"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, March 28, 2015

WCPT Congress ရင်ခုန်သံ (၇)




၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၉  ရက်၊ စနေနေ့




WCPT Congress ရင်ခုန်သံ (၇)







WCPT Congress များအကြောင်းကိုဖတ်ရသဖြင့် ဒီညီလာခံကြီးနှင့်ပတ်သက်ပြီး စိတ်ပါဝင်စား သူအချို့ က ယခုရက်ပိုင်းအတွင်းမှာ မေးမြန်းလာကြပါသည်။ 

ယခင်ကလည်း မေးမြန်းကြသူအချို့  ရှိခဲ့သေး၏။

မိမိအနေဖြင့် သတင်းပေးရေးသားပြီးဖြစ်သော်လည်း အချို့ သောစာများကို မဖတ်လိုက်မိသူများက ဘယ်နိုင်ငံမှာကျင်းပမှာလဲ၊ ဘယ်တော့လဲ၊ ညီလာခံတစ်ခုလုံးတက်ရင် ဘယ်လောက်ကုန်ကျမလဲ၊ ၁ ရက်ထဲကော တက်လို့ရသလား၊ ၁ ရက်ပဲတက်ရင် ဘယ်လောက်ကျမလဲ၊ ဘာအရည်အချင်း တွေရှိမှ တက်ခွင့်ရှိတာလဲ၊ PT မဟုတ်တဲ့သူများကော လာတက်လို့ရပါသလား၊ ဆရာက တက်ဖြစ် မယ်ဆိုတော့ သမီးတို့ကို ပြန်ပြီး share ပေးပါလား စသဖြင့်ဖြစ်ကြ၏။

မးခွန်းတစ်ခုစီကို ကြိုးစားပြီး ဖြေပေးပါမည်။

၁။ ဘယ်နိုင်ငံမှာကျင်းပမှာလဲ - စင်ကာပူနိုင်ငံမှာပါ။

၂။ ဘယ်တော့လဲ - မေ ၁ ရက်မှ မေ ၄ ရက်အထိ (Pre- and Post- Congress Workshop များမပါ)
၃။ ညီလာခံတစ်ခုလုံးတက်ရင် ဘယ်လောက်ကုန်ကျမလဲ - ဇယားပုံဖြင့် သီသန့်ဖော်ပြထားပါ တယ်)
၎။ ၁ ရက်ထဲကော တက်လို့ရသလား - ရပါတယ်။ ဇယားမှာ တွေ့နိုင်ပါတယ်။
၅။ ၁ ရက်ပဲတက်ရင် ဘယ်လောက်ကျမလဲ - စင်ကာပူဒေါ်လာ ၆၅၀ (မြန်မာပြည်က WCPT အသင်းဝင် မဟုတ်သေးသဖြင့် Non-member နှုန်းပေးရပါတယ်)
၆။ ဘာအရည်အချင်း တွေရှိမှ တက်ခွင့်ရှိတာလဲ - မည်သည့်နိုင်ငံက PT ပဲဖြစ်ဖြစ် အထွေအထူး မလိုပါ။
၇။ PT မဟုတ်တဲ့သူများကော လာတက်လို့ရပါသလား - ရပါတယ်။ ဒါပေမယ့် သတ်မှတ်စည်း ကမ်းများ ရှိနေပါတယ်။
၈။ ဆရာအနေဖြင့် ပြန်ပြီး share ပေးပါမယ်လား - စာနဲ့ဖြစ်စေ၊ မြန်မာပြည်ပြန်လာတဲ့အခါ ကိုယ်တိုင်ဖြစ်စေ ရှင်းလင်းဆွေးနွေးပေးပါမယ်။

WCPT Congress အား တက်ဖြစ်သည်ဖြစ်စေ မတက်ဖြစ်သည်ဖြစ်စေ ဒီ PT ညီလာခံကြီး၏အ ကြောင်းကို မြန်မာအကြောအဆစ်ကုပညာရှင်များ တစ်စုံတစ်ရာ သိရှိထားကြသည်ဆိုလျှင်ပင် မိမိအနေဖြင့် သတင်းဖြန့်ဝေအားထုတ်ရကျိုးနပ်ပေပြီ။ တစ်ခါ လာတက်ကြသူများအား တတ်အား သရွေ့ ကူညီခွင့်ရခဲ့ပါလျှင်လည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါဦးမည်။

လောလောဆယ် မိမိသိထားသရွေ့ တော့ မြန်မာပြည်က PT ၂ ဦးနှင့် PT မဟုတ်သူ ၁ ဦးတို့ လာ တက်ကြဖို့ သေချာပြီးဖြစ်သည်။ PT မဟုတ်သူမှာ ကျန်းမာရေးဆိုင်ရာ NGO အဖွဲ့အစည်းတစ်ခု က ဖြစ်သည်။ 

အချို့ က တက်ဖြစ် မတက်ဖြစ် စဉ်းစားတိုင်ပင်နေကြဆဲရှိနေပါသေးသည်။ မိမိအနေဖြင့် အကူ အညီပေးနိုင်သည်များကိုလည်း တိတိလင်းလင်းပြောပြထားပြီးဖြစ်ပါသည်။

ယခင်က မဖတ်လိုက်မိသူများအတွက် ထပ်ပြီးပြောပါရစေ။

မြန်မာပြည်မှ တက်ရောက်ရန်အခက်အခဲမရှိသူ PT များအနေဖြင့် ယခု WCPT ညီလာခံကြီးကို သွားရောက်တက်ကြရန် မိမိ ဘာ့ကြောင့်တိုက်တွန်းနေရသည်ကို မတ်လ ၉ ရက်နေက ရေးတင် ခဲ့သော “WCPT Congress ရင်ခုန်သံ (၂)” က အောက်ပါအချက်အား သေသေချာချာဖတ်ကြည့် ကြစေချင်ပါသည်။

// ပြီးခဲ့သောနှစ်က မြန်မာပြည်သို့လာရောက်သွားခဲ့သော WCPTအသင်းကြီး၏အာရှနှင့်အနောက် ပစိဖစ်ဒေသဆိုင်ရာအမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ‘ဒေါက်တာမားဂေါ့စကင်းနာ’က သူ၏မတ်လ ၄ ရက် နေ့ အီးမေးသ၀ဏ်လွှာမှာ အောက်ပါအတိုင်းရေးသားထားတာကို ကောက်နှုတ်ဖော်ပြလိုက်ပါ သည်။

“လာမည့်မေလမှာ စင်ကာပူနိုင်ငံမှာကျင်းပမယ့် WCPT Congress ကြီးဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ကလာကြမယ့် ရောင်းရင်းPTများနဲ့ တွေ့ဆုံဖို့ဆက်ဆံကြဖို့ ထူးခြားတဲ့အခွင့်အလမ်း တစ်ရပ်ဖြစ်ပြီး မိမိတို့၏ပညာရပ်ဖွံ့ဖြိုးမှုနဲ့ ကိုယ်တိုင်တိုးတက်မှုများကို လုပ်ဆောင်နိုင်ကြမှာဖြစ် ပါတယ်။

ဒီလိုအခွင့်အလမ်းမျိုးက ရတောင့်ရခဲကြီးရယ်ပါ။

ဘာ့ကြောင်လဲဆိုတော့ ကျမတို့ရဲ့ အာရှနှင့်အနောက်ပစိဖစ်ဒေသမှာ ဒီညီလာခံကြီးကို နောက်ဆုံး ကျင်းပသွားခဲ့တာဟာဖြင့် ၁၉၉၉ ခုနှစ်က ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ မှာပါ။ 

ဒါ့ကြောင့် အခုကျမ တို့ရဲ့ တံခါးဝမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတဲ့ ဒီအခွင့်အရေးကြီးကို လက်မလွှတ်သင့်ပါဘူး။” // ဟူ၍။















No comments:

Post a Comment