"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, March 25, 2023

စာအုပ်ကောင်းကောင်း အဖိုးချိုချို (၂-၁) Staying Flexible, Full ROM

 


အထက်ပါစာအုပ်ခေါင်းစဉ်တွင်ပါရှိသည့် အင်္ဂလိပ်စာလုံး Flexible ကို မြန်မာလို ပျော့ပြောင်းစွာ

ညွှတ်ကွေးနိုင်ခြင်းဟုဆိုနိုင်ပါမည်။ 

မိမိတို့၏အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့အဖွဲ့အစည်း(World Physiotherapy)၏ပြန်လည်

ထူထောင်ရေးဗဟုသုတဘဏ်(Physiopaedia - rehabilitation knowledge resource)က အကြော

အဆစ်များပျော့ပြောင်းညွှတ်ကွေးနိုင်ခြင်းကို အောက်ပါအတိုင်းအနက်အဓိပ္ပာယ်ဖွင့်ဆိုထားသည်။  


"အဆစ်တစ်ဆစ် သို့မဟုတ် အဆစ်ပေါင်းများစွာတို့ အထစ်အငေါ့မရှိ နာကျင်မှုကင်းစွာကွေးဆန့်

နိုင်ခြင်း" ဟုဖြစ်သည်။ 

သို့သော် လူတစ်ဦးချင်းစီ၏ပျော့ပြောင်းစွာညွှတ်ကွေးနိုင်ခြင်းမှာ တစ်ဦးနှင့်တဦး များစွာကွဲပြားပြီး

တူညီမှုမရှိတတ်ကြပေ။ 

မည်သို့ပင်ကွဲပြားမှုရှိပါစေ အဆစ်၏ပုံမှန်လုပ်ငန်းများပြုလုပ်ရန်နှင့်ခန္ဓာတစ်ခုလုံး၏လိုအပ်ချက်

အရ အဆစ်တိုင်းသည် ရှိသင့်ရှိထိုက်သောအနည်းဆုံးလှုပ်ရှားနိုင်စွမ်းတော့ရှိရပါမည်။ 




















စာအုပ်တွင် အခန်း (Chapter) ၆ ခန်းပါရှိ၏။

'လူ့ခန္ဓာကိုယ်တွင် အကြောအဆစ်များပျော့ပြောင်းညွှတ်ကွေးနိုင်နေရန် ဘာကြောင့်လိုအပ်
ပါသနည်း' ဟူသောမေးခွန်းဖြင့် အခန်း (၁) ကို စ,ထားသည်။  

နောက်တခါ အကြောအဆစ်များပျော့ပြောင်းညွှတ်ကွေးခြင်းကို မည်သည့်အရာမျာက ကန့်
သပ်ထားပြီး ယင်းအခြေအနေအား မည်ကဲ့သို့ဖယ်ရှားပစ်နိုင်ပါသနည်းဆိုသည့်မေးခွန်းများ
ဖြင့် ဆက်မေးထား၏။

အကြောဖြေလျှော့ပေးနိုင်သော လေ့ကျင့်နည်း (၄)နည်း၊ 
အလိုအလျောက်ရုန်းဆန့်တုန့်ပြန်ခြင်း(stretch reflex)၊
မည်သည့်ကြွက်သားများကို ဖြေဆန့်ပေးရန်လိုအပ်ပါသနည်း။ 
မိမိကြွက်သားများ၏ဖြေလျှော့နိုင်မှုပမာဏ (flexibility)ကို စစ်ဆေးခြင်းနှင့်ဆောင်ရန်ရှောင်
ရန်များ။

အခန်း (၂) မှ (၅) တို့တွင် ငယ်ထိပ်မှခြေဖျားအထိ ဖြည်းညင်းစွာအကြောဖြေလျှော့ပေးခြင်း
(slow stretching)ဖြင့် ခန္ဓာကိုယ်ချိန်ဆမှု(balance) ကိုယ်နေကိုယ်ထား(posture)မှန်ကန်ပြီး 
ခါးနှင့်လည်ပင်းနာသက်သာခြင်းအစရှိသည့်အကြောင်းများပါရှိကြသည်။

 အခန်း (၆) မှာကား ကျန်းမာရေးနှင့်ညီညွတ်စေသည့် သတ္တုဓာတ်များ၊ အသား ငါးနှင့်အသီး
အရွက်တို့အကြောင်းနှင့်စနစ်တကျချက်ပြုတ်နည်းများအကြောင်းတို့ကို သီးသန့်ရေးသားထား
လေသည်။
























ထိခိုက်အနာတရဖြစ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့်အကြောဖြေလျှော့မှုပုံမှန်ပြုလုပ်

မပေးခြင်းတို့ကြောင့် အဆစ်များ၏ပုံမှန်ကွေးဆန့်နိုင်စွမ်းကို ကျဆင်းဆုံးရှုံးစေနိုင်လေသည်။  


တဖန် အဆစ်များ၏အနီးဝန်းကျင်တွင်ရှိသော ကြွက်သား၊ အကြော၊ ရိုးဆက်ရွတ်နှင့်အဆစ်ငုံ

ရွတ်များ(soft tissues)ကလည်း အဆစ်၏ပုံမှန်ကွေးဆန့်နိုင်စွမ်းအပေါ်သက်ရောက်မှုရှိတတ်

ကြပြန်သေးသည်။  

ကိုယ်လက်လှုပ်ရှားများရှိသော်လည်း အကြောဖြေလျှော့မှုများကို ပုံမှန်ပြုလုပ်ပေးခြင်းမရှိပါက

ကြွက်သားများညောင်းညာရာမှ အကြောအရွတ်တို့တင်းတောင့်လာပြီး ကြာသော်တိုလာခြင်း

(soft tissue shortening) ဖြစ်လာတော့သည်။





























ဆက်ပြီးရေးပါဦးမည်။




No comments:

Post a Comment