"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, October 24, 2020

ကိုဗစ်ကာလ အိမ်တွင်းကိုယ်လက်လေ့ကျင့်ခန်းများ (၁)



ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်တွင် ကျန်းမာရေးကိစ္စသည် လူတိုင်းလူတိုင်း၏အရေးအရာအားလုံးတွင် အရေးကြီးဆုံးရှေ့ တန်းနေရာသို့ သိသိသာသာကြီး ရောက်ရှိလာခဲ့သည်။ 

တစ်ကမ္ဘာလုံးက ပြည်သူပြည်သားအားလုံးအနေဖြင့် သက်ဆိုင်ရာအစိုးရ သို့မဟုတ် ကျန်းမာရေးဝန်ကြီးဌာန၏အခါအားလျှော်စွာထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာအမိန့်များ၊ ညွှန်ကြားချက်များ၊ လမ်းညွှန်မှုများနှင့်ဥပဒေများကို လိုက်နာနေကြရပြီး တိတိကျကျ မှန်မှန်ကန်ကန် မလိုက်နာပါက ဥပဒေနှင့်အညီအရေးယူမှုများရှိနေသည်။

တစ်ဦးနှင့်တစ်ဦး ၃ ပေ သို့မဟုတ် ၆ ပေ အကွာအဝေးရှိနေရန်၊ မိမိတို့အိမ်တွင်သာ နေထိုင်ကြရန်၊ အပြင်သို့သွားပါကလည်း နှာခေါင်းစည်းတပ်ရန်၊ လက်ကို မကြာမကြာဆေးရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုပြုရန် အစရှိသည်တို့အပြင် အာဟာရဖြစ်စေသည့်အစားအစာများကို အချိန်မှန်စားရန်၊ လုံလောက်စွာအိပ်စက်ရန်နှင့် နေ့စဉ်ကိုယ်လက်လေ့ကျင့်ခြင်းများပြုလုပ်ခြင်းဖြင့် ကျန်းမာစွာနေထိုင်ကြရန်တို့လည်း ပညာပေးတိုက်တွန်းလျက်ရှိသည်။ 

မိမိကိုယ်တိုင်လည်း ကြိုးစားလိုက်နာနေပါသည်။

အအိပ်အနေကို ယခင်ကထက်ဂရုပြုသည်။

အစားအသောက်ကို ယခင်ကထက်ရွေးခြယ်စားသောက်သည်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများကိုလည်း အချိန်မှန်မှန်ပြုလုပ်ပေးနေသည်။

အချိန်မှန်မှန်ဆိုသည့်အပြင် နည်းနည်းနှင့်အကြိမ်များများလုပ်ဖြစ်နေသည်။

မိမိကိုယ်တိုင်က ခန္ဓာဗေဒ (Anatomy)၊ ဇီဝက္မဗေဒ (physiology) နှင့် လှုပ်ရှားမှုစနစ် (Movement system) တို့ကို အကြောအဆစ်ကုပညာရပ် (Physiotherapy) ရှုဒေါင့်မှ ထဲထဲဝင်ဝင်လေ့လာသင်ယူထားသူဖြစ်သဖြင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းအတွက် မိမိ၏အသက်အရွယ်နှင့်သင့်တော်သည်များကို ရွေးခြယ်ပြုလုပ်နိုင်ခဲ့သည်။

ခြေလက်ခေါင်းခါး အစသည့်အစိတ်အပိုင်းများ စုံစုံလင်လင်ပါဝင်စေရေးနှင့်အင်အားအသုံးပြုမှု မှန်ကန်စေရေးတို့ ကို စနစ်တကျရှိစေခဲ့သည်။

ယင်းတို့ကို လေ့ကျင့်မှုတစ်ခုစီဖြင့် 

မည်သို့မည်ပုံ လေ့ကျင့်ခြင်း၊ 

မည်သည့်ကြွက်သားနှင့်အဆစ်များ၊ 

အဆုတ်နှင်နှလုံးတို့အား မည်ကဲ့သို့အကျိုးပြုသည်တို့ကို 

ကျွန်းသာယာစာဖတ်ပရိသတ်များအား

ခန္ဓာဗေဒ၊ ဇီဝက္မဗေဒနှင့်လှုပ်ရှားမှုစနစ်များဖြင့် 

အသေးစိတ် ရှင်းလင်းဆွေးနွေးမျှဝေသွားပါမည်။ 
















ဆက်လက်ရေးတင်သွားပါဦးမည်။



No comments:

Post a Comment