"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, September 6, 2020

ကျွန်းသာယာ သတင်းစဉ် (၁၁)





***



အရေးကြီးသတင်း

စက်တင်ဘာ ၁၁ ရက် ၂၀၂၀


စက်တင်ဘာ ၉  ရက်

စက်တင်ဘာ ၆ ရက်



စက်တင်ဘာ ၁၀ ရက် ၂၀၂၀ (မြန်မာ့အလင်း)


စက်တင်ဘာ ၁၀ ရက် ၂၀၂၀။

စက်တင်ဘာ ၁၀ ရက် ၂၀၂၀။


စက်တင်ဘာ ၉ ရက် ၂၀၂၀။


******


စက်တင်ဘာ ၈ ရက် ၂၀၂၀


*******


စက်တင်ဘာ ၆ ရက်





ကိုဗစ်-၁၉ ပိုးတွေ့စံချိန်
 




***




(ည ၈ နာရီ၊ ၅ ရက် စက်တင်ဘာ)
လူနာအသစ် ၃၇ ဦးထပ်တွေ့ သဖြင့်

ဓာတ်ခွဲအတည်ြ့ပုလူနာ စုစုပေါင်း ၁၂၅၃ ဦးရှိသွားပြီ 

  • ရန်ကုန်တိုင်းဒေသကြီး (၂၇) ဦး
  • မန္တလေးတိုင်းဒေသကြီး () ဦး 
  • ရခိုင်ပြည်နယ် () ဦး
  • နေပြည်တော် ()
  • ရှမ်းပြည်နယ်(မြောက်ပိုင်း) () ဦး
  • ဧရာဝတီတိုင်းဒေသကြီး () ဦး


အခက်အခဲတွေ့ မြန်မာနိုင်ငံသားများကို 
ထိုင်းနှင့်အီဂျစ်နိုင်ငံတို့မှပြန်လည်ခေါ်ဆောင်ပေးခဲ့


နိုင်ငံတကာခရီးသည်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ထိုင်းနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား (၆၀) ဦးအား စက်တင်ဘာ ၉  ရက်က ၇ ကြိမ်မြောက်အဖြစ်မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်လည်ခေါ်ဆောင်လာရာ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 

အီဂျစ်နိုင်ငံတွင် အခက်အခဲကြုံတွေ့aနရသော မြန်မာနိုင်ငံသား (၁၂၈) ဦးအား မြန်မာသံရုံး ကိုင်ရိုမှစီစဉ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်လည်ခေါ်ဆောင်လာရာစက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိမည်ဟုသိရသည်။


မြန်မာရွေ့ ပြောင်းလုပ်သား ၂၈၄ ဦး
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြ  

မြန်မာရွေ့ ပြောင်းလုပ်သား ၂၄၅ ဦး(အမျိုးသား ၁၇၈ ဦးနှင့် အမျိုးသမီး ၁၀၆ ဦး)သည် မြ၀တီမြို့  မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် စက်တင်ဘာ ၁၀ ရက်နေ့က ပြန်လည်ဝင်ရောက်လာကြသည်။
ယခုနှစ်မေ ၁ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့်ရွေ့ ပြောင်းလုပ်သား စုစု ပေါင်း ၇၆၆၅၁ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။


မြန်မာရွေ့ ပြောင်းလုပ်သား ၂၄၅ ဦး
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြ  

မြန်မာရွေ့ ပြောင်းလုပ်သား ၂၄၅ ဦး(အမျိုးသား ၁၆၀ ဦးနှင့် အမျိုးသမီး ၈၇ ဦး)သည် မြ၀တီမြို့  မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် စက်တင်ဘာ ၉ ရက်နေ့က ပြန်လည်ဝင်ရောက်လာကြသည်။

ယခုနှစ်မေ ၁ ရက်မှ စက်တင်ဘာ ၉  ရက်အထိ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့်ရွေ့ ပြောင်းလုပ်သား စုစု ပေါင်း ၇၅၉၁၇ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

အခက်အခဲတွေ့ မြန်မာနိုင်ငံသားများကို 
ဂျပန်နှင့်ကိုရီးယားနိုင်ငံတို့မှပြန်လည်ခေါ်ဆောင်ပေးခဲ့

ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား (၁၃၃) ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်လည်ခေါ်ဆောင်လာရာ စက်တင်ဘာ ၁၀ ရက်ကညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 

ကိုရီးယားနိုင်ငံ သင်္ဘောဆင်းပြီး အခက်အခဲကြုံတွေ့နေရသော မြန်မာသင်္ဘောသား (၁၄၀) ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်လည်ခေါ်ဆောင်လာရာ စက်တင်ဘာ ၁၀ ရက်ကညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 



တောင်ကြီးတက္ကသိုလ်မှာ ကွာရန်တင်းဝင်သူ
အမျိုးသမီး သေဆုံး

တောင်ကြီးတက္ကသိုလ်ရှိ Facility Quarantine Centre မှ အမျိုးသမီးတစ်ဦးသည် ကိုယ်အပူချိန်မြင့်မားသောကြောင့် စက်တင်ဘာ ၄ ရက် ညပိုင်းက စ၀်စံထွန်းဆေးရုံသို့ပို့ဆောင်ခဲ့ရာ နောက်တနေ့မနက်ပိုင်းတွင် နှလုံးရောဂါဖြင့်ဆုံးသွားသည်။ ၄င်းအမျိုးသမီးတွင် ကိုဗစ်-၁၉ ရောဂါ ရှိမရှိသိရှိရန် သေဆုံးပြီးနောက် တို့ဖတ်နမူနာယူပြီး စက်တင်ဘာ ၅ ရက်က စ၀်စံထွန်းဆေးရုံသို့ပို့ထားကြောင်းသိရသည်။ 


စစ်တွေဆေးရုံမှ ကိုဗစ်-၁၉ ရောဂါ 
လူနာ ၁၀ ဦး ဆေးရုံဆင်းခွင့်ရ

ရခိုင်ပြည်နယ် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသည့် ကိုဗစ်-၁၉ အတည်ြ့ပုလူနာ ၂၇၅ ဦးအနက် ၁၀ ဦးသည် ရောဂါသက်သာသောကြောင့် စက်တင်ဘာ ၅ ရက်က ဆင်းခွင့်ပြုခဲ့ကြောင်း၊ ကျန်လူနာ    ၂၆၅ ဦးမှာလည်း ပြင်းပြင်းထန်ထန်ကုသရမှုမရှိကြောင်း၊ လူနာ ၅ ဦးသာ သွေးတိုး နှလုံး ဆီးချိုရောဂါများရှိသဖြင့် ပုံမှန်ထက်ဂရုပြုကုသပေးရသည်ဟု ဒေါက်တာဇော်လွင်ကပြောကြောင်းသိရသည်။ 



သင်္ဃန်းကျွန်းမှ ကိုဗစ်လူနာအသစ် ၂ ဦး 
Music Zone ၀န်ထမ်းများဖြစ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၄ ရက်က ကိုဗစ်-၁၉ အတည်ြ့ပုလူနာ ၂ ဦးသည် Music Zone မှ အသက် ၃၂ နှစ်နှင့် ၂၅ နှစ်အရွယ်ရှိဝန်ထမ်း ၂ ဦးဖြစ်ကြောင်းသိရသည်။ 


ပူပူနွေးနွေး
ကျယ်ကျယ်လောင်လောင်
သတင်းများ

ကယားပြည်နယ်ဝန်ကြီးချုပ် ဖြုတ်ချခံရမှု
သင်ခန်းစာရ နောင်မဖြစ်အောင်လုပ်မည်


ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လဖောင်းရှိအား ၀န်ကြီးချုပ်
ရာထူးမှဖြုတ်ချခြင်းသည် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဖြစ်ကြောင်း၊ 
အာဃာတဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်က စက်တင်ဘာ ၃ ရက်ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပြီးနောက် 
ယင်းသို့သောစွပ်စွဲပြစ်တင်ခံရပြီးဖြုတ်ချခံရတာမျိုး နောက်နောင်မဖြစ်

အောင်လုပ်ရမည်ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကပြောခဲ့သည်။ 



တရားမ၀င်တရုတ်နိုင်ငံသား ၇၅၀ ကျော်ကို
တည်ဆဲဥပဒေအရ အရေးယူသွားမည်

ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စက်တင်ဘာ ၄ ရက်အထိ မြန်မာနိင်ငံထဲသို့တရာမ၀င် ၀င်ရောက်လာခဲ့သော တရုတ်နိုင်ငံသား ၇၅၀ ကျော်ကို မြန်မာနိုင်ငံ၏တည်ဆဲဥပဒေအရ အရေးယူသွားမည့်အကြောင်း တရုတ်ဘက်ကိုပြောထား ကြောင်း၊ အများစုက မူဆယ်-လောက်ကိုင်ဖက်မှဝင်လာကြသဖြင့်ဖမ်းဆီးထားကြောင်းကို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက စက်တင်ဘာ ၄ ရက်က သတင်းစာရှင်းလင်းပွဲတွင်ပြောကြောင်းသိရသည်။


လွတ်တော်နှင့်ရွေးကောက်ပွဲသတင်း 

စက်တင်ဘာ ၁၂ ရက်



စက်တင်ဘာ ၇ ရက်


ရွေးကောက်ပွဲလုံခြုံရေးစိုးရိမ်ဒေသများ
တပ်မတော်ကအကြံပြုထား

လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ လုံခြုံရေးအရစိုးရိမ်ရသည့်နေရာဒေသများဖြစ်သော '၀'ဒေသ ၅ မြို့ နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသောဒေသများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တပ်မတော်ကအကြုံပြုထားကြောင်း၊ ရွေးကောက်ပွဲကျင်းခြင်း မကျင်းပခြင်းကိုအဆုံးအဖြတ်ပေးရသည့်အဖွဲ့အစည်းမှာတပ်မတော်မဟုတ်ကြောင်း၊ ရွေးကောက်ပွဲလုပ်လို့ရရုံလုံခြုံရေးက သိပ်မခဲယဉ်းကြောင်း၊ လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ်ဖို့အတွက်ကမူ ခဲယဉ်းကြောင်းကို နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် စက်တင်ဘာလ ၄ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲ သတင်းထောက်များ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားလျက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောကြောင်းသိရသည်။



စာတစ်ကြောင်းသတင်း
(News In One Sentence)


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဘီလီယံကျော်ရရှိ

နိုင်ငံခြားတိုင်းပြည်များမှ မြန်မာပြည်သို့ ရင်းနှီးမြှုပ်နှံ့မှုပမာဏသည် ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၅ ဒမ ၃ ဘီလီယံကျော်ရှိပြီး စင်ကာပူ၊ တရုတ်နှင့်ထိုင်းနိုင်ငံတို့က အများဆုံးရင်းနှီးမြှုပ်နှံကြကြောင်းသိရသည်။



ကဏ္ဍတွင်ဖော်ပြထားသည့်စကားများနှင့်စာများသည် 

ကျွန်းသာယာ၏အကြိုက်နှင့်သဘောတူမှုမဟုတ်ပါ။ 

ပြောဆို ရေးသားကြသူတို့၏အတွေးအမြင်နှင့်အာဘော်များသာဖြစ်သည်။ (အယ်ဒီတာ)


မြို့ ရွာသာယာရေး

မန္တလေး ယခင်နှင့်ယခု 


ကယ်တင်ရှင်ဆိုသူတွေရဲ့ လက်ထက်မှာ ရေစီးရေလာမကောင်းတဲ့ ရေဆိုးမြောင်းတွေ၊ ဖြစ်ကတတ်ဆန်းတူးဖော်ထားတဲ့ ရေမြောင်းတွေ၊ ကျိုးပဲ့ပေါက်ပြဲနေတဲ့မြောင်းဖုံးတွေကြောင့် မန္တလေးမြို့ ကြီးဟာ ခြင်တွေတရုန်းရုန်းနဲ့ ခြင်ဆေးခွေဈေးကွက်ကြီးသဖွယ်ဖြစ်ခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာ ဒေါက်တာရဲလွင် မြို့ တော်ဝန်ဖြစ်လာပြီးတဲ့နောက်ပိုင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီရဲ့  မြို့ တော်စည်ပင်ဖွံ့ ဖြိုးရေးကြိုးပမ်းဆောင်ရွက်ချက်တွေဟာ သိသိသာသာတိုးတက်လာပါတယ်။ ခြင်တွေသိသိသာသာလျှော့နည်းသွားသလို ခေတ်မီအမှိုက်သိမ်းမော်တော်ယာဉ်တွေ စနစ်တကျပြန်လည်ချဲ့  ထွင်တူးဖော်ပေးလိုက်တဲ့ရေမြောင်းတွေ ဓာတ်မီးတိုင်တွေ နိုင်လွန်ကတ္တရာလမ်းတွေ တိုးချဲ့ ဖောက်လုပ်လိုက်တဲ့လမ်းတွေနဲ့ လူလူသူသူဖြစ်ကုန်ကြပါပြီ။ 

ဆောင်းပါးရှင် ဥမ္မာမောင်(မန္တလေး)၏ဆောင်းပါး "ကြယ်ဖြူခွပ်ဒေါင်း ပြည်သူအပေါင်းတို့"မှ ..၊ စောင့်ကြည့်ဂျာနယ် ၁၂၊၉၊၂၀။ 


နိုင်ငံရေး

 ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေကို 
ဦးရဲထွဋ်မေးချင်သည်မှာ ..


သူရဦးရွှေမန်းကို အကြာကြီးပြုစုပျိုးထောင်လာခဲ့ပြီး
နောက်ဆုံးအချိန်ကျမှ
ဘာဖြစ်လို့ ပယ်ခဲ့တာလဲ.. ဆိုတာပါတဲ့။

သူ့စာအုပ်ကြော်ညာအညွှန်းတွင် ကောက်နှုတ်ပြထား
သည်များကတော့ ..
- အစိုးရသတင်းဌာနများက သမ္မတဦးသိန်းစိန်သည်
ပြည်သူများကရွေးချယ်ခန့်အပ်လိုက်သည့် သမ္မတ
ဖြစ်ကြောင်းဖော်ပြခဲ့သည့်အခါ မိမိတို့တွင်မည်သူ့ကိုမျှ 
ပြည်သူကရွေးချယ်ခန့်အပ်မှုမဟုတ်ကြောင်း၊ မိမိကို 
ဗိုလ်ချုပ်မှူးကြီးက သည်နေရာအတွက်ရွေးချယ်ခဲ့သလို
သမ္မတကိုလည်းရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း 
ပြောဆိုပေါက်ကွဲခဲ့သည်ဟုဆိုသည်။ (စာမျက်နှာ ၁၅၂) 
   
- ဗိုလ်ချုပ်မှူကြီးသန်းရွှေ တပ်မတော်နှင့်နိုင်ငံရေးတာဝန်များမှအနားယူသွားတဲ့အခါ ဦးရွှေမန်းဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ ကွပ်ကဲမှုအောက်က လွတ်လပ်သွားခဲ့ပြီး ဦးသိန်းစိန်နှင့်အာဏာကစားပွဲများပြုလုပ်ရန် အခွင့်အရေးရသွားတယ်လို့ သုံးသပ်ထားပါတယ်။ (စာမျက်နှာ ၁၅၂) 
 
- ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဟောင်းတစ်ဦးကမူ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၏သားဖြစ်သူ ၏ကြီးမားသော စီးပွားရေးလုပ်ငန်းများနှင့် မိမိကိုယ်မိမိအထင်ကြီးမှုနှင့်ရည်မှန်းချက်ကြီးလွန်းမှုများကြောင့် ဗိုလ်ချုပ် မှူကြီးသန်းရွှေက ဘေးဖယ်လိုက်ခြင်းသာဖြစ်သည်ဟုပြောပြခဲ့သည်။   (စာမျက်နှာ ၁၅၁)



ကိုဗစ်-၁၉ ကာလမှာ
AA ခေါင်းဆောင်တွေ သောက်တလွဲပြောဆိုနေကြ

ဦးဇော်ဌေး၊ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး 

ရခိုင်ပြည်နယ်တွင် အခြားသောဒေသများထက် ကိုဗစ်-၁၉ ရောဂါပိုးမြင့်မြင့်မားမားကူးစက်ခံနေရခြင်းမှာ နိုင်ငံရေး စစ်ရေးပြသနာများကိုအခြေခံပြီး ရခိုင်ပြည်သူများထံသို့ ရောဂါပိုးရောက်လာခြင်း ဟုတ်မဟုတ် စဉ်းစားရမည်ဟု ရက္ခိုင်စစ်တပ် AA ၏စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စက်တင်ဘာလ ၂ ရက် Arakan ဗမာသတင်းနှင့်ပြန်ကြားရေးလူမှုကွန်ယက်စာမျက်နှာမှဖြန့်လိုက်သည့် 'ရခိုင်ပြည်သူလူထုသို့ ပြောကြားချက်'သည် ယခုလိုကိုဗစ်ကာလကိုကျော်ဖြတ်နေချိန်မှာ AA ခေါင်းဆောင်များ၏သောက်တလွဲပြောဆိုမှုများကြောင့် အဆင်မပြေနိုင်ဟု နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြန်လည်တုန့်ပြန်လိုက်ကြောင်းသိရသည်။


ဥပဒေ

ကိုဗစ်-၁၉ ရောဂါကာလ
၂၀၁၃ ဥပဒေဖြင့် တင်းကျပ်စွာအရေးယူမည်


အစောပိုင်းကာလတွေမှာ ဥပဒေပြစ်ဒဏ် လျှော့နည်းတဲ့ 

ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ ၁၉၉၅ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ 

ကူးစက်ရော၈ွများကာကွယ်ရေးဥပဒေကိုသာ အသုံးပြုခဲ့တာများပေမယ့် 

အခု ကိုဗစ်-၁၉ ကာလမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောခဲ့သလို

စည်းမျည်းစည်းကမ်းမလိုက်နာသူတွေကို ပိုပြီးတင်းကျပ်တဲ့

၂၀၁၃ ကပြဋ္ဌာန်းထားခဲ့တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့

 အရေးယူတော့မှာဖြစ်ကြောင်းသိရပါတယ်။ 

ဆောင်းပါးရှင် ထွဏ်းထွဏ်း(သင်္ဃန်းကျွန်း)၏ဆောင်းပါး "ကိုဗစ်(၁၉ )နှင့်သိထားသင့်သည့်ဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များ" မှ ..၊ စံတော်ချိန်နေ့စဉ် ၆၊၉၊၂၀။


ဖတ်စရာ မှတ်စရာ


စက်တင်ဘာ ၁၂ ရက်




စာအုပ်သတင်း

ထာဝရလင်းယုန် ဗန်းမော်တင်အောင်

ဤစာအုပ်တွင် စာရေးဆရာကြီးဗန်းမော်တင်အောင်ကို ချစ်ခင်တန်ဖိုးထား

လေးစားကြသော သူ၏ရေးဖော်ရေးဖက်များနှင့်မျိုးဆက်သစ် လူလတ် 

လူငယ်စာရေးဆရာ ကဗျာဆရာများ၏ဆောင်းပါးများနှင့်ကဗျာ ၈၇ ပုဒ်ပါဝင်

သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ဆရာဗန်းမော်တင်အောင်နှင့်အတူ

တကျွန်းကျခဲ့သောစာရေးဆရာများကလည်း အမှတ်တရရေးသားခဲ့ကြခြင်းဖြစ်သည်။

ဆရာဗန်းမော်တင်အောင်သည် သူယုံကြည်ရာကို စွဲစွဲမြဲမြဲ သေသည်အထိ ကလောင်လက်နက်ကိုမချဘဲ သူ့အားနှိပ်စက်ဖိနှပ်သူတို့ကို ခုခံတိုက်ခိုက်ကာ ပြည်သူ့စာပေကိုသာကိုင်စွဲသွားသည့်စာရေးဆရာများအထဲတွင် ထင်ရှားခဲ့သည်။ 

လင်းယုန်လို အင်အားနှင့်စာပေလောကမှာပျံသန်းခဲ့သောကြောင့်လည်းကောင်း၊ သူထုတ်ဝေခဲ့သော လင်းယုန်ဂျာနယ် လင်းယုန်သတင်းစာတို့ကြောင့်လည်းကောင်း သူ့အားလင်းယုန်နှင့်သင်္ကေတပြုခဲ့ကြသည်။

စာမျက်နှာ ၆၀၀ ကျော်၊ ၁၀ ချိုးဆိုက် စာအုပ်ထူကြီးဖြစ်ပြီး မရှိမဖြစ်သိမ်းဆည်းထားရမည့်စာအုပ်တအုပ်ဟု စာအုပ်မိတ်ဆက်ရေးသူ စောပြည့်ညိုက စောင့်ကြည့်ဂျာနယ် News Watch (၈-၈-၂၀၂၀) တွင် ရေးသားထားသည်။  



ဖတ် မှတ် လိုက်နာစရာများ

ဥပဒေ၊ စည်းကမ်းလိုက်နာ ဘေးကင်းကွာ (ကြေးမုံ - ၇/၉/၂၀)


































ကျန်းမာရေး

ဘီယာဗိုက်သမားများ ပရောစတိတ်ကင်ဆာနှင့်သေဆုံးနိုင်ခြေများ

Photo - Getty Images

ယူနိုက်တက်ကင်းဒန်း (UK) တွင် အမျိုးသား ၂ သိန်းကျော်အားလေ့လာ့ခဲ့ပြီးနောက် ဘီယာဗိုက်ရှိသူအမျိုးသားများအနေဖြင့် ပရောစတိတ်ကင်ဆာဖြင့်သေဆုံးနိုင်ခြေများကြောင်းတွေ့ ရှိရသည်။

အောက်စဖို့တက္ကသိုလ် ရောဂါဖြစ်ပွားထိန်းချုပ်မှုဆိုင်ရာဆေးပညာဌာနမှ သုတေသီများက ခန္ဓာကိုယ်အတွင်းရှိအဆီပမာဏနှင့်ပရောစတိတ်ကင်ဆာဖြစ်နိုင်ခြေတို့၏ဆက်သွယ်မှုကို စမ်းစစ်လေ့လာခဲ့ကြရာတွင် ခါးလုံးပတ် ၄၀ လက်မ (၁၀၃ စင်တီမီတာ) အထက်ရှိသည့်ဘီယာဗိုက်ပိုင်ရှင်အမျိုးသားများသည် ၄င်းကင်ဆာရောဂါဖြင့်သေဆုံးရန် ၃၅% ပိုများကြောင်းတွေ့ ရသည်။

ယူနိုက်တက်ကင်းဒန်းတွင် အမျိုးသား ၄၈,၀၀၀ ခန့်သည် နှစ်စဉ် ပရောစတိတ်ကင်ဆာဖြစ်လျက်ရှိသည်။

Men with beer bellies more likely to die from prostate cancer suggests study - here’s why. 

The Shields Gazette, 2 September 2020    (သတင်းဘာသာပြန် ကျွန်းသာယာ)


***




 ကမ္ဘာနှင့်ကိုရိုနာသတင်း 

Globally, as of 2:45pm CEST, 5 September 2020

there have been 26,468,031 confirmed cases of COVID-19, 

including 871,166 deaths, reported to WHO.




စက်တင်ဘာ ၅ ရက် နေ့ ၂ နာရီ ၄၅ မိနစ်အချိန်အထိ တစ်ကမ္ဘာလုံးတွင် 

၁) ဓာတ်ခွဲအတည်ပြုလူနာပေါင်း - ၂၆ သန်းကျော် (၂၆,၄၆၈,၀၃၁ ဦး) 

၂) ပိုးတွေ့သေဆုံးလူနာပေါင်း - ၈ သိန်းကျော် (၈၇၁,၁၆၆ ဦး)  ရှိသွားပြီ။





ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ကို
ကမ္ဘာတစ်ဝှမ်းတွင် ကျင်းပလျက်ရှိ   
 

ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ (World PT Day) ကို ၁၉၅၁ ခုနှစ်က ကမ္ဘာ့အကြောအဆစ်ကုပညာရှင်အသင်းကြီးဖွဲ့စည်းတည်ထောင်ခဲ့သည့်နေ့ဖြစ်သော စက်တင်ဘာ ၈ ရက်အားသတ်မှတ်လျက်နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ခြင်းဖြစ်သည်။ 

ကမ္ဘာ့နိုင်ငံအသီးသီးရှိ အကြောအဆစ်ကုပညာရှင်များ၏သွေးစည်းညီညွတ်မှုကိုပြသသည့်အနေဖြင့် ကမ္ဘာ့အကြောအဆစ်ကုပညာရပ်နေ့ကို ၁၉၉၆ ခုနှစ်ကစပြီး စတင်ကျင်းပခဲ့သည်။ 

ထိုသို့နှစ်စဉ်ကျင်းပေးခြင်းဖြင့် နိုင်ငံအသီးသီးက အကြောအဆစ်ကုပညာရှင်များ၏ပညာရပ်ကို သိရှိသူပိုမိုများပြားလာစေမည်ဖြစ်ပြီး အသိပညာနှင့်အတတ်ပညာရပ်ဆိုင်ရာဖွံ့ ဖြိုးတိုးတက်မှုများလည်းရှိလာကြမည် (to promote the profession and advance their expertise) ဟု အသင်းကြီးကမျှော်လင့်ယုံကြည်ထားကြောင်းသိရသည်။


အားကစား

ဂျော့ကိုဗစ်ခ်ျ ဒေါသကြောင့်

ပြိုင်ပွဲမှ အထုတ်ခံရ

 Seth Wenig/AP Photo

ပြီးခဲ့သောတနင်္ဂနွေ (စက်တင်ဘာ ၆ ရက်) နေ့က ယူအက်စ်အိုးပင်း (US Open) စတုတ္ထအဆင့်ပွဲစဉ်တွင် ဆားဘီးယန်းလူမျိုး ကမ္ဘာ့အဆင့် (၁) တင်နစ်ကစားသမား နို့ဗက် ဂျော့ကိုဗစ်ခ်ျသည် စိတ်ဆိုးပြီး ဘောလုံးကိုအနောက်ဘက်သို့လွှဲရိုက်လိုက်ရာ လိုင်းကြပ်အမျိုးသမီး (line judge) ၏လည်ပင်းအားထိမှန်ကာ ကြမ်းပေါ်သို့ ဒူးထောက်လဲကျသွားသည်။

စပိန်လူမျိုး ကမ္ဘာ့အဆင့် (၃၀) တင်းနစ်ကစားသမား ပက်ဘလို (Pablo Carreño Busta) နှင့်ပထမပွဲကစားနေစဉ် ၆-၅ ဖြင့် ပွဲငယ်တစ်ပွဲရှုံးဖြစ်နေသောကြောင့်ဒေါသဖြစ်ပြီး ဘောလုံးကိုမဆင်မကြင်ရိုက်ထုတ်ပစ်သဖြင့် လိုင်းကြပ်အားထိမှန်လဲကျစေသောကြောင့် သူ့အိပ်မက်ဖြစ်သော ၁၈ ကြိမ်မြောက် ဂရဲန်းစလဲန်းဆုရနိုင်သည့်အခွင့်အလမ်းနှင့်လွဲချော်သွားကာ ပြိုင်ပွဲမှအထုတ်ခံခဲ့ရသည်။ 

Novak Djokovic out of US Open 2020 after hitting line judge with ball, AP September 8, 2020
(သတင်းဘာသာပြန် ကျွန်းသာယာ)





No comments:

Post a Comment