"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, October 22, 2020

မီးပုံးလေးတွေလင်းတဲ့ သီတင်းကျွတ်

 


 

တနေ့က ဈေးသွားရင်း 

မီးပုံးလေးတွေကိုတွေ့ရသဖြင့် 

အိမ်မှာ သီတင်းကျွတ်အမှတ်တရမီးထွန်းရန် 

အိမ်ရှင်မက၀ယ်ခဲ့သည်။


ညပိုင်းတွင် အိမ်ရှေ့ ဝရန်တာရှိ 

အိမ်ရှင်မ၏ပန်းခြံလေးအတွင်း

မီးပုံးလေးများကို ထွန်းကြလျက်

မြန်မာ့သီတင်းကျွတ်ပွဲတော်ကို

တူနှစ်ကိုယ် အမှတ်ရခံစားကြသည်။

လွမ်းဆွတ်မိကြသည်။

နောက်ပြီး

ဟိုငယ်စဉ်

ကလေးဘ၀တုန်းကလိုပင်

မှိတ်တုတ်မှိတ်တုတ်

မီးပုံးလေးတွေကိုကြည့်ကာ

အဖွားကြီးရယ် ..

အဖိုးကြီးရယ် ..

ပျော်မိလိုက်ကြသေးတော့။  ။



No comments:

Post a Comment