"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, May 31, 2015

သွားလိုက်ချင်ပါသေးသည် စားပွဲတောင်ကြီးဆီ


၁၃၇၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ တနင်္ဂနွေနေ့



FB

သွားလိုက်ချင်ပါသေးသည် စားပွဲတောင်ကြီးဆီ


မနေ့က WCPT ညီလာခံပိတ်ပွဲအခမ်းအနားမှာ လာမည့်ညီလာခံကို တောင်အာဖရိကနိုင်ငံက ကိတ်ပ်တောင်းမြို့ မှာ ကျင်းပမည့်အကြောင်းကျေညာပြီး စားပွဲတောင်ကြီးပုံကိုပြတော့ ၂၀၀၇ ခုနှစ်က အဲဒီတောင်ကြီးပေါ် ရောက်ခဲ့တာကို အမှတ်ရမိပါတယ်။

အဲဒီနေ့မနက်ကပဲ တိုက်တိုက်ဆိုင်ဆိုင်။

မိမိ၏အလုပ်သို့ clinical visit အနေနဲ့ လေ့လာရေးလာခဲ့ကြသော ညီလာခံကိုယ်စားလှယ်များ တွင် ၂ ဦးက တောင်အာဖရိကနိုင်ငံမှ ဖြစ်ပါတယ်။ ၁ ဦးက ကိတ်ပ်တောင်းမြို့ မှာ အလုပ်လုပ်နေ ပြီး နောက်တစ်ဦးကတော့ ဂျိုဟန်နက်စ်ဘတ်မြို့ မှာ လုပ်နေတာပါတဲ့။ 

သူတို့နဲ့စကားစပ်ပြီး မိမိက ကိတ်ပ်တောင်းမြို့ ကို ညီလာခံတက်ရင်းရောက်ခဲ့ဖူးကြောင်း၊ နောက်ပြီး တောင်အာဖရိကနိုင်ငံ၏အထင်ကရ အထိမ်းအမှတ်ဖြစ်တဲ့ စားပွဲတောင်ကြီးကိုလည်း တက်ခဲ့ဖူး ကြောင်းပြောပြတော့“ဒါဆိုရင် WCPT ညီလာခံကို ၂၀၁၇ မှာ ကိတ်ပ်တောင်းမှာ ကျင်းပမယ်ဖြစ် လို့ ဆက်ဆက်လာခဲ့ပါ” လို့ ဖိတ်သွားပါတယ်။

ဟုတ်ပါတယ်။ 

မိမိအနေနဲ့ ကိတ်ပ်တောင်းမြို့ ကို ပြန်ပြီးသွားချင်ပါသေးတယ်။ ဒီမြို့ က အာဖရိကတိုက်ကြီးရဲ့  တောင်ဖက်အစွန်ဆုံးမှာရှိလို့ ရာသီဥတုက နှင်းမကျပဲအေးတဲ့ဥရောပရာသီဥတုမျိုးပါ။ အနွေးထည် ၀တ်ထားရပါတယ်။ မိမိတို့ရောက်တဲ့အချိန်မှာ အပူချိန်က ၁၇နှင့်၂၀ ဒီဂရီစင်တီဂရိတ်ပဲ ရှိပါတယ်။ 

မိမိအနေနဲ့ကလည်း စားပွဲတောင်ကြီးကို နောက်တစ်ခေါက်တော့ သွားလိုက်ချင်ပါသေးတယ်။

စားပွဲတောင်ကြီးတက်ခဲ့တဲ့အကြောင်းကို မိမိ၏ကျွန်းသာယာဘလော့မှာ ၂၀၁၂ ခုနှစ် ဖေဖော် ၀ါရီလက ရေးထားတာလေးကို အမှတ်တရ အောက်မှာထပ်ဆင့်ဖော်ပြပေးထားပါတယ်။

.............................


Sunday, February 12, 2012

စားပွဲတောင်ကြီးသို့တစ်ခေါက်

တစ်နေ့ အလုပ်ကနေ အိမ်ပြန်ရောက်မဆိုက်မှာပဲ အိမ်ရှင်မက “နေ့ခင်းက ဒေါ့ကူမဲန်ထရီးစ် (documentaries)လာတာ အဖေဓါတ်ပုံရိုက်ခဲ့တဲ့ တောင်အာဖရိကနိုင်ငံမှာရှိတဲ့ စားပွဲတောင်ကြီး (Table Mountain)အကြောင်းလည်းပါတယ်” လို့ ပြောပါတယ်။ 

အိမ်ရှင်မက နေ့ခင်းမှာအိမ်မှာ တစ်ယောက်ထဲ ရှိနေတတ်တာမို့ အိမ်မှုကိစ္စတွေလုပ်ကိုင်ရင်း အားတဲ့အခါ တီဗွီကပြတဲ့ဒေါ့ကူမဲန်ထရီးစ်နဲ့ခရီးသွားအစီအစဉ်တွေကို ကြည့်လေ့ရှိပါတယ်။ ဟို တစ်လောကလည်း တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးမော်စီတုံးရဲ့ တော် လှန်ရေးခရီးကြမ်းချီတက် ပွဲအကြောင်း အခန်းဆက်ဇာတ်လမ်းတွဲကြီးကြည့်ပြီး စာရေးသူအားပြန်လည် ပြောပြခဲ့ပါသေးတယ်။

အခုတစ်ခါတော့ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ (Cape Town)မှာရှိတဲ့ စားပွဲတောင်ကြီး အကြောင်း သတင်းပေးလာပါတယ်။ 

စာရေးသူဟာ ၂၀၀၇ ခုနှစ်သြဂုတ်လက ကိပ်တောင်းမြို့ ကိုရောက်သွားခဲ့ပါ တယ်။
ဥာဏ်ရည်နိမ့်မသန်စွမ်းမှု သိပ္ပံနည်းကျလေ့လာရေးဆိုင်ရာ ကမ္ဘာ့ညီလာခံ (International Association for the Scientific Study of Intellectual Disability World Congress) ကို သွားတက်တာဖြစ်ပါတယ်။ “ဘုရားလည်းဖူး လိပ်ဥလည်းတူး” ဆိုသလို ညီလာခံတက်ရင်း အလည် အပတ်လေးတွေပါ တွဲလုပ်ခဲ့ရတယ်။ အခြေ အနေပေးတာကလည်း တစ်ကြောင်းပါ။ အလုပ်က လွှတ်တဲ့ညီလာခံ၊ ကွန်ဖရင့်ခရီးစဉ်တွေမှာ များသောအားဖြင့် လည်ပတ်ချိန်မရတတ်ပါဘူး။ 

အခုတစ်ခါမယ်တော့ စာရေးသူတို့စီးတဲ့ SIA လေကြောင်းက စင်ကာပူနဲ့ကိပ်တောင်းမြို့ တို့ကို နေ့စဉ်ပျံသန်းမှုမရှိတာကြောင့် အသွားမှာညီလာခံမတိုင်မီ နှစ်ရက်ခွဲ စောပြီးရောက်ခဲ့ရသလို အပြန်မှာလည်းညီလာခံအပြီးမှာ လေယာဉ်ရက်စောင့်ရင်း တစ်ရက်ခွဲ အချိန်ပိုရခဲ့ပါတယ်။ အဲဒီ ရက်အားတွေမှာ ခရီးသွားကုမ္ပဏီမှဧည့်ကြိုငှားပြီး သွားခဲ့ကြတာဖြစ်တယ်။ 

ကိပ်တောင်းမြို့ ကိုစပြီးရောက်တဲ့နေ့မှာ စားပွဲတောင်ကိုအရင်တက်ဖို့ ကနဦးကစီစဉ်ထားခဲ့ပေမယ့် အဲဒီနေ့က ရာသီဥတုမကောင်းတာနဲ့ ဧည့်ကြိုအကြံပြုတဲ့အတိုင်း တစ်ခြားနေရာတွေကို သွားဖြစ်ခဲ့ ကြတယ်။ 

ဧည့်ကြိုကပြောတာက ရာသီဥတုမကောင်းလို့ရှိရင် ခရီးသည်တွေကို တောင်ပေါ်ပို့ပေးတဲ့ ကြိုးဆွဲ ကား (cable car)ဋ္ဌာန ပိတ်ထားပါသတဲ့။ ရာသီဥတုမကောင်းဘူးဆိုတာ တောင်ပေါ်မှာတိမ်တွေ သိပ်ပြီးထူထပ်နေမယ်၊ ဒါမှမဟုတ် မိုးတွေသိပ်ရွာနေမယ်ဆိုရင် ဘာကိုမှကောင်းကောင်းမမြင်တွေ့ ရတာရယ်၊ သွားလာလို့မကောင်းတာရယ်တွေကြောင့်ပါတဲ့။ 
တောင်ပေါ်မှာ တိမ်တွေသိပ်ပြီးထူထပ်နေတာကို “စားပွဲပေါ် မှာ စားပွဲခင်း ခင်းထားရင်”လို့လည်း တင်စားပြောတတ်ကြပါသေးသတဲ့။ 

ရန်ကုန်မှာ ရွှေတိဂုံဘုရားကြီးကို နေရာများစွာတို့ကနေ မြင်တွေ့ဖူးမျှော်နိုင်သလို စားပွဲတောင်ကြီး ကိုလည်း ကိပ်တောင်းမြို့ ရဲ့ နေရာအတော်များများကနေ မြင်တွေ့နိုင်တာဖြစ်တယ်။ 

ရောက်တဲ့နေ့မနက်က ဟိုတယ်မှာပစ္စည်းတွေထားပြီး နိုင်ငံခြားသားခရီးသွားတွေ သွားလေ့ရှိတဲ့ နာမည်ကျော် V&A ဆိပ်ကမ်း(Victoria & Alfred Waterfront) ကို လမ်းလျောက်အသွားမှာ မီးပွိုင့်ကနေ စားပွဲတောင်ကြီးကို’ဘွား’ကနဲ မားမားကြီး မြင်ခဲ့ကြရတယ်။ ဒါနဲ့ မြင်ကွင်းပိုရှင်းတဲ့ ကားရပ်ကွင်း (car park) အနားမှနေရာယူကာ စာရေးသူက ဓါတ်ပုံရိုက်ခဲ့ပါတယ်။ 

စာရေးသူတို့သိထားလေ့ရှိကြတာက ‘တောင်’ဆိုလို့ရှိရင် ထိပ်ပိုင်းကချွန်ပြီး အောက်ဖက်က ခပ်ကားကားလေးရှိတယ်လို့ပေါ့ ။ တောင်တွေမှာ ပုံသဏ္ဌန်အမျိုးမျိုးရှိတတ်ကြပါတယ်။ ဥပမာ၊ စာရေးသူတို့အရပ်ဒေသဖက်က ကောလင်းမြို့ မှာရှိတဲ့ ခမောက်နဲ့တူလို့ ခမောက်တောင်၊ ကရင်နီ ဒေသရှိ သံလွင်မြစ်အရှေ့  ဖက်ကမ်းက ဆင်နဲ့တူတဲ့ ‘ဆိုတရှား’ခေါ် ဆင်တောင် စသဖြင့်။ 

သို့ပေမယ့် ထိပ်ကအချွန်ပိုင်းကို ဓါးနဲ့ တိတိဖြတ်ထားသည့်အလား စားပွဲမျက်နှာပြင်လို ပြားနေတဲ့ စားပွဲတောင်ကြီးလိုတောင်ထိပ်မျိုးကို အခုတစ်ကြိမ်ပဲ တွေ့ဖူးပါသေးတယ်။ တောင်ပေါ်ရောက်ခဲ့ တုန်းက သင်ဖြူးဖျာတစ်ချပ်ခင်းဖြန့်ထားသကဲ့သို့ ပြန့် ပြူးရှည်လျားကျယ်ပြောလှတဲ့တောင်ထိပ်ကို တအံ့တသြနဲ့ ဓါတ်ပုံများရိုက်ဖြစ်ခဲ့ပါတော့တယ်။ 

ပထမရက်မှာ စားပွဲတောင်ကိုမတက်ဖြစ်ခဲ့ပေမယ့်  ဒုတိယရက်မှာတော့ ရာသီဥတုကောင်းတာနဲ့ စာရေးသူတို့စင်ကာပူမှညီလာခံကိုယ်စားလှယ်(၉)ဦး အဆင်ပြေစွာတက်ဖြစ်ခဲ့ကြပါတယ်။ အဲဒီနေ့ နံနက်စောစောမှာ ဧည့်ကြိုက ဗင်ကားလေးနဲ့ ဟိုတယ်ကိုလာကြိုပါတယ်။ ဟိုတယ်ကနေ စားပွဲ တောင်ခြေကို မိနစ် ၂၀ ကျော်လောက်မောင်းရပြီး ကားကို ကြိုးဆွဲကားစခန်းမှာရပ်ပါတယ်။ 

လမ်းမှာ ဒေသခံလူရွယ်တစ်ချို့ အား လမ်းဆုံလမ်းခွတွေမှာ မတ်တတ်တရပ်ရပ်နဲ့တွေ့ ရတော့ ဧည့်ကြိုအမျိုးသားက “သူတို့က အလုပ်ပေးမည့်သူကို စောင့်နေကြတာလေ။ သူတို့ကို ခိုင်းစရာရှိ တဲ့သူတွေက လာပြီးခေါ်သွားကြလေ့ရှိတာ”လို့ ပြောပြပါတယ်။ စားပွဲတောင်ခြေကို ရောက်တဲ့အခါ လက်မှတ်တန်းစီဝယ်ပြီး တောင်ပေါ်ကိုကြိုးဆွဲကားနဲ့ တက်ခဲ့ကြတယ်။ 

ရာသီဥတုက မိုးအုံ့ ပြီး ခပ်ဖွဲဖွဲလေးရွာနေပါတယ်။ လေကလေးတစ်ဖြူးဖြူးတိုက်နေတာမို့ အေးစိမ့် စိမ့်နဲ့ နေလို့အတော်ကောင်းပါတယ်။ ဒါပေမယ့် အနွေးထည်ခပ်ထူထူတော့ ၀တ်ထားရပါတယ်။ 

ကြိုးဆွဲကားတစ်စီးဆိုရင် ခရီးသည်အတော်များများ ဆန့်ပါတယ်။ အနည်းဆုံး ၁၅ ဦးလောက် ချောင်ချောင်ချိချိ လိုက်နိုင်ပါမယ်။ ကိုယ်ထည်က ၀ိုင်းဝိုင်းလုံးလုံးကြီးပါ။ ပုံမှန်ကြိုးဆွဲကားတွေလို ကိုယ်ထည်က အသေမဟုတ်ပဲ အတက်အဆင်းလုပ်ရင်း ခပ်ဖြည်းဖြည်းလေးလည်ပတ်နေတာဖြစ် လို့ တောင်တက်တောင်ဆင်းလုပ်ရင်း အပေါ်ဖက်၊ အောက်ဖက်နဲ့ လေးဖက်လေးတန် ၀န်းကျင် တစ်ခုလုံး (တစ်နည်း ၃၆၀ ဒီဂရီ) ကို ကိုယ်က နေရာမရွှေ့ ရပဲ မြင်တွေ့နေရတယ်။ ဘေးနှစ်ဖက် မှာရှိတဲ့ကျောက်တောင်တွေကို မြင်ရတယ်။ အောက်ဖက်က ကိပ်တောင်းမြို့ ကြီးကို မျက်စိတစ်ဆုံး တွေ့နေရတယ်။ ကမ်းခြေကိုပြေးလွား ရိုက်ခတ်နေကြတဲ့လှိုင်းလုံးများနဲ့အတူ ပင်လယ်ပြင်ကြီးကိုလည်း တစ်မျှော်တစ်ခေါ်တွေ့နိုင်သေးတယ်။


ပုံ (၁) ကိပ်တောင်းမြို့ ရဲ့ နောက်ခံပန်းချီကားချပ်ကြီးပမာတွေ့မြင်ရသည့် စားပွဲတောင်ကြီး။
ပုံ (၂) စားပွဲတောင်ပေါ်မှာ တဒင်္ဂ။
ပုံ (၃) စားပွဲတောင်ပေါ်က ပြန့်ပြူးနေတဲ့ လူသွားလမ်းကလေး။
ပုံ (၄) ကြိုးဆွဲကား။ ဓါတ်ပုံ - ကိပ်တောင်းခရီးသွားဝက်ဆိုက်။
ပုံ (၅) ကြိုးဆွဲကားအတွင်း ဓါတ်ပုံရိုက်နေသူခရီးသွားတစ်ဦး။
ပုံ (၆) ကျောက်တောင်၊ အိမ်ခြေအချို့ နဲ့ ပင်လယ်မှရေလှိုင်းဖွေးဖွေးလေးများကို ကြိုးဆွဲကားပေါ်မှမြင်ရပုံ။























Tuesday, May 12, 2015

မြန်မာ PT တို့၏ နေ့လည်စာတွေ့ဆုံပွဲလေး


၁၃၇၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်



FB

မြန်မာ PT တို့၏ နေ့လည်စာတွေ့ဆုံပွဲလေး














မေလ ၂ ရက်နေ့ မနေ့က WCPT ညီလာခံ ဒုတိယနေ့မှာ မြန်မာ PT အတော်များများလာတက်ကြတာမို့ အတော်လေးကို ပျော်စရာကောင်းလှပါတယ်။ 

ဒီကနေ့မှာလည်း အတော်များများလာကြတာဖြစ်လို့ နေ့လည်စာကို စုစုဝေးဝေးနဲ့ ပျော်ပျော်ပါးပါး ရယ်ရယ်မောမော စားခဲ့ကြပါတယ်။

မယုံရင် ဓာတ်ပုံများကို ကြည့်ကြပါကုန် .......
(ရေးသူက ရိုက်သူဖြစ်လို့ သူ့ပုံမပါနိုင်ကြောင်းပါ။ ပန်းမြင့်ဝေေ၀ - ဆရာပါတဲ့ပုံလေး ပို့ပေးဦးနော်။)
— with Mpa Myanmar and 3 others.











Thursday, May 7, 2015

အေၾကာအဆစ္ကုုပညာရပ္ဆိုုင္ရာကမ ၻာ့ညီလာခံႀကီး (၆)


၁၃၇၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ 


FB


WCPT Congress Day 3
8.30am: Attended 1st session of the day on Research Methodology and Exercises, Fitness & Weight Management.








Nan Moe KhanEi ChawPyote Ma Nue and 22 others like this.