"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, October 31, 2020

ဂျူရောင်းကန် ဥယျာဉ်သာ


Photo-Internet


ဒီအပတ်ထဲမှာ မိမိတို့

အဖိုးအဖွားနှစ်ဦးရယ်၊

သမီးနဲ့မြေးအငယ်လေး

ရယ်တို့ ဂျူရောင်းကန် 

ဥယျာဉ်သာ (Jurong Lake 

Gardens) ကိုရောက်သွားခဲ့ကြပါတယ်။

မိမိတို့အိမ်ကနေ အမှတ် (၄၉) ဘတ်စ်ကားကိုစီးတဲ့အခါတိုင်း ဒီဥယျာဉ်သာဘေးကနေ မကြာခဏဆိုသလို ဖြတ်ဖြတ်သွားဖြစ်ပါတယ်။

ဒီဥယျာဉ်သာဟာ လူနေတိုက်တာများအနားမှာရှိတဲ့ စင်ကာပူနိုင်ငံရဲ့ အမျိုးသားဥယျာဉ်အသစ်တစ်ခုဖြစ်ပါတယ်။ 

ဂျူရောင်းရေကန်နဲ့ အဲဒီရေကန်ဝန်းကျင်မှာရှိတဲ့ ရေ၀တ်စိမ့်တောတို့အနားမှာရှိနေတာလဲဖြစ်တယ်။



ဥယျာဉ်ထဲမှာတော့ လမ်းလျှောက်စရာ၊ အပြေးလေ့ကျင့်စရာလမ်းလေးတွေရှိသလို သစ်ပင်ပန်းပင်လှလှလေးတွေ၊ စိမ်းစိမ်းစိုစိုရှိတဲ့သစ်ပင်တွေ၊ စားသောက်ဆိုင်၊ နားနေထိုင်ခုံလေးတွေ၊ ကလေးကစားကွင်းလေးတွေ၊ ရေပြင်အား ကစားလုပ်စရာတွေ စသဖြင့် အစုံရှိနေကြတာဖြစ်တယ်။

ဒါပေမယ့် ဥယျာဉ်သာအထဲကိုတော့ တစ်ခါမှ မသွားဖြစ်ခဲ့သေးပါဘူး။

အဲဒီနေ့မှာရောက်ခဲ့တယ်ဆိုတာကလဲ ဥယျာဉ်သာအနောက်ပိုင်းရဲ့ လက်ဝဲဘက်က အစနေရာလေးတင်ပါ။ Lakeside MRT ဘူတာရုံနဲ့နီးပါတယ်။ 

နေရာအနှံ့ ကို မရောက်ရသေးပါဘူး။

သမီးတို့အိမ်အနားကအပိုင်းကိုပဲ ရောက်ခဲ့တာရယ်ပါ။

သမီးတို့မိသားစုကတော့ သူတို့အိမ်နဲ့ဒီဥယျာဉ်သာက ယွမ်ချင်းလမ်း (Yuan Chin Road) တစ်ခုပဲခြားနေတာဖြစ်လို့ ကလေးတွေကိုပို့ပေးရင်း မကြာခဏရောက်လေ့ရှိတာဟာ ဥယျာဉ်သာစဖွင့်သော ပြီးခဲ့တဲ့နှစ်ဧပြီလကတည်းကပါပဲ။


အဖိုးက မြေးကလေးကို လှည်းတွန်းပေးလို့


Fusion Spoon စားသောက်ဆိုင်

Fusion Spoon က ဥယျာဉ်သာအတွင်းမှာရှိတဲ့ တစ်ခုတည်းသော စားသောက်ဆိုင်ဖြစ်ပါတယ်။
အဲဒီဆိုင်မှာဝင်ပြီး အဆာပြေစားရင်း အနားယူခဲ့ပါတယ်။
အပြင်မှာက နေပူပါတယ်။
ဆိုင်ကလေးက ကျယ်ကျယ်ဝန်းဝန်းနဲ့ သပ်သပ်ရပ်ရပ်ရှိပါတယ်။ 

ခန်းလုံးပြည့်မှန်နံရံတွေလုပ်ထားတာကြောင့် အပြင်ဘက်ကို မြင်ကွင်းအကျယ်ကြီး တွေ့မြင်နိုင်ပါတယ်။

အလုပ်လုပ်တဲ့ရက်ကလည်းဖြစ်ပြန် နေ့ခင်း ၁၂ နာရီခွဲပဲရှိတာဖြစ်လို့ ဆိုင်ထဲမှာ လူရှင်းနေပါတယ်။
မိမိက ခွင့်ယူထားတာဖြစ်တယ်။

မြေးအကြီးက ကျောင်းသွားနေလို့ မပါလာနိုင်ရှာဘူး။

ဒါပေမယ့် သူ့ညီမလေးနဲ့အမေက အဖိုးအဖွားတွေနဲ့ ဒီကိုလာတဲ့အကြောင်း သူ့ကို အသိပေးလို့လဲ မဖြစ်ပြန်ဘူး။

သူမပါဘဲ သွားကြတယ်ဆိုပြီး မျက်ရည်ထွက်မှာသေချာတယ်။

ကလေးဆိုတော့ သူခမျာလဲ အဖိုးအဖွားတွေနဲ့ လိုက်ချင် သွားချင်ရှာမှာပဲပေါ့လေ။


သမီးနှင့်မြေးအငယ်


ဂျူရောင်းကန်ကိုဖြတ်ပြီး ဂျူရောင်းအိစ်အရပ်မှာရှိတဲ့တိုက်တွေကို မြင်တွေ့နေရ


ဖွားဖွားကြီးနှင့်မြေးအငယ်တို့စားသောက်ဆိုင်ထဲမှာ





အဲဒီနေ့က အဖိုးက မြေးရဲ့ လှည်းလေးကိုတွန်ပေးရင်း ဥယျာဉ်သာထဲမှာ လမ်းလျှောက်ကြတယ်။

လှည်းလေးကို ပုံမှန်တွန်းပေးနေရာက တစ်ခါတစ်ခါမှာ အရှိန်လေးတင်ပြီး ခပ်မြန်မြန်တွန်းပေးတော့ မြေးလေးက သဘောတွေကျလို့ပါပဲ။
အဲ အဖိုးက အပြေးလေ့ကျင့်ခန်းတော့ လုပ်ပေးရတာပေါ့ဗျာ။

ရွရွပြေး
အရှိန်လေးနဲ့ တွန်းလို့ပေး။





ဆက်ပြီးရေးပါဦးမယ်။


No comments:

Post a Comment