၁၃၇၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်
WCPT Congress ညီလာခံကိုယ်စားလှယ်များကို ကြိုဆိုပါ၏
အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံကြီး (World Confederation for Physical Therapy Congress 2015) ကို စင်ကာပူနိုင်ငံမှာ လာမည့်မေလ ၁ ရက် သောကြာနေ့တွင် ကြီးကျယ်စည်ကား သိုက်မြိုက်စွာ စတင်ကျင်းပတော့မည်ဖြစ်သည်။
မိမိအနေဖြင့် ၄ နှစ်တာစောင့်စားနေခဲ့ရသော ယင်းညီလာခံကြီးအား တတိယအကြိမ်မြောက်တက်ရောက် ရမည်ဖြစ်ပြီး အခြားတစ်ဖက်မှလည်း မိမိ၏အလုပ်ဌာနအား ညီလာခံကိုယ်စားလှယ်အချို့  လာရောက်လေ့ လာကြရန်ရှိနေသဖြင့် ပြင်ဆင်မှုများကို မနှစ်ကတည်းကစ၍ တဖြည်းဖြည်း လုပ်နေခဲ့ရသည်။
ယနေ့နေ့ခင်းကလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှ လာရောက်လေ့လာကြမည့် ညီလာခံကိုယ်စားလှယ်များကို ကြိုဆိုသည့်ဆိုင်းဘုတ်ကို မိမိ၏လုပ်ဖော်ကိုင်ဖက်များ၏အကူအညီဖြင့် ပြင်ဆင်ခဲ့ကြရ၏။
- Thel Thinza Khin Oo, Precious WinChell, Thet Zaw Myo and 36 others like this.
- Tin Maung Aye ဟုတ်တယ်ဖြိုးသန့်မော် တစ်ချို့ က ကြိုဆက်ထားတယ်။ တစ်ချို့ ကိုတော့ ညီလာခံထဲမှ တွေ့ကြရမှာ။
- Tin Maung Aye နောက်တစ်ခါမှာတက်ဖြစ်ဖို့ အခုကတည်းက ကြိုတင်အချိန်ယူ ပြင်ဆင်ထားရင် ပိုပြီးအ ဆင်ပြေပါမယ်။ နန်းမိုခမ်း နောက်တစ်ကြိမ် မှာ တက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
- Nan Moe Khan ဟုတ်ကဲ့ပါဆရာ တက်ချင်ပေမယ့် အခွင့်မသာလို့ လက်လျော့လိုက်ရတာပါ နောက် ၁ခေါက်အတွက် ခုကတည်းကကြိုးစားထားပါ့မယ် ဆရာ
No comments:
Post a Comment