"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, October 4, 2020

ကျွန်းသာယာ သတင်းစဉ် (၁၅)

 


                         



***






    အရေးကြီးသတင်း   

                                                                                       

အောက်တိုဘာ ၆ ရက် (ည ၈ နာရီ)



ဒေါက်တာညွန့်သိန်း (ဂုဏ်ထူးဆောင်ပါမောက္ခ၊ ဆေးပညာဌာန-အငြိမ်းစား)  





ဒေါက်တာသန်းနိုင်စိုး (ကျန်းမာရေးအသိပညာ) ၏ "စည်းကမ်းလိုက်နာ ဘေးကင်းကွာ
ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉) အစဉ်အမြဲ သတိပြုကာကွယ်ပါ" ဆောင်းပါးမှ 
(ကြေးမုံ - အောက်တိုဘာ ၇ ရက်၊ ၂၀၂၀)






***


အောက်တိုဘာ ၅ ရက် (ည ၈ နာရီ)



- ပါမောက္ခဒေါက်တာဇော်ဝေစိုး - 
(ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၁)










အောက်တိုဘာ ၄ ရက် (ည ၈ နာရီ)



ကိုဗစ်-၁၉ ဒီရေလှိုင်း (၄-၁၀-၂၀)

(မို့ နယ်များလမ်းမတော်- ၇၄၊ ဒဂုံမြို့ သစ်(မြောက်ပိုင်း)- ၆၅၊ တာမွေ- ၄၄  တောင်ဥက္ကလာပ- ၄၁၊ သာကေတ- ၄၀၊ 
ပန်းဘဲတန်း/သင်္ဃန်းကျွန်း- ၃၆၊ မြောက်ဥက္ကလာပ- ၃၀ မင်္ဂလာတောင်ညွန့်- ၂၆ ကြည့်မြင်တိုင်- ၂၄ လသာ/ သံလျင်/
လှိုင်/မင်္ဂလာဒုံ- ၂၀ ဗဟန်း- ၁၉၊ စမ်းချောင်း/မရမ်းကုန်း- ၁၇၊ ဒဂုံမြို့ သစ်(အရှေ့ ပိုင်း)/ထန်းတပင်- ၁၆၊ လှိုင်သာယာ- ၁၄၊ 
ဒဂုံမြို့ သစ်(တောင်ပိုင်း)/ကမာရွတ်- ၁၃။ အင်းစိန်- ၁၀
  

ရန်ကုန်တိုင်း၇၁၁  မန္တလေးတိုင်း၅၇၊ ကချင်၊ ရခိုင်ပြည်နယ်၁၁၅၊  မွန်ပြည်နယ်၊ 
မကွေးတိုင်း၊ ကရင် နေပြည်တော် ရှမ်းပြည်(တောင်ပိုင်း)တနင်္သာရီတိုင်း 
ဧရာဝတီ- ၊ ကယားပြည်နယ်ပိုးတွေ့လူနာမရှိ 

အောက်တိုဘာ ၄ ရက် (ည ၆ နာရီခွဲ)






ကမ္ဘာတစ်ဝှမ်းမှာ   


ကိုဗစ်-၁၉ ကုသရေးအတွက် အိန္ဒိယက
Remdesivir ထိုးဆေး ၃၀၀၀ လှူဒါန်း





ဒေါ်အောင်ဆန်းစုကြည်၏ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေ ပြည်သူသို့အစီရင်ခံတင်ပြသည့်မိန့်ခွန်းမှ (မြန်မာ့အလင်း၊ အောက်တိုဘာ ၆ ရက်)



ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဧရာဝတီဖောင်ေးဒရှင်းက
 နှာခေါင်းစည်း ၅ သန်း အခမဲ့ဖြန့်ဝေမည်


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်ပူးပေါင်း
ဆောင်ရွက်လျက် ဧရာဝတီဖောင်ဒေးရှင်းသည် 
ကိုဗစ်ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း
ထုတ်လုပ်စက်ကိုမှာယူထားရာ ရောက်ရှိလာပြီဖြစ်
သဖြင့် ပြည်ပမှပညာရှင်များကဦးစီးတပ်ဆင်လည်
ပတ်လျက် တစ်ရက်လျှင် နှာခေါင်းစည်း ၅ သောင်း
ထုတ်မည်။ 
နှာခေါင်းစည်း ၅ သန်းကို လိုအပ်နေသူများနှင့်ဝင်
ငွေနည်းပါးသည့်ပြည်သူများအတွက် အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်းသိရသည်။

  
အသွားအလာကန့်သတ်စောင့်ကြည့်သင်္ဘောသား
၃၁၁ ဦးရှိနေ
 

ပြည်ပမှပြန်လည်ရောက်ရှိလာကြသည့်မြန်မာသင်္ဘောသားများအား လှည်းကူးမြို့ နယ်ရှိ ဓမ္မမာမကဓမ္မရိပ်သာ (၇၄ ဦး)နှင့်ဓမ္မရံသီမိုးကုတ်ရိပ်သာ(၂၃၇ ဦး) ကန့်သတ်စောင့်ကြည့်ရေးစင်တာတို့ Sea Rangers (Myanmar Seafarers Donation Group) မှ ကုန်ကျစရိတ်များတာဝန်ယူပြီး ထားရှိပေးထားရာ အောက်တိုဘာ ၄ ရက်နေ့အထိ ၃၁၁ ဦးရှိကြောင်းသိရသည်။


အောက်တိုဘာ ၃ ရက် (ည ၈ နာရီ)


ကိုဗစ်-၁၉ ဒီရေလှိုင်း (၃-၁၀-၂၀)

(မို့ နယ်များလှိုင်သာယာ- ၁၃၆၊ သင်္ဃန်းကျွန်း- ၁၀၆၊ ကြည့်မြင်တိုင်- ၆၁၊ မရမ်းကုန်း- ၅၇၊ မြောက်ဥက္ကလာပ- ၅၆ 
အင်းစိန်- ၅၅ ရွှေပြည်သာ- ၅၃ တာမွေ- ၄၄  တောင်ဥက္ကလာပ/ပန်းဘဲတန်း- ၄၃၊ လသာ- ၄၁၊ မင်္ဂလာဒုံ- ၃၄
ဆိပ်ကြီးခနောင်တို- ၃၄၊ မင်္ဂလာတောင်ညွန့်- ၂၉၊ ဗဟန်း/သံလျင်- ၂၄၊ လှိုင်/ရန်ကင်း- ၂၀၊ စမ်းချောင်း/ကမာရွတ်- ၁၆၊ 
သာကေတ- ၁၄၊ အလုံ- ၁၃၊ လမ်းမတော်/ဒဂုံဆိပ်ကမ်း/ဒဂုံမြို့ သစ်(အရှေ့ ပိုင်း/တောင်ပိုင်း)- ၁၁

ရန်ကုန်တိုင်း၁၀၄၆  မန္တလေးတိုင်း၂၂၊ ကချင်- ၊ ရခိုင်ပြည်နယ်၉ ၊ 
ပဲခူးတိုင်း
ဧရာဝတီတိုင်း
၂၅၊ 
 မွန်ပြည်နယ်မကွေးတိုင်း- ၊ ကရင် နေပြည်တော် ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၁၆ 
ကယားပြည်နယ်- ပိုးတွေ့လူနာမရှိ 

အောက်တိုဘာ ၃ ရက် (ည ၈ နာရီ)

***






ပါမောက္ခဒေါက်တာဇော်ဝေစိုး 
                                 (ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၁)





အောက်တိုဘာ ၃ ရက် (ည ၈ နာရီ)




ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသည့်မြန်မာနိုင်ငံသားများ

ကြိုတင်ဆန္ဒမဲပေးကြပြီ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား ၃၈၅ ဦးသည်  အောက်တိုဘာ ၃ ရက်ကစပြီး မြန်မာသံရုံး ဗန်ကောက်မြို့ ၌ သွားရောက်မဲပေးခဲ့ကြသည်။ 


ဆိုးလ်မြို့  ကိုရီးယားနိုင်ငံ

ဓာတ်ပုံများ - မြန်မာ့အလင်း (၃-၁၀-၂၀)

ကိုရီးယားနိုင်ငံ
ဆိုးလ်မြို့  မြန်မာသံရုံး
 အောက်တိုဘာ ၃ ရက်က ဒုတိယအကြိမ်မဲပေးခြင်း ဆက်လက်ပြုလုပ်ခဲ့ရာ အနယ်နယ်အရပ်ရပ်မှ စင်းလုံးငှားအဝေးပြေးကားကြီးများဖြင့်လည်းကောင်း၊ အဖွဲ့လိုက်လည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်းအလိုက်လည်းကောင်း တာဝန်သိစွာဖြင့် မြန်မာနိုင်ငံသားများမဲဆန္ဒရှင် ၁၇၃၇ ဦးသည် သံရုံးသို့ လာရောက်မဲပေးခဲ့ကြသည်။ 

 
မော်စကို၊ ရုရှားနိုင်ငံ

ရုရှားနိုင်ငံရောက်မြန်မာနိုင်ငံသား ၁၀၀ ဦးသည် အောက်တိုဘာ ၃ ရက်က မော်စကိုမြို့  မြန်မာသံရုံး ကြိုတင်မဲပေး ခဲ့ကြသည်။ 


ဘန်ဒါဆရီဘီဂါဝန်မြို့  ဘရူနိုင်းနိုင်ငံ



အလားတူပင် ဘရူနိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများကလည်း  အောက်တိုဘာ ၂ ရက်က ၈၃ ဦး၊ အောက်တိုဘာ ၃ ရက်က ၇၀ ဦးခန့် မြန်မာသံရုံးသို့ လာရောက်မဲပေးခဲ့ကြောင်းသိရသည်။ 




အောက်တိုဘာ ၂ ရက်


ဒေါက်တာဇော်ဝေစိုးနှင့်တွေ့ဆုံမေးမြန်းခြင်း မှ ကောက်နှုတ်ချက် 

(ရေးသားသူ ထက်လျှံ၊ မြန်မာ့အလင်း၊ ၃-၁၀-၂၀)



ပါမောက္ခဒေါက်တာဇော်ဝေစိုး 
(ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ်-၁)






တောင်ဥက္ကလာပဖျားနာကုဆေးခန်းတွင် 

ဆေးဝါးနှင့်ကျန်းမာရေးပစ္စည်းများလိုအပ်နေ 

တောင်ဥက္ကလာပဖျားနာကုအခမဲ့ဆေးခန်းတွင် တစ်နေ့လျှင်လူနာ ၈၀ ခန့်လာရောက်ပြသလျှက်ရှိရာ လူနာများ နေ့စဉ်များပြားလာနေသဖြင့် PPE ၀တ်စုံများ၊ ပါရာစက်တမော အဖျားကျဆေးများ၊ ပိုးသတ်ဆေး၊ ချောင်ဆိုးပျောက်ဆေး၊ နှာစေးပျောက်ဆေးနှင့် ဗိုက်တာမင်စီတို့လိုအပ်လျက်ရှိသည်။

 ဆေးခန်းလာသည့်လူနာအတောများများသည် အနံ့ပျောက်ခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့်ဖျားနာခြင်းများ အဖြစ်များကြောင်း၊ သွေးတိုးနှင့်ဆီးချိုလူနာအချို့ ပါရှိကြောင်း၊ ကိုဗစ်-၁၉  သံသယရှိလူနာများကို သင်္ဃန်းကျွန်းဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံနှင့်ကွာရန်တင်းစင်တာများသို့ လွှဲပြောင်းပို့ပေးရကြောင်းသိရသည်။

  

ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ

ကြိုတင်ဆန္ဒမဲပေးကြပြီ


၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသား ၁၁၅၉  ဦးသည်  အောက်တိုဘာ ၃ ရက်က မြန်မာသံရုံး တိုကျိုမြို့ ၌ စည်းကမ်းတကျ သွား ရောက်မဲပေးခဲ့ကြသည်။ 

ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများနှင့် Volunteer များက လိုအပ်သည်တို့ကိုက ပံ့ပိုးကူညီပေးခဲ့ကြသည်။

တိုကျိုမြို့ ရှိမြန်မာသံရုံးအနေဖြင့် Tokai ဒေသရှိ Aichi, Gifu, Mie, Shizuoka ပြည်နယ်များမှ မြန်မာနိုင်ငံသားမဲဆန္ဒရှင်များအတွက် Aichi ပြည်နယ်၊ နာဂိုယာမြို့  မြန်မာနိုင်ငံဆိုင်ရာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံး အောက်တိုဘာ ၁၁ ရက်အထိ မဲရုံခွဲဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

 


 

ဓာတ်ပုံများ - BBC Burmese (Face book ကတဆင့်ကူးယူဖော်ပြထားပါသည်)



စင်ကာပူနိုင်ငံနှင့်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများ

ကြိုတင်ဆန္ဒမဲပေးကြပြီ

မြန်မာ့အလင်း (၃-၁၀-၂၀)

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် စင်ကာပူရောက်မြန်မာနိုင်ငံသား ၈၀၀ ခန့်သည်  အောက်တိုဘာ ၁ ရက်ကလည်းကောင်း၊ ၁၄၀၀ ခန့်သည် အောက်တိုဘာ ၂ ရက်ကလည်းကောင်း မြန်မာသံရုံး၌ စနစ်တကျ သွားရောက်မဲပေးခဲ့ကြသည်။ 

စင်ကာပူနိုင်ငံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်မြန်မာနိုင်ငံသား ၃၂၀၀၀ ခန့်ရှိပြီး အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ ဆန္ဒမဲပေးနိုင်သည်။

အလားတူပင် ကိုရီးယားသမ္မတနိုင်ငံရောက်မြန်မာနိုင်ငံသားမဲဆန္ဒရှင် ၁၄၀၀ ကျော်ခန့်သည် ဆန္ဒမဲပေးရမည့်ပထမနေ့ဖြစ်သည့် အောက်တိုဘာ ၂ ရက် တစ်ရက်တည်းတွင်ပင် အနယ်နယ်အရပ်ရပ်မှ အဝေးပြေးကားကြီးများစင်လုံးငှားလျက် အဖွဲ့လိုက်သော်လည်းကောင်း၊ တစ်ဦးချင်းသော်လည်းကောင်း မြန်မာသံရုံး ဆိုလ်မြို့ သို့ သွားရောက်ကာ မဲပေးခဲ့ကြသည်။

ကိုရီးယားသမ္မတနိုင်ငံရောက်မြန်မာနိုင်ငံသားမှ ပုံစံ(၁၅)ဖြည့်စွက် ကြိုတင်ဆန္ဒမဲလက်မှတ်တောင်းခံထားကြသူ ပေါင်း ၉၈၁၀ ဦးရှိကြောင်းသိရသည်။  



ကြိုတင်ဆန္ဒမဲသူတစ်ဦး၏အသံ (Facebook) 



သြစတေးလျ၊ နယူးဇီလန်နှင့်ပါပူဝါနယူးဂီနီနိုင်ငံတို့အခက်အခဲတွေ့နေသည့်  
မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ပေးခဲ့

မြန်မာ့အလင်း (၄-၁၀-၂၀)

နိုင်ငံတကာခရီးသည်လေယာဉ်များပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် သြစတေးလျ၊ နယူးဇီလန်နှင့်ပါပူဝါ
နယူးဂီနီနိုင်ငံတို့တွင် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား ၁၂၂ ဦး (သြစတေးလျနှင့်နယူးဇီလန်မှ ၈၈ ဦး၊ ပါပူဝါနယူးဂီနီမှ ၃၄ ဦး) အား မြန်မာသံရုံး ကင်ဘာရာမြို့ မှစီစဉ်ပေးသည့်မြန်မာလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ရာ အောက်တိုဘာ ၃ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြောင်းသိရသည်။  


လွတ်တော်နှင့်ရွေးကောက်ပွဲသတင်း

အောက်တိုဘာ ၇ ရက် ၂၀၂၀








ကချင်ပြည်နယ်မဲစာရင်း

လူဦးရေ ၁၁ သိန်းခန့်ရှိလာ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းများကို အောက်တိုဘာ ၁ ရက်ကစတင်ကြေညာခဲ့ရာ ကချင်ပြည်နယ် မဲဆန္ဒရှင်ဦးရေ ၁၀၀၀၀ ကျော်တိုးလာသဖြင့် ၁၁ သိန်းနီးပါးရှိလာသောကြောင့် မဲရုံပေါင်း ၉၁၈ ရုံ လျာထားဆောင်ရွက်ထားကြောင်း၊ ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှတ်တော်အတွက် ၁၁၉  ဦး၊ အမျိုးသားလွှတ်တော်အတွက် ၈၇ ဦး၊ ပြည်နယ်လွှတ်တော်အတွက် ၂၄၅ ဦး၊ ဗမာတိုင်းရင်းသားကိုယ်စားလှယ် ၇ ဦး၊ ရှမ်းတိုင်းရင်းသားကိုယ်စားလှယ် ၈ ဦး၊ လီဆူတိုင်းရင်းသားကိုယ်စားလှယ် ၈ ဦး၊ ရ၀မ်တိုင်းရင်းသားကိုယ်စားလှယ် ၆ ဦး စုစုပေါင်းကိုယ်စားလှယ် ၄၈၀ ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။


စာတစ်ကြောင်းသတင်း
(News In One Sentence)


ဘုရားစေတီများမဖွင့်လှစ်နိုင်သေးသဖြင့် ဆိုင်ရှင်များစားဝတ်နေရေးခက်ခဲလာ

ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိဘုရားစေတီများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသောကြောင့် ဘုရားပရ၀ုဏ်အတွင်း၌ မှီခိုဈေးရောင်းနေရသောဆိုင်ခန်းပိုင်ရှင်များ အလုပ်လက်မဲ့ဖြစ်လာပြီး စားဝတ်နေရေးများခက်ခဲလာကြောင်းသိရသည်။ 


လှုပ်လှုပ်ရှားရှား လူထုအားကစားပြိုင်ပွဲ ပြုလုပ်မည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ 'လှုပ်လှုပ်ရှားရှား လူထုအားကစား'  ကိုယ်လက်ကြံ့ ခိုင်ရေးလှုပ်ရှားမှုများကို Facebook Page တွင် Physical Fitness Dance ခေါင်းစဉ်ဖြင့် ချဲလင့်ပြိုင်ပွဲများအား အောက်တိုဘာ ၁၀ ရက်မှ ၁၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ 


ဂျပန်စိုက်ပျိုးရေးလုပ်ငန်းအတွက် မြန်မာလုပ်သားများခေါ်ယူမှုများနိုင် 

ကိုဗစ်-၁၉ ရောဂါကာလအလွန်တွင် ဂျပန်ရှိစိုက်ပျိုးရေးလုပ်ငန်းများအတွက် မြန်မာလုပ်သားခေါ်ယူမှုပိုမိုများပြားလာနိုင်ကြောင်း ဂျပန်နိုင်ငံသို့လုပ်သားစေလွှတ်ရေးလုပ်ကိုင်နေသည့် ငွေကြိုးကြာကုမ္ပဏီမှမန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းစည်သူကပြောကြောင်းသိရသည်။  


 ကျန်းမာရေး  


ဆောင်းပါးရှင် ကလျှာမိုးမြင့်၏ဆောင်းပါးမှကောက်နှုတ်ချက်၊ မြန်မာ့အလင်း (၃-၁၀-၂၀)








 တရားဓမ္မ အသိအမြင်          

မူလဖော်ပြထားသည့်နေရာ - Facebook

မူလဖော်ပြထားသည့်နေရာ - Facebook



 ရွှေ  ငွေကြေး  စက်သုံးဆီ 

အောက်တိုဘာ ၆ ရက်


  အားကစား 




 ဖတ်စရာ မှတ်စရာ 


ကြေးမုံ (၄-၁၀-၂၀)



ဆောင်းပါးရှင် မှော်ဝန်းသီဟ၏ဆောင်းပါး၊ သုတကမ္ဘာဂျာနယ် (၁၉-၉-၂၀) မှ ကောက်နှုတ်ဖော်ပြသည်။ 




***




 ကမ္ဘာနှင့်ကိုရိုနာသတင်း 


































အမေရိကန်နိုင်ငံသမ္မတနှင့်ဇနီး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရ 









Globally, as of 3:12pm CEST, 3 October 2020, there have been 

34,495,176 confirmed cases of COVID-19, including 

1,025,729deaths, reported to WHO.


အောက်တိုဘာ ၃ ရက် ညနေ ၃ နာရီ ၁၂ မိနစ်အချိန်အထိ တစ်ကမ္ဘာလုံးတွင် ...

၁) ဓာတ်ခွဲအတည်ပြုလူနာပေါင်း - ၃၄ သန်းကျော် (၃၄,၄၉၅,၁၇၆ ဦး) 

၂) ပိုးတွေ့သေဆုံးလူနာပေါင်း -  သန်းကျော် (၁,၀၂၅,၇၂၉  ဦး) ရှိသွားပြီ။








အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူနှင့်ဇနီးဖြစ်သူမီလဲန်နီးယားတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရကြောင်းကို သောကြာနေ့နံနက်ကထုတ်ဖော်ပြောကြားခဲ့သည်။

ထိုနောက် သူက 'ကျွန်တော်တို့ ကွာရန်တင်းစ၀င်ကြပြီး ဒါကိုအတူတကွကျော်လွှားကြပါမယ်' ဟုဆက်ပြောသည်။  

အောက်တိုဘာ ၂ ရက်နံနက်က နောက်ဆုံးရရှိသောသတင်းအရ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉  အတည်ပြုလူ နာ ၇.၂ သန်းရှိနေပြီး လူ ၂၀၇,၈၀၈ ဦးသေဆုံးကြောင်းသိရသည်။

Trump, wife test positive for COVID-19, Xinhua.   (သတင်းဘာသာပြန် ကျွန်းသာယာ) 
















No comments:

Post a Comment