိုင်းရှိနေကြသေးရဲ့ ။ 

ရဲစခန်းဝင်းထဲမှာ မိမိတို့ငယ်ငယ်က ဆော့ကစားခဲ့ကြလေ့ရှိတဲ့ ကြေးသွန်းအမြှောက်ကြီး ကို သွားကြည့်တာ မတွေ့ရတော့ဘူး။ အဲဒီကြေးသွန်းအမြှောက်ကြီးက ဒုတိယကမ္ဘာစစ် တုန်းက တကယ့်အမြှောက်ကြီးဖြစ်တယ်။ သုံးလို့မရတော့တာကြောင့် ရဲသင်တန်းကျောင်း ရဲ့ ရှေ့ မှာ ကွန်ကရစ် အောက်ခံလုပ်ပြီး တင်ထားတာ။

ရေနံချေးရောင်မှိုင်းနေတဲ့ ပျဉ်ထောင်နှစ်ထပ်ရဲသင်တန်းကျောင်းကြီးနဲ့ ကြေးအမြှောက် ကြီးတို့က ပဏာရချေသေးတော့။

နောင်မှာ စာရေးသူ အရွယ်ရောက်လာပြီး အက်လစ္စတာ မက္ကလင်း၏ နာမည်ကျော် ၀တ္တုဖြစ်တဲ့ The Guns of Navarone ကို အန်ထော်နီကွင်း၊ ဂရယ်ဂေါ်ရီပက်နဲ့ ဒေးဗစ်နီ ဗင်တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ စစ်ကားကြီးကို ကြည့်ရတဲ့အခါ အဲဒီဇာတ်ကားထဲက ဧရာမအမြှောက်ကြီး ၂ လက်ဟာ စောစောကကြေးသွန်းအမြှောက်ကြီးနဲ့တူနေလို့ အမှတ် ရမိသေးတယ်။          








Sunday, January 13, 2013

မိမိ၏ သွေးကို ဆူပွက်သွားစေသော ဒီစာအုပ်


(၁၃၇၄ ခုနှစ် ပြာသိုလဆန်း ၁ ရက်၊ ကရင်နှစ်သစ်ကူးနေ့)


ပြီးခဲ့တဲ့နှစ်က စာရေးသူ မြန်မာပြည်သို့ ပြန်ပြီးမလည်ခင် တစ်လလောက်မှာ “လက်ဝှေ့ ဆောင်းပါးစာရေးဆရာ ရွှေဘိုဘာမထီခင်အောင်”ဆိုတဲ့ခေါင်းစဉ်နဲ့ ယခုဘလော့တွင် နိုဝင်ဘာ ၄ ရက် ရက်စွဲ ဖြင့် မိမိ၏ အန္တေ၀ါသိက လက်ဝှေ့ဆရာအကြောင်း ရေးခဲ့ပါ တယ်။



ဆရာ ဘာမထီခင်အောင်၏အိမ်တွင် အမှတ်တရ။


ဒီဇင်ဘာလမှာ မြန်မာပြည်ကိုပြန်လည်ရင်း ရွှေဘိုမြို့ ကိုရောက်တော့ ဆရာ့ကိုသွားတွေ့ ဖြစ်ခဲ့ပါ တယ်။ ဆရာကလည်း သူ့တပည့်လာမယ်ဆိုတာသိလို့ စာရေးသူ၏ညီမအိမ်ကို လာပြီး မေးနေခဲ့ပါ တယ်။ ဆရာက သူရေးသားထာတဲ့ စာအုပ်တစ်အုပ်ကို သူကိုယ်တိုင် လက်မှတ်ရေးထိုးပြီး မိမိအား လက်ဆောင်ပေးလိုက်ပါတယ်။

“မြန်မာနိုင်ငံ ကြေးစားလက်ဝှေ့သမိုင်းနှင့် အခြားဆောင်းပါးများ” ဆိုတဲ့ စာအုပ်ပါ။

ပြီးခဲ့တဲ့နှစ် မတ်လက အားကစားနဲ့ ကာယပညာဦးစီးဌာနအတွက် စွယ်စုံမီဒီယာဂရု(ပ်)မှ တာဝန်ယူပြီး ထုတ်ဝေဖြန့်ချိခဲ့တာဖြစ်ပါတယ်။



မြန်မာ့သတ္တိနှင့်ဇာတိသွေး ဇာတိမာန်ကို ဖော်ကျူးထားသည့်  မြန်မာလက်ဝှေ့သမားများ .....။



ဆရာ့ လက်ရေးနှင့် မှတ်မှတ်ရရ ရေးပေးတဲ့စာ။

ဆရာ့ကို ကန်တော့ခဲ့ကြသည်။

အဲဒီစာအုပ်ကို ဆရာအိမ်မှာ ဆရာနဲ့စကားပြောနေရင်း ခဏတဖြုတ် လှန်ကြည့်မိတာ ကလွဲလို့ မကိုင်ဖြစ် မဖတ်ဖြစ်ခဲ့ပါဘူး။ ဒီကနေ့မှ မြန်မာပြည်က ၀ယ်လာတဲ့စာအုပ်တွေ ထဲက ဘာစာအုပ်ကို ဖတ်ရကောင်းမလဲလို့ကြည့်ရင်း ကိုင်မိ ဖတ်မိပါတော့တယ်။

ယခုစာအုပ်ကိုဖတ်ရတော့ စာရေးသူတို့ လက်ဝှေ့သင်တန်းသားဘ၀က ဆရာပြောခဲ့ တဲ့စကားများနဲ့ ဖတ်ဖူးခဲ့တဲ့ ဆရာ၏ လက်ဝှေ့ဆောင်းပါးများကို ပြန်ပြီးအမှတ်တရဖြစ်ရ တယ်။ ဆရာ မကြာခဏ ပြောပြလေ့ရှိတဲ့ မြန်မာလက်ဝှေ့ကျော်များ၏ ဂုဏ်ယူဖွယ်ရာ အံ့ဖွယ်လက်သီးစွမ်းများနဲ့ ဆရာ၏မျိုးချစ်စိတ်ဓာတ်ထားရှိမှုများကို ကျက်သီးမွေးညင်းထ လောက်အောင် ခံစားမိတယ်။   

ဒီစာအုပ်ကို ရေးသားပြုစုထားသူ စာရေးဆရာ ရွှေဘိုဘာမထီခင်အောင်သည် ၁၉၅၁ ခု နှစ်မှ ၁၉၆၅ ခုနှစ်အတွင်း လက်ဝှေ့ပွဲပေါင်း ၇၄ ပွဲကို ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ၆၃ ပွဲ အနိုင် ရခဲ့တဲ့ လက်ဝှေ့ချန်ပီယံတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပ်ြင် ဆောင်းပါးပေါင်း ၈၆၀ ကျော်၊၀တ္တုတို ၂၅၀ ခန့်၊ လုံးချင်းဝတ္တု ၈ အုပ်နှင့် ရေဒီယိုဇာတ်လမ်းပမာ ၁၁ ပုဒ်တို့ကို သူ၏စာ ပေသက် ၄၉နှစ်အတွင်း ရေးသားခဲ့ပြီး စာပေဗိမာန်စာမူဆု ၃ ဆု ရရှိထားသူလည်း ဖြစ်ပါ တယ်။


ဆရာ၏စာအုပ်ကို အားကစားဝန်ကြီးဌာန၀န်ကြီး သူရဦးအေးမြင့်ကိုယ်တိုင်မှ ဥယျောဇဉ်ရေးပြီး ချီး မြှင့်ပေးထားတာ တွေ့ရပါတယ်။


ဝန်ကြီး၏ဥယျောဇဉ်တွင် “မွေးဗီဇကတည်းက အတိုက်အခိုက၊် အထိုးအသတ်ကို ၀ါသနာပါလာခဲ့ ကြသည့် မြန်မာလူငယ်လူရွယ်တို့၏ စိတ်ဓာတ်နှင့် အထူးကိုက်ညီလှပေသည်” ဟု ဆရာ၏စာအုပ် ကို ညွှန်းဆိုထားကာ၊ “သို့ဖြစ်၍ မြန်မာ့ဇာတိသွေးနှင့် မြန်မာ့သတ္တိစွမ်းရည်ကို ကမ္ဘာက သိရလေ အောင် နိုင်ငံတော်၏ဂုဏ်ကို လက်ဝှေ့ကြိုးဝိုင်းမှ မြှင့်တင်ပေးနိုင်ရန်အတွက် သတ္တိအပြည့်ရှိသော မြန်မာလူငယ်လူရွယ်များ ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုပါသည်” ဟုလည်း ရေးသားထားပါ သေးတယ်။ 

   
ဒီနေရာမှာ မြန်မာ့ဇာတိသွေးနှင့် မြန်မာ့သတ္တိစွမ်းရည်ကို ကမ္ဘာက သိရလေအောင်” ဆိုတဲ့စကား နဲ့ “နိုင်ငံတော်၏ဂုဏ်ကို လက်ဝှေ့ကြိုးဝိုင်းမှ မြှင့်တင်ပေးနိုင်ရန်အတွက်” ဆိုတဲ့ စကားများနဲ့ ပတ် သက်ပြီး ကမ္ဘာကို မဆိုထားနဲ့ အရှေ့ တောင်အာရှအဆင့်မှာပင် နှစ်အတန်ကြာမြင့်စွာ နိမ့်ကျနေ ခဲ့တဲ့ မြန်မာ့အားကစားကိုပဲ သိထားကြတဲ့သူများ (အထူးသဖြင့် လူငယ်များ) အနေဖြင့် အထူးအ ဆန်းလို ဖြစ်နေကောင်း ဖြစ်နေမှာပါ။ မတန်မရာ ပြောတယ်၊ မဖြစ်ညစ်ကျယ် ပြောတယ်လို့ ထင် ကြကောင်း ထင်မိကြမှာပါ။

လက်ဝှေ့ကြိုးဝိုင်းအတွင်းမှာ မြန်မာ့သတ္တိနဲ့ မြန်မာ့လက်သီးစွမ်းကို ကမ္ဘာကသိခဲ့တဲ့ သာဓကတွေ တစ်ခုမက ရှိခဲ့ပါတယ်။ ဆရာ့စာအုပ်ထဲက တစ်ခုကိုပဲ ဥပမာအဖြစ် ပေးပါ့မယ်။ 

ကောင်းကောင်း မှတ်သားထားပြီး ဂုဏ်ယူကြစေချင်ပါတယ်။




လက်ဝှေ့ကြိုးဝိုင်းအတွင်းမှ အင်္ဂလိပ်ဂျက်အလံကို လှဲချနိုင်ခဲ့တဲ့ တင်ထွန်း(မြန်မာ)။



“ဂျပန်နိုင်ငံ၊ တိုကျိုမြို့ တွင်ဖြစ်သည်။ လက်ဝှေ့ပွဲမတိုင်မီ တစ်ရက်က နံနက်ခင်းဝယ်      ညဆေးစစ်ခြင်း၊ ကိုယ်အလေးချိန်ခြင်း ပြုလုပ်အပြီး မဲချရာ၌ ဖယ်သာဝိတ်တန်းမှ တင် ထွန်း (မြန်မာ)နှင့် ရွန်စမစ် (အင်္ဂလန်နိုင်ငံ)တို့ ပထမရက်ပွဲစဉ်ထိုးရန် မဲကျတော့၏။ ရွန်စမစ်သည် များမကြာမီ နှစ်လနီးပါးက ဥရောပတိုက် ၂၅ နိုင်ငံပေါင်းစုံ လက်ဝှေ့ဗိုလ် လုပွဲကြီးမှာ လက်ဝှေ့သတ်ရာတွင် အလွန်တော်ကောင်းလှလေသော ဆိုဗီယက်ရုရှား  နိုင်ငံ၊ ပိုလန်နိုင်ငံ၊ ဂျာမဏီနိုင်ငံနှင့် ချက်ကိုစလိုဘက်ကီးယားနိုင်ငံမှ တကယ့်အမာခံ လက်သီးကျော် လေးဦးအား အလဲ၊ အကွဲ၊ ဒိုင်ပွဲရပ်ဖြင့် အနိုင်ကြဲထားသော နိုင်ငံတ ကာပွဲပေါင်း ၅၀၀ ကျော် သတ်ပြိုင်ဖူးသူဖြစ်သည်။

ကမ္ဘာ့လက်ဝှေ့ပါရဂူ အားလုံးလိုလိုကလည်း ဖယ်သာဝိတ်တန်းတွင်တော့ အင်္ဂလန်      နိုင်ငံက ရွန်စမစ်သည်ပင် ရွှေတံဆိပ်ရယူမည်မှာ ဧကန်အမှန်ဟု ဟောကိန်းထုတ်ထား ပြီးဖြစ်၏။ ကမ္ဘာ့နိုင်ငံအသီးသီးမှ လက်ဝှေ့အဖွဲ့တွေကလည်း ရွန်စမစ် ချံပီယံဖြစ်မည်     ဟု ယူဆယုံကြည်နေကြသည်။

သို့သော် ယင်းသို့မယုံကြည်သူ နှစ်ဦးပဲရှိနေသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးမှာ မြန်မာနိုင်ငံလက် ဝှေ့အဖွဲ့ချုပ်မှ အုပ်ချုပ်/နည်းပြဆရာအဖြစ် တာဝန်နှစ်ရပ်ကိုထမ်းရွက်သူ ဗိုလ်မှူးထွန်း  ငြိမ်း (ဗဟိုအားကစားနှင့် ကာယပညာကော်မတီ ညွှန်ကြားရေးမှူး) နှင့် တပ်ကြပ်ကြီး   တင်ထွန်းပင်ဖြစ်တော့သည်။


မကြောက်တတ်တာ မြန်မာ

ဗြိတိန်နိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌက “ခင်ဗျားတို့ရဲ့  ဗမာလက်ဝှေ့သမားကလေး    တော့ ကံဆိုးရှာပြီ။ ရွန်စမစ်နဲ့မှ မဲလာကျလေရဲ့ ” ဟု ရိ၏။ ဤသည်တွင် ဗိုလ်မှူးထွန်း ငြိမ်းက ချက်ချင်းပဲ တုံ့ပြန်ကာ “ကျုပ်တို့ ဗမာတွေက ဘယ်သူ့ကိုမှ မကြောက်တတ်    ဘူး။ ဘယ်လိုချန်ပီယံကိုမှလည်း မမှုဘူး။ ခင်ဗျားတို့ရဲ့  လက်ဝှေ့ကျော် ရွန်စမစ်ကို ကျုပ်တို့ရဲ့ လက်ဝှေ့ချန်ပီယံ တင်ထွန်းက မြန်မာပီပီ ရဲရဲတောက် ယှဉ်သတ်ပြီး အနိုင်  ယူမှာ သေချာတယ်” ရဲဝံ့ပြတ်သားစွာ ချေပလိုက်သည်။

အားလုံးလိုလိုက ပြက်ရယ်ပြုသည့်ဟန်အမူအရာဖြင့် လက်ခုတ်လကိဝါးတီး၍ ရယ်     မောခဲ့ကြလေသည်။

နောက်ရက်ညတွင် …..

ဗြိတိန် လက်ဝှေ့ချန်ပီယံ နာမည်ကြီး ရွန်စမစ်ကို                  မြန်မာတင်ထွန်းက နောက်ကောက်ထိုးလိုက်ခြင်း …
ကမ္ဘာ့လက်ဝှေ့ပါရဂူများ အတွက်မှားသည့်ပွဲ …

လန်ဒန်မြို့ မှ ထုတ်ဝေသော သတင်းစာမှ အင်္ဂလန်နိုင်ငံ အားကစားသီးသန့် သတင်းထောက် က အောက်ပါအတိုင်း သတင်းရေးခဲ့သည်။

“မြန်မာ့တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ် မဟာဗန္ဓုလဦးစီးသော တပ်မကြီး သည် ပန်းဝါတိုက်ပွဲတွင် အင်္ဂလိပ်တပ်မကို အပြတ်အသတ် အနိုင်တိုက် နိုင်ခဲ့သည် ပြီးနောက် တိုကျိုမြို့ တော်တွင်ကျင်းပနေပြီဖြစ်သော ကမ္ဘာ့အိုလံပစ် လက်သီးတိုက် ပွဲ၌ ဗမာလက်ဝှေ့သမား “တင်ထွန်း” ဆိုသူက ဗြိတိန်ချန်ပီယံ ရွန်စမစ်အား ပထမအချီ ၁ မိနစ်နှင့် ၇ စက္ကန့်အတွင်း နောက်ကောက်ထိုးချ၍ အောင်ပွဲခံလိုက်ခြင်းသည် ဒုတိယအကြိမ် အကြီးမားဆုံးသော အောင်ပွဲခံလိုက်ခြင်းပင် ဖြစ်တော့သည်” ဟု တင်စားကာ သတင်းအဖြစ် အတိအလင်း ရေးခဲ့သည်။

တိုကျိုထုတ် တိုကျိုသတင်းစာတွင်လည်း …

ဗြိတိန်ဂျက်အလံကို လှဲချကာ မြန်မာအလံလွှင့်ထူနိုင်လိုက်ခြင်း ..

ခေါင်းစီးနှင့် ဝေေ၀ဆာဆာ ပြည့်ပြည့်စုံစုံ အမွှမ်းတင် ရေးသားထား၏။ 

ဗမာ့လက်ဝှေ့သူရဲကောင်း တင်ထွန်းက ကမ္ဘာကျော်ခဲ့သူပေတည်း။"



ဆရာ၏စာအုပ်သည် အကြောင်းအရာဖြစ်ရပ်များအရကော အရေးအသားများအရပါ မိမိအား စွဲ ဆောင်နိုင်ခဲ့ရုံမက ဖတ်ရင်းဖတ်ရင်း မိမိ၏နှလုံးသွေးများကိုပါ လှိုက်ဖိုဆူပွက်စေခဲ့ပါတယ်။ ကိုယ် တိုင်က လက်ဝှေ့ထိုးသတ်ကစားခဲ့ဖူးသူဖြစ်လို့ မြန်မာ့လက်ဝှေ့ကျော်များ၏ ရဲသတ္တိ ဇွဲနဘဲနှင့်လက် သီးစွမ်းတွေကို မချီးကျူးပဲ မနေနိုင်၊ မလေးစားပဲ မနေနိုင်၊ ဂုဏ်မယူပဲ မနေနိုင်၊ ပြန်မပြောပြပဲ မနေ နိုင် ဖြစ်ရပါတယ်။   


ဖတ်ရင်းဖတ်ရင်း မိမိကိုယ်တိုင် လက်ဝှေ့ပြိုင်ပွဲကွင်းထဲကို ရောက်သွားပြီး မြန်မာ့လက်ဝှေ့ကျော်များ ၏ မဆုတ်မရွံ့  နောက်မတွန့်တဲ့ ယောကျာင်္းဇာနည်ဘာမထီ ထိုးနှက်တိုက်ခိုက်မှုများကို သည်းဖို ထိပ်မျှ ကြည့်ရှုအားပေးနေရသကဲ့သို့ ပူပူနွေးနွေးကြီး ခံစားရပါတယ်။  


   

Saturday, January 5, 2013

လွတ်လပ်ရေးနေ့ကို လွမ်းလိုက်တာ ၂


(၁၃၇၄ ခုနှစ် နတ်တော်လဆုတ် ၈ ရက်၊ စနေနေ့။)


လွတ်လပ်ရေးနေ့ ကြက်ခွပ်ပြိုင်ပွဲမှာ သမီးငယ်လေးများ အကြိတ်အနယ်ယှဉ်ပြိုင်နေကြစဉ်။ 


ပြီးခဲ့တဲ့နှစ်တုန်းက ဒီလ ဒီအချိန်မှာ ဒီခေါင်းစဉ်လေးနဲ့ပဲ ဒီအကြောင်းကို ရေးခဲ့တာ။ 

ဒီအကြောင်းကို ရေးနေတာတွေ့တော့ အိမ်ရှင်မကတောင် ပြောနေသေးတယ်။

ရေးပြန်ပြီလား တဲ့လေ။

ဒါကြောင့် ပြန်ပြောလိုက်ရတယ်။

ရေးရတာပေါ့၊ နှစ်တိုင်း လွမ်းနေရတာပဲဟာ လို့။


ဟုတ်ပါတယ်။

စာရေးသူကတော့ အခြေအနေ မပေးလွန်းလို့ အကြောင်းမညီညွတ်လို့ မြန်မာပြည်နဲ့ ဝေးနေရသူမို့ ဟိုဟာလေးတွေ့လည်း လွမ်းလိုက်။ ဒီဟာလေးမြင်လည်း လွမ်းလိုက်။ သတင်းသဲ့သဲ့လေး ကြားလိုက်ရလည်း လွမ်းလိုက်။ မြန်မာပြည်က လာကြတဲ့သူတွေကို လေဆိပ်မှာသွားပြီးကြိုတဲ့အခါမှာလည်း လွမ်းလိုက်။ မြန်မာပြည်ကို ပြန်မယ့်သူတွေကို သွားပို့ပြန်တော့လည်း လွမ်းလိုက်နဲ့ နိုင်ငံခြားကိုရောက်မှ ဒီနာတာရှည်အလွမ်းရောဂါကြီး စွဲကပ်နေခဲ့တာ ကြာ ကြာလှပါပကောလား။




"ယောကျာင်္း ဘ,သားဟေ့.." ချောတိုင်တက်ပြိုင်ကြပြီ။








ကဲပါ ကဲပါ … အလွမ်းတွေကို တခဏ ဘေးချိပ်ထားလို့ လွမ်းရတဲ့ဝေဒနာလေးတွေ နင့်နင့်နဲနဲ ခံစားရင်း ဒို့များငယ်ငယ်တုန်းက အကြောင်းတွေကို ပြန်ပြောင်းသတိရပြီး ပီတိဖြစ်ရတာလေးတွေကိုပဲ ပြောကြရအောင်ပါနော်။

လွတ်လပ်ရေးနေ့အကြောင်းပြောတော့ တွံတေးသိန်းတန်ရဲ့  “ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်”ဆိုတဲ့ သီချင်းစာသားလေးလို “ဆောင်းရယ် နှင်းရယ် လွတ်လပ်ရေးနေ့ ရယ်” လို့ ပြောချင်မိတယ်။

စာရေးသူကြီးပြင်းခဲ့တဲ့ ကန့်ဘလူမြို့ တို့ ရွှေဘိုမြို့ တို့မှာ လွတ်လပ်ရေးနေ့ဆိုရင် နံနက် စောစော ချမ်းချမ်အေးအေးနဲ့ နှင်းတွေ မြူတွေ ဝေနေလေ့ရှိတယ်။ တစ်ခါတစ်ခါမှာ ဓာတ်မီးတိုင် တစ်တိုင်နှစ်တိုင်လောက် အကွာအဝေးကို သဲသဲကွဲကွဲ မမြင်ရတော့ဘူး။ နှင်းတွေ မြူတွေနဲ့ မှိုင်းမှုန်လို့နေတာ။  



အားကူးကောက်ပြိုင်ပွဲ ၀င်နွှဲနေကြစဉ်။



တစ်ဗိုလ်ကျ တစ်ဗိုလ်တက်တဲ့ ခေါင်းအုံးရိုက်ပြိုင်ပွဲ။ 




အေးတာကလည်း ကျောထဲက စိမ့်နေအောင်ကို အေးတာ။ အိမ်တိုင်းက နံနက်ခင်းနဲ့ ညနေခင်း တွေမှာ မီးဖိုပြီးတောင် လှုံကြရတာ။ အိမ်အောက်မှာ မီးလှုံနေရင်း အိမ်ခေါင် မိုးတံစက်ြမိတ်ကနေ နှင်းစက်ကလေးတွေ တဖောက်ဖောက်ကျနေတာကို မြင်နေရတယ်။ 

မိုးလင်းစမှာ မြက်တွေနဲ့ သစ် ရွက်တွေပေါ်မှာ နှင်းရည်ဥလေးတွေကို စီစီရီရီတွေ့ရတတ် သေးတာ။ အမတ်ကြီး လက်ဝဲသုန္ဒရရဲ့  “မဲဇာတောင်ခြေ”ရတုထဲက

“ မိုးမပါဘဲ၊
သံဝါဖြောက်ဖြောက်၊
ဆီးနှင်းပေါက်လည်း၊
မိုးလောက် ပြင်းထန်၊
သွန်းချပြန်သော် ” လို့ဆိုလောက်အောင် မပြင်းထန်ပေမယ့် မိမိအဖို့မှာတော့ မှတ်မိ လွမ်း ရ လောက်အောင်ကိုအေးတဲ့ အတွေ့အကြုံတွေပါ။  

အခုလိုချမ်းအေးတဲ့အချိန်မှာ လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲတွေကို သူငယ်ချင်းများနဲ့ ဝေးလားဟားလား ၀င်ပြိုင်ခဲ့ကြရတာ ပြန်တွေးကြည့်မိလေတိုင်း လွမ်းမောကြည်နူးမဆုံး ဖြစ်ရတယ်။ 


ကြိုးတန်းမှာ ချိပ်ထားသောမုန့်ကို မမှီမကမ်း မော့စားရင်း ပြိုင်နေကြတဲ့ ကလေးငယ်များ။


သူနိုင် ငါနိုင် အပြိုင်ဆွဲကြပြီ ..။

အသက်အရွယ်အလိုက် ပြိုင်ပွဲတွေမှာ ငယ်ငယ်တုန်းက ၀င်နွှဲခဲ့တာကတော့ စုံလို့ပါပဲ။ ဘာမှသာ ဟုတ်တိပတ်တိ အဖြစ်မရှိခဲ့တာ။


မုံ့စားပြိုင်ပွဲလည်း ပါလိုက်တာပဲ။ မနိုင်လည်း ဘာဖြစ်တာမှတ်လို့။ အနည်းဆုံး မုန့်တော့ အလကားစားရတာပဲ မဟုတ်လား။

ယောကျာင်္းဝတ်ပုဆိုးကို ကျစ်နေအောင်လိမ်ပြီး ပြိုင်ပွဲဝင်သူနှစ်ယောက်ရဲ့  ခြေကျင်းဝတ် တစ်ဖက်စီကို ပူးချီထားတဲ့ ခြေပူးတွဲပြိုင်ပွဲလည်း ၀င်ပြိုင်ဖူးတယ်။

ဂုံနီအိပ်ထဲ ခြေစုံထည့်ပြီး ဂုံနီအိပ်စကို လက်နဲ့ကိုင်ကာ ခြေနှစ်ဖက်တုံ့ပြီးပြေးရတဲ့ ဂုံနီအိပ် စွပ်ပြိုင်ပွဲကိုလည်း ဘယ်အလွတ်ပေးပါ့မလဲ။



ခြေအတူတူရွေ့ မှ ပြေးလို့ရတဲ့ ခြေပူးတွဲပြိုင်ပွဲ။



ခေါင်းအုန်းရိုက်ပွဲဝင်ပြိုင်တာမှ ကိုယ်ကစပြီး တစ်ချက်နှစ်ချက်လေး ရိုက်လိုက်တာနဲ့ပဲ တစ်ဖက်ကသူက ကိုယ့်ကို မရိုက်ရသေးခင် ကိုယ့်ဖာသာ ဂျွမ်းထိုးမှောက်ခုံ လိမ့်ကျပြီး ရှုံခဲ့ဖူးသေးတယ်။ 

ချောတိုင်တက်တာတော့ ၀င်ပြိုင်ဖို့ နေနေသာသာ ကိုယ့်ဖာသာ စမ်းပြီးတက်ကြည့်တာ မြေကြီးကနေ ကိုယ့်ပခုံးအမြင့်လောက်တောင် မရောက်ခဲ့ပါဘူး။

ရှိသမျှအင်အားတွေ အကုန်ညှစ်သုံးပြီးပြိုင်ရတဲ့ လွန်ဆွဲပွဲလည်း ၀င်ပြိုင်ခဲ့ဖူးတယ်။ အဲဒီတုန်းက မိမိက ပိန်ပိန်သေးသေးလေးမို့ အဖွဲ့လိုက်နိုင်ခဲ့တုန်းက ကိုယ်က အဓိက မဟုတ်ပေမယ့် ရှုံးခဲ့တုန်းကတော့ ကိုယ့်ကြောင့်အတော်လေးပါမယ်လို့ ထင်မိခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် လွတ်လပ်ရေးနေ့ ရောက်လေတိုင်း ငယ်ငယ်တုန်း ကစားခဲ့ကြ ပြိုင်ပွဲဝင်ခဲ့ ကြတာ တကယ်ကို ပျော်စရာကြီးပါ။


**ဓာတ်ပုံအားလုံးကို မြန်မာသတင်းစာများမှ ကူးယူဖော်ပြထားတာပါ။