"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, March 21, 2023

စာအုပ်ကောင်းကောင်း အဖိုးချိုချို (၁-၁) Self-Massage The Basics and Benefits

 


မိမိအချိန်ပိုင်းအလုပ်လုပ်နေသည့်ဆေးရုံရှိ တပတ်ရစ်ပစ္စည်းများကိုဈေးသက်သက်သာသာ

ဖြင့်ရောင်းချပေးသည့်ဆိုင်ကို ပြုပြင်မှုများပြုလုပ်ရန် ပြီးခဲ့သည့်နှစ်လခန့်ကပိတ်ထားသည်။


လွန်ခဲ့သည့် နှစ်ပတ်ခန့်ကပြန်ဖွင့်ခဲ့သည်။

ထိုဆိုင်သို့သွားပြီး စာအုပ်အဟောင်းများကြည့်ရန်စိတ်ကူးရှိသော်လည်း ယနေ့တိုင် မရောက်

ဖြစ်ခဲ့ပေ။

သို့ရာတွင် လွန်ခဲ့သောအပတ်က Ng Teng Fong Hospital ၏ Administrative Office ကို 

ကိစ္စတခုဖြင့်သွားရင်း အပြန်မှာ စာအုပ်အဟောင်းတွေရောင်းသည့်ဆိုင်ရောက်သွားခဲ့သည်။
  

ထိုဆိုင်မှ စာအုပ် ၃ အုပ်ဝယ်ခဲ့သည်။

ပထမစာအုပ်က A Practical Guide to Self-Massage

ဒုတိယစာအုပ်က Staying Flexible - The full range of motion ဖြစ်ပြီး

တတိယစာအုပ်က PEAR's Pocket Medical Encyclopaedia ဖြစ်သည်။

အဟောင်းဈေးနှုန်းဖြစ်သဖြင့် ၃ အုပ်ကို စင်ကာပူဒေါ်လာ ၁၆ ဒေါ်လာသာပေးခဲ့ရသည်။






















ဂျူရောင်းအိ(စ်)အရပ်ရှိ Ng Teng Fong အထွေထွေဆေးရုံကြီး၏ Tower B ရှိ ထိုစာအုပ်အ

ဟောင်းရောင်းသည့်ဆိုင် (Second hand used books) ကို မိမိ ယခုဒုတိယကြိမ်ရောက်ခြင်း

ဖြစ်သည်။     

ပထမအကြိမ်ရောက်ခဲ့စဉ်ကလည်း စာအုပ် ၃-၄ အုပ်ဝယ်ဖြစ်သေး၏။


ယခုတကြိမ်ဝယ်ခဲ့သည့်စာအုပ် ၃ အုပ်တွင် ကျန်းမာရေးနှင့်သက်ဆိုင်သောစာအုပ် ၂ အုပ်

ဖြစ်ပြီး နောက်တစ်အုပ်က ဆေးဝေါဟာရစွယ်စုံကျမ်း(Medical Encyclopaedia)ဖြစ်သည်။

မိမိမှာဆေးဝေါဟာရအဘိဓါန်ကျမ်း (Medical Dictionary) သာရှိပြီး ဆေးဝေါဟာရစွယ်စုံ

ကျမ်းမရှိသဖြင့် အဆင်ပြေပါသည်။ 


ဆေးဝေါဟာရအဘိဓါန်ကျမ်းက စကားလုံး(word)၏အဓိပ္ပာယ်နှင့်အသုံးအနှုန်း(usages)ကို

သာရှင်းပြပြီး ဆေးဝေါဟာရစွယ်စုံကျမ်းကမူ စကားလုံး၏အဓိပ္ပာယ်အပြင် ဆက်နွယ်သိသင့်

သည့်သတင်းအချက်အလက်များ(information)ကိုပါ ရှင်းပြပေးပါသည်။ 

















'မိမိကိုယ်ကို နှိပ်ပေးခြင်းဖြင့် ကျန်းမာစေနည်း'စာအုပ်တွင် ကိုယ်လက်လှုပ်ရှားမှု(exercise)

နှင့်အနားယူဖြေလျှော့နည်း(relaxation technique) ၅၀ ကျော်ပါရှိလေသည်။ 


ထိုလေ့ကျင့်နည်းများကို စနစ်တကျ မှန်မှန်လေ့ကျင့်သွားပါက ကျန်းမာခြင်း(Health)နှင့်ကျန်း

မာစွာနေထိုင်ရခြင်း(Well-being) အစရှိသောအကျိုးကျေးဇူးများ ရရှိခံစားကြရမည်ဟု စာရေး

သူ မေရီအတ်ကင်ဆန်က ဆိုထားပါသည်။


နောက်ပြီး ဒီလေ့ကျင့်နည်းတွေကို စာဖတ်သူတို့အလိုရှိတဲ့အခါတိုင်းပြုလုပ်နိုင်တာဖြစ်ပြီး နေ့စဉ်

ဘ၀မှာ အသုံးပြုကြစေချင်ပါတယ်။


'မိမိကိုယ်ကို နှိပ်ပေးခြင်းဖြင့် ကျန်းမာစေနည်း'ဆိုတာ တကယ်က လက်တွေ့ကျွမ်းကျင်မှုပညာ

ရပ်တစ်ခုပါ။


ဆိုကြပါစို့။

- စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တယ်။ 

- မျက်စိအသုံးများပြီး မျက်ရိုးနဲ့မျက်လုံးတွေကိုက်ခဲတယ်။ 

- မှတ်ဥာဏ်မကောင်းဘဲ မေ့မေ့လျော့လျော့တွေဖြစ်လာတယ်။

- အကြောအဆစ်တွေနာတာ၊ 

- မျက်နှာမှာ အရေးအကြောင်းတွေပေါ်လာတာ၊ 

- ကြွက်သားတွေ တင်းတင်းရင်းရင်းလေးရှိနေစေချင်တာ အစရှိလို့ပေါ့ရှင်၊ 


အဲဒါတွေအားလုံးအတွက် စာဖတ်သူတွေအနေနဲ့ ကိုယ့်လက်ကလေးကိုသုံးပြီး ကုသပေးလိုက်ရုံပဲ

လေ။ ဘာခက်ခဲတာများကျလို့။   
























စာအုပ်၏ပထမဦးဆုံးအခန်းကို 'မိမိကိုယ်ကိုနှိပ်ပေးခြင်း၏အခြေခံသိစရာများနှင့်အကျိုးကျေးဇူး
များ'(Self-Massage: The Basics and Benefits) ဟုခေါင်းစဉ်ပေးလျက် မိတ်ဆက်ထားပါသည်။

မိမိကိုယ်ကိုနှိပ်ပေးခြင်းဖြင့် အလုပ်စားပွဲမှာထိုင်နေစဉ် နာတာတွေ အကြောအဆစ်တင်းတောင့်
နေတာတွေကို သက်သာပျောက်ကင်းစေနိုင်သည်။ 
အရေးကြီးသောလုပ်ငန်းတစ်ခုခု မစတင်မီတွင် ဖြစ်ပေါ်လာတတ်သည့် စိတ်ပူပန်မှုများကို ငြိမ်း
အေးစေနိုင်သည်။ 
လုပ်ကိုင်နိုင်စွမ်းများအား မြှင့်တင်ပေးနိုင်သည်။

သို့ဖြစ်ရာ ယခုစာအုပ်ကိုရေးသားပြုစုသူသည် အကြောင်းအရာများအား အပိုင်း(၂)ပိုင်းခွဲခြားဖော်
ပြထားသည်။

ပထမအပိုင်းတွင် မိမိကိုယ်ကိုနှိပ်ပေးခြင်း၏ကုသပေးနိုင်စွမ်း(therapeutic powers)ကို စာဖတ်
သူများ သိရှိနားလည်သဘောပေါက်စေမည့် ဗဟုသုတများပါရှိသည်။ တဖန် မိမိတို့၏နေ့တဓူဝ
ကိစ္စများမြောင်တို့မှာလည်း မည်သို့မည်ပုံအထောက်အကူပြုနိုင်ကြောင်းရှင်းပြထားလေသည်။

ထိုနောက် ဒုတိယအပိုင်းတွင် မိမိကိုယ်တိုင် အဆင့်ဆင့်နည်းလမ်းတကျဆောင်ရွက်ပေးခြင်းဖြင့် 
အဖြစ်များသောဖျားနာမှုများ (common ailments) အား ရင်ဆိုင်ဖြေရှင်းခြင်း၊ ကျန်းမာခြင်းနှင့်
ကျန်းမာစွာနေထိုင်ရခြင်း (good health and well-being)တို့ကိုထိန်းသိမ်းစောင့်ရှောက်ခြင်း
စရှိသည်တို့ပါရှိကြသည်။

ထို့အပြင် မိမိကိုယ်ကိုနှိပ်ပေးခြင်းအား အထောက်အကူပြုစေနိုင်သည့် အာဟာရဖြစ်သောအစား
အစာများအကြောင်း (dietary ideas)နှင့်မှန်ကန်သောကိုယ်နေကိုယ်ထား(postural advice)အ
ကြောင်းတို့ကိုလည်း ဘ၀နေနည်းသိကောင်းစရာများ(lifestyle tips)အဖြစ် ထည့်သွင်းဖော်ပြ
ထားသေးသည်။   
 

































ဆက်ပြီးရေးပါဦးမည်။


No comments:

Post a Comment