"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, June 23, 2012

ဦးသန့် သို့မဟုတ် မီးလျှံထဲက ပန်းတစ်ပွင့် (၄) - နိဂုံး

၁၉၆၂ ခုနှစ်က ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းခံထားရသည့် ကျောင်းသားသမဂ္ဂအဆောက်အဦဟောင်းမြေနေရာ။

ဦးသန့်၏ရုပ်ကလာပ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦအဟောင်းဝင်း(အပေါ်ပုံ)အတွင်းသို့ ပြောင်းရွေ့ ရောက်ရှိပြီးကတည်းက စာရေးသူသည် ယင်းနေရာသို့ ညနေတိုင်း သွားရောက်ခဲ့ပါသည်။ ည မိုး ကြီးချုပ်မှ ပြန်လာလေ့ရှိပါသည်။

ကျောင်းသားများ ရဟန်းသံဃာများနှင့် ပြည်သူပြည်သားများက အတူလက်တွဲပြီး စည်းစည်းလုံးလုံးညီညီ ညာညာဖြင့် ယာယီအုတ်ဂူ တည်ဆောက်ကြသည်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုအားပေးခဲ့ပါ၏။ မိမိကိုယ်တိုင်လည်း တတတ်တအားပါဝင်ပြီး အုပ်ခဲများလက်ဆင်းကမ်း သယ်ပေးခဲ့ပါသေးသည်။ 

မိမိသာ မဟုတ်၊ ရောက်လာကြသူတိုင်းက မတိုက်တွန်းရပါပဲလျက် ၀မ်းသာလှိုက်လှဲစွာဖြင့် သူ့အလိုလိုပါဝင် လုပ်အားပေးခဲ့ကြသည်ဖြစ်၏။ ၀ိုင်း၍လည်းလုပ်ကြ၊ လက်ခုပ်လက်ဝါး တဖြောင်းဖြောင်းလည်းတီးကြ၊ တစ်ဦး ကိုတစ်ဦး ညာသံချီလျက်အားပေးကြနှင့် ပျော်စရာလည်းကောင်းလှပါ၏။  

အပြင်မှလာကြသည့် အလှူရှင်များကလည်း စားသောက်ဖွယ်ရာမျိုးစုံတို့ကို တစ်မျိုးပြီးတစ်မျိုး ပေးကမ်းကျွေး မွေးလျက်ရှိကြပါသည်။ ငွေတွေလည်း ရက်ရက်ရောရော လှူကြသေးသည်။ အစားအသောက်တွေ ရောင်းကြ သဖြင့် ပွဲဈေးတန်းပမာ စည်စည်ကားကားဖြစ်နေ၏။

အုတ်ဂူတည်ဆောက်ပြီးတော့လည်း တရားပွဲများကို ညစဉ်ညတိုင်း သွားရောက်နားထောင်ခဲ့ပါသည်။ 

ဦးသန့်၏အုတ်ဂူဘေး၌ ပြည်သူ့တရားရုံးစင်မြင့်လေးရှိသည်။ အဲဒီမှာ ကျောင်းသားတွေ တစ်ယောက်ပြီးတစ် ယောက်တက်ကြခါ ဦးနေ၀င်းနှင့်သူ့အစိုးရတို့၏ လုပ်မှားကိုင်မှာများအားထောက်ပြလျက် စွဲချက်အမျိုးမျိုးတင် ကြပါတော့သည်။ အမှားတစ်ခုကိုထောက်ပြပြီး စွဲချက်တစ်ခု တင်လိုက်တိုင်း ပရိသတ်များ၏လက်ခုပ်သံများ က ဘ၀ဂ်ညံအောင်ထွက်ပေါ်လာကြသည်မှာ ကြက်သီးမွှေးညင်းထမျှပင်ရှိချေသည်။

ထို့နောက် ပြစ်ချက်တသီတတန်းကြီးကို ဖတ်ကြားလျက် စွဲချက်များတင်ပြီးသောအခါ မြန်မာ့ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌ သမ္မတဦးနေ၀င်းအား ပြည်သူ့တရားရုံးမှ သေဒဏ်အမိန့်ချမှတ်ကြေညာလိုက်သောအခါ ပရိသတ်ကြီး က သြဘာလက်ခုပ်များ သောင်းသောင်းညံမျှ တီးကြတော့သည်။ ထို့ပြင် ပါး စပ်မှလည်း ‘သေဒဏ် သေဒဏ်’ ဟု လိုက်ပါအော်ဟစ်ကြွေးကြော်ကြသေးသည်။


မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု။ (ဓါတ်ပုံ - အင်တာနက်)
မွေး = ၂၅ မေ ၁၉၀၇။     ကွယ်လွန် = ၁၄ ဖေဖေါ်ဝါရီ ၁၉၉၅။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်း။ (ဓါတ်ပုံ - အင်တာနက်)

စွဲချက်များတွင် ၁၉၆၂ ခုနှစ်က ဦးနု ၀န်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သည့် ပြည်သူများမှမဲပေးလျက် ရွေးချယ် တင်မြှောက်ထားသော အစိုးရကို ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် တော်လှန်ရေးကောင်စီ(စစ်တပ်)မှ အာဏာ သိမ်းယူခဲ့သည့်အကြောင်း၊ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပြောဆိုကြသည့် တက္ကသိုလ်ကျောင်းသူကျောင်းသား များအား စစ်တပ်က အကြမ်းဖက်နှိမ်နှင်းခဲ့သည့်အကြောင်း၊ နောင်တွင် နိုင်ငံ၏ထိပ်တန်းခေါင်းဆောင်များဖြစ် လာခဲ့ကြသည့် တက္ကသိုလ်ကျောင်းသားများ တချိန်က တွေ့ဆုံစည်းဝေးလှုပ်ရှားခဲ့ရာ သမဂ္ဂအဆောက်အဦ ကြီးအား ဗုံးခွဲဖျက်ဆီးပစ်သည့်အကြောင်း၊ စီးပွားရေးကျပ်တည်းမှုများအကြောင်း စသဖြင့် မကျေနပ်မှုများ အား ရင်ဖွင့်ခဲ့ကြလေသည်။ 

 

ကြမ္မာငင်သောည 

၁၁ ရက် ဒီဇင်ဘာ၊ ဗုဒ္ဓဟူး၊ ၁၉၇၄ ခုနှစ်။

အဲဒီနေ့ ညဦးပိုင်းက စာရေးသူနှင့်မိတ်ဆွေတစ်ဦးတို့သည် တက္ကသိုလ်ရိပ်သာလမ်းဖက်ရှိ မိန်းဂိတ်(တက္က သိုလ်ဝင်းတခါးကြီး)မှ ၀င်ကြပြီး ဦးသန့်၏အုတ်ဂူရှိရာသို့ သွားခဲ့ကြသည်။ ရဟန်းတော်များ၏တရားပွဲကို မတ်တတ်ရပ်ပြီး နားထောင်ခဲ့ကြ၏။ ကျောင်းသားသမဂ္ဂအဆောက်အဦဟောင်းဝင်းကြီးအတွင်းသို့ လူများ ၀င်လာမဆဲ တဖွဲဖွဲရှိနေပါသည်။

အသံချဲ့ စက်မှလည်း သတင်းကြေညာချက်များအား မကြခဏဆိုသလို ဖတ်ကြားအသိပေးလျက်ရှိနေပြီး ပရိသတ်များက လက်ခုပ်လက်ဝါးများ တခဲနက်တီးကြကာ အားပေးနေကြပါသည်။

သံဃာတော်များ တစ်ပါးပြီးတစ်ပါး စင်မြင့်ပေါ်သို့တက်ပြီး ဟောပြောနေကြ၏။

ဒီဇင်ဘာကာလဖြစ်သဖြင့် မိုးချုပ်လာသည်နှင့်အမျှ အအေးဓါတ်က တဖြည်းဖြည်းချင်း ပိုကဲ၍ လာပါသည်။ ကျောင်းသားသမဂ္ဂ၀င်းကြီးအတွင်းမှာ မီးလှုံဖို့မီးဖိုလေးများ ရှိနေကြသဖြင့်သာ အ တော်လေးချမ်းသည့်ဒဏ် ကို ခံနိုင်ပါ၏။

စာရေးသူတို့နှစ်ဦးမှာ ရိုးရိုးရှပ်အင်္ကျီများဝတ်ထားကြလေရာ ချမ်းသည့်ဒဏ်ကို သိသိသာသာ ကြီးခံစားကြရ သည်။ သို့ဖြစ်ပေရာ လှည်းတန်းဈေးနားက‘စေတနာရှင်လက်ဖက်ရည်ဆိုင်’ကိုသွားပြီး လက်ဖက်ရည်သောက် ကြရန် တက္ကသိုလ်ဝင်းထဲမှ ထွက်ခဲ့ကြပါသည်။

မိန်းဂိတ်မှထွက်ပြီး လှည်းတန်းဈေးရှိရာ လက်ယာဖက်သို့ နှစ်ဦးသား ထွက်အလာ တက္ကသိုလ်ဓမ္မာရုံနှင့်မျက် နှာချင်းဆိုင်နေရာ၌ ‘နတ်က,ရာ ကျီးမော’အဖြစ်နှင့် ကြုံရသေး၏။ သမဂ္ဂ၀င်းကြီးနှင့်မျက်နှာချင်းဆိုင်မှာရှိသည့် မန္တလေးဆောင်၏တောင်ဖက်က ပိတ်ထားသောဝင်းတခါးကြီးမှာ ကိုရင်လေးတစ်ပါးက စားပွဲပေါ်မတ်တတ် ရပ် လျက် ဒေါနှင့်မောနှင့် တရားဟောနေသည်ကို တွေ့ ရလေသည်။ သို့နှင့် လက်ဖက်ရည်ဆိုင်သို့ မသွားဖြစ် သေးပဲ လမ်းပေါ်မှာ မတ်တတ်ရပ်ကြည့်ရင်း သူ့တရားပွဲအား နားထောင်မိကြပြန်၏။

ကိုရင်လေးက ခေတ်တို့ စနစ်တို့ကို ဝေဖန်ထောက်ပြပြောဆိုတာထက် သမ္မတကြီးဦးနေ၀င်းနှင့်သူ့ဇနီးဒေါ်နီ နီမြင့်တို့အပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ပြောဆိုလျက်ရှိရာ နားထောင်နေသည့်ပရိသတ်က တ၀ါးဝါးပွဲကျလို့ နေ ပါသည်။ ယနေ့အထိ မှတ်မှတ်ရရရှိနေသည်မှာ ပိန်ပိန်ကပ်ကပ်လေးဖြစ်သည့် ဒေါ်နီနီမြင့်အား နာမည်ရင်းအ တိုင်းမခေါ်ပဲ ‘ငဂျီးခြောက်မ’ ဟု ထပ်ခါတလဲလဲ ခေါ်ဝေါ်ပြောဆိုနေခြင်းပင် ဖြစ်ပါလေ၏။  

 

ဆက်ပြီးရေးပါဦးမည်။

 



Friday, June 22, 2012

ဝါရင့်သတင်းစာဆရာကြီး လူထု ဦးစိန်ဝင်း ကွယ်လွန်

ဆရာကြီး၏နာရေးကြော်ငြာ (ကြေးမုံသတင်းစာ -  ၁၉ ဇွန် ၂၀၁၂)


လောကဓံကို ကြံ့ကြံ့ခိုင်ကာ ပြုံးရယ်နိုင်ခဲ့။ (ဓါတ်ပုံ - EMG)


ဆရာကွယ်လွန်သွားတော့ ဆရာ့မိတ်ဆွေများ ဆရာ့တပည့်များ ဆရာ့စာဖတ်ပရိသတ်များ အထူးသဖြင့်တော့ လူငယ်တပည့်များနဲ့ လူငယ်စာဖတ်ပရိသတ်များက ဆရာ့အတွက် အတော်ကြီးကို စိတ်မကောင်းဖြစ်ကြရ တယ်။ နှမြောမဆုံးဖြစ်ကြရတယ်။ သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေနဲ့ နှမြောတသမှုတွေကို အင်တာနက်စာ မျက်နှာတွေပေါ်မှာ ရေးလိုက်ကြတာ နည်းနည်းနောနောမဟုတ်ဖူး။ 


နိုင်ငံခြားကို ရောက်နေတဲ့ ဆရာ့တပည့်များမှ ...။


ဟုတ်ပါတယ်။ ဆရာ့ကို သူတို့ သိပ်ပြီးချစ်ကြတာ။ သိပ်ပြီး လေးစားကြတာ။ ဆရာ့စာတွေကို သူတို့ သိပ်ကြိုက် ကြတာ။

နောက်ပြီး ဆရာ့ကို သူတို့ သိပ်ကို အားကိုးကြတာ။ ဆရာက ဆရာရဲ့ ထက်မြက်တဲ့ကလောင်စွမ်းနဲ့ ပြည်သူ ကို အသိပေးနေတာ၊ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ရဲရဲရင့်ရင့်ထောက်ပြဝေဖန်ရဲတာ၊ မျိုးဆက်သစ်လူငယ်များ အပေါ် မဆုတ်မနစ် ယုံကြည်ထားတာတွေကို သူတို့သိနေကြတာမို့ပါ။    

အစိုးရပဲဖြစ်ဖြစ် အာဏာပိုင်များပဲဖြစ်ဖြစ် အလွဲလွဲအချော်ချော်တွေ လုပ်နေ ဖြစ်နေကြပြီဆိုရင် ကလောင်သွား ထက်ထက်နဲ့ ဝေဖန်ထောက်ပြဖို့ ၀န်မလေး လက်မရွံ့ တတ်တဲ့ ဆရာ့လိုပုဂ္ဂိုလ်မျိုးကို အစိုးရထုတ်သတင်းစာ များမှာ အဖွဲ့အစည်းများမှ ၀မ်းနည်းကြေကွဲကြောင်းထည့်ခွင့်ပြုတာ အလွန်ရှားရှားပါးပါးပါ။ ဥပမာ - 

၁။ မြန်မာနိုင်ငံ စာရေးဆရာအသင်း

၂။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်

၃။ မြန်မာစာနယ်ဇင်းသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ (ဒီအဖွဲ့မှာ ဆရာက နာယကပါ။)



 

Tuesday, June 19, 2012

Writer and Journalist Ludu Sein Win passes away

I am deeply saddened by the passing of Sayagyi Ludu U Sein Win. I read his obituary this morning in the Myanmar newspaper. The following news report is reprinted from the Eleven Media Group.


Veteran journalist Ludu Sein Win passes away

Reported by Staff Correspondents Translated and Edited by Kyaw Thura   

An old hand at journalism, Ludu Sein Win, aged 71, died of a chronic lung cancer on 17 June in Yangon.
He was hospitalized at Shwegondine Special Clinic at 10 am on 17 June, but passed away at 11.30 in the evening.
Born on 13 August 1940 in Mandalay, he studied at Lafon Memorial High School in Mandalay, Mandalay University and Yangon University. In 1964, he started working as a journalist for Ludu newspaper, which faced closure in 1967. He and five editors were arrested. After being sentenced to 13 years’ imprisonment, he was sent to Coco Island, where political prisoners were kept. In 1971, he was brought back to Insein Prison. Soon after coming out of prison in 1976, he served four years again. After three years of being kept separate in Insein Prison, he suffered a stroke. He was released in 1980. The stroke left the right part of his body unable to move, forcing him to practise writing with his left hand so that he could continue his career.
Later, he offered spoken English classes in his house and wrote articles too. He assumed 15 pseudonyms, of which Win Zaw was the most well-known.
Throughout his career, he wrote novels and translated foreign literature. After 1999, he wrote books under the penname Ludu Sein Win. In his books, he focused on youths and romance, moral conducts, journalism and so on. Most of his books were bestsellers.
In the world of present Myanmar literature, he was famous as the most prolific author. He always stressed that political consciousness was the name of the game in every sphere. His literary works were touched with his political stand. In addition, he never hesitated about wrong concepts of Myanma politics and social issues by exercising the journalistic code of practice.
Normally, he wrote two articles a day as a seasoned journalist. His worsening health had stopped him from writing articles since April 2012.
Condolences
The Eleven Media Group tenders heartfelt sympathies and deepest condolences on the demise of veteran journalist Ludu U Sein Win, aged 71, at Shwegondine Special Clinic at 11.30 pm on 17 June. We share the sorrow with the bereaved family members.
The Eleven Media Group


မှတ်ချက်။  ။ အထက်ပါ စာလေးကို ဒီနေ့နေ့လယ် တင်လိုက်တုန်းက အလုပ်နားချိန်မှာဖြစ်လို့  မြန်မာ လို မရိုက်နိုင်တာနဲ့ အင်္ဂလိပ်လို စာတစ်ကြောင်း နှစ်ကြောင်း ကတိုက်ကရိုက်ရေးချစ်ပြီး EMG က သတင်းဆောင်းပါးကို မူရင်းအတိုင်း ကူးချပေးရတာဖြစ်တယ်။ 

အလုပ်ကနေ အိမ်ပြန်ရောက်တော့မှ အောက်ကစာကို ဆက်ပြီးရေးရတော့တယ်။

******

ဒီနေ့မနက်က ကြေးမုံသတင်းစာ စာမျက်နှာ ၁၉ မှာ၊

"သတင်းစာဆရာ လူထုဦးစိန်ဝင်း (၀င်းဇော်)
အသက် ၇၂ နှစ်"

ဆိုတဲ့နာရေးကြော်ငြာကို ဖတ်လိုက်ရပါတော့ မြန်မာနိုင်ငံရဲ့ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ ၀ါရင့်သ တင်းစာဆရာအနည်းစုထဲက တစ်ဦးဖြစ်သည့် ဆရာ့ကို နှမြောမဆုံးဖြစ်မိရပါတယ်။ 


ဆရာ့နာရေးကြော်ငြာရဲ့  အောက်ဖက်တည့်တည့်မယ်တော့ မြန်မာနိုင်ငံ စာရေးဆရာအသင်းရဲ့  ၀မ်းနည်းကြေကွဲခြင်းကြော်ငြာကို မမျှော်လင့်ထားပဲ တွေ့ရလို့ စဉ်းစားစရာလေးဖြစ်မိသေးတယ်။ 

ဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ ဆရာကွယ်လွန်တဲ့အကြောင်းကို MRTV4 မှ တနင်္လာနေ့မနက်က အကျဉ်းမျှ သတင်းဖော်ပြသွားတယ်ဆိုတာပဲဖြစ်ပါတယ်။

စာရေးသူတို့တိုင်းပြည်အတွက်လည်း စာရေးကောင်းတဲ့၊ သတင်းစာအတတ်ပညာတတ်ကျွမ်းတဲ့၊ ဘာသာပြန် ကောင်းတဲ့၊ မှန်ရာကို ရဲရဲရင့်ရင့် မတွန့်မဆုတ် ထောက်ပြပြောဆိုရဲတဲ့ သတင်းစာဆ ရာတစ်ဦးနဲ့ စာရေးဆရာတစ်ဦး ဆုံးရှုံးသွားခဲ့ရပါတယ်။ 


ဆရာသည် စာရေးကောင်းတဲ့အပြင် စာများများရေးနိုင်သူတစ်ဦးအဖြစ်လည်း ထင်ရှားသူဖြစ်ပါ တယ်။ နောက်ဆုံး မကွယ်လွန်ချိန်လပိုင်းအထိ တစ်နေ့ကို စာ ၃ ပုဒ်လောက် ရေးနိုင်ခဲ့တယ်လို့ ကြားသိရပါတယ်။ 

ဟုတ်ပါတယ်။

ဆရာ့မှာ ပြောစရာဆိုစရာတွေ ရင်နဲ့အပြည့်ရှိနေမယ် ရှိနေကြတယ်ဆိုတာကို ဆရာ့စာဖတ်သူတိုင်း ခံစားသိရှိနိုင်ကြမှာပါ။ အထူးသဖြင့်တော့ ဆရာဟာ နိုင်ငံရဲ့ အနာဂါတ်ခေါင်းဆောင်များဖြစ်ကြတဲ့ ဒီ ကနေ့လူငယ်များကို အဓိကထားလို့ လမ်းညွှန် ပြီး ရေးခဲ့တာ၊ ဆုံးမသတိပေးပြီး ရေးခဲ့တာ၊ အားပေး တိုက်တွန်းပြီး ရေးခဲ့တာ၊ တစ်ခါတစ်ခါမယ်တော့ ဂရုဏာဒေါသောနဲ့ အားမလိုအားမရဖြစ်ပြီး ဆိုဆို ဆဲဆဲလေး ထောက်ပြရေးခဲ့တာတွေ များလှပါတယ်။ 


တစ်ဖက်ကလည်း ဆရာဟာ အမြင်မတော်တာတွေကို ကြားသိမြင်တွေ့ရလေတိုင်း တိုင်ပြည်နဲ့ပြည် သူပြည်သားတွေရဲ့ တစ်မျက်မှလွဲပြီး မည်သူ့မျက်နှာ မည်သည့်အာဏာစက်မှ မကြည့်ပဲ မကြောက်ရွံ့ ပဲ ပွင့်ပွင့်လင်းလင်း ဒိုးဒိုးဒေါက်ဒေါက် ထောက်ပြဝေဖန်ခဲ့တယ်ဆိုတာကို ဘယ်သူမှငြင်းနိုင်မယ် မဟုတ် ပါဘူး။  ဒါ့ကြောင်မို့လည်း ဆရာသည် ဆရာအလွန်မြတ်နိုးတန်ဖိုးထားသော လွတ်လပ်မှုများဆုံးရှုံး ပြီး ထောင်အကြိမ်ကြိမ်အခါခါကျခံ ပေးဆပ်ခဲ့တဲ့ စာပေသူရဲကောင်းတစ်ဦးဖြစ်ပါတယ်။ 


နောက်ဆုံးတစ်ခေါက် ထောင်ထဲအရောက်မှာ ဆရာသည် လေဖြတ်ဝေဒနာခံစားခဲ့ရပြီး ယာဖက်ကိုယ် တစ်ခြမ်းအကြောသေသွားခဲ့ပါတယ်။ ထောင်ကထွက်တော့ ယာဖက်လက်ကို စာရေးဖို့ သုံးမရတာမို့ ၀ဲဖက်လက်ကို ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီး စာတွေပြန်ရေးနိုင်ခဲ့တာဖြစ်တယ်။ တစ်ခါ အဆုတ်ကင် ဆာဖြစ်ပြန်တော့လည်း ရောဂါဝေဒနာရဲ့ ဒဏ်ကို ကြံ့ကြံ့ခံပြီး စာတွေ ဆက်ရေးမြဲ ရေးခဲ့တာပါပဲ။ 

တကယ်တော့ ဆရာသည် ခံနိုင်ရည် စွမ်းဆောင်နိုင်ရည်တွေနဲ့ ပြည့်ဝနေတဲ့ သံမဏိသတင်းစာဆရာ ကြီးတစ်ဦးပါ။   



Sunday, June 10, 2012

မသန်ပေမယ့် စွမ်းတယ် စွမ်းတယ်




ဇွန်လ ၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ အထက်ကကြော်ငြာလေးကို ဖတ်ရှုရလို့မသန်စွမ်းသူများ ကို ခေါ်ဝေါ်သုံးနှုန်းတာနဲ့ပတ်သက်ပြီး ဆောင်းပါးရေးသားကာ သတင်းစာကို ပို့လိုက်ပါတယ်။

ဒီကနေ့ထုတ်ကြေးမုံသတင်းစာမှာပါရှိတဲ့ ဆောင်းပါးကို အောက်မှာကူးပြီး ဖော်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားသူများ ဖတ်ကြည့်ကြဖို့ပါ။





 စာဖောင်က အပေါ်အောက်ရှည်တာဖြစ်လို့ တပုဒ်လုံးဖော်ပြမရတာမို့ အပိုင်း ၃ ပိုင်းဖြတ်ကူးပြီး ထည့်ပေးလိုက်ရပါတယ်။


(၁)


(၂)


(၃)

အပိုင်း ၃ ပိုင်းကို ကင်မရာနဲ့တစ်ပိုင်းစီရိုက်ပြီး ထည့်ရာမှာ အရွယ်အစား မညီမညာဖြစ်သွားတာတဲ့အတွက် စာဖတ်သူများကို တောင်းပန်ပါတယ်။