"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, March 27, 2023

ကျွန်းသာယာသတင်းစဉ် (၇၀)

 






    

***




လူတစ်ယောက်နှင့်တစ်ယောက်တွေ့ကြတဲ့အခါတွေမှာ သူတို့ရဲ့ သက်ဆိုင်ရာယဉ်ကျေးမှုဓလေ့ထုံး
စံများအရနှုတ်ဆက်ပုံနှုတ်ဆက်နည်း အမျိုးမျိုးရှိတတ်ကြပါတယ်။

မိမိတို့မြန်မာလူမျိုးများက ပါးစပ်ကနေ 'နေကောင်းရဲ့ လား' 'စားပြီးပြီလား' 'ဘယ်သွားမလို့တုံး'အစ
ရှိသဖြင့် ပဋိသန္တာရပြုနှုတ်ဆက်လေ့ရှိပါတယ်။

မျက်နှာကလဲ ရင်းနှီးခင်မင်စွာပြုံးပြကြသေးတာ။

လက်ကတော့ တခြားသူရဲ့ လက်၊ လက်မောင်းနဲ့ပခုံးစတာတွေကို ညင်သာနွေးထွေးစွာကိုင်တတ်
ကြပါတယ်။ 

ဒီမှာဘက်ကာလများမှာတော့ နိုင်ငံတကာယဉ်ကျေးမှုအတိုင်း လက်ဆွဲပြီးနှုတ်ဆက်လာကြတာ
တွေကို အတွေ့များလာရပါတယ်။

ဒါကြောင့် မိမိတို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံမဟုတ်တဲ့ လက်ဆွဲနှုတ်ဆက်ခြင်းအကြောင်းကို အခြေ

ခံသဘောအားဖြင့်သိထားပြီးတော့ ဖြစ်ကတတ်ဆန်းလက်ဆွဲနှုတ်ဆက်လိုက်တာမျိုး မလုပ်မိရလေ

အောင် သတိပြုကြမှာဖြစ်ပါတယ်။


ဒီကနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှာပါတဲ့ အောက်ပါသတင်းဓာတ်ပုံလေးကိုကြည့်ပြီး လေ့

လာကြရအောင်ပါ။


 


အလွယ်လေးပါ။

ဘယ်လိုမှန်မှန်ကန်ကန်လက်ဆွဲနှုတ်ဆက်ရလဲဆိုတာကို တရုတ်ယူနန်ပြည်နယ်ကလာတဲ့ ပါ
တီအတွင်းရေးမှူး မစ္စတာဝမ်နင်းဆီကသာ လေ့လာသင်ယူကြပါလေ။

(ကိုယ်နေကိုယ်ထား၊ မျက်လုံးအကြည့်၊ မျက်နှာအပြုံး၊ တံတောင်အကွေး လက်အဆုပ် စတာ 
စတာတွေကိုပေါ့။)

ဒါမှ နိုင်ငံတကာအဆင့်အတန်းမီမီ လေ့ကျင့်သင်ကြားမပေးထားတာတွေကြောင့် နိုင်ငံမျက်
နှာငယ်ပြီး အရှက်မကွဲကြရမှာ။ 

ဒါပဲလေ ဒါတွေပဲလေ။


***


 


***







               

     



***




              



            

















                                  

သိပ္ပံသတင်း (နက္ခတ်တဗေဒ) 



ပြီးခဲ့သည့်သောကြာနေ့ညက ကောင်းကင်ရံတွင်လှပစွာတောက်ပနေသည့်လခြမ်းအား နေနှင့်အနီး
ဆုံးဒုတိယဂြိုလ်ကြီးဖြစ်သည့် သောကြာဂြိုလ်(Venus)နှင့် ထူးထူးခြားခြား တွဲဖက်တွေ့ရှိရသည်။

တောက်ပမှုအားကောင်းလှသည့် သောကြာဂြိုလ်ကြီးကို မိုးကောင်းကင်တွင် နေနှင့်လကလွဲပြီး လူ
တို့၏သာမန်မျက်စိဖြင့်မြင်နိုင်သောဂြိုလ်ဖြစ်သည်။

အနီးအဝေးကွာခြားမှုကြောင့် လခြမ်းအား သောကြာဂြိုလ်ကသွားထိပြီးအထဲသို့ဝင်သွားတော့မလို
လိုထင်ရသော်လည်း အမှန်တကယ်က  လနှင့်ကမ္ဘာမှာ (၃၇၅,၇၀၀)ကီလိုမီတာကွာဝေးပြီး သော
ကြာဂြိုလ်နှင့်ကမ္ဘာက ကီလိုမီတာ (၁၈၅)သန်းအထိ ကွာဝေးနေပါသည်။  

SOURCE: haqil@sph.com.sg














***













 နောက်ဆုံးရသတင်း (၂၈-၃-၂၃)