"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 19, 2023

ခြံထွက်မန်ကျည်းရွက်နု

 


မိမိတို့အိမ်ရှေ့ ခန်းတွင် အရှည် ၁၅ ပေ၊ အနံ ၅ ပေကျော်ခန့်ရှိသော ၀ရန်တာရှိသည်။

ထိုဝရန်တာမှာ အိမ်ရှင်မက ၀ါးပင်၊ မန်ကျည်းပင်၊ သနပ်ခါးပင်၊ ရွက်လှပင်၊ သစ်ခွပန်းပင်၊
ကုမုဒြာကြာနှင့်အသဲပန်းပင်၊ ထန်းပင် စသဖြင့်အပင်အချို့ စိုက်ပျိုးထားသည်။

တစ်ထွာလောက်ရှည်ပြီး ၆ လက်မအမြင့်ရှိသော ပလတ်စတစ်ဗူးလေးထဲထည့်ပြီး လက်
သည်းခွံလောက်အရွယ်ကတည်းကမွေးလာခဲ့ရသည့် အရွယ်ရောက်လိပ် ၄ ကောင်လည်း 
ကန်လေးအတွင်းရှိနေသည်။

ဥယျာဉ်မှူးအိမ်ရှင်မ၏ အိမ်ရှေ့ ခန်းဝရမ်တာက ဥယျာဉ်လေးပါ။

ယင်းဥယျာဉ်လေးထဲမှာ လူတရပ်အမြင့်ရှိသည့် မန်ကျည်းပင်တပင်ရှိသည်။

မန်ကျည်းပင်က  ၆ နှစ်အရွယ်ရှိပြီး ရွက်နုလေးများထွက်လာတိုင်း မှန်မှန်ခူးပေးက မန်
ကျည်းရွက်နုများအမြဲထွက်လျက်ရှိနေသည်။








ရွက်လှပန်း၊ သစ်ခွပန်းနှင့်ကုမုဒြာကြာပန်းတို့ပွင့်ကြသောအခါ ခြံထွက်ပန်းအဖြစ် ဘုရားကပ်
လှူပြီး ပီတိဖြစ်ရသည်။

ထိုသို့ပင် မန်ကျည်းပင်မှ မန်ကျည်းရွက်နုများထွက်လာသောအခါ ခူးပြီးဟင်းချိုချက်သောက်
သည်။ 

ကိုယ့်ခြံထွက်ဖြစ်သဖြင့် အရသာပိုရှိရပါ၏။























 







No comments:

Post a Comment