Pulled muscle can occur very quickly when you move suddenly, overexert your body, or even experience a fall.
Increased flexibility and range of motion support better mobility and balance, and also improve older person's quality of life.
Increased flexibility and range of motion support better mobility and balance, and also improve older person's quality of life.
အသက်ကြီးသူများ သတိထား၊ ဆိုးဆိုးဆတ်ဆတ်လုပ်ရင် အကြောမျက်မယ်
စာရေးသူကိုယ်တိုင် အသက် ၇၀ အတွင်းဝင်လာပြီဖြစ်သော်လည်း အလုပ်တစ်ခုခုကို ယ ခင်အခါကကဲ့သို့ အမှတ်မထင် စိတ်မြန်ကိုယ်မြန် ဆိုးဆိုးဆတ်ဆတ်နှင့်ဗြုံးစားကြီးပြုလုပ်မိ တတ်ဆဲဖြစ်သည်။ ထိုအခါ ယခင်အခါကများနှင့်မတူတော့ပြီဖြစ်သောခန္ဓာကိုယ်ကြီးတွင် မ ကြာခဏ စူးကနဲမျက်ကနဲ အောင့်ကနဲ ကျင်ကနဲခံစားရကာ နာတတ်သည်ကို သတိပြုမိ လာသည်။ ထိုအခါ မိမိကုသပေးခဲ့ဖူးသော အကြောအဆစ်ဝေဒနာဖြစ်သူ သက်ကြီးလူနာ အချို့ ကို ပြန်လည်အမှတ်ရမိပါသည်။ ယင်းတို့အထဲမှတစ်ဦးမှာ မိမိအားကျလေးစားခဲ့ရ သော စာရေးဆရာကြီးနှင့်သိပ္ပံမဂ္ဂဇင်းအယ်ဒီတာချုပ် ဆရာကြီးသိပ္ပံမှူးတင်ဖြစ်သည်။
ဆရာကြီးသည် စာရေးနေရင်းက စားပွဲအောက်သို့ကျသွားသောဖောင်တိန်ကို မမီမကမ်း လှမ်းကုန်းပြီးကောက်လိုက်ရာမှ သူ၏ရင်ဘတ်နှင့်စားပွဲစောင်းတို့ဖိညှစ်မိပြီး နံရိုးမျက်သွားခဲ့ သည်။ဆရာကြီးကဲ့သို့ကျန်းမာရေးဗဟုသုတလည်းရှိ၊ကိုယ်တိုင်ကကျန်းမာရေးကို အထူးဂ ရုစိုက်သူလည်းဖြစ်ပြီး ကျန်းမာရေးဗဟုသုတများကို သတင်းစာနှင့်မဂ္ဂဇင်းများတွင် ဆောင်း ပါးများရေးသားနေသူတစ်ဦးပင် အမှတ်မထင် သတိလက်လွတ်ဖြစ်တတ်ကြောင်းကို သတိ ပြုမှတ်သားမိခဲ့ပါသည်။
အကြောမျက်ခြင်းကို မြန်မာအဘိဓာန်တစ်ခုတွင် ကိုယ်လက်အင်္ဂါလှုပ်ရှားသည့်အခါ အ တွင်းမှနာကျင်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်းတို့ကဲ့သို့ သောပြင်းထန်သော ထိခိုက်အနာတရများထက် အကြောမျက်ခြင်းကို အသက်ကြီးသူများ မကြာခဏဆိုသလို ခံစားရတတ်သည်။ သို့တစေ ဖြစ်ပါများ၊ ကြုံပါများ၊ ခံရပါများလှသော် လည်း မိမိတို့၏ပြုမြဲနေ့တဓူဝကိစ္စများကို အထူးတလည်အနှောက်အယှက်မဖြစ်သရွေ့  အ သက်ကြီးသူအတော်များများက ကောင်းစွာအရေးတယူရှိခြင်းနှင့် ပိုမိုဂရုမူခြင်းမရှိတတ်ကြ ကြောင်းကို စာရေးသူ၏ဆေးရုံဆေးခန်းအတွေ့အကြုံများအရ သိရှိခဲ့ပါသည်။
ခန္ဓာကိုယ်ကို ရုတ်တရက်လှုပ်ရှားလိုက်ခြင်းကြောင့်ဖြစ်စေ၊ ပစ္စည်းကို မ,လိုက် ပင့်တင် လိုက်ခြင်းကြောင့်ဖြစ်စေ၊ အလေးအပင်တခုခုအား တွန်းခြင်း ဆွဲခြင်း သယ်ယူခြင်းတို့ ကြောင့်ဖြစ်စေ၊ ခြေလက်တို့ကို အမှုမဲ့အမှတ်မဲ့ ဗြုံးစားဆန့်ခြင်း ခါခြင်း မြှောက်ခြင်းကြောင့် ဖြစ်စေ၊ ကုန်းကွကွပြုလုပ်ရာက အမာခံတခုခုဖြင့် တိုက်မိဖိမိ ညှစ်မိ၍ဖြစ်စေ အကြောမျက် ခြင်းကို ဖြစ်စေနိုင်လေသည်။ အကြောမျက်ခြင်းဖြစ်သွားသောအခါ ကြွက်သားသော်လည်း ကောင်း၊ အဆစ်များရှိ အရွတ်ဆိုင်း (ligaments) နှင့်ကြွက်သားကြောများ (tendons) ကို သော်လည်းကောင်း အနာတရဖြစ်စေကာ အောက်ပါလက္ခဏာများကို ယေဘုယျအားဖြင့် တွေ့ရှိရတတ်သည်။
· ရောင်ရမ်းခြင်း
· သွေးချေဥခြင်း
· အရေပြားပွန်းပဲ့ခြင်း
· လှုပ်ရှားခြင်း ထိကိုင်ခြင်းပြုက နာခြင်း
· နံရိုးနေရာတွင်ဖြစ်က အသက်ရှူလျှင်ပင်နာတတ်ခြင်း (စိုးရိမ်စရာမလိုပေ)
စင်ကာပူနိုင်ငံတွင်ပြုလုပ်ခဲ့သော သက်ကြီးရွယ်အိုများထိခိုက်မှုဖြစ်ခြင်း (elderly injuries) လေ့လာမှုတစ်ခုအရ အသက်ကြီးသူအများစု (၆၇.၉ ရာခိုင်နှုန်း) သည် အိမ်မှာဖြစ်ကြခြင်း ဖြစ်ပြီးဦးခေါင်းနှင့်မျက်နှာပိုင်းတွင်၂၉.၆ ရာခိုင်နှုန်း၊ ခြေထောက်ပိုင်းတွင် ၂၄.၂ ရာခိုင်နှုန်း၊ လက်ပိုင်းတွင် ၁၃.၆ ရာခိုင်နှုန်းနှင့် ကိုယ်ပိုင်းတွင် ၉.၃ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။ မည်သို့ဆိုစေကာမူသတင်းကောင်းကတော့ယင်းထိခိုက်မှုအမျိုးအစားများကို အခြေခံအား ဖြင့် ကာကွယ်၍ရနိုင်ကြောင်းပင်ဖြစ်သည်။
ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများ တိုးတက်ကောင်းမွန်လာခြင်းနှင့်အတူ ယခုအခါ ကမ္ဘာနိုင်ငံအသီးသီးတွင် အသက်ရှည်သူအရေအတွက် များစွာတိုးပွားလျက်ရှိ နေပါသည်။ မြန်မာပြည်တွင်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်သည်။ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (World Health Organization) ၏ ‘An Aging World: 2015’ အစီရင်ခံစာအရ ကမ္ဘာ ပေါ်တွင် အသက် ၆၅ နှစ်နှင့်အထက်ရှိသူလူဦးရေမှာ ၆၁၇ သန်းအထိရှိနေပြီဖြစ်ကြာင်းသိ ရသည်။ ယင်းအရေအတွက်သည် ကမ္ဘာလူဦးရေစုစုပေါင်း၏ ၈.၅ ရာခိုင်နှုန်းဖြစ်သည်။
အသက်ကြီးလာသည်နှင့်အမျှ အိုမင်းလာသည့်ခန္ဓာကိုယ်ကြီးတွင် ဇရာ၏လက္ခဏာများ ရှိလာကြသည်ကိုသိကြပြီးဖြစ်သည်။ဆံပင်တွေဖြူလာသည်။ သွားတွေကျိုးလာသည်။မျက်စိတွေမှုန်လာသည်။နားတွေလေးလာသည်ဟု ယေဘုယျအားဖြင့် နားလည်ထားကြ သည်။ ဒါတွေအပြင် နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်အစရှိသည်တို့တွင် ကျန်းမာ ရေးမကောင်းဖြစ်လာကြသည်။ တစ်ဖန် ခန္ဓာကိုယ်ချိန်ဆထိန်းကြောင်းနိုင်မှု (Balance)၊ ခြေလက်အင်္ဂါအစိတ်အပိုင်းများ အချင်းချင်းညှိနှိုင်းဆောင်ရွက်မှု (coordination) အစရှိ သော ဦးနှောက်နှင့်အာရုံကြောဆိုင်ရာလုပ်ငန်းများနှင့်အကြောအဆစ်ပိုင်းဆိုင်ရာတို့တွင် လည်း ချို့ ယွင်းပြောင်းလဲမှုများရှိလာကြသည်။
အသက်ကြီးသူများအနေဖြင့် အကြောမျက်ခြင်းအပါအ၀င် မတော်တဆထိခိုက်မှုများဖြစ် ကြရာတွင် အထက်ဖော်ပြပါအကြောင်းအချက်များက အဓိကဖြစ်နေသည်။ အကြောအ ဆစ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို ဥပမာအဖြစ်ကြည့်ပါက အသက်ကြီးလာသည်နှင့်အမျှ ကြွက်သားများ သေးလာ အားပျော့လာပြီး ထိလွယ်ခိုက်လွယ်ဖြစ်လာသည်။ အဆစ်များ အတွင်းရှိချောဆီ (lubricating fluid) များလျှော့နည်းလာသဖြင့် ယခင်ကကဲ့သို့ ကွေးလို့ ဆန့်လို့ မကောင်းတော့ပဲ တင်းတောင့်လာသည်။ သုတေသီများ၏တွေ့ရှိချက်အရ အသက် ကြီးသူများ၏ကြွက်သားမျှင်များ(muscle mass)နေရာတွင် အဆီများနှင့်အကြောမျှင်များ (fibrous tissues) က တဖြည်းဖြည်း အစားထိုးဝင်ရောက်လာကြသည်။ အရိုးများ၏သိပ် သည်းမှု (bone density) လည်း လျှော့နည်းလာသည်။ ထိုအခါ အရိုးပါးခြင်းနှင့်အရိုးပွ ဆပ်ခြင်းများဖြစ်ကာ အသေးအမွှားထိခိုက်မှုများနှင့်အရိုးကျိုးခြင်းကဲ့သို့သောပြင်းထန်ဆိုး ရွားသည့်ထိခိုက်မှုများပါ ဖြစ်လာစေနိုင်လေသည်။
အထက်တွင်ဆိုခဲ့သည့်အတိုင်း အကြောမျက်ခြင်းကို အခါများစွာ မိမိတို့ဖာသာကာကွယ် ၍ရနိုင်ပေရာ အောက်ပါ’ဆောင်ရန်ရှောင်ရန်’တို့ကို သတိပြုမှတ်သားလိုက်နာသင့်ပါသည်။
· ခန္ဓာကိုယ် (အထူးသဖြင့်လည်ပင်းနှင့်ခါး) ကို ရုတ်တရက် လှည့်ခြင်း လိမ်ခြင်းနှင့် ကုန်းကွခြင်းတို့ မပြုလုပ်ရ
· အမြင့်တွင်ရှိသောပစ္စည်းကို မမီမကမ်းလှမ်းယူခြင်းနှင့်နေရာရွေ့ ခြင်းတို့ မပြုလုပ်ရ
· စားပွဲ ကုတင်အစရှိသည်တို့အောက်ရှိပစ္စည်းများကို ကောက်ယူ ဆွဲယူရာတွင် ရင် ဘတ်နှင့်နံစောင်းတို့ကို စောင်းဖြင့်ထောက်ပြီးအားပြုခြင်း မလုပ်ရ
· ခြေလက်အညောင်းဆန့်ခြင်းနှင့်ခါခြင်းတို့ကို ဗြုံးစားကြီး’ဆောင့်’မလုပ်ရ
· လေးပင်သောပစ္စည်းများကို မိမိတဦးတည်း မခြင်း သယ်ယူခြင်း တွန်းခြင်း ဆွဲခြင်း တို့မပြုလုပ်နိုင်က အကူအညီတောင်းပါ
· ကိုယ်လက်လေ့ကျင့်ခန်းနှင့်အားကစားမပြုလုပ်မီ သွေးပူလေ့ကျင့်ခန်းကို ဦးစွာပြု လုပ်ပေးပါ
· အထိုင်အထ (အထူးသဖြင့် ကြမ်းပြင်မှ) ကို လက်ကူပြီးပြုလုပ်ပါ
· ငယ်စဉ်ကလိုစိတ်မြန်ကိုယ်မြန်လုပ်ခြင်းမျိုးအားလျှော့ချလျက် စိတ်ရှည်လက်ရှည် ဖြင့်လုပ်ကိုင်တတ်သည့်အလေ့အကျင့်သစ်ကို မွေးမြူပေးပါ
သို့ဖြစ်ရာ မိမိတို့၏အသက်သည် မငယ်တော့သလို မိမိ၏ခန္ဓာကိုယ်ကြီးသည်လည်း ငယ်စဉ်ကကဲ့သို့မဟုတ်တော့ မစွမ်းတော့ကြောင်းနားလည်လက်ခံပြီး အမြဲတစေသတိပြုစောင့် ရှောက်ပေးကြရန် အကြံပြုရေးသားရပါသည်။