"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, January 17, 2013

ပဉ္စနာမမြို့ တော် ပြည်ရွှေဘိုသို့


(၁၃၇၄ ခုနှစ် ပြာသိုလဆန်း ၆ ရက်)



ပြည်မြန်မာသို့ မာရသွန်ခရီး (၂)




ငါးမည်ရ ပြည်ရွှေဘို



၁။ မုဆိုးဖို

၂။ ရတနာသိင်္ဃ

၃။ ကုန်းဘောင်
၎။ ရန်ကြီးအောင်
၅။ ရွှေဘို








ကျေးဇူးရှင်မိခင်ကြီး၏ မွေးဇာတိဖြစ်ပြီး မိမိ၏ မွေးဇာတိလည်းဖြစ်တဲ့ ကန့်ဘလူမြို့ မှာ နှစ်နေ့နဲ့ နှစ်ည နေခဲ့ပြီးနောက် ကျေးဇူးရှင်ဖခင်ကြီး၏ မွေးဇာတိဖြစ်သော ရွှေဘိုမြို့ ကို ခရီးဆက်ဖြစ်ခဲ့ပြန်ပါ တယ်။

ကန့်ဘလူမြို့ မှာ နှစ်နေ့နဲ့ နှစ်ညသာ နေခဲ့ရပေမယ့် မိမိရဲ့ ဆွေမျိုးသားချင်များ၊ ငယ်သူငယ်ချင်းများ နဲ့ မိတ်ဆွေအချို့ တို့ကို တွေ့ခဲ့ရ စကားတွေ ပြောခဲ့ရလို့ ကျေနပ်မိပါတယ်။ ပိုပြီးဝမ်းသာစရာ ကောင်းတာက မိမိ၏မိခင်ကြီးဘက်မှ ဦးကြီးဦးလေး အဒေါ် ၁၁ ယောက်ရှိတဲ့အနက်မှ နောက်ဆုံးသက်ရှိထင်ရှားကျန်နေသော အဒေါ်နှစ်ဦး အား တစ်နေရာတည်းမှာ အခြားသော ၀မ်းကွဲညီအစ်ကိုမောင်နှမများနဲ့အတူ သိုက်သိုက် ၀န်းဝန်း တစ်စုတစ်ဝေး ကန်တော့နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အဒေါ်တစ်ဦးက ကန့်ဘလူမှာနေထိုင်ပြီး အခြားတစ်ဦးက မန္တလေးမှာ ရောက်နေတာ ကြာခဲ့ပါပြီ။ အဲဒီအဒေါ်က ကန့်ဘလူကို တရားလာဟောတဲ့ သစ္စာအောင်မြေကျောင်း ထိုင်ဘုန်းကြီး ဦးသြသဓ နဲ့အတူ လိုက်လာလို့ ကန့်ဘလူမှာရှိနေတာဖြစ်တယ်။

စာရေးသူတို့ ကန့်ဘလူကနေ ရွှေဘိုမြို့ ကို သွားဖို့ ကန့်ဘလူ-ရန်ကုန်အဝေးပြေးဘတ်စ် ကားကို စာရင်းကြိုပေးထားပြီးဖြစ်ပေမယ့် ဘုန်းကြီးက “ဒကာကြီး လိုင်းကားနဲ့မသွားပါနဲ့၊ ပင်ပမ်းပါတယ်။ ကျုပ်ကားနဲ့လိုက်ပို့ပေးခိုင်းပါ့မယ်။” ပြောပြီး ဦးပဇင်းတစ်ပါးပါ ထည့်ပေး ကာ မိမိတို့ကို ရွှေဘိုအထိပို့ပေးခဲ့ပါတယ်။     




ရွှေဘိုမြို့ သို့ မထွက်ခွာမီ ကားဒရိုင်ဘာက ပစ္စည်းများ နေရာချပေးသည်။




မိမိတို့၏အိမ်အောက်ထပ်တစ်နေရာမှာ ဇနီးနှင့်ညီမများ စကားလက်ဆုံကြနေသည်။


ပထမတော့ မိမိက “တပည့်တော်တို့ ဘတ်စ်ကားကို ဘွတ်ကင်လုပ်ပြီးပါပြီးဘုရား၊ ဘတ်စ်ကားနဲ့ပဲသွားပါ့မယ်။ နှစ်နာရီလောက်ပဲ စီးရတာ။ မကြာပါဘူးဘုရား။ ဘုန်းကြီးလည်း ဒီမှာ သွားဖို့လာဖို့ ကား လိုဦးမှာပါ” လို့ အားနာနာနဲ့ ငြင်းပေမယ့် ဘုန်းကြီးက သူ့ကားနဲ့ပဲသွားစေချင်တာနဲ့ ဒီဇင်ဘာ ၁၁ ရက် (အင်္ဂါနေ့) နံနက် ၉ နာရီခွဲမှာ ကန့်ဘလူမှ ရွှေဘိုမြို့ သို့ ထွက်ခဲ့ကြပါတယ်။ 

မိမိတို့ဇနီးမောင်နှံနဲ့အတူ မိမိ၏ညီမ ဒေါ်ရီရီမြင့်၊ ရန်ကုန်ကတည်းကလိုက်လာတဲ့ ဇနီး၏ညီမများဖြစ်ကြတဲ့ မခင်မိမိ၊ မခင်မော်မော်နဲ့ မခင်မိုးမိုးတို့ ပါတာမို့ အုပ်စု တောင့်ပါတယ်။ ပျော်လည်း ပျော်စရာကြီးပါ။

ရန်ကုန်က အလာတုန်းက ရွှေဘိုကနေ ကန့်ဘလူကို မြို့ ရဲ့ အရှေ့ ဖက် ကားလမ်းကနေ ငှက်ပျောတိုင်း၊ စပယ်နံ့သာ၊ နတ်အင်း အစရှိတဲ့ရွာတွေကိုဖြတ်ပြီး လာခဲ့တာ။ ယခင်အ ခေါက်တွေတုန်းကလည်း ဒီလမ်းအတိုင်း လာခဲ့တာပါပဲ။

အခုတစ်ခေါက်မှာတော့ ကန့်ဘလူကနေ ရွှေဘိုကို မြို့ ရဲ့ အနောက်ဖက် ကားလမ်းကနေ နတ်ပေးကျေးရွာ၊ ထန်းကုန်းနဲ့ ခင်ဦးမြို့ တွေဖြတ်ပြီး မဟာနန္ဒာကန်တော်ကြီးနားက လာခဲ့ ကြတာ။ ဒီလမ်းက ဒီတစ်ခါပဲ သွားဖူးသေးတာဖြစ်တယ်။ ဒါကြောင့် “အခုသွားမယ့် မြို့ ရဲ့  အနောက်လမ်းက ဒကာကြီးတို့လာခဲ့တဲ့အရှေ့ ဖက်ကလမ်းထက် ပိုကောင်းတယ်”လို့ ဘုန်းကြီးအမိန့်ရှိတာကို သတိတရဖြစ်မိပါတယ်။

နံနက် ၁၁ နာရီခွဲတော့ အထက်မြန်မာပြည်ရဲ့ တံခိုးကြီးဘုရားတစ်ဆူအဖြစ် ထင်ရှားသည့် မောဓောမြင်သာ  မြို့ ထောင့်စေတီဘုရားကြီး၏ အနောက်ဖက်ကားလမ်းကနေ ရွှေဘိုမြို့  ထဲကို ၀င်ခဲ့ကြပါတယ်။



ညီမ မတိုးညွန့်တို့မိသားစုနှင့်အမှတ်တရ ...။



‘လမ်းလေးဂ’ွအနားက ညီမရဲ့ အိမ်ကို အရင်ဝင်ကြတယ်။ နေ့မွန်းလွဲခါနီးပြီမို့ မိမိတို့ကို လိုက်ပို့ပေးသော ဦးပဇင်းအား နေ့ဆွမ်းကပ်ကြရပါတယ်။ ပြီးတဲ့အခါ ညီမကကြိုပြီး ငှား ထားပေးတဲ့ မြို့ မဈေးကြီးအနီးက တည်းခိုခန်းမှာ ပစ္စည်းတွေ သွားထားကြကာ ရွှေဘိုဘူ တာက နာမည်ကြီး ဒန်ပေါက်ကို မှတ်မှတ်ရရ သွားစားဖြစ်ကြတယ်။

ရွှေဘိုဘူတာထဲကို ၀င်သွားပြီး ဟိုကြည့်ဒီကြည့်လျှောက်ကြည့်တော့ လွန်ခဲ့တဲ့အနှစ် ၅၀ 

၆၀ အတွင်းဘာဆိုဘာမှ တိုးတက်ပြောင်းလဲလာတာ မတွေ့ရလို့ စိတ်ထဲတွင် ၀မ်းနည်းခံ 

စားမိတယ်။ အဆောက် အဦကော အတွင်းက အပြင်အဆင်တွေကော နဂိုအတိုင်းပါပဲ။

ဆေးသုတ်ထားတာမျိုးလေးလောက်တောင် မမြင်တွေ့ခဲ့ရပါဘူး။ နံရံတွေကလည်း ညစ် 

ညစ်ပတ်ပတ်ကြီး။။ 

ဘာပဲပြောပြော ဒန်ပေါက်ဆိုင်လေးကို ဟိုတုန်းကအတိုင်း တွေ့မြင်ခဲ့ရတာတော့ ရင်ထဲ

က လွမ်းသလိုလို ကြီးရယ်ပါ။ ဓာတ်ပုံရဲ့  ယာဖက်မှာ တာလပတ်အနီလေးမိုးထားပြီး 

တယ်လီဖုန်းစားပွဲနဲ့ ခွေးခြေခုံအဖြူလေး တွေ့နေရတာ ဒန်ပေါက်ဆိုင်ပါ။ 


 

ဘူတာနဲ့ရထားလမ်းတို့အကြားမှာ အမိုးလေးရှိလာတာကလွဲလို့ ရှေးကအတိုင်းတွေ့ရတဲ့ ရွှေဘိုဘူတာ။ (ဓာတ်ပုံ-ဖိုးတာ)


စာရေးသူတို့ငယ်စဉ် ရွှေဘိုမှာနေတုန်းက အစုန်အဆန်ရထားတွေ ရွှေဘိုဘူတာမှာ ရပ်ပြီ ဟေ့လို့ဆိုတာနဲ့ ခရီးသည်တွေက ဘူတာမှာဆင်းပြီး ကတိုက်ကရိုက် ဒန်ပေါက်စားကြသူ စားကြ၊ ဒါမှမဟုတ် အသင့်ထုပ်ထားတဲ့ ဒန်ပေါက်ထုပ်ကို ပြေးဝယ်ပြီး ရထားပေါ်မှာပဲ အေးအေးလူလူ စကားစမြီပြောရင်း စားကြသူ စားကြလေ့ရှိတယ်။ တစ်ချို့ ကတော့ ကိုယ့် အိမ်အတွက်ပါ ၀ယ်သွားတတ်ကြသေးတာ။ ဒါ့ကြောင့်လားတော့ မပြောတတ်ပါဘူး။ အဲဒီ အခါက ရွှေဘိုဘူတာမှာ ရထားရပ်တာ အတော်လေးကြာသားလား။ ကုန်ပစ္စည်းတွေ အတင်အချလုပ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

တက္ကသိုလ်ကျောင်းတွေပိတ်လို့ ရန်ကုန်ကနေ ကန့်ဘလူကို စာရေးသူပြန်လာတိုင်း ရွှေဘို ဘူတာမှာဆင်းပြီး အမေ့အတွက် ဒန်ပေါက်ဝယ်ခဲ့လေ့ရှိပါတယ်။ 



စာရေးသူ ရွှေဘိုကို မရောက်ဖြစ်တာတော့ အတော်လေးကို ကြာခဲ့ပါပြီ။ 

ဘယ်တုန်းကလဲလို့ မမေးဖြစ်ခဲ့ဘူး။ အခါတိုင်းဆို ရထားဆိုက်တဲ့အချိန်တိုင်း ဘူတာမှာ မြင်းလှည်းတွေ ဆိုက်ကားတွေ အများကြီး တွေ့ရတတ်တာ။ အခုတစ်ခေါက်မှာက ဘူတာ မှာ မြင်းလှည်းတွေကော ဆိုက်ကားတွေကော မမြင် မတွေ့ရတာ ထူးဆန်းနေသလိုပဲ။ တစ်ခုခုလိုနေသလို ခံစားမိရတယ်။

စာရေးသူတို့ ငယ်ငယ်တုန်းက ရွှေဘိုမှာ ‘ရထားလုံး’ဆိုတဲ့ တခါးပါပြီး ခရီးသည် ၂ ဦးစီ မျက်နှာချင်းဆိုင် ထိုင်စီးရတဲ့ မြင်းလှည်းမျိုးပဲရှိတာ။ နောက်ပိုင်းတော့ ကြမ်းမှာပဲ စုထိုင် ကြရတဲ့ မြင်းလှည်းတွေ ရောက်လာပြီး မြင်းလှည်း ၂ မျိုး ၂ စား ရှိလာခဲ့တယ်။ 

ပထမအမျိုးအစားမြင်းလှည်းမျိုးကို မောင်းတဲ့သူက လှည်းခေါင်းမိုးပေါ်ထိုင်ပြီး မောင်းတာ။ ဒုတိယအမျိုးအစားမှာလို ခရီးသည်များနဲ့အတူ တစ်နေရာတည်း မထိုင်ဘူး။ ‘ရထားလုံး’ ခေါ်တဲ့ မြင်းလှည်းမျိုးက စာရေးသူသိရသ၍  အခုအခါမှာ ပြင်ဦးလွင် (ရှေးအခေါ် မေမြို့ ) တစ်မြို့ မှာပဲ တွေ့ရတော့တာ။




ပြင်ဦးလွင်မှာတွေ့ရတဲ့ မြင်းလှည်း။ (ဓာတ်ပုံ - အင်တာနက်) 


တကယ်က ‘ရထားလုံး’ ခေါ်တဲ့ မြင်းလှည်းမျိုးက ပြည်ရွှေဘိုရဲ့  ထူးခြားတဲ့လက္ခဏာတစ်ခု လို့ ပြော နိုင်ပါတယ်။    




ဒေါ်ဖွားသိုက်ကျောင်း

အခုတစ်ခေါက် ရွှေဘိုမြို့ ကိုရောက်တော့ ကိုယ်ငယ်ငယ်တုန်းက နေခဲ့ သွားခဲ့ စားခဲ့တဲ့နေ ရာလေး အချို့ ကို တကူးတက သွားကြည့်ဖြစ်ခဲ့တယ်။ နောက်ပြီး အတူပါလာတဲ့ ဇနီးကို လည်း ပြောပြရတယ်။ သက္ကယ်တန်းရပ်ရှိ ညီမ မတိုးညွန့်ရဲ့ အိမ်ကနေ လမ်းလေးဂွဖက်ကို ထွက်တဲ့ လမ်းထောင့်မှာ မိမိ ပညာသင်ကြားခဲ့တဲ့ “ဒေါ်ဖွားသိုက် မူလတန်းကျောင်း” လေး တစ်ကျောင်း ရှိခဲ့ဖူးတယ်။ 

အခုတော့ မရှိတော့ပါဘူး။ တကယ်က အခုမှ မဟုတ်ပါဘူး။ ၁၉၆၂ ခုနှစ် မတ်လမှာ တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီးနောက် ပိုင်းကတည်းက မရှိတော့တာပါ။ စာ ရေးသူက ဒေါ်ဖွားသိုက်ကျောင်းမှာ ၃ တန်းအထိ နေခဲ့ဖူးတာ။


အဲဒီတုန်းက ကျောင်းနေဖက်တစ်ချို့ လည်း ဆုံးသွားခဲ့ကြပြီ။ တစ်ချို့ တော့လည်း မတွေ့ တာကြာလို့ လုံးဝ မမှတ်မိတော့ဘူး။ ဘယ်တွေကို ရောက်နေကြမှန်းလည်း မသိရဘူး။ 



မန္တလေးမှာ မိမိအားလာရောက်တွေ့ဆုံကြသော physiotherapist များနဲ့ သူငယ်ချင်း ဒေါက်တာကျော်ဌေး။


သူငယ်ချင်း ကိုကျော်ဝင်နဲ့ ရန်ကုန်မှာ တွေ့ခဲ့ရတယ်။ 


ယနေ့အထိ တွေ့နေကြရသေးတဲ့ မိမိ၏အရင်းနှီးဆုံး သူငယ်ချင်းဆိုလို့ နှစ်ဦးပဲ ရှိကြတော့ တာ။ တစ်ဦးက ရွှေဘိုမြို့ နယ်သ မ၀ါယမဦးစီးမှူးတာဝန်ကနေ အနားယူသွားတဲ့ ကိုကျော် ၀င်းဖြစ်ပြီး နောက်တစ်ဦးကတော့ ယခုအခါ အရှေ့ မလေးရှားက ဆာဘားပြည်နယ်ရှိ ကို တာကင်နာဘာလူး (Kota Kinabalu) တက္ကသိုလ်မှာ တွဲဖက်ပါမောက္ခလုပ်နေတဲ့ ဒေါက် တာကျော်ဌေး (ယခင် လက်ပိုင်းခွဲစိတ်အထူးကုဆရာဝန်ကြီး၊ ကြည့်မြင်တိုင် အရိုးရောဂါ ကုဆေးရုံကြီး၊ ရန်ကုန်) တို့ဖြစ်ကြတယ်။ အားလုံး ရွှေဘိုသားတွေ။



တန်းလတ်ကျောင်း

ရွှေဘိုမှာရောက်တုန်း စာရေးသူ သွားကြည့်ဖြစ်တဲ့ နောက်တစ်နေရာကတော့ ယခု အထ က(၂) ရှိနေတဲ့ ဟိုတုန်းက “တန်းလတ်ကျောင်း” နေရာလေးပဲဖြစ်တယ်။ 

ဓာတ်ဆီဆိုင်လုပ်ငန်းလုပ်နေတဲ့ ညီဝမ်းကွဲတစ်ဦးက ကားနဲ့ဒရိုင်ဘာပေးထားလို့ သွားချင် တဲ့ နေရာလေးတွေကို သွားပြီးကြည့်နိုင်ခဲ့တာ။ တန်းလတ်ကျောင်းမှာ သူငယ်ချင်းကို ကျော်ဝင်းနဲ့အတူ ပဉ္စမတန်းကနေ သတ္တမတန်းအောင်တဲ့အထိ ပညာသင်ကြားခဲ့တာ။

ကျောင်းက မြေစိုက်တစ်ထပ်ဆောင်လေးတွေ ဖြစ်တယ်။ စာသင်ခန်းတွေရဲ့ ဘေးမှာကပ် ပြီး စက်ဘီးတွေထားဖို့ အမိုးလုပ်ထားပေးတယ်။ ကျောင်းဝတ်စုံကတော့ ကျောင်းစိမ်းရယ် ပါ။ စာရေးသူရဲ့ အသိထဲမှာ ဒီကျောင်းကမြတ်ဆရာများကို ယနေ့အထိ ရိုသေ လေးစားစွာ အမှတ်တရ ရှိနေဆဲဖြစ်ပါတယ်။

ဖခင်ကြီးက ပြည်သူ့ရဲဝန်ထမ်းဖြစ်တဲ့အတွက် စာရေးသူတို့မိသားစုသည် ရဲစခန်းဝင်းထဲမှာ နေကြတာမို့ မြို့ အရှေ့ ဖက် သရက်ခြံအရပ်မှာရှိတဲ့ တန်းလတ်ကျောင်းကို နေ့စဉ်စက်ဘီး နဲ့ သွားတက်ခဲ့ရတာ။ တစ်ချို့ လည်း ခြေကျင်(လမ်းလျောက်)လာကြတယ်။    


အထက်မီး အောက်မီးမုန့်ဆိုင်

ရွှေဘိုရဲစခန်းဝင်းရဲ့ တောင်ဖက်ဝင်းတံခါးအနားက မန်ကျီးပင်ကြီးတွေအောက်မှာ အ ထက်မီး အောက်မီး (‘ထမီးအောက်မီး’လို့ အသံထွက်တယ်) မုန့်ဆိုင်လေးရှိခဲ့တယ်။ 

အခုသွားကြည့်တော့ မတွေ့ရတော့ဘူး။ ပိုလို့ဆိုးတာက ရွှေဘိုက လူတစ်ချို့ ကို မေး ကြည့်တာတောင် ဒီမုန့်ကို ရေရေရာရာ မမှတ်မိကြတော့ဘူး။ ရင်နာလိုက်တာ စိတ် မကောင်းဖြစ်မိတာ မပြောပါနဲ့တော့။ ဒီလို လူတွေ မမှတ်မိတော့တဲ့မုန့်မျိုးကိုမှ မှတ်မိ ရကောင်းလားဆိုပြီး ကိုယ့်ကိုယ်ကိုတောင် အပြစ်တင်ရ မလိုပဲ။

အခုခေတ်ဆေးပညာရှုထောင့်က ပြောရရင် အလွန်တရာမှကို ကျန်းမာရေးနဲ့ညီညွတ် တဲ့မုန့်လို့ ရဲရဲကြီး ပြောနိုင်တယ်။ ဆန်မှုံ့နဲ့ ထန်းလျက်(ထညက်)ပဲ ပါတာ။ အိုးက အာ ပုံလုပ်တဲ့ ဒယ်အိုးအသေး မျိုး။ အပေါ်ကဖုန်းတာက မီးအပူပေးထားတဲ့ မြေအိုးအဖုန်း။ ဒါပါပဲ။ မုန့်က အာပုံနဲ့ အကြမ်းဖျင်း တူ သရောင်ရှိပေမယ့် သူရဲ့ အလယ်သားက အာပုံ ထက်ပိုကြီးပြီး ထိပ်ကခပ်ချွန်ချွန်လေး။ ဘေးသားက တော့ အာပုံလို ပါးပါးကျွတ်ကျွတ်ပါ။  

ညီအစ်ကိုမောင်နှမတွေအထဲမှာ မိမိက အကြီးဆုံးဖြစ်လို့ အမေ့ကို အိမ်အလုပ်တွေ နေ့ စဉ်နေ့တိုင်း  ၀ိုင်းလုပ်ပေးခဲ့ရတယ်။ နံနက်စောစောမှာ တစ်အိမ်လုံးစားဖို့ မုန့်သွားဝယ် ပေးရတယ်။ ရဲစခန်းဝင်းအထွက်က အဒေါ်ကြီးရဲ့  ထမီးအောက်မီးမုန့်ဆိုင်၊ ဒါမှမဟုတ်ရင် ဘီအိုစီဓာတ်ဆီဆိုင်နဲ့ ဓါးလွယ်ခုတ်က ပလက်ဖောင်းပေါ်မှာရှိတဲ့ ကုလားမကြီးရဲ့  အာပုံ ဆိုင်တွေကို စက်ဘီးနဲ့သွားဝယ်ရလေ့ရှိ တယ်။


ရဲစခန်း

စာရေးသူငယ်စဉ်က ရွှေဘိုမြို့ မှာနေခဲ့တဲ့နှစ်တွေဟာ ရဲစခန်းဝင်းထဲမှာဖြစ်တယ်။ 

ဒီရဲစခန်းထဲမှာကိုပဲ အိမ် ၃ အိမ်ပြောင်းပြီး နေခဲ့ဖူးတာ။ ဖခင်ကြီး တစ်ခါရာထူးတိုးရင် တစ်အိမ်ပြောင်းခဲ့ကြရတယ်။ ရဲစခန်းအတွင်းမှာဆိုတော့ မဝေးလှပါဘူး။ တစ်ချို့ အိမ် တွေက ယခင်ကအတိုင်းရှိနေကြသေးရဲ့ ။ 

ရဲစခန်းဝင်းထဲမှာ မိမိတို့ငယ်ငယ်က ဆော့ကစားခဲ့ကြလေ့ရှိတဲ့ ကြေးသွန်းအမြှောက်ကြီး ကို သွားကြည့်တာ မတွေ့ရတော့ဘူး။ အဲဒီကြေးသွန်းအမြှောက်ကြီးက ဒုတိယကမ္ဘာစစ် တုန်းက တကယ့်အမြှောက်ကြီးဖြစ်တယ်။ သုံးလို့မရတော့တာကြောင့် ရဲသင်တန်းကျောင်း ရဲ့ ရှေ့ မှာ ကွန်ကရစ် အောက်ခံလုပ်ပြီး တင်ထားတာ။

ရေနံချေးရောင်မှိုင်းနေတဲ့ ပျဉ်ထောင်နှစ်ထပ်ရဲသင်တန်းကျောင်းကြီးနဲ့ ကြေးအမြှောက် ကြီးတို့က ပဏာရချေသေးတော့။

နောင်မှာ စာရေးသူ အရွယ်ရောက်လာပြီး အက်လစ္စတာ မက္ကလင်း၏ နာမည်ကျော် ၀တ္တုဖြစ်တဲ့ The Guns of Navarone ကို အန်ထော်နီကွင်း၊ ဂရယ်ဂေါ်ရီပက်နဲ့ ဒေးဗစ်နီ ဗင်တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ စစ်ကားကြီးကို ကြည့်ရတဲ့အခါ အဲဒီဇာတ်ကားထဲက ဧရာမအမြှောက်ကြီး ၂ လက်ဟာ စောစောကကြေးသွန်းအမြှောက်ကြီးနဲ့တူနေလို့ အမှတ် ရမိသေးတယ်။          








No comments:

Post a Comment