"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Tuesday, May 5, 2015

အေၾကာအဆစ္ကုုပညာရပ္ဆိုုင္ရာကမ ၻာ့ညီလာခံႀကီး (၃)






၁၃၇၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်



FB



Suntec City ကိုရောက်စက ရိုက်ထားတာ။ 
WCPT Congress ကြီးကို ပေ ၆၀ x ပေ ၄၀ လောက်ရှိမယ်ထင်ရတဲ့ 
နံရံကြီးအပြည့် ကျေညာပေးထားတာ အားရစရာပါ။





ခပ်ပျင်းပျင်းလေးဖြစ်နေတဲ့ ကိုယ့်ပုံကို ကိုယ်ပြန်ကြည့်ပြီးတောင် သနားမိသလိုလို။




နေ့ ၁၂ နာရီ မထိုးခင်လေးမှာ ညီလာခံကျင်းပမယ့် Suntec City ကိုရောက်တော့ ရှင်းနေပါသေးတယ်။ 

ညီလာခံကိုယ်စားလှယ်တွေ နည်းနည်းပဲ ရောက်ကြသေးတာ။ 

ယခု ဒီစာလေးရေးနေတဲ့အချိန်မှာ ညနေ ၄ နာရီရှိနေပြီ။ ဒါပေမယ့် ညီလာခံဖွင့်ပွဲအခမ်းအနားက ညနေ ၆ နာရီမှဆိုတော့ နောက်ထပ် ၂ နာရီကြီးများတောာင် စောင့်ရဦးမှာ။ 

ခပ်ပျင်းပျင်းဖြစ်နေတဲ့ပုံလေးကို အမှတ်တရ ရိုက်ထားတယ်။ ဒီကနေ့ နေ့ခင်းက မိတ်ဆွေဟောင်းအချို့ ကို တွေ့ပြီးပြီ။ အသစ် ၄၊ ၅ ဦးလောက် မိတ်ဆွေဖွဲ့ပြီးပြီ။







No comments:

Post a Comment