"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, October 18, 2020

ကျွန်းသာယာ သတင်းစဉ် (၁၇)

 

      



***







    အရေးကြီးသတင်း   



   ကိုဗစ်-၁၉ ရောဂါ
  ကူးစက်သတင်း   

အောက်တိုဘာ ၂၂ ရက် 
(ည ၈ နာရီ)



အောက်တိုဘာ ၂၂ ရက် 
(ညနေ ၄ နာရီ)













































ဆရာကြီးဒေါက်တာထွန်ညွန့်ဦး
ညွှန်ကြားရေးမှူး(ခုခံကျ/ကာလသားစီမံချက်)
[ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန]





မြန်မာ့အလင်း (အောက်တိုဘာ ၂၃)


















အင်းစိန်(မင်ကြီးလမ်း) ခုံးကျော်တံတားကို ၂၀၁၉  ခုနှစ် ဇွန်လကဆောက်လုပ်ခဲ့ရာ ပင်မတံတားအရှည် ၄၄၁ ပေရှိပြီး ချဉ်းကပ်လမ်းအရှည် ၁၁၂ ပေ ၉  လက်မရှိကြောင်းသိရသည်။



ပည်ပနိုင်ငံများ၌ အခက်အခဲတွေ့နေသည့်  

မြန်မာနိုင်ငံသားများနှင့်သင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ခဲ့


နိုင်ငံတကာခရီးသည်လေယာဉ်များပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန်နိုင်ငံ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား ၁၅၄ ဦးအား All Nippon Airways လေကြောင်းလိုင်းကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ရာ  အောက်တိုဘာ ၂၂ ရက် ညနေ ၅ နာရီခွဲတွင်လည်းကောင်း၊  Dragon Tun ကုမ္ပဏီမှ မြန်မာသင်္ဘောသား ၁၃၃ ဦး (စင်ကာပူမှ ၂ ဦး၊ အီဂျစ်မှ ၅ ဦး၊ ကိုရီးယားမှ ၁၂၆ ဦး) အား မြန်မာလေကြောင်းလိုင်း (MIA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာရာ ည ၈ နာရီတွင်လည်းကောင်း ရန်ကုန်အပြည်ြ
ည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 


အောက်တိုဘာ ၂၁ ရက် 
(ည ၈ နာရီ)












        

   နာရေး   


          တေးသံရှင်ရန်ပိုင်စိုး ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်သွား 















(မြန်မာ့အလင်း၂၂-၁၀-၂၀)       





အိန္ဒိယ၊ ထိုင်းနှင့်အာရပ်စော်ဘွားများပြည်ထောင်စုတို့

အခက်အခဲတွေ့နေသည့်  

မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ပေးခဲ့
 

နိုင်ငံတကာခရီးသည်လေယာဉ်များပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား ၆၃ ဦးအား Air India လေကြောင်းလိုင်းကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ရာ  အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင်လည်းကောင်း၊  ထိုင်းနိုင်ငံ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား ၃၀ ဦးအား မြန်မာလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ရာ ည ၈ နာရီတွင်လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး (အပေါ်ပုံ)၊ အာရပ်စော်ဘွားများပြည်ထောင်စု၌ အခက်အခဲကြုံတွေ့နေရသော မြန်မာသင်္ဘောသား ၄၀ ဦး မြန်မာသံရုံး ရီယာဒ်မြို့ မှ စီစဉ်ပေးသည့် မြန်မာလေကြာင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ရာ ည ၁၀ နာရီတွင်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ကောင်းမွန်စွာပြန်လည်ရောက်ရှိကြောင်းသိရသည်။ 



မြန်မာပိုင်အသေးစားဂြိုလ်တု လောကနတ်-၁ ကို
နောက်နှစ်လွှတ်တင်မည်

လောကနတ်-၁ ဟုအမည်ပေးထားသော မြန်မာနိုင်ငံပိုင်အနိမ့်ပျံအသေးစားဂြိုလ်တု(micro satellite) MMSATS - 1 ကို ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးတက္ကသိုလ်နှင့်တိုဟိုကိုတက္ကသိုလ်တို့က တည်ဆောက်ပြီးစီးသဖြင့် အာကာသအတွင်းသို့လွှတ်တင်နိုင်ရန်အတွက် ဂျပန်အာကာသအေဂျင်စီ (JAXA)သို့ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်က အွန်လိုင်းစနစ်ဖြင့်ကျင်းပခဲ့သည်။

လောကနတ်-၁ ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတကာအာကာသစခန်းသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး “ုတိယအနိမ့်ပျံအသေးစားဂြိုလ်တု  လောကနတ်-၂ ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင်လွှတ်တင်ရန် စီစဉ်ထားကြောင်းသိရသည်။
 


******


အောက်တိုဘာ ၂၀ ရက် (ည ၈ နာရီ)


































******





*****

အောက်တိုဘာ ၁၉  ရက် (ည ၈ နာရီ)



အောက်တိုဘာ ၁၉  ရက် (ညနေ ၄ နာရီ)



































********


သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို 
မိန်းကလေး ၄၅၀,၀၀၀ ကျော်ခန့် အခမဲ့ထိုးနှံပေးသွားမည်

မြန်မာ့အလင်း (၂၁-၁၀-၂၀)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၁၃) ခုမြောက်ရောဂါကာကွယ်ဆေးအဖြစ် သားအိမ်ခေါင်းရောဂါကာ
ကွယ်ဆေးကို အသက် (၉ ) နှစ်မှ (၁၀) နှစ်အရွယ်မိန်းကလေး ၄၅၀,၀၀၀ ကျော်ခန့်ကို အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုလျှော့နည်းလာပါက ဝေဒနာခံစားရမှုများ၊ လူမှုစီးပွားထိခိုက်ပျက်ဆီးခြင်းများ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်းများ၊ အရွယ်မတိုင်မီသေဆုံးရခြင်းများ သိသိသာသာလျှော့နည်းသွာမည်ဖြစ်ကြောင်းတို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဒေါက်တာမြင့်ထွေးကပြောကြားကြော
င်းသိရသည်။



(ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို စတင်ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနာားတွင်ပြောကြားသည့် ဒေါ်အောင်ဆန်းစုကြည်၏အဖွင့်မိန့်ခွန်းမှကောက်နှုတ်ချက်)

















ပူပူနွေးနွေး
ကျယ်ကျယ်လောင်လောင်
သတင်းများ

  • ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ၏နိုင်ငံရေးပါတီမှတ်ပုံတင်ထားခြင်း ပယ်ဖျက်
  • ပါတီကိုလည်းဖျက်သိမ်း
  • UDP ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကောက်တင်မြှောက်ခံခွင့်ဆုံးရှုံး၊ အမည်စာရင်းမှ ပယ်ဖျက်သွားမည်။




 စာပေနှင့် အနုပညာဖျော်ဖြေမှု 


        နိုင်ငံတော်၏ကြွေမြီဝန်ထုတ်ဝန်ပိုးအကြောင်းစာအုပ်

           




ရန်ကုန်တက္ကသိုလ်ရာပြည့် ဂုဏ်ပြုဖျော်ဖြေပွဲ


တက္ကသိုလ်ဖွဲ့တေးသီချင်း အပုဒ် ၁၀၀
သောကြာနေ့တိုင်း MRTV ည ၈ နာရီသတင်းအပြီး

 ***


အသိဉာဏ်ဗဟုသုတပြည့်စုံစေရန်၊
ရာထူးဝန်စာမေးပွဲများ၊ ပြန်တန်းဝင်ခွင့်စာမေးပွဲများဖြေဆိုရာတွင်
အထောက်အကူဖြစ်စေရန် ဆောင်ထားသင့်သောစာအုပ်





ရဲမြင့်ဖေ (အယ်ဒီတာချုပ်-ငြိမ်း)၏စာအုပ်





****





အောက်တိုဘာ ၁၈ ရက် (ညနေ ၈ နာရီ)


အောက်တိုဘာ ၁၈ ရက် (ညနေ ၄ နာရီ)





မန္တလေး Stay at Home မြို့ နယ်များက 
အလုပ်သမားများကို ဖူလုံရေးပံ့ပိုးပေးမည်
ရတနာပုံသတင်းစာ (၁၉-၁၀-၂၀)

ကိုဗစ်-၁၉ ကာလ၌ မန္တလေးတိုင်းဒေသကြီးရှိ Stay at Home သတ်မှတ်မြို့ နယ် ၃ မြို့ နယ် (ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ အမရပူရ)တွင် လူမှုဖူလုံရေးကြေးပုံမှန်ပေးသွင်းသည့် အလုပ်ဌာနများမှ အလုပ်သမား ၂၀၀၀၀ ကျော်၏လစာ ၄၀ ရာခိုင်နှုန်းပံ့ပိုးပေးရန် နေပြည်တော် လူမှုဖူလုံရေးရုံးချုပ်သို့ တင်ပြထားဆဲဖြစ်ကြောင်းသိရသည်။



***


အောက်တိုဘာ ၁၇ ရက် (ည ၈ နာရီ)





- ပါမောက္ခဒေါက်တာဇော်ဝေစိုး - 
                                      (ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၁)


အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံက 
အတည်ပြုလူနာ ၃၄၈၇၅ ဖြင့် အဆင့် (၄)


အောက်တိုဘာ ၁၇ ရက် (ညနေ ၅ နာရီ)

ကိုဗစ်-၁၉ ဒီရေလှိုင်း (၁၇-၁၀-၂၀)

(မို့ နယ်များ) လှိုင်သာယာ- ၆၂၊ မင်္ဂလာဒံ- ၅၃ သင်္ဃန်းကျွန်း- ၅၂ မြောက်ဥက္ကလာပ- ၅၁ 
အလုံ/ကြည့်မြင်တိုင်- ၄၉  အင်းစိန်- ၄၆    

ရန်ကုန်တိုင်း၈၉၅ ပဲခူးတိုင်း၅၇ မန္တလေးတိုင်း၅၄၊ ဧရာဝတီတိုင်း၃၃ ရခိုင်ပြည်နယ်၂၅
မကွေးတိုင်း၁၄၊ ကရင် စစ်ကိုင်း မွန်ပြည်နယ်/နေပြည်တော်၊ ရှမ်းပြည်
 ချင်း၊ တနင်္သာရီတိုင်း ကချင်၊ ကယားပြည်နယ်ပိုးတွေ့လူနာမရှိ 

















အာရပ်စော်ဘွားများပြည်ထောင်စု၊ စင်ကာပူ၊ ဗန်ကောက်၊ မော်စကိုတွင်
မြန်မာနိုင်ငံသားများ တာဝန်သိသိဖြင့် ကြိုတင်မဲဆက်ပေးနေကြဆဲ 
 
(မြန်မာ့အလင်း ၁၈-၁၀-၂၀)

အပေါ်ပုံများ (၀ဲမှယာ) - ဒူဘိုင်း မြန်မာနိုင်ငံသံရုံး၊ မော်စကို မြန်မာနိုင်ငံသံရုံး
အောက်ပုံများ (၀ဲမှယာ) - စင်ကာပူ မြန်မာနိုင်ငံသံရုံး၊ ဗန်ကောက် မြန်မာနိုင်ငံသံရုံး


ဧရာဝတီစင်တာအတွက် ဒေါ်လာ ၂ သန်းတန်ဖိုးရှိ 

ဆေးရုံသုံးပစ္စည်းများ ၀ယ်ယူစာချုပ်ချုပ်ဆို

ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးလုပ်ငန်းများတွင် အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန၏ဦးဆောင်မှုဖြင့် ကုသပေးလျက်ရှိသည့်ဧရာဝတီစင်တာတွင် အသုံးပြုမည့်ဆေးရုံသုံးပစ္စည်းများ (ကုတင် ၁၂၅၀၊ ICU/HDU Monitor နှင့် Wireless Control System များ၊ အဆောက်အဦ Tent များ၊ Liquid Oxygen Storage Tank 20 tons၊ PPE နှင့် N95 Mask များ) ကို ဒေါ်လာ ၂ သန်းဖိုးပြည်ပမှဝယ်ယူရန် အောက်တိုဘာ ၁၇ ရက်က စာချုပ်ချုပ်ဆိုသည်။ 


မလေးရှားနိုင်ငံတို့အခက်အခဲတွေ့နေသည့်  
မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ပေးခဲ့

(မြန်မာ့အလင်း ၁၈-၁၀-၂၀)

နိုင်ငံတကာခရီးသည်လေယာဉ်များပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ အခက်အခဲကြုံတွေ့နေရသော မြန်မာသင်္ဘောသား ၄၀ နှင့်ထိန်းသိမ်းရေးစခန်း၌ပြစ်ဒဏ်ကျခံပြီးသူနိုင်ငံသား ၄၀ ဦးအပါအ၀င် မြန်မာနိုင်ငံသားစုစုပေါင်း ၁၇၅ ဦးအား မြန်မာသံရုံး ကွာလာလမ်ပူမြို့ မှစီစဉ်ပေးသည့်မြန်မာလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ရာ အောက်တိုဘာ ၁၇ ရက် ညနေ ၅ နာရီတွင် ရန်ကုန်အ
ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 

ကိုရီးယားနိုင်ငံမှ  
မြန်မာသင်္ဘောသား 
၁၃၆ ဦးကို  ပြန်လည်ခေါ်ဆောင်ပေးခဲ့

ကိုရီးယားနိုင်ငံသင်္ဘောဆင်းပြီး မြန်မာနိုင်ငံသို့ပြန်ရန်စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား ၁၃၆ ဦးအား Crew Change Supporting Myanmar နှင့်မြန်မာသံရုံး ဆိုးလ်မြို့ မှစီစဉ်ပေးသည့်မြန်မာလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ရာ အောက်တိုဘာ ၁၇ ရက် ည ၈ နာရီတွင် ရန်ကုန်အ
ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။ 


ကုလသမဂ္ဂ(၇၅)နှစ်ပြည့်အထိမ်းအမှတ် ၂၀၀ ကျပ်တန်တံဆိပ်ခေါင်းထုတ်ရန်စီစဉ်နေ
ကမ္ဘာ့လက်ဆေးခြင်းနေ့
ဝိုင်အမ်စီအေကျင်းပ



 လွတ်တော်နှင့်ရွေးကောက်ပွဲသတင်း 

အောက်တိုဘာ ၂၃ ရက် ၂၀၂၀






 တရားဓမ္မ အသိအမြင်          


                                                             
(ဖေ့စ်ဘွတ်မှ ကူးယူပူဇော်ပါသည်)















                                             (ဖေ့စ်ဘွတ်မှ ကူးယူပူဇော်ပါသည်) 



 ဖတ်စရာ မှတ်စရာ 


မြန်မာ့အလင်း အယ်ဒီတာ့အာဘော် (၂၃-၁၀-၂၀)



မြန်မာ့အလင်း အယ်ဒီတာ့အာဘော် (၁၈-၁၀-၂၀)


ရတနာပုံသတင်းစာ အယ်ဒီတာ့အာဘော် (၁၉-၁၀-၂၀)



 ရွှေ  ငွေကြေး  စက်သုံးဆီ 

အောက်တိုဘာ ၂၂ ရက်





Globally, as of 7:43pm CEST, 17 October 2020, there have been 39,196,259 confirmed cases of COVID-19, 

including 1,101,298 deaths, reported to WHO.

အောက်တိုဘာ ၁၇ ရက် ည ၇ နာရီ ၄၃ မိနစ်အချိန်အထိ တစ်ကမ္ဘာလုံးတွင် ...

၁) ဓာတ်ခွဲအတည်ပြုလူနာပေါင်း - ၃၉  သန်းကျော် (၃၉,၁၉၆,၂၅၉ ဦး) 

၂) ပိုးတွေ့ သေဆုံးလူနာပေါင်း -  သန်းကျော် (၁,၁၀၁,၂၉၈ ဦး) ရှိသွားပါပြီ။



ကိုဗစ်-၁၉ ရောဂါနှင့်ကျန်းမာရေးဝန်ထမ်းကျဆုံးမှု




No comments:

Post a Comment