"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, April 30, 2023

အမှတ်တရလေးတွေ ပြောကြည့်ချင်တယ်

 



အသက်တွေကြီးလာပြီး လူ့လောကထဲမှာနေနေရတဲ့နှစ်တွေက အတော်လေးကိုများလာတော့

ကြုံရဆုံရ ကြားရတွေ့ရ မြင်ခဲ့ရတာတွေကလဲ အများသားပါပဲ။

ဝမ်းသာစရာ ကြည်နူးစရာ ပျော်ရွှင်စရာများရှိခဲ့သလို စိတ်ပျက်စရာ ၀မ်းနည်းစရာ ပူပန်စိုးရိမ်စ

ရာများလဲ မနဲမနောကြီးပါ။

ခြုံပြီးပြောရရင် အများသူငါတွေကြုံတွေ့ခံစားရတဲ့အတိုင်း အတူတူပါပဲလို့ပြောရမှာပါ။ 

ပိုပြီးထူးထူးခြားခြားကြီးကောင်းခဲ့တာတွေမရှိသလို တကယ်ကိုဆိုးဆိုးဝါးဝါးကြီးတွေလဲမကြုံခဲ့ရ

ဘူးလို့ ယေဘုယျပြောနိုင်မယ်ထင်မိပါတယ်။

ဘ၀ကံအကျိုးပေးရှိသလောက်ပေါ့။

အရာအားလုံးကို ကိုယ်တတ်နိုင်တာ ကိုယ်လုပ်နိုင်တာချည်းမှမဟုတ်တာပဲလေ။











ဘာပဲဖြစ်ဖြစ် မိမိဖြတ်သန်းခဲ့ရတဲ့ဘ၀ထိုထိုဖြစ်မျိုးစုံများကို ချင့်ချိန်နှိုင်းဆကြည့်ရင် ကျေနပ်တယ်

လို့ခံစားမိတာတော့အမှန်ပါ။







ဆက်ပြီးရေးပါဦးမည်။




Thursday, April 27, 2023

ကျွန်းသာယာသတင်းစဉ် (၇၂)

 





  




         




     



***








***




မင်းအောင်လှိုင်ဟာ ...

ဥပဒေနဲ့မညီတဲ့ မတရားစစ်အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌအဖြစ် ကိုယ့်ကိုယ်ကိုအတင်းခန့်အပ်
ထားတဲ့ (ပင်စင်ယူဖို့)သက်တမ်းလွန်နေပြီး သူ့ကိုဘယ်သူကမှခန့်အပ်မထားပဲ (တပ်ထဲမှာ)
သူ့လိုထူးချွန်ပြီးစွမ်းဆာင်နိုင်သူမရှိလို့ သူ့ကိုယ်သူခန်ကာ ဆက်လက်ထမ်းဆောင်ရ
ပါတယ်ဆိုတဲ့ယုံတမ်းစကားနဲ့တပ်မတော်ကိုမောင်ပိုင်စီးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
အတင်းလုပ်နေတဲ့လူတယောက်ရဲ့ မှားယွင်းမိုက်မဲတဲ့၊ ဆိုးဝါးရက်စက်တဲ့၊ ကျင့်ဝတ်ဥပဒေမှန်သ
မျှကို ဖောက်ဖျက်ကျူးလွန်နေတဲ့နိုင်ငံတကာက စစ်ရာဇ၀တ်ကောင်အဖြစ် နိုင်ငံတကာကစွတ်
စွဲခံရလောက်သည်အထိ ဖောက်ပြန်တဲ့လမ်းစဉ်တွေကို သူတို့တွေ (စစ်ဗိုလ် စစ်သည်တွေက 
လိုက်ပါလုပ်ဆောင်နေကြရတယ်။







































                                    






















***



















 - ကျန်းမာရေးနှင့်ဆေးပညာသုတ - 
----------------------------------------------






ဒီကနေ့မနက်စောစော အလုပ်အားရက်မှာ The Straits Times သတင်းစာကိုဖတ်သည့်အခါ The 
Big Story ကဏ္ဍတွင် More taking DNA tests to predict health risks ဆိုသည့်ခေါင်းစဉ်ကိုတွေ့
သဖြင့် စိတ်ဝင်တစားဖတ်မိသည်။ 
ဖတ်ပြီးသောအခါ မိမိရရှိသည့်ဆေးပညာဗဟုသုတအကြောင်း ကျွန်းသာယာစာဖတ်ပရိတ်သတ်
အား မျှဝေပေးလိုပါသည်။  

မျိုးဗီဇစစ်ဆေးခြင်းဆိုသည်မှာ ဂျင်း(gene)၊ ခရိုမိုဇုန်း(chromosomes) ဒါမှမဟုတ် ပရိုတိန်း(proteins)
တွေမှာ ပြောင်းလဲမှုဖြစ်သည်များကို ဆေးပညာဖြင့်စစ်ဆေးဖော်ထုတ်ခြင်းဖြစ်သည်။

ယင်းသို့စစ်ဆေးခြင်းဖြင့်ရရှိလာသည့်အဖြေများသည် မျိုးရိုးဗီဇကြောင့်ဖြစ်တတ်သည့် ရောဂါများအ
ပေါ်မူလက သံသရရှိမှုကို အတည်ပြုပေးခြင်း(confirm) သို့မဟုတ် မဟုတ်မှန်ကြောင်း(rule out) သိ
ရှိနိုင်လေသည်။














တဖန် ထိုသူအနေဖြင့် မျိုးဗီဇရောဂါတစ်မျိုးမျိုးဖြစ်နိုင်မှု သို့မဟုတ် ဆင့်ပွားပေးနိုင်မှု ရှိမရှိကိုလည်း 
စဉ်းစားဆုံးဖြတ်ရန် အထောက်အကူပြုစေပါသည်။ 

ယခုအချိန်တွင် မျိုးဗီဇစစ်ဆေးမှုပေါင်း(genetic tests) ၇၇,၀၀၀ ကျော်ကိုပြုလုပ်လျက်ရှိပြီး နောက်
ထပ်စစ်ဆေးမှုအသစ်များလည်း တည်ထွင်ပြုလုပ်နိုင်ဦးမည်ဖြစ်သည်။

မျိုးဗီဇစစ်ဆေးခြင်းသည် လူတစ်ဦးတယောက်စီ၏ကိုယ်ပိုင်ဆန္ဒသဘောထားအရသာ(voluntary)
လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းစစ်ဆေးမှုကြောင့် ကျန်းမာရေးဆိုင်ရာအကျိုးအမြတ်များရှိနိုင်သကဲ့သို့ 
သိရှိနိုင်သည့်အဖြေများတွင် အကန့်အသတ်များရှိနေကြောင်းနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်း၊ စီးပွားရေး
ဆိုင်ရာဆိုးကျိုးများ(emotional, social and financial consequences)အား ကြုံတွေ့ရဖွယ်ရှိကြောင်း
ကိုလည်းသတိချပ်သင့်ပါသည်။ 















***











ဆက်ပြီးရေးပါဦးမည်။