"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, April 7, 2023

ကျွန်းသာယာသတင်းစဉ် (၇၁)




ကန့်ဘလူမြို့ နယ် ပဇီကြီးကျေးရွာကို
စစ်ကောင်စီအကြမ်းဖက်တပ်က
ရက်စက်ယုတ်မာစွာ လေကြောင်းမှဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ခဲ့ကြောင်းဝန်ခံ



- ကုလသမဂ္ဂနှင့်အင်အားကြီးအနောက်နိုင်ငံများက အကြမ်းဖက်စစ်တပ်ကို ပြင်းပြင်းထန်ရှုတ်ချကြ
လျက် ထိုအကြမ်းဖက်လုပ်ရပ်အတွက် တာဝန်ခံရမည်ဟုတောင်းဆိုလိုက်ကြောင်း(အေအက်ဖ်ပီသ
တင်းဌာန(Agence France-Presse) ကရရှိသောပြည်တွင်းသတင်းများနှင့်ဒေသခံမျက်မြင်သက်
သေအား ဆက်သွယ်ပြောဆိုချက်များအရသိရသည်။ 

ကုလသမဂ္ဂ၏လူ့အခွင့်အရေးကြီးမှူး Volker Turk က "စစ်ကောင်စီ၏လူမဆန်သောဗုံးကြဲတိုက်
ခိုက်မှုကို တုန်လှုပ်ခြောက်ခြားမိကြောင်း၊ အသက်ဆုံးရှုံးကြရသူများတွင် ကပြဖျော်ဖြေနေသည့်
ကျောင်းသားကျောင်းသူလူမမယ်လေးများပါဝင်နေကြောင်း"ပြောသည်။  



































                                               



***



***



                 














                 
     








- တပ်မတော်က ၀ါဒဖြန့်လုပ်ကြံရေးသားထားတဲ့ဖြစ်စဉ်တွေဆိုတာ မြန်မာပြည်သူတွေအားလုံး သက်
သေရှိပါတယ်။
- (စစ်)အစိုးရဘက်က တစ်ဖက်သတ်ဖိအားပေးနေတာကို ငြိမ်းချမ်းစွာနေထိုင်လိုတဲ့သာမန်ပြည်သူတွေ
ဘယ်လိုမှလက်ခံလို့မရနိုင်ဘူး။





'နိုင်ငံတကာ'ဆိုတဲ့စကားကလဲ ပြောလိုက်ရတာ ခဏခဏ။ 
မတန်မရာ အတော်လေးလျှာတွေ့နေပုံရတယ်။
သူ့အဘတောင် နိုင်ငံတကာက လူရာမသွင်း အဖက်မလုပ်ကြတော့တာ ဘယ်လောက်ကြာနေပြီလဲ။



          

သူ့စာမျိုးကိုလား နိုလင်းဟေဇာလိုအဆင့်က ဖတ်မှာ။
နိုင်ငံတကာကသိရှိအောင်ဆိုတာကလဲ ပါလိုက်သေးတယ်။ 
တကယ်ကို စိတ်ဓာတ်ပါပဲ။






No comments:

Post a Comment