"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, September 27, 2020

ကျွန်းသာယာ သတင်းစဉ် (၁၄)

 

                         



***






    အရေးကြီးသတင်း   
  
အောက်တိုဘာ ၁ ရက် ၂၀၂၀ (ည ၈ နာရီ)


ကိုဗစ်-၁၉ ဒီရေလှိုင်း (၁ -၁၀-၂၀)

(မို့ နယ်များတွံတေး-၅၇၊ မင်္ဂလာဒုံ/ဒလ- ၅၆ မြောက်ဥက္ကလာပ- ၅၄ လှိုင်သာယာ- ၅၃၊ ကျောက်တန်း--၅၂၊ ရွှေပြည်သာ- ၅၀ အင်းစိန်/
ဗိုလ်တထောင်- ၄၆၊ သာကေတ- ၂၉၊ တောင်ဥက္ကလာပ- ၂၈၊ လမ်းမတော်- ၂၀၊ ဒဂုံဆိပ်ကမ်း= ၁၅ ဒဂုံမြို့ သစ်(အရှေ့ ပိုင်း)/မှော်ဘီ- ၁၄၊ 
လှိုင်/မရမ်းကုန်း- ၁၃၊ သင်္ဃန်းကျွန်း/ဒဂုံမြို့ သစ်(တောင်ပိုင်း)/သုံးခွ၁၀၊    

ရန်ကုန်တိုင်း၇၈၆  မန္တလေး၊ ကချင်၊ ရခိုင်ပြည်နယ်၂၅၊ 
ပဲခူးတိုင်း၂၁၊ 
ဧရာဝတီတိုင်း၆၈
 မွန်ပြည်နယ်တနင်္သာရီ- ကရင်/ရှမ်း(မြောက်)/နေပြည်တော်၊ ရှမ်း(တောင်)စစ်ကိုင်းတိုင်း၁၉ 
ကယားပြည်နယ်- ပိုးတွေ့လူနာမရှိ 






ဂျပန်နှင့်တိုင်ပေနိုင်ငံတို့အခက်အခဲတွေ့နေသည့်  မြန်မာနိုင်ငံသားများကို 
ပြန်လည်ခေါ်ဆောင်ပေးခဲ့



နိုင်ငံတကာခရီးသည်လေယာဉ်များပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေ
ရသော မြန်မာနိုင်ငံသား (၁၅၈) ဦးအား တိုကျိုမြို့ မှ All Nippon Airways(ANA) လေကြောင်းကယ်ဆယ်ရေးလေ ယာဉ်ဖြင့် ၈ ကြိမ်မြောက်ပြန်လည်ခေါ်ဆောင်လာခဲ့ရာ အောက်တိုဘာ ၁ ရက် ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။  

ထို့အပြင် တရုတ်(တိုင်ပေ)  တာဝန်ပြီးဆုံးသဖြင့်ပြန်လည်ထွက်ခွာလိုသော မြန်မာသင်္ဘောသား ၂၁ ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) လေကြောင်းကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ အောက်တိုဘာ ၁ ရက် ညနေ ၅ နာရီ ၂၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။  


အဂတိလိုက်စားမှုများ တိုင်ကြားရန်လိပ်စာ



အဂတိလိုက်စားမှုများ တိုင်ကြားရန် Online နှင့်စာပို့လိပ်စာ




စက်တင်ဘာ ၃၀ ရက် ၂၀၂၀ (ည ၈ နာရီ)






မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်
MRTV ဂုဏ်ပြုဖျော်ဖြေပွဲ သောကြာညတိုင်းပြသနေ




စက်တင်ဘာ ၂၉  ရက် ၂၀၂၀ (ည ၈ နာရီ)



ကိုဗစ်-၁၉ ဒီရေလှိုင်း (၂၉ -၉ -၂၀)

(မို့ နယ်များမင်္ဂလာဒုံ- ၇၈ ကမာရွတ်- ၅၁ ဒေါပုံ- ၃၉ လှိုင်- ၃၈ မြောက်ဥက္ကလာပ- ၃၅ ပန်းဘဲတန်း၃၄ 
လမ်းမတော်/ရွှေပြည်သာ/စမ်းချောင်း- ၃၀၊ သန်လျင်၂၈၊ လှိုင်သာယာ- ၂၇၊ ဒလ- ၂၆ ကြည့်မြင်တိုင်/တာမွေ- ၂၅၊ 
ရန်ကင်း၂၀၊ တောင်ဥက္ကလာပ၁၈၊ မရမ်းကုန်း- ၊ မင်္ဂလာတောင်ညွန့်/မှော်ဘီ- ၁၃ သင်္ဃန်းကျွန်း၁၂၊ 
လုံ- ၁၁၊ ဒဂုံ- ၁၀

ရန်ကုန်တိုင်း၇၈၄ ရခိုင်ပြည်နယ်၄၆၊ ဧရာဝတီတိုင်း၂၉ ၊ မန္တလေး၁၇၊ 
ပဲခူးတိုင်း၆၀ 
 မွန်ပြည်နယ်၁၁၊ နေပြည်တော်၊ ချင်းပြည်ယ်-၁၆၊ မကွေး၊ 
 ကရင် ကယားပြည်နယ်- ပိုးတွေ့လူနာမရှိ



၃၀-၉ -၂၀ ကစပြီး ယာယီပိတ်လိုက်ပြီ



စက်တင်ဘာ ၂၈ ရက် ၂၀၂၀ (ည ၈ နာရီ)



ကိုဗစ်-၁၉ ရောဂါပိုး မကူးစက်စေရန်
မဖြစ်မနေရှောင်ကြဉ်ရမည်များကို
တိတိကျကျလိုက်နာသင့်


ဈေးတွေမှာ စည်းမျဉ်းစည်းကမ်းများကို
တင်းတင်းကျပ်ကျပ်လိုက်နာမှုနည်းနေသေး

ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌ 

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ။

***


ကိုဗစ်-၁၉ ဒီရေလှိုင်း (၂၈-၉ -၂၀)

(မို့ နယ်များလှိုင်သာယာ- ၊ မြောက်ဥက္ကလာပ- ၅၃ ဗဟန်း-၃၈ မင်္ဂလာဒုံ- ၃၀ မင်္ဂလာတောင်ညွန့်- ၂၅ ဒလ- ၂၃ 
ကြည့်မြင်တိုင်- ၂၈ ကျောက်တန်း- ၁၇၊ လှိုင်- ၁၆ ပုဇွန်တောင်- ၁၅၊ ပန်းဘဲတန်း/သာကေတ/အင်းစိန် -၁၂၊ 
တာမွေ/တောင်ဥက္ကလာပ/မရမ်းကုန်း/သင်္ဃန်းကျွန်း၁၁၊ သန်လျင်/ကွမ်းခြံကုန်း -၁၀၊ 

ရန်ကုန်တိုင်း၄၇၃ ရခိုင်ပြည်နယ်၁၉၀၊ ဧရာဝတီတိုင်း၊ မန္တလေး၁၀၊ 
ပဲခူးတိုင်း၂၅ 
စစ်ကိုင်းတိုင်း
 မွန်ပြည်နယ်၁၄၊ နေပြည်တော်၁၁ချင်းပြည်ယ်-၊ 
မကွေး၊ 
တနင်္သာရီတိုင်းဒေသကြီး- ၊ ကချင် ကယားပြည်နယ်- ပိုးတွေ့လူနာမရှိ





ကမ ၻာ့နိုင္ငံအသီးသီးမွ 
မြန်မာနိုင်ငံသို့လာရောက်
ကြမည့် ခရီးသွားများအပေါ်
ယာယီကန့်သတ်ချက်ထုတ် 
ပြန်ထားခြင်းအား သက်တမ်း
တိုးမြှင့်လိုက်ခြင်း
   




Volunteer Medical Service ပေးလိုသော် 


ပါမောက္ခဒေါက်တာဇော်ဝေစိုး 
(ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၁)


 မန္တလေးဆေးရုံကြီးများသို့
ကမ္ဘောဇဘဏ်က ကိုဗစ်-၁၉ အတွက် ပစ္စည်းနှင့်ငွေများလှူ    

မြန်မာ့အလင်း (၂၉ -၉ -၂၀)

ကမ္ဘောဇဘဏ်သည် စက်တင်ဘာ ၂၈ ရက်က မန္တလေး ခုတင် ၃၀၀ ပြည်သူ့ဆေးရုံကြီးနှင့်ကန်တော်နဒီဆေးရုံကြီးများသို့ နှာခေါင်းစည်း နှစ်သိန်း၊ ခေါင်းစွပ် ၅၀၀၀၊ မျက်နှာအကာ ၂၀၀၀၊ လက်အိတ် ၃၀၀၀၀၊ လက်သန့်ဆေးရည်ဘူးကြီး ၁၅၀၀၊ မျက်မှန် ၂၀၀၊ ရောဂါကာကွယ်ရေးဝတ်စုံ ၁၀၀၀၊ ကိုဗစ်ရောဂါကူးစက်ကာလတွင် အသုံးပြုနိုင်ရန် ငွေကျပ် သိန်း ၁၀၀ စီကို ပေးအပ်လှူဒါန်းရာ ခုတင် ၃၀၀ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေေ၀ဦးနှင့်ကန်တော်နဒီဆေးရုံအုပ်ကြီး ဒေါက်တာသက်ပိုင်ဦးတို့ကလက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကြောင်းသိရသည်။


ကသာမြို့  ဧရာဝတီမြစ်ရေမြင့်တက်
ကမ်းနားနေထိုင်များကို သတိပေးနှိုးဆော်နေ

စက်တင်ဘာ ၂၇ ရက် မွန်းလွှဲ၁၂ နာရီခွဲတိုင်းတာချက်အရ 
ကသာမြစ်ရေသည် စိးရိမ်ရေမှတ်သို့ရောက်လာနိုင်သဖြင့် 
မြစ်ကမ်းဘေးနှင့်မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့်ကျေးရွာ
သူကျေးရွာသားတို့အား သတိပြုနေထိုင်ကြရန် ကသာမြို့  
နယ်မီးသတ်စခန်းက အသိပေးနှိုးဆော်လျက်ရှိသည်။


မြစ်ကြီးနား၊ ဗန်းမော်နှင့်ရွှေကူမြို့ များတွင်လည်း မြစ်ရေများမြင့်တက်နေကြောင်းသိရသည်။


စက်တင်ဘာ ၂၇ ရက် ၂၀၂၀ (ည ၈ နာရီ)



ကိုဗစ်-၁၉ ဒီရေလှိုင်း (၂၇-၉ -၂၀)

(မို့ နယ်များလှိုင်သာယာ-၆၅တွံတေး-၆၃မြောက်ဥက္ကလာပ-၅၇မင်္ဂလာဒုံ-၃၉အင်းစိန်-၃၈ ကြည့်မြင်တိုင်-၃၀ 
သင်္ဃန်းကျွန်း၂၉  လမ်းမတော်- ၂၇ ပန်းဘဲတန်း-၂၆၊ လသာ- ၂၆ ဒေါပုံ- ၂၅ သာကေတ-၂၄ သန်လျင်- ၂၃ 
လှိုင်- ၂၂ ကျောက်တံတား- ၂၂၊ မင်္ဂလာတောင်ညွန့်- ၂၀၊ 

ရန်ကုန်တိုင်း၇၆၉ ရခိုင်ပြည်နယ်၃၅၊ ဧရာဝတီတိုင်း- ၁၁၊ မန္တလေး- ၊ 
ပဲခူးတိုင်း၁၇ 
စစ်ကိုင်းတိုင်း
 မွန်ပြည်နယ်၁၃၊ နေပြည်တော်၁၅၊ ကရင်ပြည်နယ်-၊ 
မကွေး၊ 
တနင်္သာရီတိုင်းဒေသကြီး- ၊ ကချင်-  ကယားပြည်နယ်- ပိုးတွေ့လူနာမရှိ






အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်သို့
ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးနှင့်အဖွဲ့  သွားရောက်ကြည်ညိုလှူဒါန်း




စက်တင်ဘာ ၂၁ ရက် - သံဃာတော် ၁၂ ပါး ရောဂါပိုးတွေ့ရှိ။
စက်တင်ဘာ ၂၃ ရက် - သံဃာတော် ၆၃ ပါး ရောဂါပိုးတွေ့ရှိ။
စက်တင်ဘာ ၂၅ ရက် - သံဃာတော် ၂၇၅ ပါးနှင့် ကပ္ပိယ ၄ ဦး ရောဂါပိုးတွေ့ရှိ။ 
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ စုစုပေါင်းသံဃာတော် အပါး (၃၅၀)။

လူမှုရေးဝန်ကြီးနှင့်အဖွဲ့ က အင်းစိန်မြို့ နယ် ရွာမပရိယတ္တိစာသင်တိုက် တာဝန်ခံဆရာတော် ဘဒ္ဒန္တဂန္ဓသာရာ
လင်္ကာရနှင့် ဘဒ္ဒန္တပညာဝံသတို့အားဖူးမျှော်လျက် Surgical Mask ၈၀၀၀၊ အ၀တ် Mask ၄၀၀၊ မျက်နှာအကာ ၇၀၀၊ လက်သန့်ဆေးရည် ၄ ဂါလံ၊ လက်သန့်ဆေးရည်(ဘူးသေး) ၂၀၀ နှင့်အလှူငွေကျပ်သိန်း ၁၀၀ တို့ကို ဆက်ကပ်လှူဒါန်းကြောင်းသိရသည်။




 နှစ်ပတ်အတွင်းအကောင်းဆုံးကြိုးစားလျက်ရှိကြာင်း 
ပါမောက္ခ ဒေါက်တာဇော်ဝေစိုး အသိပေး 




စက်တင်ဘာ ၂၆ ရက် ၂၀၂၀ (ည ၈ နာရီ)


မကွေးတိုင်းဒေသကြီးမှ ကျန်းမာရေးဝန်ထမ်းများကို
 ကိုဗစ်ကာကွယ်ရေးကူညီပေးရန် ရန်ကုန်သို့ ထပ်မံစေလွှတ် 

မြန်မာ့အလင်း (၂၇-၉ -၂၀)

ရန်ကုန်တိုင်းဒေသကြီး၏ ကိုဗစ်-၁၉ ကုသစောင့်ရှောက်မှုလုပ်ငန်းများကို အားဖြည့်ကူညီပူးပေါင်းဆောင်ရွက်ပေးရန် မကွေးတိုင်းဒေသကြီးမှ ဆရာဝန်နှင့်သူနာပြုဆရာ ဆရာမများကို  စက်တင်ဘာ ၁၄ ရက်က ၁၉  ဦး၊ စက်တင်ဘာ ၂၂ ရက်က ၄ ဦး၊ စက်တင်ဘာ ၂၆ ရက်က ၃၀ ဦး (မေ့ဆေးအထူးကု ၁၀ ဦး၊ အထက်တန်းသူနာပြုနှင့်သူနာပြုဆရာ ဆရာမ ၂၀ ဦး - ဓာတ်ပုံ) စေလွှတ်ခဲ့ကြောင်းသိရသည်။


ကိုဗစ်-၁၉ လူနာနှင့်ထိတွေ့ဆက်စပ်သူများထားမည့်နေရာ
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကြည့်ရှုစစ်ဆေး 

မြန်မာ့အလင်း (၂၇-၉ -၂၀)

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် ရန်ကင်းပညာရေးကောလိပ်တို့တွင်ထားရှိမည့် ကိုဗစ် -၁၉ လူနာများနှင့်ထိတွေ့ဆက်စပ်သူများအတွက် ပြင်ဆင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆေးတက္ကသိုလ်(၁)ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့်တာဝန်ရှိသူများသည် စက်တင်ဘာ ၂၅ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးသည်။    



  


အခက်အခဲတွေ့ မြန်မာနိုင်ငံသားများကို 
ဂျော်ဒန်နိုင်ငံမှပြန်လည်ခေါ်ဆောင်ပေးခဲ့

နိုင်ငံတကာခရီးသည်လေယာဉ်များ ပျံသန်းမှုယာယီရပ်

ဆိုင်းထားခြင်းကြောင့် ဂျော်ဒန်နိုင်ငံတွင်အခက်အခဲကြုံ

တွေ့နေရသောမြန်မာနိုင်ငံသား (၁၇၄) ဦးအား မြန်မာ

ပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး

လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 

Sidney Apparel ကုမ္ပဏီမှ ၁ ဦး၊ Rich Pine ကုမ္ပဏီမှ ၁၁ ဦး၊ Century Miracle ကုမ္ပဏီမှ ၁၄ ဦးနှင့် Camel and Vega ကုမ္ပဏီမှ ၁၄၈ ဦး စုစုပေါင်း (၁၇၄) ဦးဖြစ်သည်။ 


လွတ်တော်နှင့်ရွေးကောက်ပွဲသတင်း

အောက်တိုဘာ ၁ ရက် ၂၀၂၀







မြန်မာ့အလင်း (၂၇-၉ -၂၀)
ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်စန်းစန်းကျော့


ပါတီဥက္ကဋ္ဌဦးအောင်ကျော်ဇော
ဦးအောင်ကျော်ဇော၏ဓာတ်ပုံ မပါရှိပါ။ (ကျွန်းသာယာအယ်ဒီတာ)

***


အမျိုးသမီးများအား အကြမ်းဖက်မှုများ
လူမှုဝန်ထမ်းဦးစီးသို့တိုင်ကြားပြီး ဥပဒေအကြံဉာဏ်ရယူနိုင်ကြပြီ




 မိမိတို့ကို ပညာသင်ပေးခဲ့ကြသည့်ဆရာဆရာမများ၏ဂုဏ်
ကျေးဇူးကို သတိတရရှိနေကြစေရန်အတွက် ကုလသမဂ္ဂ 
ယူနက်စကိုအဖွဲ့က အောက်တိုဘာ ၅ ရက်ကို ကမ္ဘာ့ဆရာ
များနေ့ (Wod Teachers' Day) အဖြစ် ၁၉၉၄ နှစ်ကစပြီး
သတ်မှတ်ကျင်းပခဲ့သည်။   


စာတစ်ကြောင်းသတင်း
(News In One Sentence)


ကျေးရွာကမ်းပြိုကျနေရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး 

မွန်ပြည်နယ် မုဒုံမြို့ နယ် ကတုံးပေါ်ကျေးရွာတွင်ဖြစ်ပွားခဲ့သော ချောင်းအရှေ့ ဖက်ကမ်းပြိုကျမှုနေရာအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းနှင့်တာဝန်ရှိသူများသည် စက်တင်ဘာ ၂၆ ရက်က သွားရောက်ကြည့်ရှုပြီး ရွာသူရွာသားများကို အားပေးစကားပြောကြားကာ ဆန်၊ ဆီ။ ဆား၊ ငါးသေတ္တာများနှင့်ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။ 


မိုးသည်းထန် လေပြင်းတိုက် နေအိမ်များပျက်စီးမှု ၀န်ကြီးချုပ်သွားရောက်ထောက်ပံ့

မြိတ်မြို့ နယ် သဗျာကျေးရွာတွင် စက်တင်ဘာလ ၂၆ ရက်က မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့်ပင်လယ်ဒီရေလှိုင်းရိုက်ပုတ်ခြင်းများကြောင့် နေအိမ် ၁၁ လုံး ထိခိုက်ပျက်စီးခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်မောင်နှင့်တာဝန်ရှိသူများသည် စက်တင်ဘာ ၂၅ ရက်က သွားရောက်ကြည့်ရှုပြီး နေအိမ်လုံးဝပျက်စီးသောမိသားစု (၂) စုအား တစ်အိမ်ထောင်လျှင် ကျပ် ၂ သိန်းစီနှင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးသည့်မိ သားစု (၉ ) စုအား တစ်အိမ်ထောင်လျှင် ကျပ် ၁ သိန်းစီပေးအပ်ကာ ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့်စားနပ်ရိက္ခာဖိုးထောက်ပံ့ငွေများ၊ လက်သမားသုံးပစ္စည်း၊ တစ်ကိုယ်ရေသုံးပစ္စည်းနှင့်တာပေါ်လင်တို့ကို 
ပေးအပ်ခဲ့ကြောင်းသိရသည်။ 


 တရားဓမ္မ အသိအမြင်  

        

ဓမ္မ (The Teachings of Buddha) ဟူသည် ..



 ဖတ်စရာ မှတ်စရာ 

ကြေးမုံ (၁-၁၀-၂၀)





စိတ်ကျရင် ကိုယ်ခံအားကျတတ်တယ်။ 

ကြေးမုံ (၃၀-၉ -၂၀)

 



စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် စောင့်ကြည့်ဂျာနယ် NewsWatch မှ ထုတ်နှုတ်ဖော်ပြပါသည်။

မူရင်းဆောင်းပါးရှင်များ၏အာဘော်သာဖြစ်သည်။ (အယ်ဒီတာ၊ ကျွန်းသာယာသတင်းစဉ်)











****


 ရွှေ  ငွေကြေး  စက်သုံးဆီ 
                                                               ၂၉ -၉ -၂၀ 









ကျန်းမာရေး





 ကမ္ဘာနှင့်ကိုရိုနာသတင်း 








Globally, as of 5:08pm CEST, 29 September 2020, there have been 33,249,563 confirmed cases of COVID-19, including 

1,000,040 deaths, reported to WHO.







စက်တင်ဘာ ၂၉ ရက် ညနေ ၅ နာရီ ၈ မိနစ်အချိန်အထိ တစ်ကမ္ဘာလုံးတွင် ...

၁) ဓာတ်ခွဲအတည်ပြုလူနာပေါင်း - ၃၃ သန်းကျော် (၃၃,၂၄၉,၅၆၃ ဦး) 

၂) ပိုးတွေ့သေဆုံးလူနာပေါင်း -  သန်းကျော် (၁,၀၀၀,၀၄၀ ဦး) ရှိသွားပြီ။





According to The Guardian newspaper, COVID-19 outbreaks have been reported in at least 50 campuses across Britain. Manchester Metropolitan University has asked around 1,700 students to self-isolate after 127 cases were confirmed. (Photo by Jon Super/Xinhua)



****


သတင်းစဉ် (၁၄) ကို ဆက်လက်ရေးသား သတင်းပေးပို့သွားပါမည်။