"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 29, 2015

မစ္စတာလီကွမ်းယူ၏ နောက်ဆုံးခရီး



၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက်၊ တနင်္ဂနွေနေ့





မစ္စတာလီကွမ်းယူ၏ နောက်ဆုံးခရီး





အပေါ်ထပ်တွင် လက်(ပ)တော့ဖြင့် အလုပ်လုပ်နေစဉ် တယ်လီဖုန်းမြည်လာသဖြင့် ကောက်ကိုင်လိုက်ရာ အိမ်အောက်ထပ်မှ အိမ်ရှင်မက “အဖေကြီး တီဗွီမှာ လိုက်(ဖ) live လာနေပြီ”ဟုပြောသဖြင့် အောက်ထပ် သို့ဆင်းသွားခဲ့၏။

အိမ်ရှင်မက သူ၏လက်ကိုင်ဖုန်းကို ရုပ်မြင်သံကြားစက်ရှေ့ တွင် လက်ကိုင်တိုင်ထောင်ကာ ပြင်ဆင်လျက် ရှိနေပါသည်။ သူက မစ္စတာလီကွမ်းယူအား အထူးလေးစားသူဖြစ်ရာ မစ္စတာ လီကွယ်လွန်ချိန်မှစပြီး ထုတ်လွှင့်သမျှသတင်းများကို နားလည်းထောင် ဓာတ်ပုံ ဗွီဒီယိုရိုက်လို ရိုက်ဖြင့် ရှိနေပါသည်။ သူ့သားက ပင် ပြောရသည်အထိ - "မားမားကြီး ယူ ဘာ့ကြောင့်ဒါတွေကို တစ်နေ့လုံး ထိုင်ကြည့်နေရတာလဲ၊ လမ်းလေးဘာလေး ထွက်လျှောက်ပါဦးလား" ဟူ၍။ 

ရုပ်မြင်သံကြားစက်ကို ကြည့်လိုက်သောအခါ ..

Singapore Polytechnics ရှေ့ တွင် လူများတန်းစီနေကြ၏။ မစ္စတာလီကွမ်းယူ ငြိမ်းချမ်းစွာလဲ လျှောင်းနေသည့် မှန်အခေါင်းအနီးမှာ သားဖြစ်သူ လက်ရှိဝန်ကြီးချုပ်နှင့်မိသားစု ငြိမ်သက်စွာ ထိုင်နေကြ၏။ မစ္စတာလီကွမ်းယူ၏ မှန်အခေါင်းထားရှိရာ ပါလီမန်အဆောက်အဦ၀န်းကျင်နှင့် Stanford Road လမ်းချိုး အကွေ့နေရာတို့တွင် မိုးသည်းထန်စွာ ရွာနေသော်လည်း ပြည်သူ ပြည်သားများက စိတ်ရှည်သည်းခံစွာ စည်းစနစ်တကျ စောင့်နေလျက်ရှိနေကြသည်။

ခဏကြာသောအခါ မစ္စတာလီကွမ်းယူ၏မှန်အခေါင်းအား ပါလီမန်အဆောက်အဦထဲမှ အခေါင်းတင်ယာဉ် ပေါ်သို့ ယူနီဖောင်းဝတ်ဝန်ထမ်း ၈ ဦးက ပြောင်းရွေ့ တင်လိုက်ကြပြီး မစ္စတာလီကွမ်းယူသည် နှစ်ပေါင်း များစွာ သူ၏ရဲရဲတောက်နိုင်ငံရေးစင်မြင့်ဖြစ်ခဲ့သော ပါလီမန်အဆောက်အဦကြီးအား နောက်ဆုံးအနေဖြင့် နှုတ်ဆက်လျက် အပြီးအပိုင်ထွက်ခွာသွားလေတော့ပြီ။





လမ်းတစ်လျှောက်တွင် သူ့ကိုချစ်သော လေးစားသော ကျေးဇူးအထူးတင်ရှိသော ပြည်သူပြည် သားများက နိုင်ငံ့ခေါင်းဆောင်ကြီး၏အမည်အား အမြတ်တနိုးကြွေးကြော်ကြလျက် အလံငယ် လေးများ ဝှေ့ ရမ်းနှုတ် ဆက်ကြပါသည်။

အထူးသဖြင့် သူ၏လွှတ်တော်နယ်မြေဖြစ်သော Tanjong Pagar ကို ဖြတ်သွားသောအခါ ကြေကွဲဝမ်း နည်းပြီး လွမ်းစရာလေးပင်ကောင်းလှ၏။ 

သည်နေရာသည် မစ္စတာလီကွမ်းယူ၏ဘူမိနက်သန် နိုင်ငံရေးရေခံမြေခံဖြစ်ခဲ့သလို စင်ကာပူနိုင်ငံ၏အဓိက ဦးဆောင်ပါတီကြီးဖြစ်သော ပီအေပီ (PAP) ၏အမာခံနယ်မြေလည်းဖြစ်ခဲ့သော ကြောင့်ပင်။ 

ယခုတော့ မစ္စတာလီကွမ်းယူသည် အရာအားလုံးအား ကျောခိုင်းစွန့်ခွာသွားခဲ့လေပြီ။

မစ္စတာလီကွမ်းယူ ကောင်းရာသုဂတိသို့ ရောက်ပါစေ။

လေးစားစွာ ဆုမွန်ကောင်းတောင်းလျက် ....




  • Khin SandarKo HeinEi Ei Thet and 18 others like this.
  • Phyo Thant Maw သမီးလည်း Live ထိုင်ကြည့်နေတာဆရာရေ......ဘာပဲဖြစ်ဖြစ် ဂုဏ်ယူစရာနိုင်ငံ့ခေါင်းဆောင်တစ်ယောက်ပါလားလို့ တွေးမိတယ်
    4 hrs · Unlike · 1
  • Tin Maung Aye ဟုတ်တယ် ဖြိုးသန့်မော်။ တစ်ကမ္ဘာလုံးက ကြည့်နေကြတာ။ စောစောကပဲ ဟောင်ကောင်က PT မိတ်ဆွေ Peter က သူလည်း မစ္စတာလီကွမ်းယူ၏ နိုင်ငံတော်ဈာပနအခန်းအနားကို ကြည့်နေကြောင်း၊ မိုးသည်းနေကြောင်း WhatsApp ကနေ ဆရာ့ကိုပြောခဲ့သေးတယ်။ ဂုဏ်ယူစရာပါ။
    3 hrs · Like · 1














No comments:

Post a Comment