"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 29, 2015

မစ္စတာလီကွမ်းယူ၏ နောက်ဆုံးခရီး



၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက်၊ တနင်္ဂနွေနေ့





မစ္စတာလီကွမ်းယူ၏ နောက်ဆုံးခရီး





အပေါ်ထပ်တွင် လက်(ပ)တော့ဖြင့် အလုပ်လုပ်နေစဉ် တယ်လီဖုန်းမြည်လာသဖြင့် ကောက်ကိုင်လိုက်ရာ အိမ်အောက်ထပ်မှ အိမ်ရှင်မက “အဖေကြီး တီဗွီမှာ လိုက်(ဖ) live လာနေပြီ”ဟုပြောသဖြင့် အောက်ထပ် သို့ဆင်းသွားခဲ့၏။

အိမ်ရှင်မက သူ၏လက်ကိုင်ဖုန်းကို ရုပ်မြင်သံကြားစက်ရှေ့ တွင် လက်ကိုင်တိုင်ထောင်ကာ ပြင်ဆင်လျက် ရှိနေပါသည်။ သူက မစ္စတာလီကွမ်းယူအား အထူးလေးစားသူဖြစ်ရာ မစ္စတာ လီကွယ်လွန်ချိန်မှစပြီး ထုတ်လွှင့်သမျှသတင်းများကို နားလည်းထောင် ဓာတ်ပုံ ဗွီဒီယိုရိုက်လို ရိုက်ဖြင့် ရှိနေပါသည်။ သူ့သားက ပင် ပြောရသည်အထိ - "မားမားကြီး ယူ ဘာ့ကြောင့်ဒါတွေကို တစ်နေ့လုံး ထိုင်ကြည့်နေရတာလဲ၊ လမ်းလေးဘာလေး ထွက်လျှောက်ပါဦးလား" ဟူ၍။ 

ရုပ်မြင်သံကြားစက်ကို ကြည့်လိုက်သောအခါ ..

Singapore Polytechnics ရှေ့ တွင် လူများတန်းစီနေကြ၏။ မစ္စတာလီကွမ်းယူ ငြိမ်းချမ်းစွာလဲ လျှောင်းနေသည့် မှန်အခေါင်းအနီးမှာ သားဖြစ်သူ လက်ရှိဝန်ကြီးချုပ်နှင့်မိသားစု ငြိမ်သက်စွာ ထိုင်နေကြ၏။ မစ္စတာလီကွမ်းယူ၏ မှန်အခေါင်းထားရှိရာ ပါလီမန်အဆောက်အဦ၀န်းကျင်နှင့် Stanford Road လမ်းချိုး အကွေ့နေရာတို့တွင် မိုးသည်းထန်စွာ ရွာနေသော်လည်း ပြည်သူ ပြည်သားများက စိတ်ရှည်သည်းခံစွာ စည်းစနစ်တကျ စောင့်နေလျက်ရှိနေကြသည်။

ခဏကြာသောအခါ မစ္စတာလီကွမ်းယူ၏မှန်အခေါင်းအား ပါလီမန်အဆောက်အဦထဲမှ အခေါင်းတင်ယာဉ် ပေါ်သို့ ယူနီဖောင်းဝတ်ဝန်ထမ်း ၈ ဦးက ပြောင်းရွေ့ တင်လိုက်ကြပြီး မစ္စတာလီကွမ်းယူသည် နှစ်ပေါင်း များစွာ သူ၏ရဲရဲတောက်နိုင်ငံရေးစင်မြင့်ဖြစ်ခဲ့သော ပါလီမန်အဆောက်အဦကြီးအား နောက်ဆုံးအနေဖြင့် နှုတ်ဆက်လျက် အပြီးအပိုင်ထွက်ခွာသွားလေတော့ပြီ။





လမ်းတစ်လျှောက်တွင် သူ့ကိုချစ်သော လေးစားသော ကျေးဇူးအထူးတင်ရှိသော ပြည်သူပြည် သားများက နိုင်ငံ့ခေါင်းဆောင်ကြီး၏အမည်အား အမြတ်တနိုးကြွေးကြော်ကြလျက် အလံငယ် လေးများ ဝှေ့ ရမ်းနှုတ် ဆက်ကြပါသည်။

အထူးသဖြင့် သူ၏လွှတ်တော်နယ်မြေဖြစ်သော Tanjong Pagar ကို ဖြတ်သွားသောအခါ ကြေကွဲဝမ်း နည်းပြီး လွမ်းစရာလေးပင်ကောင်းလှ၏။ 

သည်နေရာသည် မစ္စတာလီကွမ်းယူ၏ဘူမိနက်သန် နိုင်ငံရေးရေခံမြေခံဖြစ်ခဲ့သလို စင်ကာပူနိုင်ငံ၏အဓိက ဦးဆောင်ပါတီကြီးဖြစ်သော ပီအေပီ (PAP) ၏အမာခံနယ်မြေလည်းဖြစ်ခဲ့သော ကြောင့်ပင်။ 

ယခုတော့ မစ္စတာလီကွမ်းယူသည် အရာအားလုံးအား ကျောခိုင်းစွန့်ခွာသွားခဲ့လေပြီ။

မစ္စတာလီကွမ်းယူ ကောင်းရာသုဂတိသို့ ရောက်ပါစေ။

လေးစားစွာ ဆုမွန်ကောင်းတောင်းလျက် ....




  • Khin SandarKo HeinEi Ei Thet and 18 others like this.
  • Phyo Thant Maw သမီးလည်း Live ထိုင်ကြည့်နေတာဆရာရေ......ဘာပဲဖြစ်ဖြစ် ဂုဏ်ယူစရာနိုင်ငံ့ခေါင်းဆောင်တစ်ယောက်ပါလားလို့ တွေးမိတယ်
    4 hrs · Unlike · 1
  • Tin Maung Aye ဟုတ်တယ် ဖြိုးသန့်မော်။ တစ်ကမ္ဘာလုံးက ကြည့်နေကြတာ။ စောစောကပဲ ဟောင်ကောင်က PT မိတ်ဆွေ Peter က သူလည်း မစ္စတာလီကွမ်းယူ၏ နိုင်ငံတော်ဈာပနအခန်းအနားကို ကြည့်နေကြောင်း၊ မိုးသည်းနေကြောင်း WhatsApp ကနေ ဆရာ့ကိုပြောခဲ့သေးတယ်။ ဂုဏ်ယူစရာပါ။
    3 hrs · Like · 1














မစ္စတာလီကွမ်းယူ သို့မဟုတ် လောကနိဗ္ဗာန်နိုင်ငံကို တည်ဆောက်ခဲ့သူ



၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက်၊




မစ္စတာလီကွမ်းယူ သို့မဟုတ် လောကနိဗ္ဗာန်နိုင်ငံကို တည်ဆောက်ခဲ့သူ






၁၉၉၀ ခုနှစ်မှာ စင်ကာပူနိုင်ငံသို့ မိမိနေဖြင့် ပထမဦးဆုံးရောက်လာခဲ့ရာ လေဆိပ်ကစပြီး လမ်းများ၊ ကား များ၊ mrt ရထားများနှင့်ဘူတာရုံများ၊ တိုက်တာများ၊ ဈေးများ၊ ကုန်တိုက်ကြီးများ၊ လ၀က စာတိုက် ဘဏ် နှင့်ရုံးဌာနများကို တွေ့ရမြင်ရသည့်အပြင် စည်းစနစ်ကျမှု၊ သန့်ရှင်းစိမ်းစိုမှု၊ လျင်မြန်တိကျသေသပ်စွာလုပ် ကိုင်မှု အစရှိသည်များကို မယုံကြည်လောက်အောင် ကိုယ်တိုင် ဆက်ဆံကြုံတွေ့ရသောအခါ တတိယကမ္ဘာမှရောက်လာခဲ့သူတစ်ဦးအနေဖြင့် ရင်သပ်ရှုမောဖြစ်ခဲ့ရ၏။

မိမိ စင်ကာပူနိုင်ငံကိုရောက်သည့် ပထမတစ်နှစ်မပြည့်မီလေးတွင် စင်ကာပူနိုင်ငံ၏ပထမဦးဆုံးဝန်ကြီးချုပ် ဖြစ်သူ မစ္စတာလီကွမ်းယူ ရာထူးမှအနားယူလေသည်။ သို့သော် ထိုနှစ်က  ၀န်ကြီးချုပ်အနေဖြင့် သူ၏ နောက်ဆုံးအမျိုးသားနေ့မိန့်ခွန်း (National Day Rally Speech) အား နားထောင်ခွင့်ရလိုက်ပါသည်။ 

သူ၏ ယင်းမိန့်ခွန်းကို နားထောင်ရသောအခါ နိုင်ငံခေါင်းဆောင်ကောင်းတစ်ဦး၏ အနှစ်သာရရှိပြီး လက် တွေ့ကျသော နိုင်ငံ့အရေးသုံးသပ်ပြောဟောမှုကို များစွာလေးစားခဲ့မိ၏။ သူ၏ အားမာန်ရှိပြီး ပြတ်သား သော စကားလုံးများ (no-nonsense, pragmatic attitude and approach) ကို နှစ်သက်ခဲ့မိ၏။ 

၁၉၆၅ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သော မစ္စတာလီကွမ်းယူသည် ကမ္ဘာ့ သက်တမ်းအရှည်ဆုံး ၀န်ကြီးချုပ်ဖြစ်ခဲ့ပါသည်။ 

ဤသို့ဖြင့် မိမိသည် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေထိုင်ရင်း မိမိ ရောက်ခဲ့ဖူး၊ ဖတ်ခဲ့ဖူး၊ ကြားသိခဲ့ဖူးသော နိုင်ငံများဖြင့် ချိန်ထိုးတွေးတောစဉ်းစားမိကာ စင်ကာပူနိုင်ငံသည် အမှန်တော့ ကမ္ဘာမြေပြင်ပေါ်က လောက နိဗ္ဗာန်နိုင်ငံလေးပင်ဖြစ်နေသည်ဟု ယုံကြည်ခံစားတွေးတောမိပါလေသည်။

လောကနိဗ္ဗာန်၏အဓိပ္ပာယ်ကို မြန်မာစာအဖွဲ့ဦးစီးဌာနမှထုတ်ဝေသည့် မြန်မာ-အင်္ဂလိပ်အဘိဓာန် တွင် အင်္ဂလိပ်ဘာသာဖြင့် paradise on earth ဟု အနက်ဖွင့်ထားပါသည်။

ဒါ့အပြင် မစ္စတာလီကွမ်းယူသည် သွက်လက်ချက်ချာပြီး တတ်သိလိမ်မာသော စည်းကမ်းရှိသော တန်ဖိုး မဖြတ်နိုင်သော ပညာတတ်နှင့်ကျွမ်းကျင်သူ လူသားအရင်းအမြစ်အမြောက်အများကိုလည်း မွေးထုတ် ပေးခဲ့ပါသေးသည်။ 

အာရှနိုင်ငံများ၏ အထင်ကရ ကြယ်ကြီးတစ်ပွင့်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံရေးနည်းဗျူဟာဂုရုကြီးလည်းဖြစ်သော မစ္စတာလီကွမ်းယူ ကောင်းရာသုဂတိသို့ ရောက်ပါစေဟု လေးစားစွာဆုတောင်းမိပါသည်။



  • Hsu Hsu Tin အမှန်ပါပဲ အန်ကယ် . သူလိုလူမျိုးနောက်တယောက်ထပ်ပေါ်ဖို့ဆိုတာဘယ်လောက်စောင့်ရဦးမလဇဲမသိဘူး
    20 hrs · Unlike · 1
  • Tin Maung Aye အလွန်ရှားပါတယ်။ တစ်ခါတစ်ခါမှာ သူ့နေရာကနေ၀င်ပြီး တွေးကြည့်မိလို့ ၀မ်းသာပီတိဖြစ်မိရတယ်။ ရွံ့ ညွံထူပြောတဲ့ တံငါသည်နိုင်ငံလေးကနေ နှစ် ၅၀ မကြာလိုက်ပါပဲ ပထမကမ္ဘာအဆင့် (First World Economy)ဖြစ်လာတဲ့အထိ ခုန်ပျံကျော်လွှားတိုးတက်အောင် လုပ်နိုင်ခဲ့တာ အံ့မခန်းပါ။ နောက်ပြီး သူလုပ်ခဲ့တဲ့အသီးအပွင့်တွေကို သူ အသက် ၉၁ နှစ်ရှိတဲ့အထိ စိတ်တိုင်းကျမြင်တွေ့သွား နိုင်ခဲ့တာ။ ကုသိုလ်ထူးလိုက်တာ။ ဘုန်းကြီး ပြီး အသက်ရှည်တာ။ သူ့လိုလူပုဂ္ဂိုလ်မျိုး နောက်တစ်ဦး ကမ္ဘာမှာ ပေါ်လာဖို့ မလွယ်ဘူးလို့ ထင်မိပါတယ်။
    19 hrs · Like · 4
  • Thin Moe ဟုတ်ပဆရာရယ် ကွာပါ့
    19 hrs · Unlike · 1
  • Myat Yu Mon Htay ဒီလိုလူမျိုးတွေ မြန်မာနိုင်ငံမှာဘာကြောင့်ရှိခွင့် မရပါလိမ့်နော် 
    17 hrs · Unlike · 1











Saturday, March 28, 2015

WCPT Congress ရင်ခုန်သံ (၇)




၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၉  ရက်၊ စနေနေ့




WCPT Congress ရင်ခုန်သံ (၇)







WCPT Congress များအကြောင်းကိုဖတ်ရသဖြင့် ဒီညီလာခံကြီးနှင့်ပတ်သက်ပြီး စိတ်ပါဝင်စား သူအချို့ က ယခုရက်ပိုင်းအတွင်းမှာ မေးမြန်းလာကြပါသည်။ 

ယခင်ကလည်း မေးမြန်းကြသူအချို့  ရှိခဲ့သေး၏။

မိမိအနေဖြင့် သတင်းပေးရေးသားပြီးဖြစ်သော်လည်း အချို့ သောစာများကို မဖတ်လိုက်မိသူများက ဘယ်နိုင်ငံမှာကျင်းပမှာလဲ၊ ဘယ်တော့လဲ၊ ညီလာခံတစ်ခုလုံးတက်ရင် ဘယ်လောက်ကုန်ကျမလဲ၊ ၁ ရက်ထဲကော တက်လို့ရသလား၊ ၁ ရက်ပဲတက်ရင် ဘယ်လောက်ကျမလဲ၊ ဘာအရည်အချင်း တွေရှိမှ တက်ခွင့်ရှိတာလဲ၊ PT မဟုတ်တဲ့သူများကော လာတက်လို့ရပါသလား၊ ဆရာက တက်ဖြစ် မယ်ဆိုတော့ သမီးတို့ကို ပြန်ပြီး share ပေးပါလား စသဖြင့်ဖြစ်ကြ၏။

မးခွန်းတစ်ခုစီကို ကြိုးစားပြီး ဖြေပေးပါမည်။

၁။ ဘယ်နိုင်ငံမှာကျင်းပမှာလဲ - စင်ကာပူနိုင်ငံမှာပါ။

၂။ ဘယ်တော့လဲ - မေ ၁ ရက်မှ မေ ၄ ရက်အထိ (Pre- and Post- Congress Workshop များမပါ)
၃။ ညီလာခံတစ်ခုလုံးတက်ရင် ဘယ်လောက်ကုန်ကျမလဲ - ဇယားပုံဖြင့် သီသန့်ဖော်ပြထားပါ တယ်)
၎။ ၁ ရက်ထဲကော တက်လို့ရသလား - ရပါတယ်။ ဇယားမှာ တွေ့နိုင်ပါတယ်။
၅။ ၁ ရက်ပဲတက်ရင် ဘယ်လောက်ကျမလဲ - စင်ကာပူဒေါ်လာ ၆၅၀ (မြန်မာပြည်က WCPT အသင်းဝင် မဟုတ်သေးသဖြင့် Non-member နှုန်းပေးရပါတယ်)
၆။ ဘာအရည်အချင်း တွေရှိမှ တက်ခွင့်ရှိတာလဲ - မည်သည့်နိုင်ငံက PT ပဲဖြစ်ဖြစ် အထွေအထူး မလိုပါ။
၇။ PT မဟုတ်တဲ့သူများကော လာတက်လို့ရပါသလား - ရပါတယ်။ ဒါပေမယ့် သတ်မှတ်စည်း ကမ်းများ ရှိနေပါတယ်။
၈။ ဆရာအနေဖြင့် ပြန်ပြီး share ပေးပါမယ်လား - စာနဲ့ဖြစ်စေ၊ မြန်မာပြည်ပြန်လာတဲ့အခါ ကိုယ်တိုင်ဖြစ်စေ ရှင်းလင်းဆွေးနွေးပေးပါမယ်။

WCPT Congress အား တက်ဖြစ်သည်ဖြစ်စေ မတက်ဖြစ်သည်ဖြစ်စေ ဒီ PT ညီလာခံကြီး၏အ ကြောင်းကို မြန်မာအကြောအဆစ်ကုပညာရှင်များ တစ်စုံတစ်ရာ သိရှိထားကြသည်ဆိုလျှင်ပင် မိမိအနေဖြင့် သတင်းဖြန့်ဝေအားထုတ်ရကျိုးနပ်ပေပြီ။ တစ်ခါ လာတက်ကြသူများအား တတ်အား သရွေ့ ကူညီခွင့်ရခဲ့ပါလျှင်လည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါဦးမည်။

လောလောဆယ် မိမိသိထားသရွေ့ တော့ မြန်မာပြည်က PT ၂ ဦးနှင့် PT မဟုတ်သူ ၁ ဦးတို့ လာ တက်ကြဖို့ သေချာပြီးဖြစ်သည်။ PT မဟုတ်သူမှာ ကျန်းမာရေးဆိုင်ရာ NGO အဖွဲ့အစည်းတစ်ခု က ဖြစ်သည်။ 

အချို့ က တက်ဖြစ် မတက်ဖြစ် စဉ်းစားတိုင်ပင်နေကြဆဲရှိနေပါသေးသည်။ မိမိအနေဖြင့် အကူ အညီပေးနိုင်သည်များကိုလည်း တိတိလင်းလင်းပြောပြထားပြီးဖြစ်ပါသည်။

ယခင်က မဖတ်လိုက်မိသူများအတွက် ထပ်ပြီးပြောပါရစေ။

မြန်မာပြည်မှ တက်ရောက်ရန်အခက်အခဲမရှိသူ PT များအနေဖြင့် ယခု WCPT ညီလာခံကြီးကို သွားရောက်တက်ကြရန် မိမိ ဘာ့ကြောင့်တိုက်တွန်းနေရသည်ကို မတ်လ ၉ ရက်နေက ရေးတင် ခဲ့သော “WCPT Congress ရင်ခုန်သံ (၂)” က အောက်ပါအချက်အား သေသေချာချာဖတ်ကြည့် ကြစေချင်ပါသည်။

// ပြီးခဲ့သောနှစ်က မြန်မာပြည်သို့လာရောက်သွားခဲ့သော WCPTအသင်းကြီး၏အာရှနှင့်အနောက် ပစိဖစ်ဒေသဆိုင်ရာအမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ‘ဒေါက်တာမားဂေါ့စကင်းနာ’က သူ၏မတ်လ ၄ ရက် နေ့ အီးမေးသ၀ဏ်လွှာမှာ အောက်ပါအတိုင်းရေးသားထားတာကို ကောက်နှုတ်ဖော်ပြလိုက်ပါ သည်။

“လာမည့်မေလမှာ စင်ကာပူနိုင်ငံမှာကျင်းပမယ့် WCPT Congress ကြီးဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ကလာကြမယ့် ရောင်းရင်းPTများနဲ့ တွေ့ဆုံဖို့ဆက်ဆံကြဖို့ ထူးခြားတဲ့အခွင့်အလမ်း တစ်ရပ်ဖြစ်ပြီး မိမိတို့၏ပညာရပ်ဖွံ့ဖြိုးမှုနဲ့ ကိုယ်တိုင်တိုးတက်မှုများကို လုပ်ဆောင်နိုင်ကြမှာဖြစ် ပါတယ်။

ဒီလိုအခွင့်အလမ်းမျိုးက ရတောင့်ရခဲကြီးရယ်ပါ။

ဘာ့ကြောင်လဲဆိုတော့ ကျမတို့ရဲ့ အာရှနှင့်အနောက်ပစိဖစ်ဒေသမှာ ဒီညီလာခံကြီးကို နောက်ဆုံး ကျင်းပသွားခဲ့တာဟာဖြင့် ၁၉၉၉ ခုနှစ်က ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ မှာပါ။ 

ဒါ့ကြောင့် အခုကျမ တို့ရဲ့ တံခါးဝမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတဲ့ ဒီအခွင့်အရေးကြီးကို လက်မလွှတ်သင့်ပါဘူး။” // ဟူ၍။















စာအုပ်ရှာပုံတော်




၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ သောကြာနေ





စာအုပ်ရှာပုံတော်






တစ်နေ့က နီပေါနိုင်ငံ လုမ္ဗနီမှာ ကျောင်းထိုင်နေသော ဆရာလေး Bhaddamanika က စင်ကာပူ မှာရှိတဲ့သမီးထံ အီးမေးပေးပို့ပြီး ဆရာကြီးဦးရွှေအောင်(မဟာဝိဇ္ဇာ-သက္ကတ) ရေးသားပြုစုခဲ့သည့် “ဗုဒ္ဓ သို့မဟုတ် အနှိုင်းမဲ့”ကို ဦးလှမောင်က အင်္ဂလိပ်ဘာသာပြန်ထားတဲ့ “Buddha, The Peerless Benefactor of Humanity” စာအုပ်အကြောင်းမေးလာခဲ့ပါတယ်။ 

သမီးက စာဖတ်စာရေးဝါသနာပါတာကြောင့် အင်တာနက်မှာ ဒေါင်းမင်းစာပေတိုက် website အ မည်နဲ့ မြန်မာစာအုပ်များကို ရောင်းနေလို့ ဆက်သွယ်မေးမြန်းခြင်းဖြစ်ပါတယ်။ သူဆီမှာ ဆရာကြီး ဦးရွှေအောင်၏မူရင်းမြန်မာစာအုပ်ရှိပေမယ့် အင်္ဂလိပ်ဘာသာပြန်စာအုပ်မရှိတာကြောင့် မိမိက မြန်မာပြည်က မိတ်ဆွေဦးလွင်သိန်း (နေလစာပေဖြန့်ချိရေး)အား လှမ်းပြီးအကူအညီတောင်းထားရတယ်။ 

မိတ်ဆွေဦးလွင်သိန်းက လွန်ခဲ့သော ၃ နှစ်ကျော်လောက်ကတည်းက သမီးအတွက် မြန်မာစာအုပ် များကိုဝယ်ယူပြီး စင်ကာပူုသို့ပို့ပေးခဲ့တာပါ။
အခုလည်း သူ့ကိုပဲအပူကပ်ပြီး ရှာခိုင်းထားရပါတယ်။

စာအုပ်ရောင်းရဖို့ထက် စာပေမြတ်နိုးသူတစ်ဦးအား သူဖတ်ချင်တဲ့စာအုပ်ကို ရအောင်ရှာပေးချင် တာကြောင့်ပါ။ စာအုပ်ရရင် စာအုပ်ဖိုးမယူပဲ လှူချင်ကြောင်းကို သမီးကလျှောက်ထားတာ ဆရာ လေးက ဒေါ်လာနဲ့ကျသင့်နှုန်းကိုသိထားတာကြောင့် စာအုပ်ဈေးကြီးလို့ လက်မခံပါဘူးတဲ့။





Like · Comment ·