***
အရေးကြီးသတင်း
အနိုင်ရပါတီကို အာဏာလွှဲပြောင်းမပေးသည့်အပြင်
ပြည်သူ့ကိုယ်စားလှယ်အများစုကို ဖမ်းဆီးနှိပ်စက်ထောင်ချပြီး
အနှစ် ၂၀ ကြာမှ ကျင်းပနိုင်မည့်ရွေးကောက်ပွဲဖြစ်
ဖတ်စရာ မှတ်စရာ မှာ အပြည့်အစုံဆက်ဖတ်ပါရန်
မန္တလေးမြို့  သီရိအားကစားကွင်းအတွင်း၌ HDU နှင့်
Oxygen Therapy ကုတင် ၁၀၀ ပါရှိသည့် ကုတင် ၃၀၀
ဆန့် ကိုဗစ်-၁၉ ကုသရေးစင်တာ (ချမ်းမြသာစည်) ကို
တည်ဆောက်လျက်ရှိရာ ရောဂါပိုးရှိ မရှိစစ်ဆေးပေးနိုင်
မည့် Test & Care စင်တာလည်းပါရှိမည်ဟုသိရသည်။
(ကြေးမုံ၊ ၃-၁၁-၂၀)
---------------------------------------
ကိုဗစ်-၁၉ ရောဂါပိုးက
အသက်အရွယ်ကြီးသူများတွင်
အဆုတ်ရောင်ရောဂါဖြစ်ပွားဖြစ်စေတတ်သဖြင့်
ပိုမိုစိုးရိမ်ရသည်။
အဘိုးအဘွားများ
အိမ်မှာပဲနေကြပါ။
*****
(၁-၁၁-၂၀၊ ည ၈ နာရီ)
စာပေနှင့် အနုပညာဖျော်ဖြေမှု
ရန်ကုန်တက္ကသိုလ်ရာပြည့် ဂုဏ်ပြုဖျော်ဖြေပွဲ
တက္ကသိုလ်ဖွဲ့တေးသီချင်း အပုဒ် ၁၀၀
သောကြာနေ့တိုင်း MRTV ည ၈ နာရီသတင်းအပြီး
********
ရန်ကုန်တက္ကသိုလ်ရာပြည့်အကြိုဆောင်းပါး
- စိန်ပန်းပင်များသည် ရန်ကုန်တက္ကသိုလ်၏ အဓိပတိလမ်းမ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ပေါက်ရောက်နေကြသည်။
- စိန်ပန်းပင်များသည် အရွယ်အနိမ့်အမြင့်မညီညာကြသော်လည်း သူ့ရာသီအချိန်အခါရောက်လျှင် ပင်ပျို ပင်အိုမကျန် အပင်အားလုံးသည် ရဲရဲနီသောပွင့်ချပ်များဖြင့် အဓိပတိလမ်းတစ်လျှောက် ရဲရဲနီစွေးနေအောင်အစွမ်းကုန်အလှဆင်ထားကြစမြဲသာဖြစ်သည်။
- ထို့ကြောင့်လည်း ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သော တေးသံသာတို့တွင် စိန်ပန်းတို့အလှကို စာပေအက္ခရာထက် သီကျူးဖော်ဆိုခဲ့ကြသည်။ "ကျောင်းဖွင့်ချိန် စိန်ပန်းတွေလဲ မြေမှာကျဲပြန့်နေ...ကန့်ကော်ပန်းတွေနဲ့အတူ .." "ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ စိန်ပန်းတွေလည်း ပွင့်နေပြီကွာ .." ဟူသည့်တေးသီချင်များ
ဆောင်းပါးရှင် ရှင်ထွေးလေး၏ "စိန်ပန်းသစ္စာ" ဆောင်းပါးမှ (မြန်မာ့အလင်း၊ ၁-၁၁-၂၀)။
ပြည်ပနိုင်ငံများ၌အခက်အခဲတွေ့နေသည့်
မြန်မာသင်္ဘောသားများကို ပြန်လည်ခေါ်ဆောင်ပေးခဲ့
ဓာတ်ပုံများ - မြန်မာ့အလင်း (၁-၁၁-၂၀)
နိုင်ငံတကာခရီးသည်လေယာဉ်များပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသော မြန်မာသင်္ဘောသား ၁၀၆ ဦး (ကိုရီးယားနိုင်ငံမှ ၉၂ ဦး၊ တောင်အာဖရိကနိုင်ငံမှ ၁၂ ဦး၊ စပိန်မှ ၁ ဦး၊ ကာတာမှ ၁ ဦး) အား ကိုရီးယားနိုင်ငံ ဆိုးလ်မြို့  မြန်မာသံရုံးနှင့်မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအဖွဲ့ချုပ်တို့ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MIA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ် ဆောင်လာရာ အောက်တိုဘာ ၃၁ ရက် ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာခဲ့သည်။
ထို့ပြင် အိုမန်၊ဘာရိန်းနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတွင် အခက်အခဲကြုံတွေ့နေရသောမြန်မာသင်္ဘောသား များ (၁၅၁ ဦး)နှင့် မြန်မာနိုင်ငံသားများ (၂၀ ဦး)အား ကိုရီးယားနိုင်ငံ မြန်မာသံရုံး ရီယာဒ်မြို့ မှစီစဉ်သည့် (၁၂) ကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MIA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ် ဆောင်လာရာ အောက်တိုဘာ ၃၁ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာခဲ့သည်။
ပူပူနွေးနွေး
ကျယ်ကျယ်လောင်လောင်
သတင်းများ
ပြည်ခိုင်ဖြိုးပါတီက သိန်းထောင်ချီရသော်လည်း
အခွန်ဆောင်ခြင်း လုံးဝမရှိခဲ့
ဓာတ်ပုံနှင့်သတင်း - Myanmar Now
ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီက သင်္ဃန်းကျွန်းမြို့ နယ် သုမင်္ဂလာလမ်းနှင့်သရက်တောလမ်းဒေါင့်က 0.367 ဧကရှိ နိုင်ငံပိုင်မြေနေရာတွင်ရှိသော Music Zone မှ ကျပ်ငွေသိန်းပေါင်းများစွာကို ရယူသုံးစွဲထားသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။
သို့သော် ပြည်ခိုင်ဖြိုးပါတီသည် Music Zone မြေနေရာကို တစ်ဆင့်ငှားရမ်းပြီး ကျပ်ငွေသိန်းပေါင်းများစွာရရှိနေခဲ့သော်လည်း ထိုနေရာအတွက်မြေခွန်ကို သုံးလတစ်ကြိမ် ၁၁၆ ကျပ်သာ ကနဦးပေးဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံတော်အား တစ်စုံတစ်ရာ ဆက်လက်အခွန်ပေးဆောင်ခြင်းမရှိတော့ကြောင်း အစိုးရတာဝန်ရှိသူများကပြောခဲ့သည်။ - ကျွန်းသာယာ သတင်းစဉ် (၁၈)
ဤကိစ္စ၏နောက်ဆက်တွဲသတင်းကို မကြာမီ ရေးတင်ပါဦးမည်။
Facebook ၏ အဓိကဦးတည်ချက်
- လုံခြုံမှုထိခိုက်သည့်
အကြောင်းအရာကို
ဖယ်ရှားမည်။
- လိုအပ်ပါက
တာဝန်ရှိသူများနှင့်
ပူးပေါင်းအရေးယူမည်။
ဤကဏ္ဍတွင်ဖော်ပြထားသည့်စကားများနှင့်စာများသည်
ကျွန်းသာယာ၏အကြိုက်နှင့်သဘောတူမှုများမဟုတ်ကြပါ။
ပြောဆို ရေးသားကြသူတို့၏အတွေးအမြင်နှင့်အာဘော်များသာဖြစ်သည်။ (အယ်ဒီတာ)
စီမံအုပ်ချုပ်ရေး
- အသက် ၆၀နှင့်အထက်ပြည်သူတွေကို ကြိုတင်မဲပေးနိုင်တဲ့ကာလဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားပါတယ်။ ကိုဗစ်ကာလမှာ ဒီလိုသတ်မှတ်လိုက်တဲ့အတွက် အသက်ကြီးတဲ့သူတွေ ကျန်းမာရေးအတွက် ပိုပြီးအဆင်ပြေပါတယ်။ ဦးဌေးဝင်း (ဥက္ကဋ္ဌ၊ ပညာသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲအဖွဲ့ခွဲ၊ ဇမ္ဗူသီရိမြို့ နယ်)
- ကျွန်တော့်အနေနဲ့ မဲထည့်တာနဲ့ပတ်သက်ပြီး နည်းနည်တော့ စိတ်လှုပ်ရှားတာပေါ့။ နောက်ပြီး မဲပေးရတာ တစ်စုံတစ်ရာ ဖိအားတွေ အနှောက်အယှက်တွေမရှိပါဘူး။ မဲရုံမှာ ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ လုပ်ဆောင်ထားတဲ့အတွက် ကျန်းမာရေးအတွက်လုံခြုံမှုရှိပါတယ်။ မဲပေးတဲ့နေရာမှာ လွတ်လွတ်လပ်လပ်နဲ့မဲပေးခွင့်ရပါတယ်။ ဒီလိုမဲပေးရတာကိုနှစ်သက်ပါတယ်။ မဲပေးခွင့်ရတာ တော်တော်ကိုကောင်းတဲ့ခံစားချက်ပါ။ ဦးဝေယံကျော် (မဲဆန္ဒရှင်၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့ နယ်)
- ကျွန်တော့်အတို့ မဲပေးဖို့သွားတဲ့အခါ ကျွန်တော်တို့ကို နှာခေါင်းစည်းတွေနဲ့ တစ်ခါသုံးလက်အိတ်တွေ ဖြန့်ဝေတဲ့အပြင် လက်သန့်စင်စေဖို့ကိုလဲ မှုရုံတာဝန်ရှိသူတွေက လိုက်လံဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့လို မဲရုံကိုလာပြီး ကျန်းမရေးအရ မဲမပေးနိုင်တဲ့ ရပ်ကွက်ထဲကသူတွေကိုလည်း အိမ်တိုင်ရာရောက်မဲပေးနိုင်ဖို့ လိုက်လံဆောင်ရွက်ပေးနေတာလည်း တွေ့ရတယ်။ ကိုဗစ်ရောဂါဖြစ်နေတဲ့ကာလဖြစ်ပေမယ့် ကျွန်တော်တို့လိုသက်ကြီးရွယ်အိုတွေအတွက် အခုလိုစီစဉ်ပေးတဲ့အတွက် အဆင်ပြေပါတယ်။ ဦးကျော်ရင်၊ (မဲဆန္ဒရှင်၊ ဆရာစံရပ်ကွက်၊ တပ်ကုန်းမြို့ နယ်)
******
လွတ်တော်နှင့်ရွေးကောက်ပွဲသတင်း
၅-၁၁-၂၀
ဖတ်စရာ မှတ်စရာ
(မြန်မာ့အလင်း ၆-၁၁-၂၀)
- နိုင်ငံရေးတွင် စိတ်စေတနာက အရေးအကြီးဆုံးဖြစ်သည်။
- နိုင်ငံရေးစေတနာရှိသူတို့သည် မိမိ၏ကိုယ်ကျိုးစီးပွားကို နောက်တန်းတွင်ထားကာ အများအကျိုး တိုင်ပြည်အကျိုး ပြည်သူလူထုအကျိုးတို့ကို ရှေ့ တန်းထားတတ်ကြသည်။
- ပြည်သူလူထုသည် ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော ၀င်ခဲ့ကြဖူးပြီးဖြစ်သည်။
- ထိုကြောင့် နှုတ်ကတိစကားတို့၏နောက်ရှိ တကယ့်စေတနာကို ဂရုစိုက်တတ်ကြပြီ။ မြင်လည်းမြင်တတ် သိလည်းသိတတ်ကြလေပြီ။
- သို့ဖြစ်ရာ နိုင်ငံရေးစိတ်စေတနာ တကယ်ရှိသည့် ပါတီနှင့်ကိုယ်စားလှယ်လောင်းများကိုသာ ပြည်သူတစ်ရပ်လုံးက မဲပေးကြလိမ့်မည်မှာ ဧကန်မလွဲပေ။
(မြန်မာ့အလင်း၊ ၂-၁၁-၂၀)
---------------------------------------------------
(မြန်မာ့အလင်း၊ ၃၁-၁၀-၂၀)
No comments:
Post a Comment