"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, September 13, 2020

ကျွန်းသာယာ သတင်းစဉ် (၁၂)

 



***





အရေးကြီးသတင်း


စက်တင်ဘာ ၁၈ ရက် ၂၀၂၀




ရန်ကုန်ဆေးရုံကြီး ၄ ခု ကိုဗစ်လူနာများအတွက်
 ယာယီဆေးရုံများထားရှိမည်  


  ဧရာဝတီဖောင်ဒေးရှင်းမှ ယာယီဆေးရုံ(Tent Hospital) 
  ၄ ခုကို အမျိုးသားဘောလုံးအကယ်ဒမီ(သုဝဏ္ဏ
) မြက်ခင်း
  တုလေ့ကျင့်ရေးကွင်း၌ဆောက်လုပ်လျက်ရှိရာ ယာယီဆေး
  ရုံတစ်ခုလျှင် ကိုဗစ်-၁၉  လူနာ ၁၀၄ ဥင်္ီးထားရှိနိုင်မည်။ 


အလားတူယာယီဆေးရုံများကို ရန်ကုန်ဆေးရုံကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ အနောက်ပိုင်းဆေးရုံကြီးနှင့်အင်းစိန်ဆေးရုံကြီး ၄ ခုတွင်လည်း ဆောက်လုပ်လျက်ရှိကြောင်း ဆေးတက္ကသိုလ်(၁)ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော် ဝေစိုးကပြောကြားသည်။ 


ရန်ကုန်မှာ ကိုဗစ်လူနာများကို
နိုင်နိုင်နင်းနင်းကုပေးလျက်ရှိနေ  

 ဓာတ်ပုံ-အကုန်သိ

စက်တင်ဘာ ဒုတိယအပတ်မှစပြီး ရန်ကုန်တိုင်း
 ကူးစက်မှုများတိုးပွားလာခဲ့ရာ စက်တင်ဘာ ၁၆ ရက်တွင် ကူးစက်ခံရသူပေါင်း ၂ ထောင်ကျော်အထိရှိလာခဲ့သည်။ 

သို့ရာတွင် အစိုးဘက်က နိုင်နိုင်နင်းနင်းကုပေးနိုင်သည့်အခြေအနေတွင်ရှိကြောင်း၊ လူများအနေဖြင့် ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းများကိုလိုက်နာကြမည်ဆိုက ရန်ကုန်ကို ၂ ပတ် ၃ ပတ်အတွင်း ကယ်တင်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉  ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒု-ဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးကပြောကြားသည်။ 


 
 
တိုင်းဒေသကြီးနှင့်ပြည်နယ်များ
                                                        အတည်ပြုလူနာ ၄၀၄ တွေ့ရှိမှုအရေအတွက်စာရင်း (၁၈-၉-၂၀)
လှိုင်သာယာ-၂၃၊ 
တာမွေ-၁၉၊ သာကေတ-၁၆၊ 
သင်္ဃန်းကျွန်း-၁၅၊ 
လမ်းမတော်/
လှိုင်/
ကြည့်မြင်တိုင်
-၁၃၊ 
မြောက်
ဥက္ကလာပ/
ဒဂုန်မြို့ နယ်-၁၀၊



စက်တင်ဘာ ၁၇ ရက် ၂၀၂၀



ပူပူနွေးနွေး
ကျယ်ကျယ်လောင်လောင်
သတင်းများ


နိုင်ငံရေးပါတီများ၏စည်းရုံးဟောပြောမှု
ပြင်ဆင်ထုတ်လွှင့်ခြင်း လုံးဝမရှိ  



အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ၏ပြည်သူများသို့ စည်းရုံးဟောပြောချက်ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နိုင်ငံပိုင်သတင်းစာတို့တွင် တည်းဖြတ်ပြင်ဆင်ပြီးထုတ်လွှင့်ဖော်ပြလျက်ရှိကြောင်း လူမှုကွန်ယက်အချို့ တွင် ဝေဖန်နေသည်မှာ လုံးဝမဟုတ်ကြောင်း သတင်းထုတ်ပြန်အသိပေးထားသည်။

နိုင်ငံရေးပါတီများ၏စည်းရုံးဟောပြောချက် ရိုက်ကူးပြီးစီးမှုများကို စည်းရုံးဟောပြောသူများက ပြန်လည်ကြည့်ရှုကာ အတည်ပြုထားခြင်းမျးအား ဌာနတွင် လက်ခံမှတ်တမ်း (Record) ထားရှိလျက်ရှိကြောင်းကြားသိရသည်။


စင်ကာပူနိုင်ငံတွင် အခက်အခဲတွေ့ မြန်မာနိုင်ငံသားများကို 
MAI ဖြင့်ပြန်လည်ခေါ်ဆောင်ပေးခဲ့

နိင်ငံတကာခရီးသည်လေယာဉ်များ ပျံသန်းမှု
ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ
တွင် အခက်အခဲကြုံတွေ့ နေရသောမြန်မာနိုင်ငံ 
သား (၁၅၃) ဦးအား မြန်မာပြည်ပြည်ဆိုင်ရာ 
လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး 
လေယာဉ်ဖြင့်ပြန်လည်ခေါ်ဆောင်လာရာ 
စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ရန်ကုန်
အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။


မြန်မာရွေ့ ပြောင်းလုပ်သားများ
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြ  

စက်တင်ဘာ ၁၈ ရက်နေ့က မြန်မာရွေ့ ပြောင်းလုပ်သား ၂၁၅ ဦး(အမျိုးသား ၁၃၃ ဦးနှင့် အမျိုးသမီး ၈၂ ဦး)သည် 
မြ၀တီမြို့  မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်ဝင်ရောက်လာကြသည်။


ဗီယက်နမ်နိုင်ငံတွင် အခက်အခဲတွေ့ မြန်မာနိုင်ငံသားများကို 
MAI ဖြင့်ပြန်လည်ခေါ်ဆောင်ပေးခဲ့


မြန်မာ့အလင်း (၁၈-၉-၂၀)

နိင်ငံတကာခရီးသည်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်း
ထားခြင်းကြောင့် ဗီယက်နမ်နိုင်ငံတွင် အခက်အခဲကြုံတွေ့  
နေရသော မြန်မာနိုင်ငံသား (၅၆) ဦးအား မြန်မာအပြည်ပြည်
ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် 
ပြန်လည်ခေါ်ဆောင်လာရာ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် 
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 


ပန်းရန်အထိမ်းအမှတ်အထူးထုတ် 
၂၀၀ ကျပ်တန် တံဆိပ်ခေါင်းသစ်


မျိုးဆက်သစ်လူငယ်များအနေဖြင့် မြန်မာ့ယဉ်ကျေးမှုသုခုမအနုပညာရပ်များကို ပိုမိုသိရှိအလေးထားစေရန် ရည်ရွယ်လျက် ထုတ်ဝေကြောင်းသိရသည်။

နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးစာတိုက်ကြီးတို့တွင် စာပို့တံဆိပ်ခေါင်းနှင့်ပထမနေ့စာအိတ် (First Day Cover) တို့ကို စက်တင်ဘာ ၂၁ ရက်နေ့မှာဝယ်ယူပါက ၄င်းတို့အပေါ်တွင်နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးမည်ဟုသိရသည်။

ကျပ် ၁၀၀ တန် စာပို့တံဆိပ်ခေါင်း




စက်တင်ဘာ ၁၆ ရက် ၂၀၂၀

တိုင်းဒေသကြီးနှင့်ပြည်နယ်များ
အတည်ပြုလူနာ ၃၃၇ တွေ့ရှိမှုအရေအတွက်စာရင်း (၁၆-၉ -၂၀)
ဒလ-၂၇၊ လှိုင်သာယာ-၂၀၊ အင်းစိန်-၂၀၊ သင်္ဃန်းကျွန်း-၁၇၊ လှိုင်-၁၄၊ ပန်းဘဲတန်း-၁၄၊ 
တာမွေ/ရွှေပြည်သာ/လမ်းမတော်-၁၁၊ ကြည့်မြင်တိုင်-၁၀


အခက်အခဲတွေ့ မြန်မာနိုင်ငံသားများကို 
မလေးရှားမှပြန်လည်ခေါ်ဆောင်ပေးခဲ့

မြန်မာ့အလင်း (၁၇၊၉ ၊၂၀)

နိုင်ငံတကာခရီးသည်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား (၁၆၈) ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 

မြန်မာရွေ့ ပြောင်းလုပ်သားများ
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြ  

စက်တင်ဘာ ၁၆ ရက်နေ့က မြန်မာရွေ့ ပြောင်းလုပ်သား ၂၀၇ ဦး(အမျိုးသား ၁၅၇ ဦးနှင့် အမျိုးသမီး ၅၀ ဦး)သည် 
မြ၀တီမြို့  မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်ဝင်ရောက်လာကြသည်။

ယခုနှစ်မေ ၁ ရက်မှ စက်တင်ဘာ ၁၆ ရက်အထိ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့်ရွေ့ ပြောင်းလုပ်သား စုစု ပေါင်း ၇၇၅၃၁ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။


မြန်မာ့ရုပ်ရှင်ရာပြည့် MRTV မှ
သောကြာညတိုင်းဂုဏ်ပြုပြသ

မြန်မာ့ရုပ်ရှင်ရာပြည့်ကိုဂုဏ်ပြုသောအားဖြင့် ရုပ်ရှင်တေး အပုဒ် ၁၀၀ ကို တစ်ပတ်လျှင် ၁၀ ပုဒ်ကျ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ သောကြာညတိုင်း ည ၈ နာရီသတင်းအပြီးတွင် ပြသလျက်ရှိသည်။



စက်တင်ဘာ ၁၅ ရက် ၂၀၂၀


*******

စက်တင်ဘာ ၁၄ ရက် ၂၀၂၀

တိုင်းဒေသကြီးနှင့်ပြည်နယ်များ
အတည်ပြုလူနာ ၂၁၉ တွေ့ရှိမှုအရေအတွက်စာရင်း (၁၄၊၉ ၊၂၀)




တစ်ကျော့ပြန်ကိုဗစ်ကာလတွင်
ကျန်းမာရေးဝန်ထမ်းများ ကူးစက်ခံရမှုများလာ

ကိုဗစ်-၁၉ ရောဂါ တစ်ကျော့ပြန်ကူးစက်လာချိန်တွင် ရှေ့ တန်းတိုက်စစ်မှူးများဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ပိုမိုများပြားလာလျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကပြောသည်။ 

ရခိုင်ပြည်နယ်တစ်ခုတည်းမှာပင် ၄၇ ဦးခန့်ရှိနေပြီဖြစ်ကြောင်း၊ ရန်ကုန်နှင့်နေပြည်တော်တို့မှာလည်းရှိကြောင်း၊ ထိုသို့ကူးစက်ခံရသောကျန်းမာရေးဝန်ထမ်းများကို အမြန်ဆုံးဆေးကုသမှုပေးကာ လုပ်ငန်းခွင်သို့ပြန်ဝင်နိုင်စေရန်စီစဉ်နေကြောင်းသိရသည်။ 


ရန်ကုန်မြို့ ရှိဈေးများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကြပ်မတ်လျက်ရှိ

အ၀င်အထွက်သွားလာမှုများပြားသည့်ဈေးများ လူဦးရေလျှော့ချရန်၊ လက်ဆေးစင်များထားရှိရန်၊ ဈေးသည်များ သတ်မှတ်စည်းကမ်းအတိုင်းရောင်းချရန်၊ နှာခေါင်းစည်းများတပ်ဆင်သွားလာရန်၊ မလိုက်နာက အရေးယူရန်တို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဈေးကော်မတီများက အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


စက်တင်ဘာ ၁၃ ရက် ၂၀၂၀

တိုင်းဒေသကြီးနှင့်ပြည်နယ်များ
အတည်ပြုလူနာ ၃၅၁ တွေ့ရှိမှုအရေအတွက်စာရင်း (၁၃၊၉ ၊၂၀)


ကိုဗစ်-၁၉ အတည်ပြုသက်ကြီးလူနာ ၂ ဦး ထပ်ဆုံးသွား

အသက် ၇၅ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၉၀ အရွယ်အမျိုးသမီးလူနာတစ်ဦးသည် ပြင်းထန်အဆုတ်ရောင်ရောဂါခံစားရပြီး ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးသွားခြင်းကြောင့် ထပ်မံသေဆုံးသွားရာ ကိုဗစ်-၁၉ ကြောင့် သက်ကြီးသေဆုံးလူနာစုစုပေါင်း ၁၈ ဦးရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။ 


ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(သုဝဏ္ဏ) 
ဆောက်လုပ်နေ

ဧရာဝတီဖောင်ဒေးရှင်းဦးဇော်ဇော်က ကိုဗစ်-၁၉လူနာ ၄၀၀ ကျော်ထားရှိနိုင်မည့်ကုသရေးဌာနကို အမျိုးသားဘော လုံးအကယ်ဒမီ(ရန်ကုန်) မြက်ခင်းတုလေ့ကျင့်ရေးကွင်း၌ စက်တင်ဘာ ၁၂ ရက်နေ့က ဆောက်လုပ်ပေးလျက်ရှိပြီး လိုအပ်သောပစ္စည်းများဖြည့်ဆည်းခြင်း၊ ကျန်းမာရေးဝန်ထမ်းများ စေတနာရှင်ဝန်ထမ်းများနှင့်လူနာများ၏နေ့စဉ်စားသောက်စားရိတ်ကုန်ကျမှုများကို ကျခံပေးမည်ဟုသိရသည်။  



စက်တင်ဘာ ၁၂ ရက် ၂၀၂၀


ကိုဗစ်-၁၉ နှင့်စိတ်ဖိစီးမှု

စိတ်ဖိစီးမှုများ၏အခြေခံအကြောင်းကိုသိက ဖြေရှင်းနိုင်သည်။

သို့သော် နည်းလမ်းတကျမဖြေရှင်းက ဆိုးဝါးသည့်စိတ်မောပန်းခြင်း 

စိတ်ကျခြင်းတို့ဖြစ်ကာ လူမှုစီးပွားရေးအခက်အခဲများရင်ဆိုင်ရနိုင်သဖြင့် 

စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုခံယူရန်လိုအပ်သည်။



တိုင်းဒေသကြီးနှင့်ပြည်နယ်များ
အတည်ပြုလူနာ ၁၈၀ တွေ့ရှိမှုအရေအတွက်စာရင်း (၁၂၊၉ ၊၂၀)



လိုက်နာခြင်းမရှိက
ဥပဒေအရအရေးယူခံရမည်


  နာရေး  



ဂျော်ဒန်နှင့်အစ္စရေးနိုင်ငံတွင် အခက်အခဲတွေ့ မြန်မာနိုင်ငံသားများကို 
MAI ဖြင့်ပြန်လည်ခေါ်ဆောင်ပေးခဲ့

နိုင်ငံတကာခရီးသည်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျော်ဒန်နှင့်အစ္စရေးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား (၁၆၄) ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ စက်တင်ဘာ ၁၃ ရက် ည ၁၁ နာရီ မိနစ် ၅၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 


မလေးရှားနိုင်ငံတွင် အခက်အခဲတွေ့ မြန်မာနိုင်ငံသားများကို 
MAI ဖြင့်ပြန်လည်ခေါ်ဆောင်ပေးခဲ့

မြန်မာ့အလင်း (၁၃၊၉ ၊၂၀)

နိုင်ငံတကာခရီးသည်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား (၁၇၂) ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် စက်တင်ဘာ ၁၂ ရက်နေ့က ပြန်လည်ခေါ်ဆောင်လာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 


မြန်မာရွေ့ ပြောင်းလုပ်သားများ
ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြ  

                                                                                                  မန်မာ့အလင်း (၁၃၊၉ ၊၂၀)
  
စက်တင်ဘာ ၁၂ ရက်နေ့က မြန်မာရွေ့ ပြောင်းလုပ်သား 
၃၁၈ ဦး(အမျိုးသား ၂၂၆ ဦးနှင့် အမျိုးသမီး ၉၂ ဦး)သည် 
မြ၀တီမြို့  မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှ
တဆင့် ပြန်လည်ဝင်ရောက်လာကြသည်။        
                                                                                                                         

                                                              မန်မာ့အလင်း (၁၄၊၉ ၊၂၀)

စက်တင်ဘာ ၁၃ ရက်နေ့က မြန်မာရွေ့ ပြောင်းလုပ်သား ၁၉၀  ဦး(အမျိုးသား ၁၁၅ ဦးနှင့် အမျိုးသမီး ၇၅ ဦး) သည် မြ၀တီမြို့  မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်ဝင်ရောက်လာကြသည်။

ယခုနှစ်မေ ၁ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့်ရွေ့ ပြောင်းလုပ်သား စုစု ပေါင်း ၇၆၉၃၃ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။


လွတ်တော်နှင့်ရွေးကောက်ပွဲသတင်း

စက်တင်ဘာ ၁၉  ရက် ၂၀၂၀




စာတစ်ကြောင်းသတင်း
(News In One Sentence)


ရန်ကုန်လမ်းသွယ်များ ပိတ်ဆို့တားမြစ်ခြင်းမလုပ်ရန်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၌ Stay at Home သတ်မှတ်ထားသည့်မြို့ နယ်များ၏လမ်းသွယ်များကို  ကန့်သတ်ပိတ်ဆို့တားမှုများမရှိစေရန် စက်တင်ဘာ ၁၂ ရက် ည ၁၀ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။

အုတ်ဖိုဆေးရုံမှ ကွာရန်တင်းဝင်နေသူ ထွက်ပြေးသွား

စစ်တွေမြို့ မှ အုတ်ဖိုမြို့သို့ပြန်လာပြီး ဆေးရုံတွင်အသွားအလာကန့်သတ်ထားသည့်အမျိုးသားတစ်ဦးသည် စက်တင်ဘာ ၁၂ ရက်ညနေပိုင်းတွင် ထွက်ပြေးသွားကြောင်း မြို့ နယ် ကိုဗစ်-၁၉  ရောဂါထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေးကော်မတီမှသိရသည်။


ရွှေဘိုတွင် ညမထွက်ရအမိန့်ချိုးဖောက်သူ ၂၀ ဖမ်းဆီးရမိ

ရွှေဘိုမြို့ ပေါ် ၁၀ ရပ်ကွက်အတွင်း လုံခြုံရေးလှည်းကင်းဆောင်ရွက်စဉ် အမျိုးသား ၁၉  ဦးနှင့်အမျိုးသမီး ၁ ဦးတို့ အား ခိုင်လုံသောအကြောင်းအရာမရှိဘဲ ရွှေဘိုမြို့ အတွင်း ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း အကြောင်းမဲ့သွားသွားလာနေသည်ကို စစ်ဆေးတွေ့ရှိသဖြင့် တရားစွဲဆိုသွားမည်ဟုသိရသည်။   


စစ်တွေနှင့်ရန်ကုန် ကုန်တင်သင်္ဘေများပုံမှန်ပြေးဆွဲပြီ

ရခိုင်ပြည်နယ် စစ်တွေမြို့ နှင့် ရန်ကုန် ကုန်တင်သင်္ဘောခရီးစဉ်များကို ပုံမှန်ပြေးဆွဲလျက်ရှိကြောင်း မရမ်းကုန်းမြို့  နယ် ဘုရင့်နောင်ကုန်တင်ကုန်ချဆိပ်ကမ်းရှိ  ပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံးမှသိရသည်။


မူးယစ်ဆေးဝါးများဖမ်းဆီး၊ ပစ်ခတ်ဖမ်ဆီးရခြင်းရှိခဲ့

ပမာဏများပြားသောမူးယစ်ဆေးများ (တန်ဖိုး သိန်းပေါင်း ၁ သောင်းကျော်) ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင် ဖမ်းဆီးရမိပြီး မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့ နယ်တို့တွင် သေနတ်ဖြင့်ပစ်ခတ်တားဆီးဖမ်းခဲ့ရကြောင်းသိရသည်။ 






ကဏ္ဍတွင်ဖော်ပြထားသည့်စကားများနှင့်စာများသည် 

ကျွန်းသာယာ၏အကြိုက်နှင့်သဘောတူမှုများမဟုတ်ကြပါ။ 

ပြောဆို ရေးသားကြသူတို့၏အတွေးအမြင်နှင့်အာဘော်များသာဖြစ်သည်။ (အယ်ဒီတာ)


စီမံအုပ်ချုပ်ရေး

အလုပ်၊ ရာထူးနှင့်တာဝန်

ရန်ကုန်တိုင်းဒေသကြီး စီမံကိန်နှင့်ဘဏ္ဍာရေးဝန်ကြီး
ဦးရဲမင်းဦးနှင့်တွေ့ဆုံခြင်း အပိုင်း(၁)


ရာထူးတွေဆိုတာက တကယ်က အရေးမကြီးဘူး။ အလုပ်လုပ်ခွင့် ရဖို့ကပဲအရေးကြီးတယ်။ 

ဥပမာ ရာထူးတစ်ခုပေးထားပြီးတော့ ဒီအတိုင်းပဲ အဲဒီရာထူးမှာထိုင်နေတဲ့သူမျိုးဖြစ်သွားမယ်ဆိုရင် ဘာမှထူးမှာမဟုတ်ဘူး။      

ကျွန်တော်တို့က တာဝန်နဲ့အလုပ်ပဲလိုချင်တယ်။ 

လုပ်ခိုင်းရင်တော့ တာဝန်ပေးရင်တော့ ဘယ်အလုပ်မျိုးဘယ်တာဝန်မျိုးမဆို ကျွန်တော်တို့ထမ်းဆောင်မယ်။ 

တာဝန်ကျေပွန်အောင်လဲ ကျွန်တော်တို့ကြိုးစားမယ်။ အဲဒီတာဝန်အပေါ်မှာ အလွဲသုံးစားဘာမှမဖြစ်ဖို့ ကျွန်တော်တို့ကြိုးစားမယ်။  

အဂတိလို့ပြောလိုက်ရင် လူတွေသိနေတဲ့အဂတိဆိုတာက ရိုးရိုးလာဘ်ပေးလာဘ်ယူဆိုတာလောက်ပဲသိတယ်။ 

ကိုယ့်ကိုပေးထားတဲ့တာဝန်ကို လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ ကျေပွန်အောင်မလုပ်ရင်လဲ ဒါက အဂတိပဲ။ 

ဦးရဲမင်းဦး - ရန်ကုန်တိုင်းဒေသကြီး စီမံကိန်နှင့်ဘဏ္ဍာရေးဝန်ကြီး။ 


ဒီမိုကရေစီလွတ်လပ်ခွင့်

မှန်ကန်လွတ်လပ်စွာ ပြောဆိုရေး

အခုခေတ်က စစ်အုပ်ချုပ်ရေးခေတ်တုန်းကလို ပြည်သူလူထုအများစုကြီးအနေဖြင့် အုပ်ချုပ်သူလူတန်းစားတွေရဲ့ ပောသမျှကို ဟုတ်ဟုတ် မဟုတ်ဟုတ် ခေါင်းငုံ့ခံနားထောင်ခဲ့ကြရပြီး သူတို့အကြိုက်ကို တမင်လိုက်ကာ 'ဗောင်းတော်ညိတ် စိတ်တော်သိ' ကြရတဲ့ခေတ်မျိုး မဟုတ်တော့ပါဘူး။

ပြောရေးရှိက ပြောရဲပြီး
ဆိုရေးရှိက ဆိုရဲကြရမယ့်ခေတ်ပါ။

ဒါကြောင့် ဒီအကြောင်းတွေကို ပြောကြရအောင်ပါ။

ဆိုရေးရှိက ဆိုအပ်လှ၏၊ တင်မောင်အေး (ကန့်ဘလူ)၊ ကျွန်းသာယာ မေ ၁၊ ၂၀၁၄


ဖတ်စရာ မှတ်စရာ


မြန်မာ့အလင်းသတင်းစာ ခေါင်းကြီး "သတင်းတုနှင့်လူမှုကျင့်ဝတ်"မှ

ထုတ်နှုတ်ဖော်ပြချက် (စက်တင်ဘာ ၁၉ ရက်)


                                                                                                           
***


ဒေါက်တာဝင်းအောင်(သုတေသီ)၊ မြန်မာအသည်းဖောင်ဒေးရှင်း၏ 
'ကိုဗစ်-၁၉  ရောဂါကာလတွင် မပေါ့ဆသင့်သော အသည်းအဆီဖုံးရောဂါ'
ဆောင်းပါမှကောက်နှုတ်ချက်၊ မြန်မာ့အလင်း ၁၉ -၉ -၂၀

***


စံတော်ချိန်နေ့စဉ် (၁၂၊၉ ၊၂၀)



 
ကြေးမုံ - ၁၄၊၉၊၂၀


မြ၀တီသတင်းစာ - ၁၅၊၉၊၂၀


မြန်မာ့အလင်း၊ စက်တင်ဘာ ၁၅ ရက်


မြန်မာနိုင်ငံသည် အိုဇုန်းလွှာပျက်စီးစေသော အဓိကဒြပ်ပစ္စည်းဖြစ်သည့် ကလိုရိုဖလူရိုကာဘွန်(CFCs) ထုတ်လုပ်အသုံးပြုမှုကို ၂၀၁၀ ခုနှစ်ကပင်ရပ်ဆိုင်းခဲ့ပြီး ဟိုက်ဒရိုကလိုရိုဖလူရိုကာဘွန် (HCFCs) များ အသုံးပြုမှုကို ၂၀၄၀ ပြည့်နှစ်တွင် အပြီးသတ်ရပ်ဆိုင်းနိုင်ရန် ၂၀၁၅ ခုနှစ်မှစပြီး နှစ်အလိုက်ကန့်သတ်ပမာဏအတိုင်း ခွဲတမ်းစနစ်ဖြင့်သာ တင်သွင်းခွင့်ပြုလျက်ရှိသည်။ (ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန)



ကျန်းမာရေး

ကျီးပေါင်းအတွက် မြန်မာဆေးမြီးတို

ကည်လွင်မြင့်(မုဒြာ)၊ မြ၀တီသတင်းစာ ၁၅-၉ -၂၀။


 ရွှေ  ငွေကြေး  စက်သုံးဆီ 
              ၁၈-၉ -၂၀ (သောကြာ)
ကြေးမုံ၊ ၁၉ -၉ -၂၀ မှ။






 ကမ္ဘာနှင့်ကိုရိုနာသတင်း 

Globally, as of 10:53am CEST, 17 September 2020

there have been 29,679,284 confirmed cases of COVID-19, 

including 936,521 deaths, reported to WHO.




စက်တင်ဘာ ၁၇ ရက် မနက် ၁၀ နာရီ ၅၃ မိနစ်အချိန်အထိ တစ်ကမ္ဘာလုံးတွင် 

၁) ဓာတ်ခွဲအတည်ပြုလူနာပေါင်း - ၂၉ သန်းကျော် (၂၉ ,၆၇၉ ,၂၈၄ ဦး) 

၂) ပိုးတွေ့သေဆုံးလူနာပေါင်း - ၉ သိန်းကျော် (၉၃၆,၅၂၁ ဦး)  ရှိသွားပြီ။



အမေရိကန်ကလေးငယ် ၅၅၀,၀၀၀ ခန့်

ကိုဗစ်-၁၉  အတည်ပြုလူနာဖြစ်နေ

Photo: Shutterstock

ကိုဗစ်-၁၉  ကပ်ရောဂါစတင်ချိန်မှ ယခုအချိန်ထိ အမေရိကန်နိုင်ငံတွင် ကလေးငယ်ပေါင်း ၅ သိန်း ၅ သောင်းခန့် ရောဂါအတည်ပြုလူနာဖြစ်နေကြောင်း အမေရိကန်ကလေးဆေးပညာအကယ်ဒမီနှင့်ကလေးဆေးရုံများအဖွဲ့အစည်း (American Academy of Pediatrics and the Children's Hospital Association) တို့၏သတင်းထုတ်ပြန်ချက်အရသိရသည်။

ယင်းရောဂါအတည်ပြုကလေးလူနာအရေအတွက်သည် အမေရိကန်တနိုင်ငံလုံး၏အတည်ပြုလူနာစုစုပေါင်း၏ ၁၀%ရှိသည်။ ကလေးဦးရေ တစ်သိန်းတွင် ၇၂၅ ယောက်ကျ ကိုဗစ်ရောဂါကူးစက်ခံနေရသည်။

သို့သော် ယခုအချိန်အထိ ကလေးများတွင် ရောဂါအခြေအနေပြင်းထန်မှု နည်းကြောင်းတွေ့ရှိရသည်။

Nearly 550,000 children  test positive for Covid-19, Business Standard, 16 September 2020    (သတင်းဘာသာပြန် ကျွန်းသာယာ)


 အားကစား 

ရာဖေးလ်နဒါးက လူစန်လားဂျော့ဗစ်ခ်ျကို

အနိုင်ယူပြီး စတုတ္ထအဆင့်တက်သွား 


ကမ္ဘာ့တင်းနစ်လောကတွင် မြေစေးကွင်းဘုရင်ဟုနာမည်ရထားသည့် စပိန်တင်းနစ်သမား ရာဖေးလ်နဒါးသည် ယခုကျင်းပလျက်ရှိသော အီတလီအိုးပင်း ဆားဗီးယားတင်းနစ်သမား လူစန်လားဂျော့ဗစ်ခ်ျကို ၆-၁၊ ၆-၃ ဖြင့် တစ်ဖက်သတ်ပွဲပြတ်နိုင်ပြီး စတုတ္ထအဆင့်သို့တက်ရောက်သွားပြီဖြစ်သည်။

WATCH: Rafael Nadal Hits a Mind Blowing Return at Italian Open 2020, September 19 2020   (သတင်းဘာသာပြန် ကျွန်းသာယာ)


  














No comments:

Post a Comment